experience Review

နိပြန္ေျမသို႔ အလည္တစ္ေခါက္ (အပိုင္း -၂)

တစ္ျပားတစ္ခ်ပ္မွ မကုန္လိုက္ရဘဲ တခမ္းတနားသြားခဲ့ရတဲ့ ဂ်ပန္ခရီးစဥ္ အပိုင္း -၂ လာပါၿပီရွင္.. 

ဒီအပတ္မွာေတာ့ ေယာင္းတို႔ကို တိုက်ိဳပင္လယ္ေအာ္နားက နာမည္ႀကီး လူလုပ္ကၽြန္း အိုဒါအိဘနဲ႔ နာဂိုရာၿမိဳ႕ေတာ္ကို ေခၚေဆာင္သြားမွာ ျဖစ္ပါတယ္။

အိုဒါအိဘရဲ႕ ထူးျခားခ်က္ကေတာ့ သူဟာ သဘာဝကၽြန္းမဟုတ္ဘဲ လူေတြဖန္တီးထားတဲ့ ကၽြန္းတုျဖစ္ပါတယ္။ ဒီလို ခမ္းနားတဲ့ ကၽြန္းတုႀကီးကို ဂ်ပန္ေတြ စီးပြားမတရား တက္တဲ့ ၁၉၈၀ ကာလေတြမွာ စတင္ေဆာက္လုပ္ခဲ့ၿပီး ခုခ်ိန္မွာ ဂ်ပန္လူမ်ိဳးေတြရဲ႕ ဇိမ္ခံ အပန္းေျဖေနရာ တစ္ခု ျဖစ္ေနပါၿပီ။

Odaiba

Odaiba မွာ Shopping ထြက္ၾကမယ္

Odaiba နာမည္ႀကီးရတဲ့ အခ်က္တခ်က္ကေတာ့ shoppingထြက္လို႔ေကာင္းတဲ့ ေနရာျဖစ္လို႔ပါပဲ။ Aquacity Odaiba နဲ႔ Decks ဆိုၿပီး shopping center complex (၂)ခု ရွိပါတယ္။ သာမန္ shopping center ေတြလို မဟုတ္ဘဲ ပစၥည္းေတြ စံုလင္လွတဲ့ အျပင္ ဆိုင္ခန္းအခင္းအက်င္းေတြကိုလည္း decoration ေသခ်ာလုပ္ထားတာမို႔ ဓာတ္ဖမ္းလို႔ အင္မတန္ေကာင္းပါတယ္။

shopping mall မွာ ပတ္လို႔ ေမာသြားရင္လည္း စိတ္မပူပါနဲ႔….ျပာလဲ့ေနတဲ့ တိုက်ိဳပင္လယ္ေအာ္ရဲ႕ အလွ ကို အေပၚထပ္ကေန တဝႀကီး ရႈစားၿပီး အေမာေျဖလို႔ ရသလို သက္တံ တံတားႀကီးနဲ႔ ေလဘာတီပံုစံတူ ရုပ္တုကို ေနာက္ခံထားၿပီး ဓာတ္ပံုရိုက္လို႔ ရပါတယ္။ Rainbow Bridge ဟာ တိုက်ိဳတစ္ၿမိဳ႕လံုးနဲ႔ အိုဒါအိဘကို ခ်ိတ္ဆက္ေပးထားတဲ့ ဧရာမ တံတားႀကီး ျဖစ္ၿပီး ညဘက္ဆို သိပ္ကိုခမ္းနားပါတယ္။

Rainbow bridge နဲ႔ ေလဘာတီ ႐ုပ္ထုကို ညေနခင္းအခ်ိန္ ဆိုင္ထဲက ႐ိုက္ထားတာေလးပါ

အက္ဒ္မင္ကေတာ့ ပင္လယ္ရဲ႕ အလွကို တဝႀကီး ခံစားလို႔ ရတဲ့ AquaCity Odaiba ရဲ႕ Ocean club buffet ဆိုင္မွာ ထိုင္ၿပီး တဝႀကီး ဓာတ္ဖမ္းခဲ့ပါတယ္။ လွခ်က္ပဲ….. ဟီးးးး

Daikanransha ခ်ားရဟတ္စီးခဲ့ဖို႔ မေမ့ပါနဲ႔…

ေရာင္စံုထိုင္ခင္း ေလး ေတြ နဲ႔ တည္ေဆာက္ထားတဲ့ ဒီ ခ်ားရဟတ္ဟာ အိုဒါအိဘေရာက္ရင္ လည္ပတ္သင့္တဲ့ အရာတစ္ခုပါ (အက္ဒ္မင္ကေတာ့ ေၾကာက္လို႔ မစီးခဲ့ပါဘူး) ။ အျမင့္ေပ ၃၇၇ ရွိၿပီး စဖြင့္ကာစ ၁၉၉၉ခုႏွစ္တုန္းကဆို ကမၻာ့အျမင့္ဆံုးခ်ားရဟတ္ စာရင္းထဲ ဝင္ခဲ့ပါတယ္။

Related Article >>> နိပြန္ေျမသို႔ အလည္တစ္ေခါက္ (အပိုင္း -၁)

Miraikan ျပတိုက္

 

လည္ပတ္သင့္တဲ့ ျပတိုက္ေတြထဲမွာ Miraikan ျပတိုက္ လည္း တခုအပါအဝင္ပါ။ ဂ်ပန္ေတြရဲ႕ လူေနမႈဘဝကို ေလ့လာတဲ့အခါ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈကို ပစ္ပယ္ထားလို႔ မရပါဘူး။

Miraikan ဟာ “အနာဂတ္ရဲ႕ ျပတိုက္” လို႔ အဓိပၸာယ္ရၿပီး သိပၸံနဲ႔ နည္းပညာဆိုင္ရာ အမ်ိဳးသားျပတိုက္ျဖစ္ပါတယ္။ သိပၸံနဲ႔ နည္းပညာဟာ လူ႔အဖြဲ႕အစည္းအတြက္ ဘာလို႔ အေရးႀကီးလဲ၊ ဘယ္လိုေကာင္းက်ိဳးေတြကို ဖန္တီးႏိုင္လဲဆိုတဲ့ ေမးခြန္းအတြက္ အေကာင္းဆံုးအေျဖကို ေလ့လာႏိုင္တဲ့ ေနရာတစ္ခုပါ။

ဒီျပတိုက္မွာဆိုရင္ အက္ဒ္မင္တို႔ရဲ႕ ေန႔စဥ္ဘဝမွာ technology နဲ႔AI (artificial intelligence) ရဲ႕ အေရးပါပံုနဲ႔ စြမ္းေဆာင္ပံုကို ျပသထားပါတယ္။

ဒီျပတိုက္ရဲ႕ လူႀကိဳက္အမ်ားဆံုးအပိုင္းကေတာ့ ကမၻာ့အဆင့္ျမင့္ဆံုးလို႔ သတ္မွတ္ခံရတဲ့ လူသားပံုစံစက္ရုပ္ေလး (Asimo) ကို ထုတ္ျပတဲ့ အပိုင္းပါပဲ။ Asimo(အာရွီမို) စက္ရုပ္ကို တေန႔မွာ လူသားေတြနဲ႔ အတူေနထိုင္ႏိုင္ၿပီး ေန႔စဥ္ဘဝေတြကို ကူညီေပးႏိုင္ဖို႔ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ Hondai ကုမၸဏီက ၂၀၀၀ခုႏွစ္မွာ ဖန္တီးခဲ့တာပဲ ျဖစ္ပါတယ္။

Related Article >>> ဂ်ပန္ျပည္က ေၾကာက္စရာအေကာင္းဆံုးေနရာ(၃)ခု

Asimo တို႔ေတာ္လိုက္ပံုမ်ား အက္ဒ္မင္တို႔ကို သီခ်င္း ဆိုျပၿပီး ေဘာလံုးလည္း ကန္ျပခဲ့ပါတယ္။လူသားတစ္ေယာက္နီးနီး ႏႈတ္ဆက္ႏိုင္၊ စကားေျပာႏိုင္သလို ေျခ၊လက္ေတြကို အသံုးျပဳၿပီး ပစၥည္းသယ္တာ၊ ပုလင္းအဖံုးဖြင့္တာ စတဲ့ အလုပ္မ်ိဳးစံုကို ကၽြမ္းကၽြမ္းက်င္က်င္ လုပ္ႏိုင္ေနပါၿပီ။

အံ့ဩစရာေကာင္းေလာက္ေအာင္ လူသားနဲ႔ ခၽြတ္စြပ္ တူတဲ့ တျခား စက္ရုပ္ေတြရဲ႕ ဖန္တီးပံုေတြကိုလည္း Miraikan မွာ ေလ့လာႏိုင္ပါတယ္။ အက္ဒ္မင္ေတာင္ ကိုယ္နဲ႔တူတဲ့ စက္ရုပ္တစ္ရုပ္လိုခ်င္သြားတယ္။

ရွင္ကာဆန္ က်ည္ဆန္ရထားႏွင့္ အအိခ်ိ စီရင္စုဆီသို႔…

JENESYSရဲ႕ တတိယေန႔ အခ်ိန္စာရင္းအရ တိုက်ိဳ ဘူတာရံုကို သြား၊ ရွင္ကာဆန္ က်ည္ဆန္ရထားစီးၿပီး အအိခ်ိ စီရင္စုက နာဂိုရာၿမိဳ႕ကို သြားေရာက္လည္ပတ္ရပါတယ္။

ပထမဆံုး သူတို႔ ဘူတာရံုက ဘူတာရံုနဲ႔ မတူဘဲ ေလဆိပ္က အျပင္အဆင္နဲ႔ေတာင္ သြားတူေနပါတယ္။ အေတာ္ေလး သန္႔ျပန္႔ ခမ္းနားလြန္းလို႔ပါ🤣 ကိုယ္ျမင္ဖူးတဲ့ ဘူတာေတြနဲ႔ တျခားစီပါပဲ။ Tokyo train station မွာ Starbucks နဲ႔ တျခား ဆိုင္ခန္းေတြလည္း ရွိပါတယ္။

က်ည္ဆန္ရထားကေတာ့ စကၠန္႔သံုးဆယ္ေလာက္သာ ေစာင့္တာမို႔ တစ္မိနစ္ေတာင္ ေနာက္က်လို႔ မရပါဘူး။ အက္ဒ္မင္အႀကိဳက္ဆံုးအပိုင္းကေတာ့ က်ည္ဆန္ရထားစီးရင္း ဖူဂ်ီေတာင္ကိုပါ ျမင္ေတြ႕ႏိုင္တာပါပဲ။

က်ည္ဆန္ရထား လက္မွတ္ ေဈးႏႈန္းကေတာ့ ခရီးစဥ္ေပၚ မူတည္ၿပီး ယန္းတစ္ေသာင္းေက်ာ္ (ျမန္မာေငြ တစ္သိန္းေက်ာ္) က စရွိပါတယ္။ က်ည္ဆန္ရထားဟာ တစ္နာရီမွာ အျမန္ႏႈန္း ၃၂၀ ကီလို မီတာ အထိ သြားတာမို႔ ၁၆၀မိုင္ ေဝးတဲ့ အအိခ်ိ စီရင္စုကို ေရာက္ဖို႔ ၂နာရီပဲ ၾကာပါတယ္။( စီးရတာလည္း ၿငိမ့္ေနတာပဲ)

အအိခ်ိ စီရင္စု

ဂ်ပန္မွာ စီရင္စု ၄၇ ခု ရွိၿပီး အအိခ်ိ စီရင္စုကေတာ့ စတုတၳလူဦးေရအမ်ားဆံုး စီရင္စုျဖစ္ပါတယ္။ အအိခ်ိဟာ သမိုင္းအေမြအႏွစ္ေတြႂကြယ္ဝတဲ့အျပင္ သူ႔ရဲ႕ ၿမိဳ႕ေတာ္ နာဂိုရာဟာ ရင္းႏွီးျမႇဳပ္ႏွံမႈအေကာင္းဆံုး ကုန္ထုတ္လုပ္ေရးေဒသ ျဖစ္တာေၾကာင့္ နာမည္ေက်ာ္ပါတယ္။

အအိခ်ိရဲ႕ အေအးဒဏ္ကေတာ့ တိုက်ိဳထက္ ပိုႏွိပ္စက္လြန္းပါတယ္။ ခ်မ္းတာမွ ခိုက္ခိုက္ကို တုန္ေနေရာ။ ဒါေၾကာင့္ အအိခ်ိသြားရင္ ဂ်ပန္ရိုးရာ လက္လုပ္ေခါက္ဆြဲ အူဒံုေႏြးေႏြးေလး စားဖို႔ မေမ့ပါနဲ႔လို႔… ေႏြးသြားေအာင္လို႔ပါေနာ္… 😛

စက္မႈအေမြအႏွစ္ ျပတိုက္ ျဖစ္တဲ့ Toyota ျပတိုက္

အအိခ်ိေရာက္ေတာ့ ပထမဆံုး လည္ပတ္ရတဲ့ေနရာကေတာ့ တိုယိုတာ ျပတိုက္ (Toyota Comemorative Museum of Industry and Technology ) ပဲျဖစ္ပါတယ္။ Toyota လုပ္ငန္း စတင္ေပါက္ဖြားလာစဥ္က အသံုးျပဳခဲ့တဲ့ စက္ရံုကို ထိန္းသိမ္းၿပီး ျပတိုက္အျဖစ္ အသံုးျပဳထားတာမို႔ ဂ်ပန္ရဲ႕ စက္မႈအေမြအႏွစ္တစ္ခု ျဖစ္ပါတယ္။

ဒီျပတိုက္မွာ တိုိယိုတာရဲ႕ သမိုင္းေၾကာင္း၊ တိုယိုတာကို ဘယ္လိုေမြးဖြားလာခဲ့သလဲ စတဲ့ အေၾကာင္းအရာေတြအျပင္ ေခတ္အဆက္ဆက္ တိုးတက္လာခဲ့တဲ့ တိုယိုတာ စက္ပစၥည္းအမ်ိဳးမ်ိဳးကို ျပသထားပါတယ္။ ဒီျပတိုက္မွာ စက္ရုပ္က တေယာထိုးျပတဲ့ ၅မိနစ္စာ အထူးအစီအစဥ္လည္းရွိပါတယ္။

ခုခ်ိန္မွာ ေအာင္ျမင္ေနတဲ့ တိုယိုတာကားကုမၸဏီမွာ တစ္ခ်ိန္တုန္းက ဗိုင္းငင္စက္ေလးေတြ တီထြင္ရာကေန စတင္ခဲ့တာပါ။ ၁၈၀၀ေႏွာင္းပိုင္းကာလမွာ ဆာကီခ်ီတိုယိုဒါ ဟာ လူ႔အဖြဲ႕အစည္းကို ႀကီးပြားေအာင္ အက်ိဳးျပဳမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ အလိုအေလ်ာက္ ဗိုင္းငင္စက္အမ်ိဳးမ်ိဳးကို တီထြင္လာခဲ့ပါတယ္။

ဆာကီခ်ီရဲ႕ တီထြင္ဖန္တီးတဲ့ ဉာဥ္ဟာ သူ႔ရဲ႕သား ကီခ်ီရို တိုယိုဒါအထိ ကူးစက္ေစခဲ့ၿပီး ကီခ်ီရို တိုယိုဒါဟာ ၁၉၃၀ကာလေတြမွာ ကားေတြကို ထုတ္လုပ္လာခဲ့ပါတယ္။ ဒါကေတာ့ ျပတိုက္က ေျပာျပတဲ့ တိုယိုတာရဲ႕ သမိုင္းေၾကာင္းနဲ႔ အားက်စရာ တီထြင္မႈေတြပါပဲ။

ဒီစက္ရံုမွာဆိုရင္ ေရွးတုန္းက ခ်ည္ငင္စက္ေတြကို ကၽြမ္းက်င္ဝန္ထမ္းေတြပ လက္ေတြ႕ရွင္းျပတဲ့အျပင္ လာလည္တဲ့သူေတြကိုလည္း စမ္းသပ္ကိုင္တြယ္ခြင့္ျပဳတဲ့ အပိုင္းကို အႀကိဳက္ဆံုးပါပဲ။ ပံုမွန္အားျဖင့္ ျပတိုက္ေတြသြားရင္ ပ်င္းစရာေကာင္းလို႔ အိပ္ငိုက္တတ္တဲ့ အက္ဒ္မင္တစ္ေယာက္ Toyota ျပတိုက္မွာေတာ့ ပါးစပ္အေဟာင္းသား နဲ႔ အင္မတန္ စပ္စုျဖစ္ခဲ့ပါတယ္လို႔..

အေတာ္ေလးလည္း ရွည္သြားၿပီေနာ္.. ေနာက္ထပ္ ခရီးစဥ္ေတြလည္း က်န္ေနေသးတာမို႔ အပိုင္း (၃)ကို ဆက္ၿပီး ေစာင့္ေမွ်ာ္ေပးၾကပါဦးလို႔…

Mia (For Her Myanmar)

<<< Unicode >>>

တစ်ပြားတစ်ချပ်မှ မကုန်လိုက်ရဘဲ တခမ်းတနားသွားခဲ့ရတဲ့ ဂျပန်ခရီးစဉ် အပိုင်း -၂ လာပါပြီရှင်.. 

ဒီအပတ်မှာတော့ ယောင်းတို့ကို တိုကျိုပင်လယ်အော်နားက နာမည်ကြီး လူလုပ်ကျွန်း အိုဒါအိဘနဲ့ နာဂိုရာမြို့တော်ကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အိုဒါအိဘရဲ့ ထူးခြားချက်ကတော့ သူဟာ သဘာဝကျွန်းမဟုတ်ဘဲ လူတွေဖန်တီးထားတဲ့ ကျွန်းတုဖြစ်ပါတယ်။ ဒီလို ခမ်းနားတဲ့ ကျွန်းတုကြီးကို ဂျပန်တွေ စီးပွားမတရား တက်တဲ့ ၁၉၈၀ ကာလတွေမှာ စတင်ဆောက်လုပ်ခဲ့ပြီး ခုချိန်မှာ ဂျပန်လူမျိုးတွေရဲ့ ဇိမ်ခံ အပန်းဖြေနေရာ တစ်ခု ဖြစ်နေပါပြီ။

Odaiba

Odaiba မှာ Shopping ထွက်ကြမယ်

Odaiba နာမည်ကြီးရတဲ့ အချက်တချက်ကတော့ shoppingထွက်လို့ကောင်းတဲ့ နေရာဖြစ်လို့ပါပဲ။ Aquacity Odaiba နဲ့ Decks ဆိုပြီး shopping center complex (၂)ခု ရှိပါတယ်။ သာမန် shopping center တွေလို မဟုတ်ဘဲ ပစ္စည်းတွေ စုံလင်လှတဲ့ အပြင် ဆိုင်ခန်းအခင်းအကျင်းတွေကိုလည်း decoration သေချာလုပ်ထားတာမို့ ဓာတ်ဖမ်းလို့ အင်မတန်ကောင်းပါတယ်။

shopping mall မှာ ပတ်လို့ မောသွားရင်လည်း စိတ်မပူပါနဲ့….ပြာလဲ့နေတဲ့ တိုကျိုပင်လယ်အော်ရဲ့ အလှ ကို အပေါ်ထပ်ကနေ တဝကြီး ရှုစားပြီး အမောဖြေလို့ ရသလို သက်တံ တံတားကြီးနဲ့ လေဘာတီပုံစံတူ ရုပ်တုကို နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့ ရပါတယ်။ Rainbow Bridge ဟာ တိုကျိုတစ်မြို့လုံးနဲ့ အိုဒါအိဘကို ချိတ်ဆက်ပေးထားတဲ့ ဧရာမ တံတားကြီး ဖြစ်ပြီး ညဘက်ဆို သိပ်ကိုခမ်းနားပါတယ်။

Rainbow bridge နဲ့ လေဘာတီ ရုပ်ထုကို ညနေခင်းအချိန် ဆိုင်ထဲက ရိုက်ထားတာလေးပါ

အက်ဒ်မင်ကတော့ ပင်လယ်ရဲ့ အလှကို တဝကြီး ခံစားလို့ ရတဲ့ AquaCity Odaiba ရဲ့ Ocean club buffet ဆိုင်မှာ ထိုင်ပြီး တဝကြီး ဓာတ်ဖမ်းခဲ့ပါတယ်။ လှချက်ပဲ….. ဟီးးးး

Daikanransha ချားရဟတ်စီးခဲ့ဖို့ မမေ့ပါနဲ့…

ရောင်စုံထိုင်ခင်း လေး တွေ နဲ့ တည်ဆောက်ထားတဲ့ ဒီ ချားရဟတ်ဟာ အိုဒါအိဘရောက်ရင် လည်ပတ်သင့်တဲ့ အရာတစ်ခုပါ (အက်ဒ်မင်ကတော့ ကြောက်လို့ မစီးခဲ့ပါဘူး) ။ အမြင့်ပေ ၃၇၇ ရှိပြီး စဖွင့်ကာစ ၁၉၉၉ခုနှစ်တုန်းကဆို ကမ္ဘာ့အမြင့်ဆုံးချားရဟတ် စာရင်းထဲ ဝင်ခဲ့ပါတယ်။

Related Article >>> နိပွန်မြေသို့ အလည်တစ်ခေါက် (အပိုင်း -၁)

Miraikan ပြတိုက်

 

လည်ပတ်သင့်တဲ့ ပြတိုက်တွေထဲမှာ Miraikan ပြတိုက် လည်း တခုအပါအဝင်ပါ။ ဂျပန်တွေရဲ့ လူနေမှုဘဝကို လေ့လာတဲ့အခါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ပစ်ပယ်ထားလို့ မရပါဘူး။

Miraikan ဟာ “အနာဂတ်ရဲ့ ပြတိုက်” လို့ အဓိပ္ပာယ်ရပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အမျိုးသားပြတိုက်ဖြစ်ပါတယ်။ သိပ္ပံနဲ့ နည်းပညာဟာ လူ့အဖွဲ့အစည်းအတွက် ဘာလို့ အရေးကြီးလဲ၊ ဘယ်လိုကောင်းကျိုးတွေကို ဖန်တီးနိုင်လဲဆိုတဲ့ မေးခွန်းအတွက် အကောင်းဆုံးအဖြေကို လေ့လာနိုင်တဲ့ နေရာတစ်ခုပါ။

ဒီပြတိုက်မှာဆိုရင် အက်ဒ်မင်တို့ရဲ့ နေ့စဉ်ဘဝမှာ technology နဲ့AI (artificial intelligence) ရဲ့ အရေးပါပုံနဲ့ စွမ်းဆောင်ပုံကို ပြသထားပါတယ်။

ဒီပြတိုက်ရဲ့ လူကြိုက်အများဆုံးအပိုင်းကတော့ ကမ္ဘာ့အဆင့်မြင့်ဆုံးလို့ သတ်မှတ်ခံရတဲ့ လူသားပုံစံစက်ရုပ်လေး (Asimo) ကို ထုတ်ပြတဲ့ အပိုင်းပါပဲ။ Asimo(အာရှီမို) စက်ရုပ်ကို တနေ့မှာ လူသားတွေနဲ့ အတူနေထိုင်နိုင်ပြီး နေ့စဉ်ဘဝတွေကို ကူညီပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Hondai ကုမ္ပဏီက ၂၀၀၀ခုနှစ်မှာ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

Related Article >>> ဂျပန်ပြည်က ကြောက်စရာအကောင်းဆုံးနေရာ(၃)ခု

Asimo တို့တော်လိုက်ပုံများ အက်ဒ်မင်တို့ကို သီချင်း ဆိုပြပြီး ဘောလုံးလည်း ကန်ပြခဲ့ပါတယ်။လူသားတစ်ယောက်နီးနီး နှုတ်ဆက်နိုင်၊ စကားပြောနိုင်သလို ခြေ၊လက်တွေကို အသုံးပြုပြီး ပစ္စည်းသယ်တာ၊ ပုလင်းအဖုံးဖွင့်တာ စတဲ့ အလုပ်မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်နေပါပြီ။

အံ့ဩစရာကောင်းလောက်အောင် လူသားနဲ့ ချွတ်စွပ် တူတဲ့ တခြား စက်ရုပ်တွေရဲ့ ဖန်တီးပုံတွေကိုလည်း Miraikan မှာ လေ့လာနိုင်ပါတယ်။ အက်ဒ်မင်တောင် ကိုယ်နဲ့တူတဲ့ စက်ရုပ်တစ်ရုပ်လိုချင်သွားတယ်။

ရှင်ကာဆန် ကျည်ဆန်ရထားနှင့် အအိချိ စီရင်စုဆီသို့…

JENESYSရဲ့ တတိယနေ့ အချိန်စာရင်းအရ တိုကျို ဘူတာရုံကို သွား၊ ရှင်ကာဆန် ကျည်ဆန်ရထားစီးပြီး အအိချိ စီရင်စုက နာဂိုရာမြို့ကို သွားရောက်လည်ပတ်ရပါတယ်။

ပထမဆုံး သူတို့ ဘူတာရုံက ဘူတာရုံနဲ့ မတူဘဲ လေဆိပ်က အပြင်အဆင်နဲ့တောင် သွားတူနေပါတယ်။ အတော်လေး သန့်ပြန့် ခမ်းနားလွန်းလို့ပါ🤣 ကိုယ်မြင်ဖူးတဲ့ ဘူတာတွေနဲ့ တခြားစီပါပဲ။ Tokyo train station မှာ Starbucks နဲ့ တခြား ဆိုင်ခန်းတွေလည်း ရှိပါတယ်။

ကျည်ဆန်ရထားကတော့ စက္ကန့်သုံးဆယ်လောက်သာ စောင့်တာမို့ တစ်မိနစ်တောင် နောက်ကျလို့ မရပါဘူး။ အက်ဒ်မင်အကြိုက်ဆုံးအပိုင်းကတော့ ကျည်ဆန်ရထားစီးရင်း ဖူဂျီတောင်ကိုပါ မြင်တွေ့နိုင်တာပါပဲ။

ကျည်ဆန်ရထား လက်မှတ် ဈေးနှုန်းကတော့ ခရီးစဉ်ပေါ် မူတည်ပြီး ယန်းတစ်သောင်းကျော် (မြန်မာငွေ တစ်သိန်းကျော်) က စရှိပါတယ်။ ကျည်ဆန်ရထားဟာ တစ်နာရီမှာ အမြန်နှုန်း ၃၂၀ ကီလို မီတာ အထိ သွားတာမို့ ၁၆၀မိုင် ဝေးတဲ့ အအိချိ စီရင်စုကို ရောက်ဖို့ ၂နာရီပဲ ကြာပါတယ်။( စီးရတာလည်း ငြိမ့်နေတာပဲ)

အအိချိ စီရင်စု

ဂျပန်မှာ စီရင်စု ၄၇ ခု ရှိပြီး အအိချိ စီရင်စုကတော့ စတုတ္ထလူဦးရေအများဆုံး စီရင်စုဖြစ်ပါတယ်။ အအိချိဟာ သမိုင်းအမွေအနှစ်တွေကြွယ်ဝတဲ့အပြင် သူ့ရဲ့ မြို့တော် နာဂိုရာဟာ ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံး ကုန်ထုတ်လုပ်ရေးဒေသ ဖြစ်တာကြောင့် နာမည်ကျော်ပါတယ်။

အအိချိရဲ့ အအေးဒဏ်ကတော့ တိုကျိုထက် ပိုနှိပ်စက်လွန်းပါတယ်။ ချမ်းတာမှ ခိုက်ခိုက်ကို တုန်နေရော။ ဒါကြောင့် အအိချိသွားရင် ဂျပန်ရိုးရာ လက်လုပ်ခေါက်ဆွဲ အူဒုံနွေးနွေးလေး စားဖို့ မမေ့ပါနဲ့လို့… နွေးသွားအောင်လို့ပါနော်… 😛

စက်မှုအမွေအနှစ် ပြတိုက် ဖြစ်တဲ့ Toyota ပြတိုက်

အအိချိရောက်တော့ ပထမဆုံး လည်ပတ်ရတဲ့နေရာကတော့ တိုယိုတာ ပြတိုက် (Toyota Comemorative Museum of Industry and Technology ) ပဲဖြစ်ပါတယ်။ Toyota လုပ်ငန်း စတင်ပေါက်ဖွားလာစဉ်က အသုံးပြုခဲ့တဲ့ စက်ရုံကို ထိန်းသိမ်းပြီး ပြတိုက်အဖြစ် အသုံးပြုထားတာမို့ ဂျပန်ရဲ့ စက်မှုအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။

ဒီပြတိုက်မှာ တိုယိုတာရဲ့ သမိုင်းကြောင်း၊ တိုယိုတာကို ဘယ်လိုမွေးဖွားလာခဲ့သလဲ စတဲ့ အကြောင်းအရာတွေအပြင် ခေတ်အဆက်ဆက် တိုးတက်လာခဲ့တဲ့ တိုယိုတာ စက်ပစ္စည်းအမျိုးမျိုးကို ပြသထားပါတယ်။ ဒီပြတိုက်မှာ စက်ရုပ်က တယောထိုးပြတဲ့ ၅မိနစ်စာ အထူးအစီအစဉ်လည်းရှိပါတယ်။

ခုချိန်မှာ အောင်မြင်နေတဲ့ တိုယိုတာကားကုမ္ပဏီမှာ တစ်ချိန်တုန်းက ဗိုင်းငင်စက်လေးတွေ တီထွင်ရာကနေ စတင်ခဲ့တာပါ။ ၁၈၀၀နှောင်းပိုင်းကာလမှာ ဆာကီချီတိုယိုဒါ ဟာ လူ့အဖွဲ့အစည်းကို ကြီးပွားအောင် အကျိုးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလိုအလျောက် ဗိုင်းငင်စက်အမျိုးမျိုးကို တီထွင်လာခဲ့ပါတယ်။

ဆာကီချီရဲ့ တီထွင်ဖန်တီးတဲ့ ဉာဉ်ဟာ သူ့ရဲ့သား ကီချီရို တိုယိုဒါအထိ ကူးစက်စေခဲ့ပြီး ကီချီရို တိုယိုဒါဟာ ၁၉၃၀ကာလတွေမှာ ကားတွေကို ထုတ်လုပ်လာခဲ့ပါတယ်။ ဒါကတော့ ပြတိုက်က ပြောပြတဲ့ တိုယိုတာရဲ့ သမိုင်းကြောင်းနဲ့ အားကျစရာ တီထွင်မှုတွေပါပဲ။

ဒီစက်ရုံမှာဆိုရင် ရှေးတုန်းက ချည်ငင်စက်တွေကို ကျွမ်းကျင်ဝန်ထမ်းတွေပ လက်တွေ့ရှင်းပြတဲ့အပြင် လာလည်တဲ့သူတွေကိုလည်း စမ်းသပ်ကိုင်တွယ်ခွင့်ပြုတဲ့ အပိုင်းကို အကြိုက်ဆုံးပါပဲ။ ပုံမှန်အားဖြင့် ပြတိုက်တွေသွားရင် ပျင်းစရာကောင်းလို့ အိပ်ငိုက်တတ်တဲ့ အက်ဒ်မင်တစ်ယောက် Toyota ပြတိုက်မှာတော့ ပါးစပ်အဟောင်းသား နဲ့ အင်မတန် စပ်စုဖြစ်ခဲ့ပါတယ်လို့..

အတော်လေးလည်း ရှည်သွားပြီနော်.. နောက်ထပ် ခရီးစဉ်တွေလည်း ကျန်နေသေးတာမို့ အပိုင်း (၃)ကို ဆက်ပြီး စောင့်မျှော်ပေးကြပါဦးလို့…

Mia (For Her Myanmar)

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *