EVENTS

လုပ္ငန္းခြင္စိတ္ထားနဲ႔ပတ္သက္ၿပီး အက်ိဳးေတြအမ်ားႀကီး ရခဲ့ရတဲ့ For Her Myanmar ရဲ႕ “Women of Tomorrow-II”

Speakers ေတြ ေျပာလို႔ၿပီးသြားမွာေတာင္ စိုးရိမ္မိတယ္!! 

ေယာင္းတို႔ေရ… ဇြန္လ (၃၀) ရက္ေန႔က Parkroyal Hotel မွာ မင္မင္တို႔ For Her Myanmar က က်င္းပခဲ့တဲ့ Women of Tomorrow- II ပြဲေလးကို တက္ျဖစ္ၾကလားဟင္? တက္ျဖစ္တဲ့သူေတြအတြက္ေတာ့ တကယ္ကို အျမတ္ထြက္သြားတဲ့ ပြဲပါပဲေနာ္… ပြဲတက္ေရာက္ေပးခဲ့တဲ့ ေယာင္းေယာင္းေတြ၊ ပါဝင္ေဆြးေႏြးေပးခဲ့ၾကတဲ့ Guest Speakers ေတြကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္လို႔ အရင္ဆံုး ေျပာပါရေစ။ ေနာက္ၿပီး Gift Bag Sponsor အျဖစ္ ပါဝင္ေပးခဲ့ၾကတဲ့ Yoshi milk drink, Fair & Lovely, La Source Spa, Supradyn နဲ႔ Vitara တို႔ကိုလည္း အရမ္းကို ေက်းဇူးတင္မိပါေၾကာင္း ထပ္ေလာင္း ေျပာပါရေစရွင္… 

ဒီ Women of Tomorrow – IIပြဲမွာဆိုရင္ Myanmar Women in International Work Environment ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ ေဆြးေႏြးပြဲေလး တစ္ခုကို လုပ္ေပးခဲ့တယ္ေပါ့ေနာ္… ဒီ Panel Discussion မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ေမာ္ဒယ္လ္မိခင္ႀကီးလို႔ တင္စားၾကတဲ့ တီခ်ယ္ တင္မိုးလြင္၊မ Laura Cho(Career Coach ) နဲ႔ မ Arabelle Yee (International Speaker, Clinical Psychotherapist) တို႔က သူတို႔ရဲ႕ ကိုယ္ပိုင္ အေတြ႕အၾကံဳေတြနဲ႔ ယွဥ္ၿပီး လုပ္ငန္းခြင္မွာ ေအာင္ျမင္ေအာင္ ဘာေတြ ျပင္ဆင္ထားသင့္တယ္၊ ဘယ္လိုေတြ ႀကိဳးစားသင့္တယ္ဆိုတာေလးေတြ မွ်ေဝေပးခဲ့တာ ျဖစ္ပါတယ္။ 

ေဆြးေႏြးပြဲအၿပီးမွာေတာ့ ပြဲတက္ေရာက္လာတဲ့ ေယာင္းေယာင္းေတြထဲက သိခ်င္တဲ့ ေမးခြန္းေတြ၊ ကိုယ္အေျဖရွာမရျဖစ္ေနတဲ့ ေမးခြန္းေတြကို ေမးျမန္းၿပီး Speakers ေတြက ေျဖၾကားေပးခဲ့ပါတယ္။ 

Related Article >>> လုပ္ငန္းခြင္အတြင္း စိတ္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈနဲ႔ ပတ္သက္ၿပီး မျဖစ္မေန သိထားရမယ့္ အခ်က္မ်ား

ဒီ ေဆြးေႏြးပြဲမွာ မင္မင္ သေဘာအက်ဆံုးကေတာ့ ကိုယ္လက္ရွိ လုပ္ေနတဲ့ အရာဟာ ကိုယ္စိတ္ဝင္စားတဲ့ အလုပ္တစ္ခု မဟုတ္ခဲ့ဘူးဆိုရင္ ဘာဆက္လုပ္မလဲဆိုတဲ့ အပိုင္းပါပဲ။ မွတ္မွတ္ရရ မ Arabelle Yee ေျပာျပသြားတဲ့ အေၾကာင္းေလး တစ္ခုကို ေယာင္းတို႔ကို ေဖာက္သည္ခ်ခ်င္တယ္ရွင္… ပံုျပင္ေလး တစ္ပုဒ္ပဲ ဆိုၾကပါစို႔ရဲ႕… 

ပံုျပင္ေလးရဲ႕ နာမည္က “Hero’s Journey” တဲ့…ခ်ံဳ႕ေျပာရရင္ေတာ့…. ရြာတစ္ရြာမွာ လူတစ္ေယာက္ရွိပါတယ္။ ဒီလူက တစ္ရက္မွာေတာ့ ရြာက ပံုမွန္လုပ္ေနက် အလုပ္ေတြမဟုတ္တဲ့ တျခား အသစ္အဆန္း တစ္ခုခုကို လုပ္မယ္လို႔ ၾကံစည္ၿပီး ရြာက ထြက္ဖို႔ ျပင္ပါသတဲ့.. ဒီအခါမွာ ပထမဆံုး သူ႕ကို ခ်စ္တဲ့ မိသားစုက တားတာေပါ့.. “သား..မင္းဟာ ဟုတ္ေရာ ဟုတ္ပါ့မလား.. ျဖစ္ပါ့မလား… မေသခ်ာတာႀကီးကို မလုပ္ခ်င္စမ္းပါနဲ႔ကြာ… ေသခ်ာတာကိုပဲ လုပ္ၾကရေအာင္.. အေမတို႔၊ အေဖတို႔နဲ႔ အတူတူ ဒီလိုပဲ ေနေနလည္း ရတာပဲေလ… ဘာဆက္ျဖစ္မယ္မွန္း မသိတာႀကီးကို မလုပ္ခ်င္စမ္းပါနဲ႔လား” ဆိုၿပီးေပါ့.. 

မဟုတ္ဘူး.. မျဖစ္မေန သြားမယ္ဆိုၿပီး ရြာက ထြက္လာေတာ့ ရြာက လူေတြက ႏွာေခါင္းရံႈ႕ၾကတာေပါ့… “ဟိုေကာင္ေလ.. ဘာမွန္းမသိတဲ့ေနရာကို ဘာလုပ္ဖို႔ဆိုလား သြားတယ္ကြ.. ၾကည့္စမ္းပါဦး.. အပ်က္ပ်က္နဲ႔ ျပန္လာဦးမယ္ ျမင္ေယာင္ေနေသးတယ္.. သူမ်ားထက္ထူး အရူးလုပ္ခ်င္တာကိုး… ျဖစ္ထြန္းလာမွာလည္း မဟုတ္ပါဘူးကြာ.. အခ်ိန္တန္ ဒီကို ဒီလိုပဲ ျပန္လာရမွာပဲ” ဆိုၿပီးေတာ့ေလ.. 

  ေဟာ .. လမ္းမွာ အခက္အခဲေတြ ေတြ႕ျပန္ေတာ့ ထူမယ့္လက္ေတြ ေတြ႕သလို မသိခ်င္ေယာင္ေဆာင္တဲ့လူေတြ၊ တစ္ရြာတည္းသားခ်င္း ကိုယ္ မလဲလဲေအာင္ ဒုကၡမေရာက္ေရာက္ေအာင္ လုပ္တဲ့လူေတြနဲ႔ ေတြ႕ျပန္ေရာတဲ့… ဒါေတြကို ေက်ာ္ျဖတ္ႏုိင္ၿပီးတဲ့ေနာက္ ေအာင္ျမင္မႈေတြနဲ႔ အိမ္လည္း ျပန္လာေရာ ေဟာ… ရြာက အရင္ သူ႕ကို ႏွာေခါင္း႐ံႈ႕ခဲ့တဲ့လူေတြဟာ ဝမ္းပန္းတသာနဲ႔ကို ႀကိဳဆိုၾကေရာတဲ့…. 

Related Article >>> အလုပ္နဲ႕ဘဝ အခ်ိဳးက်ေစဖို႔ မျဖစ္မေန လိုက္နာရမယ့္ စည္းကမ္းခ်က္(၃) ခ်က္

ဒါဟာ ပံုျပင္တစ္ပုဒ္ေပမဲ့ မင္မင္တို႔ ရင္ဆုိင္ေနရတဲ့ အျဖစ္ေတြပါပဲ.. နယ္ကလာတဲ့ ေယာင္းေလးေတြဆို ပိုခံစားမိမယ္… ေနာက္ၿပီး မင္မင္တို႔ေတြ ကိုယ္ လုပ္ေနက် အလုပ္ခြင္ေတြထဲမွာ ေၾသာ္.. ဒါလည္း ငါ့အတြက္ အဆင္ေျပေနတာပဲေလဆိုၿပီး မွိန္းေနရင္း တကယ့္တကယ္ ဒီအလုပ္ကို ကိုယ္လုပ္ခ်င္လား၊ မလုပ္ခ်င္ဘူးလားဆိုတာ ေတြးဖို႔ ေမ့ေနတတ္ပါတယ္။ တစ္ခါတေလ… အိပ္ေနရင္းနဲ႔ပဲျဖစ္ေစ၊ ေတြးေနရင္းနဲ႔ျဖစ္ေစ၊ ကိုယ္တန္ဖိုးထားရတဲ့သူတစ္ေယာက္က ကိုယ့္ကို ခ်န္ထားရစ္ခဲ့လို႔ျဖစ္ေစ၊ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာ ရုတ္တရက္ “ေၾသာ္.. ငါလုပ္ခ်င္တာ ဒါပါလား” ဆိုတဲ့ အသိမ်ိဳး ရလာတတ္ပါတယ္။ ဒီအခ်ိန္ဟာ ကိုယ့္တစ္သက္တာရဲ႕ ဘယ္အခ်ိန္မဆို ျဖစ္ႏုိင္ပါတယ္တဲ့… 

အဲဒီလိုမ်ိဳး Awakening (အလင္းေပါက္) ရလာတဲ့အခ်ိန္မွာ ကိုယ္ လက္ရွိလုပ္ေနဆဲ ကိုယ္မေပ်ာ္တဲ့ အလုပ္ကို ဆက္လုပ္မွာလား၊ ဒါမွမဟုတ္ ကိုယ္တကယ္စိတ္ပါဝင္စားစြာ လုပ္ခ်င္တဲ့ အလုပ္ကို ေျပာင္းလုပ္မွာလား? တကယ္ကို ေရြးခ်ယ္ရခက္ခဲၿပီး ဆံုးျဖတ္ရၾကပ္တည္းတဲ့ အခ်ိန္ပါပဲ။ အဲဒီလို အခ်ိန္မွာ ကိုယ့္အတြင္းစိတ္ကို ေသခ်ာေမးပါ။ စဥ္းစားတဲ့အခါမွာ ကိုယ့္ရဲ႕ ဘဝေနာက္ဆံုး ေနဝင္ခ်ိန္ဆိုတာကို အရင္ေတြးၾကည့္ပါ။ အဲဒီအခ်ိန္မွာ ကိုယ့္ရဲ႕ ဂုဏ္ပုဒ္က ဟာ..သူက သူ႕ဘဝမွာ သူျဖစ္ခ်င္တာေတြကို အတတ္ႏုိင္ဆံုး၊ အေကာင္းဆံုးႀကိဳးစား ရင္ဆုိင္သြားခဲ့တာေလ ဆိုတာမ်ိဳး ၾကံဳဖူးခ်င္လား? ဒါမွမဟုတ္ ဒီတုိင္းေလးပဲ ဘဝကို ေအးေအးေဆးေဆး ျဖတ္သန္းခ်င္တာလား? ေနာက္ဆံုး အဆံုးသတ္ ဘာေတြပဲ ျဖစ္ျဖစ္ အားလံုးဟာ ကိုယ့္ရဲ႕ ေရြးခ်ယ္မႈပဲေလ.. ဟုတ္တယ္ဟုတ္?

ေယာင္းတို႔ဆိုရင္ ဘာေတြ ေရြးခ်ယ္ၾကမွာလဲ? 

Libra (For Her Myanmar)

<<< Unicode >>>

Speakers တွေ ပြောလို့ပြီးသွားမှာတောင် စိုးရိမ်မိတယ်!! 

ယောင်းတို့ရေ… ဇွန်လ (၃၀) ရက်နေ့က Parkroyal Hotel မှာ မင်မင်တို့ For Her Myanmar က ကျင်းပခဲ့တဲ့ Women of Tomorrow- II ပွဲလေးကို တက်ဖြစ်ကြလားဟင်? တက်ဖြစ်တဲ့သူတွေအတွက်တော့ တကယ်ကို အမြတ်ထွက်သွားတဲ့ ပွဲပါပဲနော်… ပွဲတက်ရောက်ပေးခဲ့တဲ့ ယောင်းယောင်းတွေ၊ ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ Guest Speakers တွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့ အရင်ဆုံး ပြောပါရစေ။ နောက်ပြီး Gift Bag Sponsor အဖြစ် ပါဝင်ပေးခဲ့ကြတဲ့ Yoshi milk drink, Fair & Lovely, La Source Spa, Supradyn နဲ့ Vitara တို့ကိုလည်း အရမ်းကို ကျေးဇူးတင်မိပါကြောင်း ထပ်လောင်း ပြောပါရစေရှင်… 

ဒီ Women of Tomorrow – IIပွဲမှာဆိုရင် Myanmar Women in International Work Environment ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆွေးနွေးပွဲလေး တစ်ခုကို လုပ်ပေးခဲ့တယ်ပေါ့နော်… ဒီ Panel Discussion မှာတော့ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်မိခင်ကြီးလို့ တင်စားကြတဲ့ တီချယ် တင်မိုးလွင်၊မ Laura Cho(Career Coach ) နဲ့ မ Arabelle Yee (International Speaker, Clinical Psychotherapist) တို့က သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး လုပ်ငန်းခွင်မှာ အောင်မြင်အောင် ဘာတွေ ပြင်ဆင်ထားသင့်တယ်၊ ဘယ်လိုတွေ ကြိုးစားသင့်တယ်ဆိုတာလေးတွေ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ 

ဆွေးနွေးပွဲအပြီးမှာတော့ ပွဲတက်ရောက်လာတဲ့ ယောင်းယောင်းတွေထဲက သိချင်တဲ့ မေးခွန်းတွေ၊ ကိုယ်အဖြေရှာမရဖြစ်နေတဲ့ မေးခွန်းတွေကို မေးမြန်းပြီး Speakers တွေက ဖြေကြားပေးခဲ့ပါတယ်။ 

Related Article >>> လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး မဖြစ်မနေ သိထားရမယ့် အချက်များ

ဒီ ဆွေးနွေးပွဲမှာ မင်မင် သဘောအကျဆုံးကတော့ ကိုယ်လက်ရှိ လုပ်နေတဲ့ အရာဟာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခု မဟုတ်ခဲ့ဘူးဆိုရင် ဘာဆက်လုပ်မလဲဆိုတဲ့ အပိုင်းပါပဲ။ မှတ်မှတ်ရရ မ Arabelle Yee ပြောပြသွားတဲ့ အကြောင်းလေး တစ်ခုကို ယောင်းတို့ကို ဖောက်သည်ချချင်တယ်ရှင်… ပုံပြင်လေး တစ်ပုဒ်ပဲ ဆိုကြပါစို့ရဲ့… 

ပုံပြင်လေးရဲ့ နာမည်က “Hero’s Journey” တဲ့…ချုံ့ပြောရရင်တော့…. ရွာတစ်ရွာမှာ လူတစ်ယောက်ရှိပါတယ်။ ဒီလူက တစ်ရက်မှာတော့ ရွာက ပုံမှန်လုပ်နေကျ အလုပ်တွေမဟုတ်တဲ့ တခြား အသစ်အဆန်း တစ်ခုခုကို လုပ်မယ်လို့ ကြံစည်ပြီး ရွာက ထွက်ဖို့ ပြင်ပါသတဲ့.. ဒီအခါမှာ ပထမဆုံး သူ့ကို ချစ်တဲ့ မိသားစုက တားတာပေါ့.. “သား..မင်းဟာ ဟုတ်ရော ဟုတ်ပါ့မလား.. ဖြစ်ပါ့မလား… မသေချာတာကြီးကို မလုပ်ချင်စမ်းပါနဲ့ကွာ… သေချာတာကိုပဲ လုပ်ကြရအောင်.. အမေတို့၊ အဖေတို့နဲ့ အတူတူ ဒီလိုပဲ နေနေလည်း ရတာပဲလေ… ဘာဆက်ဖြစ်မယ်မှန်း မသိတာကြီးကို မလုပ်ချင်စမ်းပါနဲ့လား” ဆိုပြီးပေါ့.. 

မဟုတ်ဘူး.. မဖြစ်မနေ သွားမယ်ဆိုပြီး ရွာက ထွက်လာတော့ ရွာက လူတွေက နှာခေါင်းရှုံ့ကြတာပေါ့… “ဟိုကောင်လေ.. ဘာမှန်းမသိတဲ့နေရာကို ဘာလုပ်ဖို့ဆိုလား သွားတယ်ကွ.. ကြည့်စမ်းပါဦး.. အပျက်ပျက်နဲ့ ပြန်လာဦးမယ် မြင်ယောင်နေသေးတယ်.. သူများထက်ထူး အရူးလုပ်ချင်တာကိုး… ဖြစ်ထွန်းလာမှာလည်း မဟုတ်ပါဘူးကွာ.. အချိန်တန် ဒီကို ဒီလိုပဲ ပြန်လာရမှာပဲ” ဆိုပြီးတော့လေ.. 

  ဟော .. လမ်းမှာ အခက်အခဲတွေ တွေ့ပြန်တော့ ထူမယ့်လက်တွေ တွေ့သလို မသိချင်ယောင်ဆောင်တဲ့လူတွေ၊ တစ်ရွာတည်းသားချင်း ကိုယ် မလဲလဲအောင် ဒုက္ခမရောက်ရောက်အောင် လုပ်တဲ့လူတွေနဲ့ တွေ့ပြန်ရောတဲ့… ဒါတွေကို ကျော်ဖြတ်နိုင်ပြီးတဲ့နောက် အောင်မြင်မှုတွေနဲ့ အိမ်လည်း ပြန်လာရော ဟော… ရွာက အရင် သူ့ကို နှာခေါင်းရှုံ့ခဲ့တဲ့လူတွေဟာ ဝမ်းပန်းတသာနဲ့ကို ကြိုဆိုကြရောတဲ့…. 

Related Article >>> အလုပ်နဲ့ဘဝ အချိုးကျစေဖို့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်(၃) ချက်

ဒါဟာ ပုံပြင်တစ်ပုဒ်ပေမဲ့ မင်မင်တို့ ရင်ဆိုင်နေရတဲ့ အဖြစ်တွေပါပဲ.. နယ်ကလာတဲ့ ယောင်းလေးတွေဆို ပိုခံစားမိမယ်… နောက်ပြီး မင်မင်တို့တွေ ကိုယ် လုပ်နေကျ အလုပ်ခွင်တွေထဲမှာ သြော်.. ဒါလည်း ငါ့အတွက် အဆင်ပြေနေတာပဲလေဆိုပြီး မှိန်းနေရင်း တကယ့်တကယ် ဒီအလုပ်ကို ကိုယ်လုပ်ချင်လား၊ မလုပ်ချင်ဘူးလားဆိုတာ တွေးဖို့ မေ့နေတတ်ပါတယ်။ တစ်ခါတလေ… အိပ်နေရင်းနဲ့ပဲဖြစ်စေ၊ တွေးနေရင်းနဲ့ဖြစ်စေ၊ ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်က ကိုယ့်ကို ချန်ထားရစ်ခဲ့လို့ဖြစ်စေ၊ တစ်ချိန်မဟုတ် တစ်ချိန်မှာ ရုတ်တရက် “သြော်.. ငါလုပ်ချင်တာ ဒါပါလား” ဆိုတဲ့ အသိမျိုး ရလာတတ်ပါတယ်။ ဒီအချိန်ဟာ ကိုယ့်တစ်သက်တာရဲ့ ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်တဲ့… 

အဲဒီလိုမျိုး Awakening (အလင်းပေါက်) ရလာတဲ့အချိန်မှာ ကိုယ် လက်ရှိလုပ်နေဆဲ ကိုယ်မပျော်တဲ့ အလုပ်ကို ဆက်လုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်တကယ်စိတ်ပါဝင်စားစွာ လုပ်ချင်တဲ့ အလုပ်ကို ပြောင်းလုပ်မှာလား? တကယ်ကို ရွေးချယ်ရခက်ခဲပြီး ဆုံးဖြတ်ရကြပ်တည်းတဲ့ အချိန်ပါပဲ။ အဲဒီလို အချိန်မှာ ကိုယ့်အတွင်းစိတ်ကို သေချာမေးပါ။ စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ ဘဝနောက်ဆုံး နေဝင်ချိန်ဆိုတာကို အရင်တွေးကြည့်ပါ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ ဂုဏ်ပုဒ်က ဟာ..သူက သူ့ဘဝမှာ သူဖြစ်ချင်တာတွေကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးကြိုးစား ရင်ဆိုင်သွားခဲ့တာလေ ဆိုတာမျိုး ကြုံဖူးချင်လား? ဒါမှမဟုတ် ဒီတိုင်းလေးပဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တာလား? နောက်ဆုံး အဆုံးသတ် ဘာတွေပဲ ဖြစ်ဖြစ် အားလုံးဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲလေ.. ဟုတ်တယ်ဟုတ်?

ယောင်းတို့ဆိုရင် ဘာတွေ ရွေးချယ်ကြမှာလဲ? 

Libra (For Her Myanmar)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *