EVENTS FUN

ပိတ္ရက္မွာဘယ္ပြဲႏႊဲရမလဲဆိုၿပီး ဇေဝဇဝါျဖစ္ေနတဲ့ ေယာင္းတို႕အတြက္

မပူပါနဲ႔… မင္မင္ေျပာျပမွာေပါ့ 😛 

ေယာင္းတို႕ေရ…အခုလာမယ့္ပိတ္ရက္မွာ ဘယ္သြားလို႕သြားရမွန္းမသိဘဲ ဇေဝဇဝါျဖစ္ေနတုန္းလား ဘယ္မွမသြားဘဲ အိမ္တြင္းေအာင္းျပန္ရင္လည္း ေရႊလိုအဖိုးတန္တဲ့ စေန တနဂၤေႏြက နွေျမာစရာႀကီးရယ္။ ဒီေတာ့ ပိတ္ရက္ရတုန္း စိတ္လြတ္လက္လြတ္ေပ်ာ္ရေအာင္ မင္မင္စုစည္းေပးထားတဲ့ ပြဲေလးေတြထဲက ေယာင္းတို႕စိတ္ကူးတည့္တာေလး ေရြးခ်ယ္ၾကည့္လိုက္ေနာ္။ ဒါမွ ေယာင္းတို႕ဘယ္သြားရမလဲဆိုတာ သဲသဲကြဲကြဲဆုံးျဖတ္နိုင္မွာရယ္…..

ဒီအပတ္ပိတ္ရက္မွာက်င္းပဖို႕ရွိေနတဲ့ ပြဲေတြကေတာ့………….

၁။ လသာေဆာင္ (The Grand Balcony)

ဒီပြဲေလးကေတာ့ ၾကံဳေတာင့္ၾကံဳခဲ ျပဇာတ္တစ္ခုပါ။ (၆)လတစ္ခါေတာင္ မၾကံဳျဖစ္တဲ့ ပြဲေလးမို႕ ေယာင္းတို႕က်ိန္းေသစိတ္ဝင္စားမွာပါေနာ္။ ႀကိဳတင္ေၾကညာထားတဲ႕ အခ်က္ေတြသိရင္ ပိုလို႕ေတာင္စိတ္ဝင္စားဦးမယ္ေယာင္းေရ.. ဒီျပဇာတ္ေလးက (၁၆)နွစ္အထက္ အသက္အပိုင္းအျခားေတြကိုပဲ ရည္ညႊန္းထားတာမို႕ (၁၆)ႏွစ္ေအာက္ သားသားမီးမီးေတြ ေခၚမလာဖို႕ကန္႕သတ္ထားပါသတဲ့..ျပဇာတ္ထဲကစကားေျပာေတြမွာလည္း ျမန္မာလိုေရာ အဂၤလိပ္လိုပါ သုံးမွာျဖစ္ပါတယ္..ျပင္သစ္သီခ်င္းနွစ္ပုဒ္လည္း ပါဝင္မွာျဖစ္ပါတယ္။

လက္မွတ္မရွိဘဲ ဖရီးဆိုေတာ့ ကပ္ေစးနည္းတဲ့ ေယာင္းရဲ့ ေဘာ္ေဘာ္ေတြကိုလည္း အတူသြားဖို႕ေခ်ာဆြဲလို႕ရတာေပါ့။ ဒီျပဇာတ္ေလးကိုေတာ့ လာမယ့္ေဖေဖာ္ဝါရီလ (၉)ရက္ ၊ စေနေန႕ ည(၆)နာရီခြဲမွာက်င္းပမွာပါ။ ေနရာကေတာ့ Myanmar /art အမွတ္(၉၈) ၊ တတိယထပ္ ၊ ဘိုကေလးေဈးလမ္းမွာပါ။ အေသးစိတ္သိခ်င္ရင္ေတာ့ ဒီမွာ ဝင္ၾကည့္ပါေယာင္းေရ…..

၂။ MH @ MEGA Lifestyle Expo

ဒီပြဲေလးကေတာ့ ေပ်ာ္ရႊင္ဖြယ္ တရုတ္နွစ္သစ္ကူးနဲ႕ ခ်စ္သူမ်ားေန႕အထိမ္းအမွတ္အျဖစ္ MH Shoes က က်င္းပတာျဖစ္ပါတယ္။ ဖိနပ္ဒီဇိုင္းဆန္းေတြကို စိတ္ႀကိဳက္ဝယ္ယူၿပီး ဟုန္ေပါင္း(အန္ေပါင္း)ေငြသား ျပန္လည္ရယူနိုင္မယ့္ အခြင့္အေရးရွိတာမို႕ ဖိနပ္ခ်စ္သူေယာင္းတို႕ အႀကိဳက္ေတြ႕မွာပါ။

ဒီပြဲကေတာ့ တပ္မေတာ္ခန္းမမွာ ေဖေဖာ္ဝါရီလ(၇)ရက္ေန႕ကေန (၁၀)ရက္ေန႔ထိ မနက္(၉)နာရီကေန ညေန(၉)နာရီအတြင္းမွာ က်င္းပေနတာပါတဲ့ေနာ္။ အေသးစိတ္သိခ်င္ရင္ေတာ့ ဒီလင့္ခ္ေလးမွာ ဝင္ၾကည့္ႏိုင္ပါတယ္ေယာင္းေရ…

၃။ Italian Food Festival

ဒီပြဲေလးကေတာ့ အီတလီအစားအစာေတြကို ရူးသြပ္စြဲလမ္းတဲ့ အစားတစ္လိုင္း ေယာင္းတို႔ကို ေပ်ာ္ရႊင္ေစမွာပါ။ အီတလီ အစားအေသာက္စစ္စစ္ရဲ႕ အရသာေတြကို ဘယ္လို ဖန္တီးလဲဆိုတာေတြနဲ႕ အီတလီဝိုင္ေတြအေၾကာင္းကိုလည္း ေယာင္းတို႕ေလ့လာခြင့္ရမွာပါ။ ဒီပြဲမွာေတာ့  (၃၀၀၀)၊ (၅၀၀၀) ၊(၇၀၀၀)က်ပ္တန္ ကူပြန္ေတြကိုလည္း ေရာင္းခ်ေပးသြားမွာေနာ္။

ပြဲကိုေတာ့ ေဖေဖာ္ဝါရီလ(၁၀)ရက္ ၊ တနဂၤေႏြေန႕တြင္ ျပင္သစ္သံရုံးရဲ့ ျမက္ခင္းျပင္မွာ က်င္းပမွာျဖစ္ၿပီး အခ်ိန္ကေတာ့ ညေန(၄)နာရီကေန ည(၉)နာရီအထိျဖစ္ပါတယ္။ ေယာင္းတို႕အေသးစိတ္သိခ်င္ရင္ေတာ့ ဒီလင့္ခ္ေလးမွာဝင္ၾကည့္နိုင္ပါတယ္။

၄။ စမိုင္းရဲ႕ “Sharing is Caring“ စာအုပ္ထုတ္ေဝျခင္းနဲ႕ လက္မွတ္ေရးထိုးပြဲ

 

စမိုင္းရဲ႕စာအုပ္အေၾကာင္းကိုေတာ့ ေဖ့ဘုုတ္သုံးရင္းနဲ႕ ေယာင္းတို႕တစ္စြန္းတစ္စၾကားၿပီးေလာက္ပါၿပီေနာ္။ စမိုင္းအဝလြန္ခဲ့စဥ္က အေတြ႕အၾကံဳေတြနဲ႕ ကိုယ္အေလးခ်ိန္ ဘယ္လိုေလ်ွာ့ခ်ခဲ့လဲဆိုတာကို အေသးစိတ္ မွတ္တမ္းတင္ေပးထားတဲ့ စာအုပ္ေလးမို႕ ဝိတ္ေလ်ွာ့ခ်င္တဲ့ေယာင္းတို႕ အထူးစိတ္ဝင္စားၾကမွာပါ။ ဒီပြဲေလးကိုေတာ့ ေဖေဖာ္ဝါရီလ(၁၀)ရက္ ၊ တနဂၤေႏြေန႕ ေန႕လယ္ (၂)နာရီကေန ညေန(၅)နာရိအထိ  Junction City မွာ ျပဳလုပ္မွာပါ။ ေယာင္းတို႕အေသးစိတ္သိခ်င္ရင္ေတာ့ ဒီ လင့္ခ္ေလးမွာဝင္ဖတ္ၾကည့္ပါေနာ္။

သြားစရာလာစရာပြဲေတြအဆင့္သင့္ရွိေနၿပီဆိုေတာ့ ဘယ္သြားမလဲဆိုတာသာ ဆုံးျဖတ္ခ်က္ခ်လိုက္ပါ ေယာင္းေရ…

DiDi (For Her Myanmar)

<<< Unicode>>>

မပူပါနဲ့… မင်မင်ပြောပြမှာပေါ့ 😛 

ယောင်းတို့ရေ…အခုလာမယ့်ပိတ်ရက်မှာ ဘယ်သွားလို့သွားရမှန်းမသိဘဲ ဇဝေဇဝါဖြစ်နေတုန်းလား ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းပြန်ရင်လည်း ရွှေလိုအဖိုးတန်တဲ့ စနေ တနင်္ဂနွေက နှမြောစရာကြီးရယ်။ ဒီတော့ ပိတ်ရက်ရတုန်း စိတ်လွတ်လက်လွတ်ပျော်ရအောင် မင်မင်စုစည်းပေးထားတဲ့ ပွဲလေးတွေထဲက ယောင်းတို့စိတ်ကူးတည့်တာလေး ရွေးချယ်ကြည့်လိုက်နော်။ ဒါမှ ယောင်းတို့ဘယ်သွားရမလဲဆိုတာ သဲသဲကွဲကွဲဆုံးဖြတ်နိုင်မှာရယ်…..

ဒီအပတ်ပိတ်ရက်မှာကျင်းပဖို့ရှိနေတဲ့ ပွဲတွေကတော့………….

၁။ လသာဆောင် (The Grand Balcony)

ဒီပွဲလေးကတော့ ကြုံတောင့်ကြုံခဲ ပြဇာတ်တစ်ခုပါ။ (၆)လတစ်ခါတောင် မကြုံဖြစ်တဲ့ ပွဲလေးမို့ ယောင်းတို့ကျိန်းသေစိတ်ဝင်စားမှာပါနော်။ ကြိုတင်ကြေညာထားတဲ့ အချက်တွေသိရင် ပိုလို့တောင်စိတ်ဝင်စားဦးမယ်ယောင်းရေ.. ဒီပြဇာတ်လေးက (၁၆)နှစ်အထက် အသက်အပိုင်းအခြားတွေကိုပဲ ရည်ညွှန်းထားတာမို့ (၁၆)နှစ်အောက် သားသားမီးမီးတွေ ခေါ်မလာဖို့ကန့်သတ်ထားပါသတဲ့..ပြဇာတ်ထဲကစကားပြောတွေမှာလည်း မြန်မာလိုရော အင်္ဂလိပ်လိုပါ သုံးမှာဖြစ်ပါတယ်..ပြင်သစ်သီချင်းနှစ်ပုဒ်လည်း ပါဝင်မှာဖြစ်ပါတယ်။

လက်မှတ်မရှိဘဲ ဖရီးဆိုတော့ ကပ်စေးနည်းတဲ့ ယောင်းရဲ့ ဘော်ဘော်တွေကိုလည်း အတူသွားဖို့ချောဆွဲလို့ရတာပေါ့။ ဒီပြဇာတ်လေးကိုတော့ လာမယ့်ဖေဖော်ဝါရီလ (၉)ရက် ၊ စနေနေ့ ည(၆)နာရီခွဲမှာကျင်းပမှာပါ။ နေရာကတော့ Myanmar /art အမှတ်(၉၈) ၊ တတိယထပ် ၊ ဘိုကလေးဈေးလမ်းမှာပါ။ အသေးစိတ်သိချင်ရင်တော့ ဒီမှာ ဝင်ကြည့်ပါယောင်းရေ…..

၂။ MH @ MEGA Lifestyle Expo

ဒီပွဲလေးကတော့ ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးနဲ့ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် MH Shoes က ကျင်းပတာဖြစ်ပါတယ်။ ဖိနပ်ဒီဇိုင်းဆန်းတွေကို စိတ်ကြိုက်ဝယ်ယူပြီး ဟုန်ပေါင်း(အန်ပေါင်း)ငွေသား ပြန်လည်ရယူနိုင်မယ့် အခွင့်အရေးရှိတာမို့ ဖိနပ်ချစ်သူယောင်းတို့ အကြိုက်တွေ့မှာပါ။

ဒီပွဲကတော့ တပ်မတော်ခန်းမမှာ ဖေဖော်ဝါရီလ(၇)ရက်နေ့ကနေ (၁၀)ရက်နေ့ထိ မနက်(၉)နာရီကနေ ညနေ(၉)နာရီအတွင်းမှာ ကျင်းပနေတာပါတဲ့နော်။ အသေးစိတ်သိချင်ရင်တော့ ဒီလင့်ခ်လေးမှာ ဝင်ကြည့်နိုင်ပါတယ်ယောင်းရေ…

၃။ Italian Food Festival

ဒီပွဲလေးကတော့ အီတလီအစားအစာတွေကို ရူးသွပ်စွဲလမ်းတဲ့ အစားတစ်လိုင်း ယောင်းတို့ကို ပျော်ရွှင်စေမှာပါ။ အီတလီ အစားအသောက်စစ်စစ်ရဲ့ အရသာတွေကို ဘယ်လို ဖန်တီးလဲဆိုတာတွေနဲ့ အီတလီဝိုင်တွေအကြောင်းကိုလည်း ယောင်းတို့လေ့လာခွင့်ရမှာပါ။ ဒီပွဲမှာတော့  (၃၀၀၀)၊ (၅၀၀၀) ၊(၇၀၀၀)ကျပ်တန် ကူပွန်တွေကိုလည်း ရောင်းချပေးသွားမှာနော်။

ပွဲကိုတော့ ဖေဖော်ဝါရီလ(၁၀)ရက် ၊ တနင်္ဂနွေနေ့တွင် ပြင်သစ်သံရုံးရဲ့ မြက်ခင်းပြင်မှာ ကျင်းပမှာဖြစ်ပြီး အချိန်ကတော့ ညနေ(၄)နာရီကနေ ည(၉)နာရီအထိဖြစ်ပါတယ်။ ယောင်းတို့အသေးစိတ်သိချင်ရင်တော့ ဒီလင့်ခ်လေးမှာဝင်ကြည့်နိုင်ပါတယ်။

၄။ စမိုင်းရဲ့ “Sharing is Caring“ စာအုပ်ထုတ်ဝေခြင်းနဲ့ လက်မှတ်ရေးထိုးပွဲ

စမိုင်းရဲ့စာအုပ်အကြောင်းကိုတော့ ဖေ့ဘုတ်သုံးရင်းနဲ့ ယောင်းတို့တစ်စွန်းတစ်စကြားပြီးလောက်ပါပြီနော်။ စမိုင်းအဝလွန်ခဲ့စဉ်က အတွေ့အကြုံတွေနဲ့ ကိုယ်အလေးချိန် ဘယ်လိုလျှော့ချခဲ့လဲဆိုတာကို အသေးစိတ် မှတ်တမ်းတင်ပေးထားတဲ့ စာအုပ်လေးမို့ ဝိတ်လျှော့ချင်တဲ့ယောင်းတို့ အထူးစိတ်ဝင်စားကြမှာပါ။ ဒီပွဲလေးကိုတော့ ဖေဖော်ဝါရီလ(၁၀)ရက် ၊ တနင်္ဂနွေနေ့ နေ့လယ် (၂)နာရီကနေ ညနေ(၅)နာရိအထိ  Junction City မှာ ပြုလုပ်မှာပါ။ ယောင်းတို့အသေးစိတ်သိချင်ရင်တော့ ဒီ လင့်ခ်လေးမှာဝင်ဖတ်ကြည့်ပါနော်။

သွားစရာလာစရာပွဲတွေအဆင့်သင့်ရှိနေပြီဆိုတော့ ဘယ်သွားမလဲဆိုတာသာ ဆုံးဖြတ်ချက်ချလိုက်ပါ ယောင်းရေ…

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *