EVENTS

ဒီတစ်ပတ်ပိတ်ရက်အတွက် သွားသင့်တဲ့ event လေးတွေကတော့…


>>> Zawgyi >>>


ရက်စွဲ-၂.၃.၂၀၁၉



 

Fun Band Live

ရက်စွဲ – ၂.၃.၂၀၁၉



 

Event – Towards Myanmar Development

ရက်စွဲ -၃.၃.၂၀၁၉




 



>> Unicode >>>

ပိတ်ရက်ဘယ်သွားရမလဲမသိသေးတဲ့ယောင်းလေးတို့တွေအတွက်

Event- Farmers Festival

ရက်စွဲ-၂.၃.၂၀၁၉

မတ်လ ၂ရက်နေ့ တောင်သူလယ်သမားနေ့ကိုဂုဏ်ပြုသောအားဖြင့် Yangon Farmers Market က ကျင်းပမဲ့ ပွဲလေးရှိပါတယ်။ အဲ့ပွဲလေးမှာ အချက်အပြုတ် ပြသခြင်းအစီအစဉ်၊ အသီးအရွက်များကို အချဉ်တည်နည်းများ ပြသခြင်း၊ ကလေးများအတွက် ပျော်ရွှင်စရာ၊ စက်ဘီးဖျော်ရည်စက်၊ ကံစမ်းမဲ၊ တေးဂီတ စတဲ့အစီစဉ်တွေကိုတောင်သူလယ်သမားတွေနဲ့အတူပျော်ရွှင်စွာဆင်နွှဲနိုင်အောင်စီစဉ်ထားပေးပါတယ်နော်။အချိန်က မနက်၈နာရီကနေ နေ့လည်(၁၂)နာရီထိကျင်းပပေးမှာပါတဲ့။ အသေးစိတ်သိချင်ရင် ဒီမှာ ကြည့်ပေးပါနော်။

Fun Band Live

ရက်စွဲ – ၂.၃.၂၀၁၉

Fun Band live လေးကို Mr.Tony Bar မှာ လာမယ့်စနေနေ့ ၈း၃၀ မှာကျင်းပမှာဖြစ်ပါတယ်။ Mr.Tony Bar မှာအနားယူရင်း သီချင်းလေးတွေနဲ့အပန်းဖြေလို့ ရတာပေါ့။ လိပ်စာလေးကတော့ အမှတ် ၁၇၂ ဗားကရာလမ်း၊စမ်းချောင်းမြို့နယ်မှာပါ။ အချိန်လေးကတော့ ၈း၃၀ ကနေစတင်ဖျော်ဖြေမှာဖြစ်ပါတယ်တဲ့နော်။

Related Article>>>>>ယောင်းတို့က မြန်မာနိုင်ငံရဲ့ ဘယ်မြို့မှာ နေရမှာလဲ?

Towards Myanmar Development

ရက်စွဲ -၃.၃.၂၀၁၉CSIS

Towards Myanmar Development Talk Show ကို CSIS က ဦးစီးပြီး မတ်လ ၃ ရက်နေ့ UMFCCI ခန်းမ (အမှတ် ၂၉၊ မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသ) တွင်ကျင်းပသွားမှာပါ။ ဒီပွဲတွင် ပါမောက္ခ ဒေါက်တာနေဇင်လတ်နဲ့အတူ Security, Human Resources and Economy နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဝါရင့် ဆရာကြီးများမှဟောပြောဆွေးနွေးပေးသွားမှာတဲ့ ယောင်းလေးတို့ရေနံနက် (၉) နာရီကနေ နေ့လည်(၁၂) နာရီအထိ ကျင်းပမှာ ဖြစ်ပြီး နေ့လည်စာအဖြစ် စားသောက်ဖွယ်ရာများကိုလည်း တည်ခင်းဧည့်ခံသွားပါမယ်။ လူဦးရေ ကန့်သတ်ထားလို့ စိတ်ပါဝင်စားတယ်ဆိုရင်ကြိုတင်စာရင်းသွင်းရပါမယ်တဲ့။ အသေးစိတ်သိချင်ရင် ဒီမှာ ကြည့်ပေးပါနော်

Related Article>>>>ထိုင်းရိုးရာ ငါးလိမ္မော်ချဉ်စပ်ဟင်းရည်

ဘယ်သွားရမလဲမသိသေးတဲ့ယောင်းလေးတွေအတွက် ရွေးချယ်စရာရလောက်ပြီထင်ပါတယ်နော်။ ပျော်စရာကောင်းတဲ့ပိတ်ရက်လေးဖြစ်ပါစေနော်။

Phyu Thant(For Her Myanmar)

Phyu Thant
Phyu Thant
Foodနဲ့ beauty နဲ့ပတ်သက်တာလေးတွေအဓိက စိတ်ဝင်စားအောင်ရေးပေးပါ့မယ်နော်။For Her Myanmar မှာ ယောင်းလေးတို့ မပျင်းရအောင်ရေးပေးပါ့မယ်။ 💕

Leave a Reply

Your email address will not be published. Required fields are marked *