For Her Myanmar မှ ကြီးမှူးကျင်းပသည့် “Her Beauty, Her Choice” ပွဲအား ဖိတ်ကြားခြင်း















<<< Unicode >>>

အသားအရေ ပြဿနာတွေနဲ့ ဆံသား ပြဿနာတွေအတွက် အဖြေရှာနိုင်မယ့် ပွဲလေးတစ်ခု.. 

နေ့ရက် – ဇွန်လ (၂)ရက် ၊ တနင်္ဂနွေနေ့

အချိန် – နံနက် (၁၀:၀၀) နာရီမှ ညနေ (၆:၀၀) အထိ

နေရာ – ဂမုန်းပွင့် (စံရိပ်ငြိမ်)

ရန်ကုန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ – မေလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ် : “Her Beauty, Her Choice” အမည်ရှိ Skincare, Haircare ပွဲကို – ၂၀၁၉ ခုနှစ် ဇွန်လ (၂)ရက်နေ့ (တနင်္ဂနွေနေ့)တွင် စံရိပ်ငြိမ် ဂမုန်းပွင့်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါပွဲကို Title Sponsor အဖြစ် Silk-n Shine နှင့် Parachute တို့မှ ကူညီပံ့ပိုးပေးထားပြီး Co-sponsor အဖြစ် ENAT 400 မှ ကူညီပံ့ပိုးပေးထားပါသည်။ ထို့ပြင် Giftbag Sponsor အဖြစ် HOP handmade organic product နှင့် Dermdress တို့မှလည်း ပါဝင်အားဖြည့် ကူညီပံ့ပိုးပေးထားပါသည်။

အဆိုပါ “Her Beauty, Her Choice” ပွဲတွင် “Way to Timeless Beauty- သက္ကရာဇ်ကင်း လှပခြင်း” အမည်ရှိ Panel Discussion နှင့် ““Right Haircare for Your Hair” အမည်ရှိ Panel Discussion တို့ ပါဝင်မည့်အပြင် အခြားသော ကံစမ်းမဲ နှင့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည် ဖြစ်ပါသည်။

“Way to Timeless Beauty – သက္ကရာဇ်ကင်း လှပခြင်း” Panel Discussion တွင် Beauty Blogger ညီမငယ် သဇင်ကျော်နှင့် Dr. Su Yi Htay ( MBBS, Diploma in Dermatology& Dermatosurgery ( BKK ), Msc ( Clinic Dermatology) ( King’s College, Landon ), Dr.DermaCare Skin & Laser Center@ Victoria Hospital, Co founder of the Custic Reparo Dermatology & Laser Clinic) တို့မှ ပါဝင်ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

“Right Haircare for Your Hair” Panel Discussion တွင် Confidence Hair Salon ၏ founder and hair trainer တစ်ယောက်ဖြစ်သူ ကိုခန့် နှင့် Silk-n Shine, Parachute တို့၏ ဈေးကွက်မန်နေဂျာ ဖြစ်သူ ကိုထက်အောင်ကျော်တို့မှ ဆံကေသာအမျိုးအစားအလိုက် ဖြစ်တတ်သော ပြဿနာများ၊ သုံးစွဲသင့်သော ပစ္စည်းအမျိုးအစားများ၊ ပျက်စီးနေသည့် ဆံသားများအတွက် ဆောင်ရန်၊ရှောင်ရန်များနှင့် ဆံကေသာထိန်းသိမ်းနည်းတို့အကြောင်း မျှဝေဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

ပွဲတက်ရောက်သူများမှ Productများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည့်အပြင် အမေးအဖြေကဏ္ဍများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကံစမ်းမဲ ကဏ္ဍများကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါသေးသည်။

For Her Myanmar အကြောင်း

For Her Myanmar ဆိုတာ မြန်မာအမျိုးသမီးထုအတွက် နိစ္စဓူဝ အကျိုးရှိစေမယ့်  ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့အတွက် လိုအပ်တဲ့နည်းလမ်းတွေ အသိပညာဗဟုသုတတွေ အကြောင်းအရာတွေကို ဝေမျှပေးနေတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ For Her Myanmar ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ စတင်ခဲ့ပါတယ်။

နေ့စဉ် ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ယူဆောင်လာပြီး နေ့စဉ်ဘဝမှာ အသုံးဝင်စေမယ့် ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးသွားမှာပါ။

ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အလှအပ၊ ကျားမရေးရာ ခွဲခြားမှုဆိုင်ရာ စသဖြင့်သော ဆောင်းပါးတွေ အပြင် စာရေးသူတွေရဲ့ အတွေ့အကြုံတွေ ဟာသအဖြစ်အပျက်လေးတွေ ဝတ္ထုတိုလေးတွေ ဝေမျှရေးသေားပေးနေတဲ့ ဝက်ဘ်ဆိုက်ဒ်လည်း ဖြစ်ပါတယ်။ဆောင်းပါးတွေသာ မဟုတ်ဘဲ ဗီဒီယိုတွေကိုလည်း ကိုယ်တိုင်ပြုလုပ်ဖန်တီးပြီး တင်ဆက်ပေးနေပါတယ်။

No Comments Yet

Comments are closed