EVENTS

မြန်မာအမျိုးသမီးများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်တို့ မြင့်မားစေရန်အတွက် For Her Myanmar ၏ Women of Tomorrow- II









Myanmar Women in International work environment ပွဲ၏ ရည်ရွယ်ချက်အတိုင်း မတင်မိုးလွင် ၊ Laura Cho(Career Coach ) နှင့်  Arabelle Yee (International Speaker, Clinical Psychotherapist) စသည့် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အသီးသီး ထူးချွန်ထက်မြက်ကြသော အမျိုးသမီးများမှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသော နိုင်ငံတကာ လုပ်ငန်းခွင် အတွေ့အကြုံများ၊ ပြင်ဆင်ခဲ့ရသည်များနှင့် နိုင်ငံတကာ လုပ်ငန်းခွင်အတွင်းရှိ မြန်မာအမျိုးသမီးများ သိသင့်သိထိုက်သည်တို့ကို မျှဝေပေးသွားမည် ဖြစ်ပါသည်။







DiDi ( For Her Myanmar)

<<< Unicode >>>

လုပ်ငန်းခွင်မှာ တိုးတက်လာစေဖို့ အတွေ့အကြုံဗဟုသုတတွေ အများကြီးရနိုင်မှာပါနော်

နေ့ရက် – ဇွန်လ (၃၀)ရက်၊ တနင်္ဂနွေနေ့

အချိန် – နေ့လည် (၂:၀၀) နာရီမှ ညနေ (၄:၀၀) အထိ

နေရာ – Park Royal Hotel, Yangon

ရန်ကုန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ – ဇွန်လ ၂၉ ရက်၊ ၂၀၁၉ ခုနှစ် : For Her Myanmar (ပျိုမေတို့ကမ္ဘာ) မှ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် Women of Tomorrow- II (Myanmar Women in International work environment)ပွဲကို ဇွန်လ (၃၀)ရက် (တနင်္ဂနွေနေ့)၊ Park Royal Hotel တွင် နေ့လည်(၂)နာရီ မှ ညနေ (၄)နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ အနေဖြင့် နိုင်ငံတကာ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်သည့်အခါ သိသင့်သိထိုက်သော အကြောင်းအရာများ နှင့် ကြိုတင်ပြင်ဆင်ထားရမည့် အကြောင်းအရာများကို သိရှိပြီး ကမ္ဘာ့အလယ်၌ မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် ဖြစ်ပါသည်။

အဆိုပါ Women of Tomorrow -II ပွဲကို Yoshi milk drink, Fair & Lovely, La Source Spa, Supradyn နှင့် Vitara တို့က Gift bag sponsor များအဖြစ် ပါဝင်ကူညီ ပံ့ပိုးပေးထားပါသည်။

ပွဲအကြောင်း အသေးစိတ်သိလိုပါက>>> http://bit.ly/2WK7oFQ

Myanmar Women in International work environment ပွဲ၏ ရည်ရွယ်ချက်အတိုင်း မတင်မိုးလွင် ၊ Laura Cho(Career Coach ) နှင့်  Arabelle Yee (International Speaker, Clinical Psychotherapist) စသည့် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အသီးသီး ထူးချွန်ထက်မြက်ကြသော အမျိုးသမီးများမှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသော နိုင်ငံတကာ လုပ်ငန်းခွင် အတွေ့အကြုံများ၊ ပြင်ဆင်ခဲ့ရသည်များနှင့် နိုင်ငံတကာ လုပ်ငန်းခွင်အတွင်းရှိ မြန်မာအမျိုးသမီးများ သိသင့်သိထိုက်သည်တို့ကို မျှဝေေပေးသွားမည် ဖြစ်ပါသည်။

ပွဲတက်ရောက်ရန်အတွက် ဤလင့်ခ်တွင် >> http://bit.ly/2wHd6Jf  ကြိုတင် စာရင်းသွင်းထားနိုင်ပါသည်။

For Her Myanmar အကြောင်း 

For Her Myanmar ဆိုတာ မြန်မာအမျိုးသမီးထုအတွက် နိစ္စဓူဝ အကျိုးရှိစေမယ့်  ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့အတွက် လိုအပ်တဲ့နည်းလမ်းတွေ အသိပညာဗဟုသုတတွေ အကြောင်းအရာတွေကို ဝေမျှပေးနေတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ For Her Myanmar ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ စတင်ခဲ့ပါတယ်။

Related Article >>> ဖုန်းဘက်ထရီက ဘာလို့ ခဏခဏ ကုန်နေရတာလဲ?

နေ့စဉ် ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ယူဆောင်လာပြီး နေ့စဉ်ဘဝမှာ အသုံးဝင်စေမယ့် ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးသွားမှာပါ။

ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အလှအပ၊ ကျားမရေးရာ ခွဲခြားမှုဆိုင်ရာ စသဖြင့်သော ဆောင်းပါးတွေ အပြင် စာရေးသူတွေရဲ့ အတွေ့အကြုံတွေ ဟာသအဖြစ်အပျက်လေးတွေ ဝတ္ထုတိုလေးတွေ ဝေမျှရေးသေားပေးနေတဲ့ ဝက်ဘ်ဆိုက်ဒ်လည်း ဖြစ်ပါတယ်။ဆောင်းပါးတွေသာ မဟုတ်ဘဲ ဗီဒီယိုတွေကိုလည်း ကိုယ်တိုင်ပြုလုပ်ဖန်တီးပြီး တင်ဆက်ပေးနေပါတယ်။

DiDi ( For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌တော့ ဒီဒီပါ .စာရေးရတာကို ရူးသွပ်သူမို့ ယောင်းတို့ကိုဆွဲဆောင်နိုင်မယ့် အရေးအသားတွေနဲ့ ယောင်းတို့ပျော်စေဖို့ အမြဲကြိုးစားနေသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *