ဒီတစ္ပတ္ ပိတ္ရက္မွာ ဘယ္သြားရမယ္မွန္းမသိ ျဖစ္ေနသူေတြအတြက္ မင္မင္ အလင္းျပလိုက္ပါၿပီေနာ္..

မရိုးအီႏိုင္တဲ့ ပြဲေတြခ်ည္းပဲမို႔ ေယာင္းတို႔စိတ္ဝင္စားမွာ ေသခ်ာပါတယ္ေနာ္

အပတ္စဥ္ ပိတ္ရက္ေတြတိုင္း ရန္ကုန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမယ့္ ပြဲေတြအေၾကာင္း ေဝမွ်ေပးက်အခ်ိန္ေလး ျပန္လည္ေရာက္ရွိလာပါၿပီ…ဒီတစ္ပတ္မွာလည္း ေယာင္းတို႔စိတ္ဝင္စားေစမယ့္ ပြဲေတြကို ယူေဆာင္လာေပးဖို႔ အသင့္ျဖစ္ေနၿပီဆိုေတာ့ ဘယ္ပြဲေလးေတြရွိေနလဲဆိုတာကို မင္မင္နဲ႔အတူတူ ၾကည့္လိုက္ၾကရေအာင္ေနာ္….

“Zero To Hero”

ေနရာ   – Wyndham Hotel

ေန႔ရက္ – ေမလ(၂၆)ရက္ ၊ တနဂၤေႏြေန႔

အခ်ိန္  – မနက္ (၉) နာရီမွ ညေန (၄) နာရီအထိ

ဒီပြဲေလးမွာေတာ့ ေအာက္ေျခကေန အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ရင္း စြန္႔ဦးတီထြင္လုပ္ငန္းရွင္အျဖစ္ ရပ္တည္လာႏိုင္ခဲ့သူေတြက သူတို႔ရဲ႕ ေအာင္ျမင္မႈေနာက္ကြယ္မွာ ဘယ္လို လႈပ္ရွား ရုန္းကန္ခဲ့ရတယ္ဆိုတဲ့ အေၾကာင္းေတြနဲ႔  စိန္ေခၚမႈေတြအေၾကာင္းကို ျပန္လည္မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ျဖစ္ခ်င္တဲ့ ေယာင္းတို႔အေနနဲ႔ ဒီပြဲေလးကေန စိတ္ခြန္အားေတြနဲ႔ ဗဟုသုတေတြ အမ်ားႀကီးရရွိႏိုင္မွာမို႔ သြားကိုသြားသင့္တဲ့ ပြဲေလးလို႔ပဲ ေျပာပါရေစ ေယာင္းတို႔ေရ။ အေသးစိတ္ကိုေတာ့ ဒီလင့္ခ္မွာ ဝင္ေရာက္ၾကည့္ရႈလို႔ရပါတယ္။

Related Article >>> Otaku ေတြသာ နားလည္ႏုိင္မယ့္ ျပႆနာ (၇)မ်ိဳး

‘အညာပြဲေစ်း’

ေနရာ   – UKK Longyi Showroom

ေန႔ရက္ – ေမလ(၂၆ ၊ ၂၇)ရက္ ၊ စေန တနဂၤေႏြေန႔

အခ်ိန္  – ည(၆)နာရီကေန ည(၁၀)နာရီထိ

ဒီပြဲေလးကေတာ့ အစားတစ္လိုင္းေယာင္းေတြ အထူးႏွစ္ၿခိဳက္မယ့္ ပြဲေလးပါ။ အညာေဒသတစ္ဝိုက္က နာမည္ႀကီးစားစရာေတြကို တစ္ေနရာတည္းမွာ စိတ္ႀကိဳက္သုံးေဆာင္ႏိုင္မွာဆိုေတာ့ ေနာက္က်တဲ့ေျခေထာက္ သစၥာေဖာက္ပါပဲေနာ္။  အေသးစိတ္ကိုေတာ့ ဒီလင့္ခ္မွာ ဝင္ေရာက္ၾကည့္ရႈလို႔ရပါတယ္။

Related Article >>> မိုးေအးေအးထဲမွာ အာပူလွ်ာပူသုပ္ခ်ဥ္ငံစပ္ေလး လုပ္စားၾကမယ္

Sing Out Loud ဂီတေဖ်ာ္ေျဖပြဲ

ေနရာ   – UKK Longyi Showroom

ေန႔ရက္ – ေမလ(၂၆ ၊ ၂၇)ရက္ ၊ စေန တနဂၤေႏြေန႔

အခ်ိန္  – ည(၆)နာရီခြဲကေန ည(၈)နာရီထိ

ဒီပြဲေလးကေတာ့ ႏိုင္ငံတကာကို လွည့္လည္သြားလာၿပီး ဂီတပြဲေတာ္ေတြ ျပဳလုပ္ေလ့ရွိတဲ့ အေမရိကန္နုိင္ငံ Yale University က ေက်ာင္းသားလူငယ္ေတြပါဝင္တဲ့ Spizzwinks (?) နဲ႔ Gitameit Music Institute တို႕ ပူးေပါင္းက်င္းပမယ့္ ဂီတေဖ်ာ္ေျဖပြဲေလးပါ။  Pop,
Jazz ႏွင့္ Classical သီခ်င္းေတြကို အတီးမပါဘဲ အဆိုသက္သက္နဲ႔ တင္ဆက္တတ္တဲ့ အဖြဲ႔နဲ႔ ဂီတမိတ္တို႔ ပူးေပါင္းေဖ်ာ္ေျဖမွာဆိုေတာ့ စိတ္ဝင္စားစရာ အေတာ္ေကာင္းေနပါၿပီေနာ္။ အေသးစိတ္ကိုေတာ့ ဒီလင့္ခ္မွာ ဝင္ေရာက္ၾကည့္ရႈလို႔ရပါတယ္။

ေယာင္းတို႕ေရ…ဒီတစ္ပတ္ပိတ္ရက္အတြက္ သြားလာလည္ပတ္စရာ ပြဲေလးေတြကို မင္မင္ကေဝမွ်ေပးၿပီးၿပီဆိုေတာ့ ဘယ္ပြဲကို ေျခဦးလွည့္မလဲဆိုတာ ေယာင္းတို႔တာဝန္ ျဖစ္သြားပါၿပီေနာ္..

ေနာက္အပတ္ေတြမွာ ဘယ္လိုပြဲေလးေတြ ထပ္မံစုစည္းေပးဦးမလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္ေပးၾကပါဦး…

ခ်စ္ရတဲ့မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

မရိုးအီနိုင်တဲ့ ပွဲတွေချည်းပဲမို့ ယောင်းတို့စိတ်ဝင်စားမှာ သေချာပါတယ်နော်

အပတ်စဉ် ပိတ်ရက်တွေတိုင်း ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမယ့် ပွဲတွေအကြောင်း ဝေမျှပေးကျအချိန်လေး ပြန်လည်ရောက်ရှိလာပါပြီ…ဒီတစ်ပတ်မှာလည်း ယောင်းတို့စိတ်ဝင်စားစေမယ့် ပွဲတွေကို ယူဆောင်လာပေးဖို့ အသင့်ဖြစ်နေပြီဆိုတော့ ဘယ်ပွဲလေးတွေရှိနေလဲဆိုတာကို မင်မင်နဲ့အတူတူ ကြည့်လိုက်ကြရအောင်နော်….

“Zero To Hero”

နေရာ   – Wyndham Hotel

နေ့ရက် – မေလ(၂၆)ရက် ၊ တနင်္ဂနွေနေ့

အချိန်  – မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ

ဒီပွဲလေးမှာတော့ အောက်ခြေကနေ အကြိမ်ကြိမ်ကြိုးစားခဲ့ရင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ် ရပ်တည်လာနိုင်ခဲ့သူတွေက သူတို့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဘယ်လို လှုပ်ရှား ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေနဲ့  စိန်ခေါ်မှုတွေအကြောင်းကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်တဲ့ ယောင်းတို့အနေနဲ့ ဒီပွဲလေးကနေ စိတ်ခွန်အားတွေနဲ့ ဗဟုသုတတွေ အများကြီးရရှိနိုင်မှာမို့ သွားကိုသွားသင့်တဲ့ ပွဲလေးလို့ပဲ ပြောပါရစေ ယောင်းတို့ရေ။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Related Article >>> Otaku တွေသာ နားလည်နိုင်မယ့် ပြဿနာ (၇)မျိုး

‘အညာပွဲဈေး’

နေရာ   – UKK Longyi Showroom

နေ့ရက် – မေလ(၂၆ ၊ ၂၇)ရက် ၊ စနေ တနင်္ဂနွေနေ့

အချိန်  – ည(၆)နာရီကနေ ည(၁၀)နာရီထိ

ဒီပွဲလေးကတော့ အစားတစ်လိုင်းယောင်းတွေ အထူးနှစ်ခြိုက်မယ့် ပွဲလေးပါ။ အညာဒေသတစ်ဝိုက်က နာမည်ကြီးစားစရာတွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်သုံးဆောင်နိုင်မှာဆိုတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပါပဲနော်။  အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Related Article >>> မိုးအေးအေးထဲမှာ အာပူလျှာပူသုပ်ချဉ်ငံစပ်လေး လုပ်စားကြမယ်

Sing Out Loud ဂီတဖျော်ဖြေပွဲ

နေရာ   – UKK Longyi Showroom

နေ့ရက် – မေလ(၂၆ ၊ ၂၇)ရက် ၊ စနေ တနင်္ဂနွေနေ့

အချိန်  – ည(၆)နာရီခွဲကနေ ည(၈)နာရီထိ

ဒီပွဲလေးကတော့ နိုင်ငံတကာကို လှည့်လည်သွားလာပြီး ဂီတပွဲတော်တွေ ပြုလုပ်လေ့ရှိတဲ့ အမေရိကန်နိုင်ငံ Yale University က ကျောင်းသားလူငယ်တွေပါဝင်တဲ့ Spizzwinks (?) နဲ့ Gitameit Music Institute တို့ ပူးပေါင်းကျင်းပမယ့် ဂီတဖျော်ဖြေပွဲလေးပါ။  Pop,
Jazz နှင့် Classical သီချင်းတွေကို အတီးမပါဘဲ အဆိုသက်သက်နဲ့ တင်ဆက်တတ်တဲ့ အဖွဲ့နဲ့ ဂီတမိတ်တို့ ပူးပေါင်းဖျော်ဖြေမှာဆိုတော့ စိတ်ဝင်စားစရာ အတော်ကောင်းနေပါပြီနော်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

ယောင်းတို့ရေ…ဒီတစ်ပတ်ပိတ်ရက်အတွက် သွားလာလည်ပတ်စရာ ပွဲလေးတွေကို မင်မင်ကဝေမျှပေးပြီးပြီဆိုတော့ ဘယ်ပွဲကို ခြေဦးလှည့်မလဲဆိုတာ ယောင်းတို့တာဝန် ဖြစ်သွားပါပြီနော်..

နောက်အပတ်တွေမှာ ဘယ်လိုပွဲလေးတွေ ထပ်မံစုစည်းပေးဦးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး…

ချစ်ရတဲ့မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed