ေပ်ာ္စရာလည္းေကာင္း၊ ဗဟုသုတနဲ႔ လက္ေဆာင္ေတြလည္း အမ်ားႀကီး ရခဲ့ရတဲ့ For Her Myanmar ရဲ႕ “Her Beauty, Her Choice” Event

မေန႔ကပြဲအရွိန္က ဒီေန႔ထိေတာင္ အကင္းမေသေသးေသာ 😀

ေယာင္းတို႔ေရ…

မေန႔က စံရိပ္ၿငိမ္ ဂမုန္းပြင့္မွာ အက္ဒ္မင္တို႔ကို ေတြ႕လိုက္တဲ့သူေတြ ရွိလား??

အက္ဒ္မင္တို႔ မေန႔က (၂.၆.၂၀၁၉) စံရိပ္ၿငိမ္ ဂမုုန္းပြင့္မွာ “Her Beauty, Her Choice” ဆိုတဲ့ Event ေလး လုပ္ျဖစ္ခဲ့တာ ေယာင္းတို႔ သိၿပီးသားျဖစ္မွာေပါ့ေနာ္… မသိလည္း သိကြာ.. အဲ့ပြဲအေၾကာင္းေလး ေျပာျပခ်င္လို႔ 😀

ပထမဆံုး ေျပာခ်င္တာက ဒီပြဲေလး ျဖစ္ေျမာက္ဖို႔အတြက္ Title Sponsor အျဖစ္ ပံ့ပိုး ကူညီေပးတဲ့ Silk-n Shine နဲ႔ Parachute ၊  Co-sponsor အျဖစ္ ပံ့ပိုးကူညီေပးတဲ့ ENAT 400 ၊ Giftbag Sponsor အျဖစ္ ပါဝင္ ကူညီေပးၾကတဲ့ HOP handmade organic product နဲ႔ Dermdress တို႔ကို ေက်းဇူးတင္ေၾကာင္း အရင္ေျပာပါရေစ။ ေနာက္ထပ္ မျဖစ္မေန ေက်းဇူးတင္ရမွာက ပြဲေလးမွာ ေပ်ာ္ေပ်ာ္ပါးပါး ေမးခြန္းေတြေျဖ၊ ဂိမ္းေတြေဆာ့ၿပီး ပါဝင္ခဲ့ၾကသူေတြကိုပါ… ခုလို ပါဝင္ေပးၾကတာ အမ်ားႀကီး ေက်းဇူးတင္ပါတယ္ရွင္..

အက္ဒ္မင့္အထင္ မေန႔က အစီအစဥ္ေတြ အားလံုးထဲမွာ အားလံုးသေဘာအက်ဆံုးျဖစ္မွာက Lucky Draw နဲ႔ အေမးအေျဖ က႑ေလးေတြ ျဖစ္မယ္နဲ႔တူပါရဲ႕ေနာ္… တကယ္ေတာ့ ေမးသြားတဲ့ ေမးခြန္းေလးေတြကလည္း ခက္ခက္ခဲခဲေတြ မဟုတ္ဘဲ ေဘးပတ္ဝန္းက်င္က ENAT 400 , Silk-n Shine နဲ႔ Parachute ရဲ႕ ေကာင္တာေလးေတြ၊ လက္ကမ္းေၾကာ္ျငာေလးေတြကို ဖတ္ၾကည့္လိုက္ရင္ေတာင္ သိႏုိင္တဲ့ အေျဖေတြ မဟုတ္လား… ေမးခြန္းလြယ္လြယ္ေလးေတြ ေျဖၿပီး လက္ေဆာင္ေတြ အမ်ားႀကီး ရသြားၾကတဲ့သူေတြလည္း မနည္းပါဘူးေနာ္… Lucky Draw (ကံစမ္းမဲ)ေတြ ဒီအတိုင္း ေဖာက္ေပးတာလည္း မနည္းဘူးမဟုတ္လား…

ကံစမ္းမဲမွာေတာင္မွ ENAT 400 အတြက္ ကံစမ္းမဲ၊ Silk-n Shine နဲ႔ Parachute ကေပးတဲ့ ကံစမ္းမဲ၊ ေနာက္ၿပီး HOP Handmade organic product နဲ႔ Dermdress ကေပးတဲ့ ကံစမ္းမဲ အမ်ားႀကီးဆိုေတာ့ ကံထူူးသြားၾကတဲ့သူေတြလည္း မနည္းပါဘူး… အက္ဒ္မင္တို႔လည္း မဲေပါက္သြားၾကသူေတြ၊ အေျဖမွန္လို႔ လက္ေဆာင္ရသြားတဲ့သူေတြဆီက အပေ်ာ္ေတြ ကူးစက္လာေတာ့ စိတ္ေတြကို ခ်မ္းသာလို႔…

ကံစမ္းမဲခ်ည္းပဲ ဘာလုပ္မွာလဲလို႔ ေမးမလို႔လား.. မေလာပါနဲ႔… ေဖ်ာ္ေျဖေရး အစီအစဥ္ေတြအေၾကာင္း မေျပာရေသးဘူးေလ.. ပထမဆံုးကေတာ့ ကိုရဲမိုးေဇာ္ရဲ႕ Card Magic Show ေပါ့… ပရိသတ္ထဲက လူေတြကို ေရြး၊ ဖဲထုပ္ထဲက ႏွစ္သက္ရာ ကဒ္ကို ေရြးခိုင္းၿပီး အားလံုးမွန္ေအာင္ ေရြးျပ၊ ခန္႔မွန္းျပတဲ့ ကိုရဲမိုးေဇာ္ရဲ႕ မ်က္လွည့္၊ လက္လွည့္ပညာကလည္း တကယ္ကို အံ့အားသင့္စရာပါပဲ။ တကယ္ဆို ဖဲခ်ပ္ေတြ အမ်ားႀကီး ရွိတာေလေနာ္.. ဘယ္လို မွန္ေအာင္ ေရြးျပလဲမသိဘူး.. 😀

ေဟာ.. သီဆို ေဖ်ာ္ေျဖေရးက်ျပန္ေတာ့ ေကာင္မေလးေတြ အသည္းစြဲ Mေဇာ္ရိန္က အသံပါဝါေကာင္းေကာင္းနဲ႔ ေဖ်ာ္ေျဖသြားသလို ဂိမ္းေလးေတြေတာင္ ေဆာ့ေပးသြားေသးတယ္… Mေဇာ္ရိန္႔ပရိသတ္ ေယာင္းေလးေတြ မလာတာ နာတယ္ကြာ.. တကယ္ဆို ကိုယ့္ Idol နဲ႔ လံုးဝ အမွတ္တရ အခိုက္အတန္႔ေလးေတြ ဖန္တီးလိုက္ႏိုင္မွာ…

M ေဇာ္ရိန္ တစ္ေယာက္တည္းလား? ဟုတ္ပါဘူးေနာ္…

အက္ဒ္မင္တို႔ ဆယ္ေက်ာ္သက္အရြယ္တုန္းက အရမ္းကို သေဘာက်ခဲ့ရၿပီး အသံခ်ိဳခ်ိဳေလးနဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္တတ္တဲ့ ညီမေလး ေအသင္ခ်ိဳေဆြကလည္း ဘဝအတြက္ ခြန္အားျဖစ္ေစမယ့္ သီခ်င္းေတြ၊ အတိတ္ေတြကို ျပန္သတိရသြားေစမယ့္ သီခ်င္းေတြကို ပရိသတ္ေတြနဲ႔ အတိုင္အေဖာက္ညီညီ သီဆိုေဖ်ာ္ေျဖေပးသြားျပန္ပါေသးတယ္.. အက္ဒ္မင္ဆို ေလျပည္သီခ်င္းကို ျပန္လြမ္းသြားလို႔ အိမ္ျပန္ေရာက္ေတာ့ ထပ္ေတာင္ နားေထာင္လိုက္ေသးတယ္.. သိတယ္ဟုတ္… အတိတ္ေလးေတြက ရွိေနတယ္ေလ.. အယ္လယ္ 😛

Related Article >>> For Her Myanmar မွ ႀကီးမွဴးက်င္းပသည့္ “Her Beauty, Her Choice” ပြဲအား ဖိတ္ၾကားျခင္း

အမယ္.. အေပ်ာ္ခ်ည္းပဲလားဆိုေတာ့ မဟုတ္ေသးဘူးရွင့္… အသားအေရနဲ႔ ပတ္သက္ၿပီး ေတြ႕ရတတ္တဲ့ ျပႆနာေလးေတြကို အေျဖရွာႏုိင္ဖို႔ Panel Discussion ေလးလည္း လုပ္ျဖစ္ခဲ့ေသးတယ္ေနာ္..

ဒီမွာေတာ့ Beauty Zone – By Thazin Kyaw ရဲ႕ ပဲ့ကိုင္ရွင္ ညီမေလး သဇင္ေက်ာ္၊ Enat 400 Mandalay City Queen ေလး Sue Ro Hnineနဲ႔ Dr. DermaCare Skin & Laser Center ရဲ႕ အေရျပားနဲ႔ေလဆာဌာနမွ ေဒါက္တာ စုရီေဌး (MBBS, Diploma in Dermatology & Dermatosurgery), (MSc, Clinic Dermatology) တို႔ရဲ႕ “Way To Timeless Beauty- သကၠရာဇ္ကင္း လွပျခင္း” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဆြးေႏြးအေျဖရွာသြားခဲ့ၾကပါေသးတယ္… အက္ဒ္မင္ေတာ့ ေတာ္ေတာ္ေလး ဗဟုသုတ ရလိုက္တယ္ရယ္…

ေနာက္ၿပီးေတာ့ ဆံသားနဲ႔ ပတ္သက္ၿပီး အက္ဒ္မင္တို႔ မသိလိုက္မသိဘာသာ လုပ္ေနမိတဲ့အမွားတေြကိုလည္း “Right Hair Care For Your Hair” ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ Panel Discussion ေလးမွာ ေျပာျပသြားေသးတာကိုး.. ဒီ Panel Discussion မွာေတာ့ Moderator အျဖစ္ အက္ဒ္မင္တို႔ရဲ႕ Presenter မမေခ်ာေခ်ာေလး မ Sarah WaiConfidence Hair Salon & Hair Training Schoolရဲ႕ တည္ေထာင္သူ ကိုခန္႔ နဲ႔ Marico South East Asia ရဲ႔ Brand Manager ကိုထက္ေအာင္ေက်ာ္တို႔က ေဆြးေႏြးေဝမွ်ေပးခဲ့ၾကတာပါ။ အဲ့မွာတင္ပဲ ကိုယ္ဘယ္လို တလြဲေတြ လုပ္ေနလဲဆိုတာ သိလိုက္ရေတာ့တာပါပဲရွင္.. (ဆံပင္ကၽြတ္တာေတာင္ နည္းေသးလို႔ ကိုယ့္ဟာကိုယ္ပဲ ျပန္ဆူရေတာ့မလိုလို 😀 )

တကယ္ကို ေပ်ာ္လည္း ေပ်ာ္ရ၊ ဗဟုသုတလည္း ရခဲ့တဲ့ ပြဲႀကီးေပါ့ ေယာင္းတို႔ေရ… ဒီၾကားထဲ ကံစမ္းမဲေတြကလည္း ခဏခဏ ေဖာက္ေသးတာဆိုေတာ့ ရင္ကခုန္ရေသးတယ္.. 😀 ဘယ္လို ေပ်ာ္စရာေကာင္းမွန္းကို မသိတာပါ… ဒီပြဲကို လြတ္သြားတဲ့ ေယာင္းတို႔လည္း စိတ္မပူပါနဲ႔ေနာ္.. အက္ဒ္မင္တို႔ ေနာက္ထပ္ ေနာက္ထပ္ ဒီလို ပြဲမ်ိဳးေတြ အမ်ားႀကီး လုပ္ဦးမွာမို႔ For Her Myanmar ကို ေစာင့္ၾကည့္ရင္း အားေပးၾကပါဦးလို႔…

Libra (For Her Myanmar)

<<< Unicode >>>

မနေ့ကပွဲအရှိန်က ဒီနေ့ထိတောင် အကင်းမသေသေးသော 😀

ယောင်းတို့ရေ…

မနေ့က စံရိပ်ငြိမ် ဂမုန်းပွင့်မှာ အက်ဒ်မင်တို့ကို တွေ့လိုက်တဲ့သူတွေ ရှိလား??

အက်ဒ်မင်တို့ မနေ့က (၂.၆.၂၀၁၉) စံရိပ်ငြိမ် ဂမုန်းပွင့်မှာ “Her Beauty, Her Choice” ဆိုတဲ့ Event လေး လုပ်ဖြစ်ခဲ့တာ ယောင်းတို့ သိပြီးသားဖြစ်မှာပေါ့နော်… မသိလည်း သိကွာ.. အဲ့ပွဲအကြောင်းလေး ပြောပြချင်လို့ 😀

ပထမဆုံး ပြောချင်တာက ဒီပွဲလေး ဖြစ်မြောက်ဖို့အတွက် Title Sponsor အဖြစ် ပံ့ပိုး ကူညီပေးတဲ့ Silk-n Shine နဲ့ Parachute ၊  Co-sponsor အဖြစ် ပံ့ပိုးကူညီပေးတဲ့ ENAT 400 ၊ Giftbag Sponsor အဖြစ် ပါဝင် ကူညီပေးကြတဲ့ HOP handmade organic product နဲ့ Dermdress တို့ကို ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ ေနာက်ထပ် မဖြစ်မနေ ကျေးဇူးတင်ရမှာက ပွဲလေးမှာ ပျော်ပျော်ပါးပါး မေးခွန်းတွေဖြေ၊ ဂိမ်းတွေဆော့ပြီး ပါဝင်ခဲ့ကြသူတွေကိုပါ… ခုလို ပါဝင်ပေးကြတာ အများကြီး ကျေးဇူးတင်ပါတယ်ရှင်..

အက်ဒ်မင့်အထင် မနေ့က အစီအစဉ်တွေ အားလုံးထဲမှာ အားလုံးသဘောအကျဆုံးဖြစ်မှာက Lucky Draw နဲ့ အမေးအဖြေ ကဏ္ဍလေးတွေ ဖြစ်မယ်နဲ့တူပါရဲ့နော်… တကယ်တော့ မေးသွားတဲ့ မေးခွန်းလေးတွေကလည်း ခက်ခက်ခဲခဲတွေ မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်က ENAT 400 , Silk-n Shine နဲ့ Parachute ရဲ့ ကောင်တာလေးတွေ၊ လက်ကမ်းကြော်ငြာလေးတွေကို ဖတ်ကြည့်လိုက်ရင်တောင် သိနိုင်တဲ့ အဖြေတွေ မဟုတ်လား… မေးခွန်းလွယ်လွယ်လေးတွေ ဖြေပြီး လက်ဆောင်တွေ အများကြီး ရသွားကြတဲ့သူတွေလည်း မနည်းပါဘူးနော်… Lucky Draw (ကံစမ်းမဲ)တွေ ဒီအတိုင်း ဖောက်ပေးတာလည်း မနည်းဘူးမဟုတ်လား…

ကံစမ်းမဲမှာတောင်မှ ENAT 400 အတွက် ကံစမ်းမဲ၊ Silk-n Shine နဲ့ Parachute ကပေးတဲ့ ကံစမ်းမဲ၊ နောက်ပြီး HOP Handmade organic product နဲ့ Dermdress ကပေးတဲ့ ကံစမ်းမဲ အများကြီးဆိုတော့ ကံထူူးသွားကြတဲ့သူတွေလည်း မနည်းပါဘူး… အက်ဒ်မင်တို့လည်း မဲပေါက်သွားကြသူတွေ၊ အဖြေမှန်လို့ လက်ဆောင်ရသွားတဲ့သူတွေဆီက အပျော်တွေ ကူးစက်လာတော့ စိတ်တွေကို ချမ်းသာလို့…

ကံစမ်းမဲချည်းပဲ ဘာလုပ်မှာလဲလို့ မေးမလို့လား.. မလောပါနဲ့… ဖျော်ဖြေရေး အစီအစဉ်တွေအကြောင်း မပြောရသေးဘူးလေ.. ပထမဆုံးကတော့ ကိုရဲမိုးဇော်ရဲ့ Card Magic Show ပေါ့… ပရိသတ်ထဲက လူတွေကို ရွေး၊ ဖဲထုပ်ထဲက နှစ်သက်ရာ ကဒ်ကို ရွေးခိုင်းပြီး အားလုံးမှန်အောင် ရွေးပြ၊ ခန့်မှန်းပြတဲ့ ကိုရဲမိုးဇော်ရဲ့ မျက်လှည့်၊ လက်လှည့်ပညာကလည်း တကယ်ကို အံ့အားသင့်စရာပါပဲ။ တကယ်ဆို ဖဲချပ်တွေ အများကြီး ရှိတာလေနော်.. ဘယ်လို မှန်အောင် ရွေးပြလဲမသိဘူး.. 😀

ဟော.. သီဆို ဖျော်ဖြေရေးကျပြန်တော့ ကောင်မလေးတွေ အသည်းစွဲ Mဇော်ရိန်က အသံပါဝါကောင်းကောင်းနဲ့ ဖျော်ဖြေသွားသလို ဂိမ်းလေးတွေတောင် ဆော့ပေးသွားသေးတယ်… Mဇော်ရိန့်ပရိသတ် ယောင်းလေးတွေ မလာတာ နာတယ်ကွာ.. တကယ်ဆို ကိုယ့် Idol နဲ့ လုံးဝ အမှတ်တရ အခိုက်အတန့်လေးတွေ ဖန်တီးလိုက်နိုင်မှာ…

M ဇော်ရိန် တစ်ယောက်တည်းလား? ဟုတ်ပါဘူးနော်…

အက်ဒ်မင်တို့ ဆယ်ကျော်သက်အရွယ်တုန်းက အရမ်းကို သဘောကျခဲ့ရပြီး အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်တတ်တဲ့ ညီမလေး အေသင်ချိုဆွေကလည်း ဘဝအတွက် ခွန်အားဖြစ်စေမယ့် သီချင်းတွေ၊ အတိတ်တွေကို ပြန်သတိရသွားစေမယ့် သီချင်းတွေကို ပရိသတ်တွေနဲ့ အတိုင်အဖောက်ညီညီ သီဆိုဖျော်ဖြေပေးသွားပြန်ပါသေးတယ်.. အက်ဒ်မင်ဆို လေပြည်သီချင်းကို ပြန်လွမ်းသွားလို့ အိမ်ပြန်ရောက်တော့ ထပ်တောင် နားထောင်လိုက်သေးတယ်.. သိတယ်ဟုတ်… အတိတ်လေးတွေက ရှိနေတယ်လေ.. အယ်လယ် 😛

Related Article >>> For Her Myanmar မှ ကြီးမှူးကျင်းပသည့် “Her Beauty, Her Choice” ပွဲအား ဖိတ်ကြားခြင်း

အမယ်.. အပျော်ချည်းပဲလားဆိုတော့ မဟုတ်သေးဘူးရှင့်… အသားအရေနဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာလေးတွေကို အဖြေရှာနိုင်ဖို့ Panel Discussion လေးလည်း လုပ်ဖြစ်ခဲ့သေးတယ်နော်..

ဒီမှာတော့ Beauty Zone – By Thazin Kyaw ရဲ့ ပဲ့ကိုင်ရှင် ညီမလေး သဇင်ကျော်၊ Enat 400 Mandalay City Queen လေး Sue Ro Hnineနဲ့ Dr. DermaCare Skin & Laser Center ရဲ့ အရေပြားနဲ့လေဆာဌာနမှ ဒေါက်တာ စုရီဌေး (MBBS, Diploma in Dermatology & Dermatosurgery), (MSc, Clinic Dermatology) တို့ရဲ့ “Way To Timeless Beauty- သက္ကရာဇ်ကင်း လှပခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးအဖြေရှာသွားခဲ့ကြပါသေးတယ်… အက်ဒ်မင်တော့ တော်တော်လေး ဗဟုသုတ ရလိုက်တယ်ရယ်…

နောက်ပြီးတော့ ဆံသားနဲ့ ပတ်သက်ပြီး အက်ဒ်မင်တို့ မသိလိုက်မသိဘာသာ လုပ်နေမိတဲ့အမှားတွေကိုလည်း “Right Hair Care For Your Hair” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Panel Discussion လေးမှာ ပြောပြသွားသေးတာကိုး.. ဒီ Panel Discussion မှာတော့ Moderator အဖြစ် အက်ဒ်မင်တို့ရဲ့ Presenter မမချောချောလေး မ Sarah WaiConfidence Hair Salon & Hair Training Schoolရဲ့ တည်ထောင်သူ ကိုခန့် နဲ့ Marico South East Asia ရဲ့ Brand Manager ကိုထက်အောင်ကျော်တို့က ဆွေးနွေးဝေမျှပေးခဲ့ကြတာပါ။ အဲ့မှာတင်ပဲ ကိုယ်ဘယ်လို တလွဲတွေ လုပ်နေလဲဆိုတာ သိလိုက်ရတော့တာပါပဲရှင်.. (ဆံပင်ကျွတ်တာတောင် နည်းသေးလို့ ကိုယ့်ဟာကိုယ်ပဲ ပြန်ဆူရတော့မလိုလို 😀 )

တကယ်ကို ပျော်လည်း ပျော်ရ၊ ဗဟုသုတလည်း ရခဲ့တဲ့ ပွဲကြီးပေါ့ ယောင်းတို့ရေ… ဒီကြားထဲ ကံစမ်းမဲတွေကလည်း ခဏခဏ ဖောက်သေးတာဆိုတော့ ရင်ကခုန်ရသေးတယ်.. 😀 ဘယ်လို ပျော်စရာကောင်းမှန်းကို မသိတာပါ… ဒီပွဲကို လွတ်သွားတဲ့ ယောင်းတို့လည်း စိတ်မပူပါနဲ့နော်.. အက်ဒ်မင်တို့ နောက်ထပ် နောက်ထပ် ဒီလို ပွဲမျိုးတွေ အများကြီး လုပ်ဦးမှာမို့ For Her Myanmar ကို စောင့်ကြည့်ရင်း အားပေးကြပါဦးလို့…

Libra (For Her Myanmar)

No Comments Yet

Comments are closed