ဒီတစ်ပတ်ပိတ်ရက်မှာ ပျော်ပျော်ပါးပါးကဲနိုင်မယ့် ပွဲ(၃)ပွဲ
Day Event
နေ့ရက် : ၂၃.၃.၂၀၁၉ (စနေနေ့)
နေရာ   : Level 2
Tuborg Music Festival
နေ့ရက် : ၂၃.၃.၂၀၁၉ (စနေနေ့)
Summer Splash 2019
အသေးစိတ်ကို ဒီမှာကြည့်လို့ရပါတယ်။
Stella (For Her Myanmar)
<<<Unicode>>>
ပျော်ရကဲရမှ စိတ်ဝင်စားပါတယ်ဆိုတဲ့ ယောင်းတို့အတွက်
ယောင်းတို့ရေ…ပိတ်ရက်ဆိုရင် ဘော်ဒါတွေနဲ့လည်းကဲချင် ဘယ်သွားရမှန်းလဲမသိ ဖြစ်နေတယ်မလား ? စိတ်ညစ်မနေပါနဲ့တော့ … ယောင်းတို့ ရှာရဖွေရသက်သာအောင် Stella က ဒီတစ်ပတ်အတွက် ပျော်စရာပွဲလေးတွေကို စုစည်းပေးလိုက်ပါပြီနော်။
Day Event
နေ့ရက် : ၂၃.၃.၂၀၁၉ (စနေနေ့)
အချိန်   : ညနေ (၄) နာရီမှ ည (၁၀) နာရီထိ
နေရာ   : Level 2
ဒါကတော့ အိမ်မပိုင်လို့ ညဘက်အပြင်ထွက်လို့မရတဲ့ ယောင်းယောင်းတွေအတွက်ပါ။ Yangon International Hotel ဝင်းထဲမှာရှိတဲ့ Level 2 ကလပ်ရဲ့ ပထမဆုံးနေ့ဘက်လုပ်မယ့်ပွဲလေးပါ။ ဝင်ကြေးကတော့ မကြာခင်ကြေညာမယ်လို့ ပြောထားပါတယ်။ ကလပ်သွားချင်ပေမဲ့ ညဘက်လည်းထွက်လို့မရဘူးဆိုရင်တော့ ဒီပွဲလေးကို သတိရလိုက်နော်။
ပွဲအကြောင်း ဒီထက်ပိုသိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်မှာ ကြည့်လို့ရပါတယ်။
Related article>>>အတုယူလေးစားစရာ ကမ္ဘာ့အအောင်မြင်ဆုံး အမျိုးသမီး CEO (၅) ဦး
Tuborg Music Festival
နေ့ရက် : ၂၃.၃.၂၀၁၉ (စနေနေ့)
အချိန်   : ညနေ (၅) နာရီမှ ည (၁၀) နာရီထိ
နေရာ   : သုဝဏ္ဏဘူမိ Event Park
ဂီတပွဲတော်ဆိုတဲ့အတိုင်း ဂီတအမျိုးအစားအစုံအလင်နဲ့ ယောင်းတို့ ကဲလို့ရအောင် Tuborg က စီစဉ်ပေးထားတာပါ။ ပါဝင်ဖျော်ဖြေမယ့်သူတွေကတော့ လင်းလင်း၊ ဝေလ၊ သာဒီးလူ၊ IDIOTS၊ ချမ်းချမ်း၊ နဲ့ နီနီခင်ဇော် စတဲ့နာမည်ကျော်တွေပဲ ဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကို ၁၅၀၀၀ ကျပ်နဲ့ သတ်မှတ်ထားပါတယ်
ပွဲအကြောင်း အသေးစိတ်ကို ကြည့်ချင်ရင်တော့ ဒီလင့်ခ်ကိုနှိပ်ပါနော်။
Related article>>>ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ဒီ ၄ ချက်ကို သိကိုသိထားဖို့ လိုအပ်ပါတယ်။
Summer Splash 2019
နေ့ရက် : ၂၄.၃.၂၀၁၉ (တနင်္ဂနွေနေ့)
အချိန်   : ညနေ (၄) နာရီမှ ည (၇) နာရီထိ
နေရာ   : LOTTE Hotels & Serviced Apartmarts Yangon
ဒါကတော့ သားသားမီးမီးတွေရှိတဲ့ ယောင်းတို့အတွက်ပါ။ ကလေးတွေလည်း နွေရာသီကျောင်းပိတ်ရက်မှာ ပျော်ပျော်ပါးပါးရေကစားလို့ရတယ်၊ မေမေတွေလည်း အေးအေးဆေးဆေးအနားယူလို့ရတယ်။ ဒေါ်လာ (၅၀) တန် လက်မှတ်တစ်စောင်ကို လူကြီးတစ်ယောက်နဲ့ အသက် (၇) နှစ်ကနေ (၁၃) နှစ်ကြား ကလေးတစ်ယောက် ဝင်လို့ရတဲ့အပြင် အစားအသောက်ကူပွန်တွေပါဦးမှာပါ။
အသေးစိတ်ကို ဒီမွာကြည့်လို့ရပါတယ်။
ကဲ…ဒီလောက်ဆိုရင်တော့  ဒီပိတ်ရက်မှာ အကဲချည်းပဲတစ်လိုင်းလုပ်ဖို့ သွားစရာပွဲတွေကို သိလောက်ပြီပေါ့နော်။ ဘယ်ပွဲတွေ သွားဖြစ်လဲဆိုတာ Stella ကိုလည်း ပြောပေးခဲ့ကြပါဦး။
Stella (For Her Myanmar)
No Comments Yet
Comments are closed