EVENTS

ဒီတစ်ပတ်မှာ အိမ်တွင်းပဲ မအောင်းနဲ့တော့ ယောင်းတို့.. ပျော်စရာပွဲတွေချည်းပဲ!







အသေးစိတ်ကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်နိုင်ပါတယ်

Event  : အညာပွဲဈေး

Date   : ၁၆.၂.၂၀၁၉ ၊ ၁၇.၂.၂၀၁၉




အသေးစိတ်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။




အသေးစိတ်ကိုတော့ ဒီလင့်ခ်ထဲမှာ ကြည့်နိုင်ပါတယ်








Stella (For Her Myanmar)

ဒီပွဲတွေသွားမယ်ဆိုရင်တော့ဖြင့် ဒီပိတ်ရက်မှာ ပျင်းစရာအကြောင်းမရှိတော့ပါဘူး

အပတ်စဉ် ပိတ်ရက်မှာ ယောင်းတို့အတွက် သွားစရာပွဲလေးတွေကို ရေးပေးနေကျအတိုင်း ဒီတစ်ပတ်မှာလည်း ဘယ်တွေသွားပြီး ဘာတွေလုပ်လို့ရတယ်ဆိုတာ မောင်းထုလိုက်ပါပြီနော်။

Event  : Kirin Night with LUCID

Date   : ၁၅.၂.၂၀၁၉ (သောကြာနေ့)

TGIF အတွက် ဘယ်သွားရမလဲဖြစ်နေလား ? မပူပါနဲ့ The Maze Club မှာ ပြုလုပ်မယ့် Intermission XL’s Birthday Show ရှိပါတယ်။ ည (၁၀) နာရီကနေ မနက် (၄) နာရီထိမို့လို့ တစ်ပတ်လုံးပင်ပန်းထားသမျှ ပျောက်သွားအောင် ညလုံးပေါက်ကဲချင်သူ ယောင်းတို့အတွက် အဆင်ပြေမှာပါ။

The Maze Club ရဲ့ တည်နေရာကတော့ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမှာပါ။

အသေးစိတ်ကိုတော့ဒီလင့်ခ် မှာ ကြည့်နိုင်ပါတယ်

Event  : အညာပွဲဈေး

Date   : ၁၆.၂.၂၀၁၉ ၊ ၁၇.၂.၂၀၁၉

ဦးကျော်ကျော်လုံချည်မှ ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အညာပွဲဈေး ကို ဖေဖော်ဝါရီ (၁၆) ရက်နေ့နဲ့ (၁၇) ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ပြုလုပ်သွားမှာပါ။

မြန်မာ့အကနဲ့ စောင်းသံတွေကို ခံစားကြည့်ရှုရင်း အကြော်မျိုးစုံ၊ စစ်ကိုင်းခိုတောင်မုန့်တီ၊ အညာထမင်းသုပ်၊ မန္တလေးနို့ထမင်း၊ ရွှေရင်အေး၊ အုန်းမွှေးလုံး၊ အညာထန်းရည်နဲ့ မြန်မာမုန့်မျိုးစုံကို ၁၅၀၀၀ကျပ်တည်းနဲ့ ဘူဖေးစားနိုင်မယ့် ပွဲလေးဖြစ်တာကြောင့် အစားတစ်လိုင်းယောင်းတို့ပျော်ပျော်ပါးပါးသွားနိုင်မှာပါ။

ဒီပွဲလေးကိုတော့ ညနေ (၅) နာရီမှ စတင်ပြီး ဦးဝိစာရလမ်း၊ ကမာရွတ်မြို့နယ်၊ မရမ်းခြံကျောင်းဘေးမှာရှိတဲ့ UKK ရန်ကုန်ဆိုင်ခွဲမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်

Event  : Yangon Cosmetics Night Market

Date   : ၁၂.၂.၂၀၁၉ မှ ၁၇.၂.၂၀၁၉ ထိ

အလှအပစိတ်ဝင်စားတဲ့ ယောင်းတွေအတွက် အစားလည်းစားရင်း တွေလည်းဝယ်ရင်း လုပ်နိုင်မယ့် ပွဲလေးတစ်ပွဲကို Beauty Diary က ကျင်းပပြုလုပ်ထားပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမဆုံး Cosmetic Night Market ကို Beauty Diary နဲ့ တူတူဆင်နွှဲဖို့ဆိုတော့ Beauty Diary ဆရာစံဆိုင်ခွဲကိုသာ သွားပါနော်။ ပွဲချိန်လေးကတော့ ညနေ (၅)နာရီ ကနေ ည (၉)နာရီထိ ဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ ဒီလင့္ခ္မှာ ကြည့်နိုင်ပါတယ်

Event  : FHM Singles’ Night

Date   : ၁၄.၂.၂၀၁၉ (ကြာသပတေးနေ့)

Valentines’ Day မှာ သွားစရာမရှိဖြစ်နေသူတွေကတော့ နှစ်ခါမစဉ်းစားဘဲ ယောင်းတို့ရဲ့ For Her Myanmar က ကျင်းပတဲ့ Singles’ Night ပွဲကို လာခဲ့လိုက်ပါ။

ဝင်ကြေးအနေနဲ့ကတော့ တစ်ကိုယ်တော်ဆိုရင် ၁၅၀၀၀ကျပ်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်ပါခေါ်လာရင်တော့ နှစ်ယောက်ပေါင်းမှ ၂၅၀၀၀ကျပ်ပါနော်။ For Her Club မန်ဘာဝင်ယောင်းလေးတွေအတွက်တော့ အထူးစပါယ်ရှယ်လျှော့ဈေး ၁၀၀၀၀ကျပ်ပါနော်။

ဓာတ်ဖမ်းလို့ကောင်းတဲ့ Sedona Hotel D’cuisine Restaurant ရဲ့အပြင်ဘက် E-Deck မှာ ပြုလုပ်သွားမှာဖြစ်တဲ့အပြင် ရုံးချိန်ကျောင်းချိန်လွတ်တဲ့အချိန် ည (၇)နာရီ ကနေ (၉)နာရီအထိဆိုတော့ ယောင်းတို့အတွက် အဆင်ပြေမှာပါ။ Drink တွေ Free Flow သောက်ခွင့်ရှိတဲ့အပြင် Sedona Hotel မှာ အခမဲ့ညစာစားခွင့်တွေကိုပါ ကံစမ်းပေးဦးမှာဆိုတော့ အခုပဲ လက်မှတ်ဝယ်ထားလိုက်ပါတော့ ယောင်းရေ…

အသေးစိတ်ကိုတော့ ဒီလင့္ခ္ မှာ ကြည့်နိုင်ပါတယ်

ကဲ…ဒီလောက်ဆိုရင်တော့ ယောင်းအတွက် ပိတ်ရက်မှာ သွားစရာတွေ တော်တော်စုံနေလောက်ပြီပေါ့။ နောက်အပတ်တွေမှာလဲ ဘယ်နေရာတွေမှာ ဘာတွေစားပြီး ဘာတွေလုပ်လို့ရလဲဆိုတာ ပြောပြပေးသွားဦးမှာမို့လို့ စောင့်ဖတ်ပေးကြနော်။

Stella (For Her Myanmar)

Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *