EVENTS

ဒီတစ်ပတ်ပိတ်ရက်ကို အကျိုးရှိရှိကုန်ဆုံးစေနိုင်မယ့် ပွဲလေးတွေ




ဝင်ကြေး – အခမဲ့




 နေ့ရက် – ၂၇.၄.၂၀၁၉ (စနေနေ့)
ဝင်ကြေး – အခမဲ့










ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

<<<Unicode>>>

ပိတ်ရက်မှာ ပွဲဆက်တွေများနေမှာ မြင်ယောင်ပါသေးတယ်  😎 😎

ပိတ်ရက်ရောက်တာနဲ့ ဘယ်သွားရမလဲတွေးနေတတ်တဲ့ ယောင်းတို့ရေ… ဒီအပတ်ပိတ်ရက်ရော ဘယ်တွေသွားမယ်လို့ စိတ်ကူးထားပြီးပြီလဲ။ မင်မင်ကတော့ ပိတ်ရက်မှာသွားဖို့ ပွဲတွေအများကြီးစုထားတယ်ရယ်။အဲ့ဒီထဲကမှ ယောင်းတို့စိတ်ဝင်စားလောက်မယ့်ပွဲတွေကို ရွေးထုတ်ပေးချင်ပါတယ်။

Cultural Sharing & Diversity

 နေ့ရက် – ၂၈.၄.၂၀၁၉ (တနင်္ဂနွေနေ့)
အချိန်  –  ညနေ၃နာရီမှ ၆နာရီအထိ
နေရာ  –  စိမ်းလန်းစိုပြေပန်းဥယျာဉ်၊ ရန်ကုန်မြို့
ဝင်ကြေး – အခမဲ့

ဖျော်ဖြေပွဲတွေကို အထူးခုံမင်တဲ့ယောင်းတို့အတွက်ဆို ဒီပွဲလေးကို အကြိုက်တွေ့မှာ အသေအချာပါပဲ။ မြန်မာ့ရိုးရာအကအလှတွေ ၊ နိုင်ငံကျော်အိန္ဒိယအကပညာရှင်များရဲ့ သရုပ်ဖော်တင်ဆက်မှုတွေ ၊ အဆိုတော်တွေ ၊ Dancer Group တွေ ၊ Mrs & Miss တွေရဲ့ Edutainment Catwalk Show တွေ ၊ လူငယ်တွေအတွက် ရင်ဖွင့်စကားသံအစီအစဉ်များ၊ ဂိမ်းများနဲ့ လှုပ်ရှားမှု ဓာတ်ပုံပြခန်းတွေကိုပါ ပြသပေးထားမှာဆိုတော့ အရမ်းတွေစိတ်ဝင်စားဖို့ကောင်းနေပြီနော်။
အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Related Article >>> အုန်းနို့ခေါက်ဆွဲစားလို့ သွေးတိုးမှာကြောက်တဲ့ယောင်းတို့အတွက် နို့စိမ်းအစားထိုးချက်နည်း

Thailand Education Fair (Myanmar) 2019

 နေ့ရက် – ၂၇.၄.၂၀၁၉ (စနေနေ့)
အချိန်  –  မနက်(၉)နာရီမှ ညနေ၃နာရီထိ
နေရာ  –  Grand Ballroom (Level 2), Sule Shangri-La Hotel Yangon
ဝင်ကြေး – အခမဲ့

ဒီပွဲလေးကတော့ ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းအဖွဲ့ကနေ  ကြီးမှူးကျင်းပပြီး ထိုင်းနိုင်ငံ ထိပ်တန်းတက္ကသိုလ်၊ ကျောင်းပေါင်း (၂၀)ကျော် ပါဝင်ပြသသွားမယ့် ပညာရေး ပြပွဲကြီးဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေး Scholarship ပုံစံအမျိုးမျိုးနဲ့ ပညာသင်ယူဖို့ စိတ်ဝင်စားနေတဲ့ ယောင်းတို့အတွက် အကျိုးရှိစေနိုင်မယ့် ပွဲလေးပါနော်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

 B2B စကားဝိုင်း | အိမ်ခြံမြေဈေးကွက် ပြန်လည်နိုးထလာနိုင်လား

နေ့ရက် – ၂၈.၄.၂၀၁၉ (တနင်္ဂနွေနေ့)
အချိန်  –  မနက် ၉ နာရီ မှ ၁၂ နာရီ အထိ
နေရာ  –  CBC Ballroom ၊ (၅)လွှာ ၊ ဆရာစံလမ်း နှင့်
            တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

အိမ်ခြံမြေအကြောင်းစိတ်ဝင်စားတဲ့ ယောင်းတို့စိတ်ဝင်စားမယ့်ပွဲလေးပါ။ B2B Magazine ကကြီးမှူးကျင်းပပြီး ဆရာကြီးပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က မေးခွန်းတွေမေးမြန်းလို့
စီးပွားရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူပညာရှင်များ၊ လုပ်ငန်းရှင်များ၊
အစိုးရတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးမယ့်ပွဲလေးဆိုတော့ အိမ်ခြံမြေဈေးကွက်  နိုးထလာနိုင်လားဆိုတာကို သိချင်နေပါပြီနော်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Related Article >>> ဒီတစ်ပတ်အတွင်း Joox ရဲ့ Myanmar Top Charts 100 ထိပ်ဆုံးကို ရောက်နေတဲ့ မြန်မာသီချင်း (၆)ပုဒ်

Smart way to increase running distance

နေ့ရက် – ၂၈.၄.၂၀၁၉ (တနင်္ဂနွေနေ့)
အချိန်  –  မနက် ၆ နာရီမှ ၈ နာရီအထိ
နေရာ  –  Running Club ၊  ပြည့်သူ့ရင်ပြင် ၊ My Garden ဝင်ပေါက်

ဒီပွဲလေးကတော့ Pocari Sweat ကနေကျင်းပပြုလုပ်တာဖြစ်ပြီး အပြေးဝါသနာထုံတဲ့ယောင်းတို့ အကျိုးရှိစေနိုင်မယ့်ပွဲလေးပါ။ Smart way to increase running distance ဆိုတဲ့ ခေါင်းစဉ်နဲ့ Mr. Andy ကနေ အပြေးစွမ်းရည်ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ ဒီအပတ်ပိတ်ရက်မှာ ဘယ်သွားရမလဲဆိုတာကို  ကောင်းကောင်းကြီးရွေးချယ်လို့ရပြီပေါ့ ။ နောက်အပတ်တွေမှာ ဘယ်လိုပွဲတွေစုစည်းထားပေးဦးမလဲဆိုတာကို ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌တော့ ဒီဒီပါ .စာရေးရတာကို ရူးသွပ်သူမို့ ယောင်းတို့ကိုဆွဲဆောင်နိုင်မယ့် အရေးအသားတွေနဲ့ ယောင်းတို့ပျော်စေဖို့ အမြဲကြိုးစားနေသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *