EVENTS

ပိတ္ရက္မွာ လည္ပတ္ဖို႔ ဒီပြဲေလးေတြ ႐ွိပါတယ္ေနာ္!

ပြဲေကာင္းေတြခ်ည္းမို႕ လက္လႊတ္မခံသင့္ပါဘူး

>>> Zawgyi >>>

ေယာင္းတို႕ေရ…ဒီတစ္ပတ္ပိတ္ရက္မွာေရာ ဘယ္ေတြသြားဖို႔ၾကံစည္ထားၿပီးၿပီလဲ။ ပိတ္ရက္ေတြေရာက္တိုင္း ပြဲေတြကဆက္တိုက္ပဲဆိုေတာ့ ဘယ္သြားရမလဲ ဗ်ာမ်ားေနမွာအေသအခ်ာပဲ။ ဒီလိုမ်ားျပားလွတဲ့ပြဲေတြထဲက ေယာင္းတို႕အႀကိဳက္နဲ႕ထပ္တူက်နိုင္မယ့္ပြဲေလးေတြကို ေဟာဒီက မင္မင္ ေရြးထုတ္ေပးထားပါတယ္ေနာ္။

A Sunset Melody

Cover Song ေလးေတြကို ပရိသတ္ရင္ထဲေရာက္ေအာင္ဆိုျပတတ္တဲ့   TheFour အဖြဲ႕ဆို ေယာင္းတို႕ေကာင္းေကာင္းႀကီးသိမွာပါ။ ဒီပြဲေလးကေတာ့  TheFour အဖြဲ႕ရဲ႕ သီဆိုေဖ်ာ္ေျဖမႈေတြကို ျမက္ခင္းေပၚမွာ လြတ္လြတ္လပ္လပ္ အားေပးနားဆင္နိုင္မယ့္ပြဲေလးပါ။ “A Sunset Melody” ပြဲေလးကိုေတာ့ မတ္လ ၁၆ ရက္ေန႔ ညေန(၅)နာရီ အခ်ိန္ Yangon Sailing Club (YSC) မွာျပဳလုပ္သြားမွာျဖစ္ပါတယ္။

ျပင္ပအစားအစာေတြေတာ့ ယူလို႔ရမွာမဟုတ္ဘဲ အတြင္းမွာ စားခ်င္စဖြယ္ဆိုင္ေလးေတြ  တည္ခင္းထားေပးထားမွာျဖစ္တဲ့အျပင္ Mini-bar လည္းရွိဦးမွာဆိုေတာ့ အပီအျပင္ေဂၚလို႕ရနိုင္မယ့္ ပြဲေလးပါ။ ပထမဆံုးေရာက္မယ့္ အေယာက္ ၁၃၀ အတြက္ TheFour တံဆိပ္ပါ Picnic Blanket ကို
လက္ေဆာင္ေပးသြားမွာျဖစ္ၿပီး Ticket တစ္ေစာင္တိုင္းမွာလည္း Complementary drink ပါဦးမွာေနာ္။

ညေန ၅:၀၀ နာရီမွစၿပီး တံခါးဖြင့္မွာျဖစ္ကာ ၅:၃၀ အတိမွာ စေဖ်ာ္ေျဖေပးမွာျဖစ္ပါတယ္။ ပရိတ္သတ္ ၄၀၀ ပဲ လက္ခံသြားမွာျဖစ္ၿပီး လူျပည့္ျပည့္ခ်င္း တံခါးပိတ္လိုက္မွာျဖစ္လို႕ ေစာေစာသြားဖို႕ေတာ့လိုမယ္ေနာ္။

Related article>>> Kpop Idolတို႔ရဲ႕ ပြဲဦးမထြက္ခင္က ဓာတ္ပံုမ်ား

အေသးစိတ္သိခ်င္ရင္ေတာ့ ဒီ Link မွာဝင္ေရာက္ၾကည့္ရႈနိုင္ပါတယ္ေနာ္။

ဝိတ္ခ်ရေအာင္

ဒီက်န္းမာေရးေဟာေျပာပြဲ ေလးကေတာ့ သဘာဝအတိုင္း နည္းမွန္နဲ႕ ဝိတ္ခၽခၽင္တဲ့သူေတြ ၊ ဝိတ္ခၽေနတဲ့သူေတြ၊ Gym ကစားတဲ့သူေတြ နွင့္ ေရာဂါအခံ တစ္ခုခုေၾကာင့္ ဝိတ္ခၽရန္လိုအပ္တဲ့သူေတြ အတြက္ ရည္ရြယ္ျပီးကၽင္းပေပးတဲ့ ပြဲေလးျဖစ္ပါတယ္။ ဒီ ဝိတ္ခၽရေအာင္ ေဟာေျပာပြဲ ေလး မွာေတာ့ ျမန္မာနိုင္ငံရဲ႕ ပထမဦးဆံုး အစားအေသာက္ႏွင့္  အာဟာဆိုင္ရာ အထူးကုဆရာဝန္ႀကီး ေဒါက္တာေအာင္ဖုန္းေဇာ္ကေန အစားအေသာက္နဲ ့ ဘယ္လိုမၽိဳး ဝိတ္ခၽလဲဆိုတာရွင္းျပသြားမွာ ျဖစ္ပါတယ္။

Related article>>>ဘြဲ႔ယူတဲ့အခါ ပြဲတိုးဖို႔ ခ်ိတ္ပဲ ဝတ္စရာရွိတာလား?

ေဒါက္တာေအာင္ဖုန္းေဇာ္ ဒီ က်န္းမာေရးေဟာေျပာပြဲ ေလးမွာ အဓိက သင္ေပးသြားမယ့္ သင္ခန္းစာမ်ားကေတာ့

🔸 ကိုယ့္ရဲ ့လိုခၽင္တဲ့ ဝိတ္အေပၚမူတည္ၿပီး ေန႕စဥ္စားရမယ့္ အစားအေသာက္ပမာဏ တြက္နည္း
🔸အစားအစာမ်ားမွာပါဝင္တဲ့ Calories ပမာဏ ၾကည့္နည္း
🔸ကိုယ့္ရဲ ့ Diet အတြက္ ေန ့စဥ္၊ အပတ္စဥ္၊ လစဥ္ Meal Plan ဆြဲနည္း
🔸အစားအေသာက္ နွင့္ ဝိတ္ခၽနည္း အစရိွတဲ ့နည္းမ်ားကို စနစ္တကၽသင္ၾကားေပးသြားမွာျဖစ္ပါတယ္
ဒီက်န္းမာေရးေဟာေျပာပြဲေလး ကိုေတာ့ မတ္လ(၆)ရက္ေန႕  Sule Shangri-La ဟိုတယ္မွာ ေန႕လည္(၁)နာရီကေန ညေန(၄)နာရီထိ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။  အေသးစိတ္သိခ်င္ရင္ေတာ့ ဒီ Link မွာဝင္ေရာက္ၾကည့္ရႈနိုင္ပါတယ္ေနာ္။

မုန္​႔တိုက္​ပြဲ

နာမည္ေလးကထူးဆန္းသလို ပြဲေလးကလည္း တကယ့္ကိုထူးျခားလြန္းပါတယ္။  ျပည္​တြင္​းျပည္​ပ ကအဆိပ္​သင္​့ မုန္​႔ပဲသြား​ရည္​စာေတြကို ျမန္မာ တိုင္​းရင္​းသား႐ိုးရာ မုန္႕ပဲသြား​ရည္​စာေတြနဲ႕ ခုခံတိုက္​ခိုက္​မယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႕ ​ေမွာ္​ဘီၿမိဳ႕မ​ေဈး​ေ႐ွ႕မွာ မတ္လ(၁၇)ရက္ေန႕ ညေန(၅)နာရီကေန ည(၉)နာရီအထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဒီပြဲေလးမွာ ေရာင္းခ်သြားမယ့္ ရိုးရာမုန္႕ေတြကိုေတာ့ အ​ေရာင္​ဆိုး​ေဆး၊ ေဆးသၾကား ၊
ဓာတုပစၥည္​း၊ ၾကာ႐ွည္​ခံ​ေဆးမ်ား လုံးဝအသုံးမျပဳသလို ေဖာ့ဘူး ၊ ႂကြပ္ႂကြပ္အိတ္ေတြကိုလည္း အသုံးျပဳခြင့္မျပဳပါဘူး။ ေဒသအသီးသီးက နာမည္ႀကီးရိုးရာမုန္႕ေတြကို တစ္ေနရာတည္းမွာ စားသုံးနို္င္မယ့္ အခြင့္အေရးမို႕ လက္လႊတ္မခံသင့္တဲ့ ပြဲေလးပါပဲ။ အေသးစိတ္သိခ်င္ရင္ေတာ့ ဒီ Link မွာဝင္ေရာက္ၾကည့္ရႈနိုင္ပါတယ္ေနာ္။

ကဲ… မင္မင္ေရြးခ်ယ္ေပးထားတဲ့ပြဲေလးေတြက ေယာင္းတို႕အႀကိဳက္နဲ႕ ထပ္တူက်နိုင္လိမ့္မယ္လို႕ ယုံၾကည္ပါတယ္ေနာ္။ ေယာင္းတို႕အႀကိဳက္ဆုံးပြဲေလးကိုေရြးခ်ယ္ၿပီး ေပ်ာ္စရာေကာင္းတဲ့ပိတ္ရက္ေတြကို ကုန္ဆုံးနိုင္ၾကပါေစေနာ္။

DiDi (For Her Myanmar)

ပွဲကောင်းတွေချည်းမို့ လက်လွှတ်မခံသင့်ပါဘူးယောင်းတို့ရေ…

ဒီတစ်ပတ်ပိတ်ရက်မှာရော ဘယ်တွေသွားဖို့ကြံစည်ထားပြီးပြီလဲ။ ပိတ်ရက်တွေရောက်တိုင်း ပွဲတွေကဆက်တိုက်ပဲဆိုတော့ ဘယ်သွားရမလဲ ဗျာများနေမှာအသေအချာပဲ။ ဒီလိုများပြားလှတဲ့ပွဲတွေထဲက ယောင်းတို့အကြိုက်နဲ့ထပ်တူကျနိုင်မယ့်ပွဲလေးတွေကို ဟောဒီက မင်မင် ရွေးထုတ်ပေးထားပါတယ်နော်။

A Sunset Melody

Cover Song လေးတွေကို ပရိသတ်ရင်ထဲရောက်အောင်ဆိုပြတတ်တဲ့   TheFour အဖွဲ့ဆို ယောင်းတို့ကောင်းကောင်းကြီးသိမှာပါ။ ဒီပွဲလေးကတော့  TheFour အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုတွေကို မြက်ခင်းပေါ်မှာ လွတ်လွတ်လပ်လပ် အားပေးနားဆင်နိုင်မယ့်ပွဲလေးပါ။ “A Sunset Melody” ပွဲလေးကိုတော့ မတ်လ ၁၆ ရက်နေ့ ညနေ(၅)နာရီ အချိန် Yangon Sailing Club (YSC) မှာပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြင်ပအစားအစာတွေတော့ ယူလို့ရမှာမဟုတ်ဘဲ အတွင်းမှာ စားချင်စဖွယ်ဆိုင်လေးတွေ  တည်ခင်းထားပေးထားမှာဖြစ်တဲ့အပြင် Mini-bar လည်းရှိဦးမှာဆိုတော့ အပီအပြင်ဂေါ်လို့ရနိုင်မယ့် ပွဲလေးပါ။ ပထမဆုံးရောက်မယ့် အယောက် ၁၃၀ အတွက် TheFour တံဆိပ်ပါ Picnic Blanket ကိုလက်ဆောင်ပေးသွားမှာဖြစ်ပြီး Ticket တစ်စောင်တိုင်းမှာလည်း Complementary drink ပါဦးမှာနော်။ညနေ ၅:၀၀ နာရီမှစပြီး တံခါးဖွင့်မှာဖြစ်ကာ ၅:၃၀ အတိမှာ စဖျော်ဖြေပေးမှာဖြစ်ပါတယ်။ ပရိသတ် ၄၀၀ ပဲ လက်ခံသွားမှာဖြစ်ပြီး လူပြည့်ပြည့်ချင်း တံခါးပိတ်လိုက်မှာဖြစ်လို့ စောစောသွားဖို့တော့လိုမယ်နော်။

Related article>>> Kpop Idolတို့ရဲ့ ပွဲဦးမထွက်ခင်က ဓာတ်ပုံများ

အသေးစိတ်သိချင်ရင်တော့ ဒီ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

ဝိတ်ချရအောင်

ဒီကျန်းမာရေးဟောပြောပွဲ လေးကတော့ သဘာဝအတိုင်း နည်းမှန်နဲ့ ဝိတ်ချချင်တဲ့သူတွေ ၊ ဝိတ်ချနေတဲ့သူတွေ၊ Gym ကစားတဲ့သူတွေ နှင့် ရောဂါအခံ တစ်ခုခုကြောင့် ဝိတ်ချရန်လိုအပ်တဲ့သူတွေ အတွက် ရည်ရွယ်ပြီးကျင်းပပေးတဲ့ ပွဲလေးဖြစ်ပါတယ်။ ဒီ ဝိတ်ချရအောင် ဟောပြောပွဲ လေး မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အစားအသောက်နှင့်  အာဟာဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဖုန်းဇော်ကနေ အစားအသောက်နဲ့ ဘယ်လိုမျိုး ဝိတ်ချလဲဆိုတာရှင်းပြသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာအောင်ဖုန်းဇော် ဒီ ကျန်းမာရေးဟောပြောပွဲ လေးမှာ အဓိက သင်ပေးသွားမယ့် သင်ခန်းစာများကတော့
🔸 ကိုယ့်ရဲ့လိုချင်တဲ့ ဝိတ်အပေါ်မူတည်ပြီး နေ့စဉ်စားရမယ့် အစားအသောက်ပမာဏ တွက်နည်း
🔸အစားအစာများမှာပါဝင်တဲ့ Calories ပမာဏ ကြည့်နည်း
🔸ကိုယ့်ရဲ့ Diet အတွက် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Meal Plan ဆွဲနည်း
🔸အစားအသောက် နှင့် ဝိတ်ချနည်း အစရှိတဲ့နည်းများကို စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီကျန်းမာရေးဟောပြောပွဲလေး ကိုတော့ မတ်လ(၆)ရက်နေ့  Sule Shangri-La ဟိုတယ်မှာ နေ့လည်(၁)နာရီကနေ ညနေ(၄)နာရီထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အသေးစိတ်သိချင်ရင်တော့ ဒီ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

မုန့်တိုက်ပွဲ

နာမည်လေးကထူးဆန်းသလို ပွဲလေးကလည်း တကယ့်ကိုထူးခြားလွန်းပါတယ်။  ပြည်တွင်းပြည်ပ ကအဆိပ်သင့် မုန့်ပဲသွားရည်စာတွေကို မြန်မာ တိုင်းရင်းသားရိုးရာ မုန့်ပဲသွားရည်စာတွေနဲ့ ခုခံတိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှော်ဘီမြို့မဈေးရှေ့မှာ မတ်လ(၁၇)ရက်နေ့ ညနေ(၅)နာရီကနေ ည(၉)နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲလေးမှာ ရောင်းချသွားမယ့် ရိုးရာမုန့်တွေကိုတော့ အရောင်ဆိုးဆေး၊ ဆေးသကြား ၊ဓာတုပစ္စည်း၊ ကြာရှည်ခံဆေးများ လုံးဝအသုံးမပြုသလို ဖော့ဘူး ၊ ကြွပ်ကြွပ်အိတ်တွေကိုလည်း အသုံးပြုခွင့်မပြုပါဘူး။ ဒေသအသီးသီးက နာမည်ကြီးရိုးရာမုန့်တွေကို တစ်နေရာတည်းမှာ စားသုံးနိုင်မယ့် အခွင့်အရေးမို့ လက်လွှတ်မခံသင့်တဲ့ ပွဲလေးပါပဲ။

အသေးစိတ်သိချင်ရင်တော့ ဒီ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

ကဲ… မင်မင်ရွေးချယ်ပေးထားတဲ့ပွဲလေးတွေက ယောင်းတို့အကြိုက်နဲ့ ထပ်တူကျနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။ ယောင်းတို့အကြိုက်ဆုံးပွဲလေးကိုရွေးချယ်ပြီး ပျော်စရာကောင်းတဲ့ပိတ်ရက်တွေကို ကုန်ဆုံးနိုင်ကြပါစေနော်။

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *