ဒီပိတ္ရက္မွာ လည္ဖို႔ပတ္ဖို႔ ေပ်ာ္စရာပြဲေလးေတြ ေစာင့္ႀကိဳေနပါၿပီ

ဒီလိုအမိုက္စားပြဲေတြ ရွိေနတာကို အိမ္တြင္းမေအာင္းခ်င္စမ္းပါနဲ႔

ေယာင္းတို႔ေရ … ပိတ္ရက္ရယ္လို႔ ေရာက္လာတာနဲ႔ သူငယ္ခ်င္းနဲ႔ ခ်စ္ခ်စ္နဲ႔ ဘယ္သြားလို႔ သြားရမွန္းမသိဘူး ျဖစ္ေနၾကတယ္မွတ္လား ? ဒါေတြ ႀကိဳသိလို႔ stella ကေန ဒီပိတ္ရက္အတြက္ သြားစရာ ေနရာေတြကိို ရွာေဖြစုစည္းေပးထားတယ္ေနာ္ …

BASS Kingdom Music Festival

အခ်ိန္   : ညေန (၄) နာရီ – ည (၁၂) နာရီ

ေနရာ   : The ONE Entertainment Park

ေန႔ရက္ : ဧၿပီ (၇) ရက္ (တနဂၤေႏြ)

Rave မယ္ ကဲမယ္ဆိုတဲ့ EDM ပရိသတ္ေယာင္းေတြအတြက္ BASS Kingdom Music Festival … ဘယ္သူေတြပါမွာလဲ ? EDM ႀကိဳက္ႏွစ္သက္သူတိုင္း သိတဲ့အထိ နာမည္ႀကီးတဲ့ Yellow Claw, Moksi, Wiwek, Dolf တို႔ ပါဝင္သြားမွာပါ။ လက္မွတ္ေၾကးကေတာ့ GA ၃၅၀၀၀ က်ပ္နဲ႔ VIP ၆၅၀၀၀ က်ပ္ပါ။ Myanmar Premium နဲ႔ Barong Family တို႔ရဲ႕ ပြဲဆိုေတာ့ ေျပာစရာမလိုေအာင္ မိုက္ေနမွာကေတာ့ အေသအခ်ာပဲေနာ္ …

 

Yangon Zay – Thingyan Edition

အခ်ိန္   : ေန႔လည္ (၁၂) နာရီ – ည (၈) နာရီ

ေနရာ   : ရန္ကုန္ေဈး ၊ The Tea Factory

ေန႔ရက္ : ဧၿပီ (၆) ရက္ ႏွင့္ (၇) ရက္

အပတ္စဥ္က်င္းပေနၾကျဖစ္တဲ့ ရန္ကုန္ေဈးက ဒီတေလာ အေတာ္ေလးကို ေရပန္းစားေနတာေရာ … ဓာတ္ဖမ္းလို႔လွၿပီး မိန္းမေခ်ာေတြေပါတဲ့ ရန္ကုန္ေဈးကို မသြားဖူးေသးရင္ ေခတ္မမီဘူးဆိုပဲ။ အဲ့သလို သတင္းႀကီးေနတဲ့ ရန္ကုန္ေဈးက ဒီတစ္ခါေတာ့ ႏွစ္သစ္ကူးအတာသႀကၤန္အျပင္အဆင္ေတြနဲ႔ ေယာင္းတို႔ကို ေစာင့္ႀကိဳေနပါတယ္တဲ့။ ဒိတ္မေအာက္ရေလေအာင္ အေရာက္သြားၿပီး ဓာတ္လွလွဖမ္းၾကစို႔လား ?

 

For Her Myanmar Thingyan Flash Sale

ေန႔ရက္ : ဧၿပီ (၃) ရက္ – ဧၿပီ (၉) ရက္

For Her Myanmar နဲ႔ Shop.com.mm တို႔ပူးေပါင္းၿပီး သႀကၤန္မတိုင္ခင္ ေယာင္းတို႔လိုခ်င္တာေတြ တစ္ေနရာတည္းမွာ အစံုအလင္ရႏိုင္ဖို႔ online flash sale ေလးစီစဥ္ထားပါတယ္။ အြန္လိုင္းကေနပဲ စိတ္ႀကိဳက္ေဈးဝယ္ထြက္ႏိုင္တဲ့အျပင္ စိတ္လႈပ္ရွားစရာ ဒစ္စေကာင့္ေတြ၊ ကူပြန္ေတြနဲ႔ ကံစမ္းမဲအစီအစဥ္ေတြလည္း ပါဝင္တာမို႔ အခ်ိန္ကုန္လူပင္ပန္းသက္သာတာေပါ့။ ေနာက္ထပ္ ဘယ္လိုအစီအစဥ္ေတြက ေယာင္းတို႔ကို ေစာင့္ႀကိဳေနေသးလဲဆိုတာ သိရဖို႔ For Her Myanmar Shopping page ကို see first လုပ္ထားဖို႔ မေမ့နဲ႔ဦးေနာ္။ Online Flash Sale မွာ ပါဝင္ဖို႕စိတ္ဝင္စားရင္ေတာ့ Shop.com.mm application ကို  Android ဆိုရင္ ဒီလင့္မွာ IOS ဆိုရင္ ဒီလင့္မွာ Download လုပ္ထားလို႔ရပါတယ္။

 

BKK Night Market April Special

အခ်ိန္   : ညေန (၄) နာရီ – ည (၁၀) နာရီ

ေနရာ   : ကန္ေတာ္ႀကီး ေမွ်ာ္စင္ကၽြန္း

ေန႔ရက္ : ဧၿပီ (၅) ရက္ မွ (၇) ရက္

BKK Night Market ဆိုတာနဲ႔ သြားရည္ယိုခ်င္စရာ အစားအေသာက္ေပါင္း ေသာင္းေျခာက္ေထာင္ကို ေျပးျမင္သြားၿပီ မွတ္လား ? မညာခ်င္စမ္းပါနဲ႔။ BKK Night Market ရဲ႕ ထံုးစံအတိုင္း ထိုင္းႏိုင္ငံက ေကာင္းေပ့ဆိုတဲ့ အစားအေသာက္မ်ိဳးစံု၊ အသံုးအေဆာင္မ်ိဳးစံုကို ခပ္မိုက္မိုက္အျပင္အဆင္ေတြနဲ႔အတူ ေရာင္းခ်ေပးမွာမို႔ စိတ္ႀကိဳက္စားႏိုင္၊ ဝယ္ႏိုင္မယ့္ အခြင့္အေရးပါ။

ကဲ …  ဒီတစ္ပတ္မွာ လည္စရာေတြ အမ်ားႀကီးပဲ ဟုတ္ ။ အႀကိဳက္ဆုံးပြဲကို ေရြးခ်ယ္ၿပီး သြားဖို႔ျပင္ဆင္ထားပါေတာ့ေနာ္။

Stella (For Her Myanmar)

<<<Unicode>>>

 

ဒီလိုအမိုက်စားပွဲတွေ ရှိနေတာကို အိမ်တွင်းမအောင်းချင်စမ်းပါနဲ့

ယောင်းတို့ရေ … ပိတ်ရက်ရယ်လို့ ရောက်လာတာနဲ့ သူငယ်ချင်းနဲ့ ချစ်ချစ်နဲ့ ဘယ်သွားလို့ သွားရမှန်းမသိဘူး ဖြစ်နေကြတယ်မှတ်လား ? ဒါတွေ ကြိုသိလို့ stella ကနေ ဒီပိတ်ရက်အတွက် သွားစရာ နေရာတွေကို ရှာဖွေစုစည်းပေးထားတယ်နော် …

BASS Kingdom Music Festival

အချိန်   : ညနေ (၄) နာရီ – ည (၁၂) နာရီ

နေရာ   : The ONE Entertainment Park

နေ့ရက် : ဧပြီ (၇) ရက် (တနင်္ဂနွေ)

Rave မယ် ကဲမယ်ဆိုတဲ့ EDM ပရိသတ်ယောင်းတွေအတွက် BASS Kingdom Music Festival … ဘယ်သူတွေပါမှာလဲ ? EDM ကြိုက်နှစ်သက်သူတိုင်း သိတဲ့အထိ နာမည်ကြီးတဲ့ Yellow Claw, Moksi, Wiwek, Dolf တို့ ပါဝင်သွားမှာပါ။ လက်မှတ်ကြေးကတော့ GA ၃၅၀၀၀ ကျပ်နဲ့ VIP ၆၅၀၀၀ ကျပ်ပါ။ Myanmar Premium နဲ့ Barong Family တို့ရဲ့ ပွဲဆိုတော့ ပြောစရာမလိုအောင် မိုက်နေမှာကတော့ အသေအချာပဲနော် …

 

Yangon Zay – Thingyan Edition

အချိန်   : နေ့လည် (၁၂) နာရီ – ည (၈) နာရီ

နေရာ   : ရန်ကုန်ဈေး ၊ The Tea Factory

နေ့ရက် : ဧပြီ (၆) ရက် နှင့် (၇) ရက်

အပတ်စဉ်ကျင်းပနေကြဖြစ်တဲ့ ရန်ကုန်ဈေးက ဒီတလော အတော်လေးကို ရေပန်းစားနေတာရော … ဓာတ်ဖမ်းလို့လှပြီး မိန်းမချောတွေပေါတဲ့ ရန်ကုန်ဈေးကို မသွားဖူးသေးရင် ခေတ်မမီဘူးဆိုပဲ။ အဲ့သလို သတင်းကြီးနေတဲ့ ရန်ကုန်ဈေးက ဒီတစ်ခါတော့ နှစ်သစ်ကူးအတာသြင်္ကန်အပြင်အဆင်တွေနဲ့ ယောင်းတို့ကို စောင့်ကြိုနေပါတယ်တဲ့။ ဒိတ်မအောက်ရလေအောင် အရောက်သွားပြီး ဓာတ်လှလှဖမ်းကြစို့လား ?

 

For Her Myanmar Thingyan Flash Sale

နေ့ရက် : ဧပြီ (၃) ရက် – ဧပြီ (၉) ရက်

For Her Myanmar နဲ့ Shop.com.mm တို့ပူးပေါင်းပြီး သြင်္ကန်မတိုင်ခင် ယောင်းတို့လိုချင်တာတွေ တစ်နေရာတည်းမှာ အစုံအလင်ရနိုင်ဖို့ online flash sale လေးစီစဉ်ထားပါတယ်။ အွန်လိုင်းကနေပဲ စိတ်ကြိုက်ဈေးဝယ်ထွက်နိုင်တဲ့အပြင် စိတ်လှုပ်ရှားစရာ ဒစ်စကောင့်တွေ၊ ကူပွန်တွေနဲ့ ကံစမ်းမဲအစီအစဉ်တွေလည်း ပါဝင်တာမို့ အချိန်ကုန်လူပင်ပန်းသက်သာတာပေါ့။ နောက်ထပ် ဘယ်လိုအစီအစဉ်တွေက ယောင်းတို့ကို စောင့်ကြိုနေသေးလဲဆိုတာ သိရဖို့ For Her Myanmar Shopping page ကို see first လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ Online Flash Sale မှာ ပါဝင်ဖို့စိတ်ဝင်စားရင်တော့ Shop.com.mm application ကို  Android ဆိုရင် ဒီလင့်မှာ IOS ဆိုရင် ဒီလင့်မှာ Download လုပ်ထားလို့ရပါတယ်။

 

BKK Night Market April Special

အချိန်   : ညနေ (၄) နာရီ – ည (၁၀) နာရီ

နေရာ   : ကန်တော်ကြီး မျှော်စင်ကျွန်း

နေ့ရက် : ဧပြီ (၅) ရက် မှ (၇) ရက်

BKK Night Market ဆိုတာနဲ့ သွားရည်ယိုချင်စရာ အစားအသောက်ပေါင်း သောင်းခြောက်ထောင်ကို ပြေးမြင်သွားပြီ မှတ်လား ? မညာချင်စမ်းပါနဲ့။ BKK Night Market ရဲ့ ထုံးစံအတိုင်း ထိုင်းနိုင်ငံက ကောင်းပေ့ဆိုတဲ့ အစားအသောက်မျိုးစုံ၊ အသုံးအဆောင်မျိုးစုံကို ခပ်မိုက်မိုက်အပြင်အဆင်တွေနဲ့အတူ ရောင်းချပေးမှာမို့ စိတ်ကြိုက်စားနိုင်၊ ဝယ်နိုင်မယ့် အခွင့်အရေးပါ။

ကဲ …  ဒီတစ်ပတ်မှာ လည်စရာတွေ အများကြီးပဲ ဟုတ် ။ အကြိုက်ဆုံးပွဲကို ရွေးချယ်ပြီး သွားဖို့ပြင်ဆင်ထားပါတော့နော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed