EVENTS

ပြြဲဆက္ေတြမ်ားတဲ့စေန တနဂၤေႏြအတြက္ ထပ္တိုးေရြးခ်ယ္ရမယ့္ ပြဲေလးေတြ

အကုန္စိတ္ဝင္စားတဲ့ပြဲေတြခ်ည္းပဲမို႕ ေရြးရခက္မွာ အေသအခ်ာပဲ

စေန တနဂၤေႏြ ပိတ္ရက္ေတြ တစ္ပတ္လည္လာျပန္ၿပီ ေယာင္းေရ…ခုထိဘယ္သြားလို႕သြားရမွန္းမသိ ျဖစ္ေနတုန္းလား။ မင္မင္ကေတာ့ စေန တနဂၤေႏြအတြက္ အစီအစဥ္ေတြႀကိဳတင္ခ်ထားၿပီးပါၿပီ ။ ဒီေတာ့ ေယာင္းတို႕ကိုလည္း ေစတနာအရင္းခံၿပီး မင္မင္သိထားတဲ့ပြဲေလးေတြအေၾကာင္း  ေဝမ်ွေပးမယ္ေနာ္။

Fortune TV Be Music Festival (ေပ်ာ္ရႊင္ပါ ပြဲေတာ္)

ေယာင္းတို႕ေရ…. ဒီပြဲေလးကေတာ့ အေကာင္းဆုံးေသာ ေဖ်ာ္ေျဖေရးအစီအစဥ္ ေတြနဲ႕ တင္ဆက္ေဖ်ာ္ေျဖသြားမယ့္ Digital Free to Air ရုပ္သံလိုင္းသစ္ Fortune TV ကက်င္းပျပဳလုပ္မယ့္ပြဲေလးျဖစ္ပါတယ္။ အခမဲ့ တက္ေရာက္ႏိုင္မယ့္ အျပင္ ပြဲေတာ္ဆီ မလာေရာက္ႏိုင္သူေတြအတြက္ Facebook နဲ႕ Fortune TV ရုပ္သံလိုင္း တို႕မွာ တိုက္ရိုက္ထုတ္လႊင့္သြားမွာျဖစ္ပါတယ္။ ‘​ေပ်ာ္​ရႊင္​ပါ ပြဲ​ေတာ္’​ လက္​မွတ္​ ေတြကို

(၁) Harry’s Bar ဆိုင္မ်ား ( ျမန္မာပလာဇာ ၊ Junction Square)
(၂) feel စားေသာက္ဆိုင္မ်ား ( ဝိတိုရိယ၊ Taste 2 ၊ ျပည္ေထာင္စု ရိပ္သာလမ္း၊ New Doreen)
(၃) စိမ္းလန္းစိုေျပဂါးဒင္း (အင္းလ်ားလမ္း ၊ ကမာရြတ္ၿမိဳ႕နယ္) တို႕မွာ အခမဲ့ ႀကိဳတင္ထုတ္ယူႏိုင္မွာျဖစ္ပါတယ္။

ပရိသတ္ခ်စ္တဲ့ ရန္ေအာင္၊ ေကာ္နီ၊ ဂ်ီလတ္၊ ေရႊထူး၊ ပန္းေရာင္ျခယ္၊ Project-K စတဲ့ အႏုပညာရွင္ေတြရဲ႕ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ ပါဝင္သြားမွာျဖစ္ပါတယ္။ ” Fortune TV Be Happy Music Festival – ေပ်ာ္ရႊင္ပါပြဲေတာ္ ” ကို လာမယ့္ ၂၃၊ ၂၊ ၂၀၁၉ (စေနေန႔)၊ ညေန (၄) နာရီ အခ်ိန္၊ The One Entertainment Park မွာ က်င္းပျပဳလုပ္သြားမွာပဲ ျဖစ္ပါတယ္

ပြဲေတာ္အေၾကာင္း အေသးစိတ္အခ်က္အလက္ေတြကို ” Fortune TV ” Facebook Page နဲ႕ ” Fortune TV Be Happy Music Festival – ေပ်ာ္ရႊင္ပါပြဲေတာ္ ” Event Page တို႕မွာ ဝင္ေရာက္ ဖတ္ရႈႏိုင္မွာျဖစ္ပါတယ္ ေယာင္းတို႕ေရ…..

Related article>>>၂၀၁၉ ခ်စ္သူမ်ားေန႔ညမွာ အမွတ္တရေတြ ဖန္တီးခဲ့တဲ့ For Her Myanmar ရဲ႕ Singles’ Night Event

ၿပိဳင္စားမယ္(Let’s Challenge)

ေယာင္းတို႕ေရ…..နာမည္ေလးၾကားရုံနဲ႕ အစားတစ္လိုင္းေယာင္းတို႕ ရင္ခုန္သြားမွာကို မင္မင္အၾကားအျမင္ရေနပါတယ္ေနာ္။ ဒီပြဲေလးကိုေတာ့ Samyangfoods Myanmar ကေနက်င္းပျပဳလုပ္တာျဖစ္ပါတယ္။ ေယာင္းတို႕ သြားေရာက္ယွဥ္ျပဳိင္ခ်င္တယ္ဆိုရင္ေတာ့ ေယာင္းတို႕ရဲ႕ အမည္…ေနရပ္လိပ္စာ… ေမြးသကၠရာဇ္…မွတ္ပုံတင္အမွတ္…ဖုန္းနံပါတ္ တုိ႔ကုိ Samyangfoods Myanmar ရဲ႕ CB ကေန ေပးပုိ႔ၿပီး စာရင္းေပးသြင္းလို႔ရပါတယ္။ ေဖေဖာ္ဝါရီလ(၂၄)ရက္ ၊ တနဂၤေႏြေန႕ ၊ မနက္(၁၀)နာရီကေန ညေန(၆)နာရီအထိျဖစ္ၿပီး စံရိပ္ၿငိမ္(ဂမုန္းပြင့္) မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ေယာင္းတို႕ အေသးစိတ္သိခ်င္ရင္ေတာ့ ဒီ Link မွာ ဝင္ေရာက္ၾကည့္ရႈလို႕ရပါတယ္။

ေရေႏြးၾကမ္းစကားဝိုင္း

ေယာင္းတို႕ေရ.. ဒီပြဲေလးကေတာ့ မိမိကိုယ္ကို အေျဖရွာမေတြ႕တ့ဲ ျပႆနာရွိေနသူမ်ား၊ LGBTIQ ျဖစ္လို႔ မိသားစုနဲ႔ အဆင္မေျပသူမ်ား၊ တစ္ေယာက္ေယာက္ကို ရင္ဖြင့္ခ်င္ေနသူမ်ားကို ရည္ရြယ္ျပီး ျပဳလုပ္ေပးတာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ(၂၄)ရက္ ၊ တနဂၤေႏြေန႔ မနက္ ၁၁ ခြဲ ကေန ၁ နာရီ အထိ က်င္းပျပဳလုပ္မွာျဖစ္ၿပီး ပြဲလာေရာက္သူေတြကို ထမင္းေက်ြးမွာျဖစ္ပါတယ္။ က်င္းပမယ့္ ေနရာကေတာ့ အမွတ္ ၅ ေျမညီထပ္၊ ရွင္ေစာပုဘုရားလမ္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္။ အေသးစိတ္ကို ဒီမွာ ၾကည့္ႏိုင္တယ္ေနာ္။

ကဲဒီေလာက္ဆိုရင္ေတာ့ ေယာင္းတို႕လည္း ဘယ္ပြဲသြားရမလဲဆိုတာ ဆုံးျဖတ္ခ်က္ခိုင္မာသြားေလာက္ပါၿပီ။ ေနာက္အပတ္ေတြမွာလည္း ေယာင္းတို႕စိတ္ဝင္စားမယ့္ပြဲေလးေတြကို ရွာေဖြစုစည္းေပးဦးမွာမို႕ ေစာင့္ေမ်ွာ္ေပးၾကပါဦးေနာ္။

DiDi ( For Her Myanmar)

<<<Unicode>>>

အကုန်စိတ်ဝင်စားတဲ့ပွဲတွေချည်းပဲမို့ ရွေးရခက်မှာ အသေအချာပဲ

စနေ တနင်္ဂနွေ ပိတ်ရက်တွေ တစ်ပတ်လည်လာပြန်ပြီ ယောင်းရေ…ခုထိဘယ်သွားလို့သွားရမှန်းမသိ ဖြစ်နေတုန်းလား။ မင်မင်ကတော့ စနေ တနင်္ဂနွေအတွက် အစီအစဉ်တွေကြိုတင်ချထားပြီးပါပြီ ။ ဒီတော့ ယောင်းတို့ကိုလည်း စေတနာအရင်းခံပြီး မင်မင်သိထားတဲ့ပွဲလေးတွေအကြောင်း  ဝေမျှပေးမယ်နော်။

Fortune TV Be Music Festival (ပျော်ရွှင်ပါ ပွဲတော်)

ယောင်းတို့ရေ…. ဒီပွဲလေးကတော့ အကောင်းဆုံးသော ဖျော်ဖြေရေးအစီအစဉ် တွေနဲ့ တင်ဆက်ဖျော်ဖြေသွားမယ့် Digital Free to Air ရုပ်သံလိုင်းသစ် Fortune TV ကကျင်းပပြုလုပ်မယ့်ပွဲလေးဖြစ်ပါတယ်။ အခမဲ့ တက်ရောက်နိုင်မယ့် အပြင် ပွဲတော်ဆီ မလာရောက်နိုင်သူတွေအတွက် Facebook နဲ့ Fortune TV ရုပ်သံလိုင်း တို့မှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ‘ပျော်ရွှင်ပါ ပွဲတော်’ လက်မှတ် တွေကို

(၁) Harry’s Bar ဆိုင်များ ( မြန်မာပလာဇာ ၊ Junction Square)
(၂) feel စားသောက်ဆိုင်များ ( ဝိတိုရိယ၊ Taste 2 ၊ ပြည်ထောင်စု ရိပ်သာလမ်း၊ New Doreen)
(၃) စိမ်းလန်းစိုပြေဂါးဒင်း (အင်းလျားလမ်း ၊ ကမာရွတ်မြို့နယ်) တို့မှာ အခမဲ့ ကြိုတင်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ပရိသတ်ချစ်တဲ့ ရန်အောင်၊ ကော်နီ၊ ဂျီလတ်၊ ရွှေထူး၊ ပန်းရောင်ခြယ်၊ Project-K စတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်သွားမှာဖြစ်ပါတယ်။ ” Fortune TV Be Happy Music Festival – ပျော်ရွှင်ပါပွဲတော် ” ကို လာမယ့် ၂၃၊ ၂၊ ၂၀၁၉ (စနေနေ့)၊ ညနေ (၄) နာရီ အချိန်၊ The One Entertainment Park မှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်

ပွဲတော်အကြောင်း အသေးစိတ်အချက်အလက်တွေကို ” Fortune TV ” Facebook Page နဲ့ “ Fortune TV Be Happy Music Festival – ပျော်ရွှင်ပါပွဲတော် ” Event Page တို့မှာ ဝင်ရောက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ် ယောင်းတို့ရေ…..

Related article>>>၂၀၁၉ ချစ်သူများနေ့ညမှာ အမှတ်တရတွေ ဖန်တီးခဲ့တဲ့ For Her Myanmar ရဲ့ Singles’ Night Event

ပြိုင်စားမယ်(Let’s Challenge)

ယောင်းတို့ရေ…..နာမည်လေးကြားရုံနဲ့ အစားတစ်လိုင်းယောင်းတို့ ရင်ခုန်သွားမှာကို မင်မင်အကြားအမြင်ရနေပါတယ်နော်။ ဒီပွဲလေးကိုတော့ Samyangfoods Myanmar ကနေကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ယောင်းတို့ သွားရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ယောင်းတို့ရဲ့ အမည်…နေရပ်လိပ်စာ… မွေးသက္ကရာဇ်…မှတ်ပုံတင်အမှတ်…ဖုန်းနံပါတ် တို့ကို Samyangfoods Myanmar ရဲ့ CB ကနေ ပေးပို့ပြီး စာရင်းပေးသွင်းလို့ရပါတယ်။ ဖေဖော်ဝါရီလ(၂၄)ရက် ၊ တနင်္ဂနွေနေ့ ၊ မနက်(၁၀)နာရီကနေ ညနေ(၆)နာရီအထိဖြစ်ပြီး စံရိပ်ငြိမ်(ဂမုန်းပွင့်) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ယောင်းတို့ အသေးစိတ်သိချင်ရင်တော့ ဒီ Link မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

ရေနွေးကြမ်းစကားဝိုင်း

ယောင်းတို့ရေ.. ဒီပွဲလေးကတော့ မိမိကိုယ်ကို အဖြေရှာမတွေ့တဲ့ ပြဿနာရှိနေသူများ၊ LGBTIQ ဖြစ်လို့ မိသားစုနဲ့ အဆင်မပြေသူများ၊ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်နေသူများကို ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၂၄)ရက် ၊ တနင်္ဂနွေနေ့ မနက် ၁၁ ခွဲ ကနေ ၁ နာရီ အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပွဲလာရောက်သူတွေကို ထမင်းကျွေးမှာဖြစ်ပါတယ်။ ကျင်းပမယ့် နေရာကတော့ အမှတ် ၅ မြေညီထပ်၊ ရှင်စောပုဘုရားလမ်း၊ စမ်းချောင်းမြို့နယ်။ အသေးစိတ်ကို ဒီမှာ ကြည့်နိုင်တယ်နော်။

ကဲဒီလောက်ဆိုရင်တော့ ယောင်းတို့လည်း ဘယ်ပွဲသွားရမလဲဆိုတာ ဆုံးဖြတ်ချက်ခိုင်မာသွားလောက်ပါပြီ။ နောက်အပတ်တွေမှာလည်း ယောင်းတို့စိတ်ဝင်စားမယ့်ပွဲလေးတွေကို ရှာဖွေစုစည်းပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

DiDi ( For Her Myanmar)

 

 

 

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *