EVENTS

ဘဝကို ပြောင်းလဲပေးခဲ့တဲ့ စာအုပ်တွေအကြောင်းဆွေးနွေးကြတဲ့ Books That Can Change Your Life Event
















<<< Unicode >>>

ပွဲတက်ရောက်ကြတဲ့သူတွေအတွက် အကျိုးရှိတယ်လို့ ပြောကြတော့ အက်ဒ်မင်တို့မှာ ပီတိတွေဖြာ…

ယောင်းတို့ရေ .. အက်ဒ်မင်တို့ For Her Myanmar က ဒီလ ဒီဇင်ဘာ ၁ ရက်နေ့မှာ 3 Books that Changed my Life ဆိုတဲ့ ပွဲကို ကျင်းပခဲ့တာ ယောင်းယောင်းတို့ မှတ်မိပါတယ်နော်။ အဲ့ဒီပွဲကို လာတက်ရောက်တဲ့ ယောင်းယောင်းတို့ နှစ်သက်ခဲ့တာကြောင့် အက်ဒ်မင်တို့က ဒီပွဲလိုပဲ စာအုပ်အကြောင်းတွေ ဆွေးနွေးလို့ရမယ့် “Books That Can Change Your Life Event” လေးကို ယောင်းတို့အတွက် ထပ်မံကျင်းပပေးဖြစ်ခဲ့ပါတယ်။

ဒီ ပွဲလေးရဲ့ ရည်ရွယ်ချက်ကတော့ စာဖတ်ဝါသနာပါသူတွေ၊ ကွန်ရက်ချဲ့ထွင်ချင်သူတွေ အချင်းချင်း တွေ့ဆုံနိုင်ဖို့၊ အမြင်ချင်းဖလှယ်နိုင်စေဖို့ နဲ့ စာဖတ်ဝါသနာပါသူတွေ တိုးပွားလာနိုင်စေဖို့ပါ ယောင်းတို့ရေ… တက်ရောက်လာကြသူ အချင်းချင်းလည်း သိသွား၊ ခင်သွားခဲ့ကြတယ်လို့ အက်ဒ်မင်တို့ ထင်ပါတယ်။ လူဆိုတာမျိုးက ဝါသနာတူရင် စကားပြောလို့ တယ်ကောင်းတာမလား..

Related Article >>> အောင်မြင်မှုအတွက် လိုအပ်တဲ့ အဓိက သော့ချက်တွေကို ပြောပြသွားတဲ့ For Her Myanmar ရဲ့ “Keys For a Successful Career” ပွဲ

ဒီရည်ရွယ်ချက်တွေနဲ့ Books That Can Change Your Life Event ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ (စနေနေ့) မှာ ဗိုလ်ဆွန်ပက်လမ်းပေါ်က Excelsior Hotel၊ News Room မှာ ကျင်းပခဲ့တာပါ။

ဒီပွဲလေး ဖြစ်မြောက်ဖို့အတွက် Professional Glydire မှ အဓိက ကူညီပံ့ပိုးပေးထားပြီး Product Sponsor အဖြစ် Moezy by Moe Set Wine၊ D’nae Myanmar၊ Miccosmo Skin Care & Cosmetics၊ Hope Scent solutions နှင့် Venue Sponsor အဖြစ် Excelsior Hotel တို့မှလည်း ပါဝင်အားဖြည့်ကူညီပေးထားပါတယ်။

ဒီပွဲကို စနေနေ့ညနေ ၃ နာရီမှာ စတင်ခဲ့ပြီး Myanmar Business Answers Co.,Ltd ရဲ့ Business Development Manager ဖြစ်သူ မဇက်ဖာလ်ထွေးက Moderator အဖြစ် ဦးဆောင်ပြီး စာအုပ်တွေကို စတင်ဆွေးနွေးပေးခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ စာအုပ်တွေက ဆရာထင်လင်း ဘာသာပြန် ထားတဲ့ “မေတ္တာရှင်မလေး ပေါ်လီယာနာ” (Pollyanna) ၊ ကိုအောင် (မြောက်ဦး) ဘာသာပြန်ထားတဲ့ “နာမည်ခုနစ်လုံးနှင့် မိန်းကလေး” (The Girl with Seven Names) ၊ Pastor Rick Warren ရေးသားတဲ့ “The Purpose Driven Life” (ဘဝခရီးနှင်စေသော ရည်ရွယ်ချက်) စတာတွေဖြစ်ပါတယ်။

ပထမဦးဆုံး မဇက်ဖာလ်ထွေးက ပေါ်လီယာနာစာအုပ်အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။ ပေါ်လီယာနာ စာအုပ်လေးထဲက ဂိမ်းလေးကို ဘယ်အချိန်တွေမှာ ဆော့ဖြစ်တယ်။ ဒီ ဂိမ်းလေးက သူ့ဘဝကို ဘယ်လိုအကျိုးရှိစေခဲ့တယ် စတာတွေကို မျှဝေပေးခဲ့ပါတယ်။

ဒုတိယစာအုပ်ဖြစ်တဲ့ နာမည်ခုနစ်လုံးနှင့် မိန်းကလေး ဆိုတဲ့စာအုပ်နဲ့ ပတ်သက်ပြီးဆွေးနွေးပေးခဲ့တာကတော့ နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံကိုဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို သူ့အနေနဲ့ ဒီစာအုပ်ကိုမဖတ်ခင် အမြင်နဲ့ ဒီစာအုပ်ဖတ်အပြီး ပြောင်းလဲလာတဲ့အမြင်တွေကို နှိုင်းယှဉ်ဆွေးနွေးပေးခဲ့တာပါ။

Related Article >>> စာအုပ်တွေကတစ်ဆင့် စိတ်ခွန်အားတွေပေးခဲ့တဲ့ For Her Myanmar ရဲ့ 3 Books That Changed My Life ပွဲ

နောက်ဆုံးစာအုပ်ဖြစ်တဲ့ The Purpose Driven Life စာအုပ်ကနေ ရခဲ့တဲ့ သူ့ရဲ့အတွေးအမြင်တွေကို မျှဝေပေးပြီးတဲ့ နောက်မှာတော့ ပွဲတက်ရောက်လာတဲ့ ယောင်းယောင်းတို့နဲ့ ဒီစာအုပ်တွေအကြောင်း အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်တော့ ပွဲတက်ရောက်လာသူအားလုံး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးကာ Books That Can Change Your Life Event လေးကို ရုတ်သိမ်းခဲ့ပါတယ်။

ဒါကတော့ Books That Can Change Your Life Event လေးကို ကျင်းပဖြစ်ခဲ့ပုံလေးပါ။ နောက်ဆိုရင်လည်း ဒီလိုမျိုး ယောင်းတို့နှစ်သက်သဘောကျစေမယ့် အခမ်းအနားတွေကို လစဉ်လတိုင်းကျင်းပပေးဦးမှာမို့ လာရောက်ပေးကြပါဦးလို့… 😉

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *