ဒီတစ္ပတ္ပိတ္ရက္မွာ ဘယ္ေနရာေတြသြားဖို႔ အေကာင္းဆံုးျဖစ္မလဲ ?

ဘယ္သြားရမလဲ ေခါင္းစားေနေနစရာမလိုေအာင္ ပြဲေလးေတြ စုေပးထားပါတယ္ေနာ္

ေယာင္းတို႔ေရ … တစ္ပတ္နဲ႔တစ္ပတ္ ဘယ္ေနရာသြားလို႔ သြားရမွန္းမသိတာကလည္း ေခါင္းခဲစရာတစ္ခုပါပဲ။ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဖို႔ျဖစ္ျဖစ္၊ ခ်စ္သူနဲ႔ ဒိတ္ဖို႔ျဖစ္ျဖစ္ ခ်ိန္းလိုက္တိုင္း တစ္ခါလာလည္း ဒီေနရာ ေနာက္ခါလာလည္း ဒီေနရာျဖစ္ေနေတာ့ ဘယ္စိတ္လႈပ္ရွားစရာေကာင္းေတာ့မလဲ … ဒီေတာ့ ေယာင္းတို႔မပ်င္းေစရေအာင္ For Her Myanmar က အပတ္စဥ္ သြားစရာလာစရာပြဲေလးေတြကို မထပ္ရေအာင္ တင္ဆက္ေပးေနတယ္ေနာ္။ ဒီတစ္ပတ္မွာေတာ့ ဒီလိုေပ်ာ္စရာပြဲေလးေတြ ရွိေနပါတယ္ ေယာင္းေရ …

Doggies’ Day at the Zay!

ေန႔ရက္ – ေမလ (၁၁) ရက္ ႏွင့္ (၁၂) ရက္
အခ်ိန္ – ေန႔လယ္ (၁၂) နာရီမွ ည (၈) နာရီထိ
ေနရာ – The Tea Factory၊ ကန္ရိပ္သာလမ္း၊ ကမာၻေအးဘုရားလမ္းမႀကီး။
ေခြးခ်စ္သူေယာင္းေလးေတြအတြက္ ေပ်ာ္စရာပြဲေလးတစ္ခု ရန္ကုန္ေဈးက စီစဥ္ေပးလိုက္ပါၿပီ။ ခါတိုင္းလို အစားေသာက္နဲ႔ လူသံုးကုန္ပစၥည္းေတြ ေရာင္းခ်ေပးမယ့္အျပင္ ေယာင္းတို႔ရဲ႕ ခ်စ္စရာအိမ္ေမြးေခြးေလးေတြနဲ႔အတူ ဆင္ႏႊဲႏိုင္မယ့္ ဖက္ရွင္ရႈိးအစီအစဥ္ေတြလည္း ပါဦးမွာတဲ့။ သိၾကတဲ့အတိုင္း ရန္ကုန္ေဈးဆိုတာ ဓာတ္ပံုရိုက္ဖို႔ အလွဆံုးေနရာတစ္ေနရာျဖစ္လို႔ ဓာတ္ဖမ္းခဲ့ဖို႔လည္း မေမ့ပါနဲ႔ဦး။ ဝင္ေၾကးကေတာ့ ၆၀၀၀ က်ပ္ျဖစ္ၿပီး အသက္ (၁၂) ေအာက္ ကေလးေတြအတြက္ေတာ့ ဝင္ေၾကးအခမဲ့ပါေနာ္။

Related article >>> ကိုယ္နဲ႔အသင့္ေတာ္ဆံုးဆိုတဲ့ လက္ကိုင္အိတ္ကို ရွာေတြ႕ၿပီလား?

Hanguk Night Market

ေန႔ရက္ – ေမလ (၁၀) ရက္ မွ (၁၂) ရက္
အခ်ိန္ – ညေန (၃) နာရီမွ ည (၁၀) နာရီထိ
ေနရာ – ကန္ေတာ္ႀကီး၊ ေမွ်ာ္စင္ကၽြန္း
ျမန္မာႏိုင္ငံရဲ႕ Korea Night Market ကို ပထမဆံုးအေနနဲ႔ ေမွ်ာ္စင္ကၽြန္းမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ အစားတစ္လိုင္းေယာင္းေယာင္းေတြအတြက္ ကိုရီးယားရိုးရာအစားအစာေတြ၊ အလွႀကိဳက္တဲ့ေယာင္းေယာင္းေတြအတြက္ ကိုရီးယားအလွကုန္ပစၥည္းေတြကို ေရာင္းခ်ေပးသြားမယ့္အျပင္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ၊ ဂိမ္းကစားပြဲေတြနဲ႔ အကၿပိဳင္ပြဲေတြလည္း ပါဦးမွာဆိုေတာ့ ဒီကိုမွ မသြားရင္ ဘယ္ကိုသြားမလဲ ?

Related article >>> မိုးရာသီမွာ ဖက္ရွင္မဂြမ္းေစရေအာင္ ေရြးခ်ယ္သင့္တဲ့ ဖိနပ္ (၄) ရံ

Mother’s Day Brunch

ေန႔ရက္ – ေမလ (၁၂) ရက္
အခ်ိန္ – ေန႔လယ္ (၁၂) နာရီမွ (၃) နာရီထိ
ေနရာ – Novotel Yangon Max
“အေမမ်ားေန႔” အထိမ္းအမွတ္အေနနဲ႔ Novotel ရဲ႕ The Square Restaurant မွာ ေယာင္းေမေမနဲ႔အတူ ျဖတ္သန္းလိုက္ရေအာင္။ မိသားစုေတြတူတူလာစားရင္ ေမေမေတြက အခမဲ့သံုးေဆာင္ရမွာတဲ့။ အစားအေသာက္ေတြကေတာ့ Novotel လို ဟိုတယ္ႀကီးကဆိုေတာ့ ေျပာစရာကို မလိုေတာ့ဘူး ထင္ပါတယ္ေနာ္။

Related article >>> ေယာင္းတို႔မေမအတြက္ လက္ေဆာင္ဝယ္ေပးသင့္တဲ့ skincare ပစၥည္း (၄) မ်ိဳး

ဒီေလာက္ဆို ေယာင္းတို႔လည္း ပိတ္ရက္မွာ သြားဖို႔လာဖို႔ ေနရာေကာင္းေကာင္းေလးေတြ တစ္ပံုတစ္ပင္ရသြားေလာက္ၿပီေပါ့ေနာ္။ ဒါဆို ေနာက္တစ္ပတ္မွ ပြဲအသစ္ေလးေတြနဲ႔ ျပန္ေတြ႔ၾကစို႔ …

Stella (For Her Myanmar)

<<<Unicode>>>

ဘယ်သွားရမလဲ ခေါင်းစားနေနေစရာမလိုအောင် ပွဲလေးတွေ စုပေးထားပါတယ်နော်

ယောင်းတို့ရေ … တစ်ပတ်နဲ့တစ်ပတ် ဘယ်နေရာသွားလို့ သွားရမှန်းမသိတာကလည်း ခေါင်းခဲစရာတစ်ခုပါပဲ။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ဖြစ်ဖြစ်၊ ချစ်သူနဲ့ ဒိတ်ဖို့ဖြစ်ဖြစ် ချိန်းလိုက်တိုင်း တစ်ခါလာလည်း ဒီနေရာ နောက်ခါလာလည်း ဒီနေရာဖြစ်နေတော့ ဘယ်စိတ်လှုပ်ရှားစရာကောင်းတော့မလဲ … ဒီတော့ ယောင်းတို့မပျင်းစေရအောင် For Her Myanmar က အပတ်စဉ် သွားစရာလာစရာပွဲလေးတွေကို မထပ်ရအောင် တင်ဆက်ပေးနေတယ်နော်။ ဒီတစ်ပတ်မှာတော့ ဒီလိုပျော်စရာပွဲလေးတွေ ရှိနေပါတယ် ယောင်းရေ …

Doggies’ Day at the Zay!

နေ့ရက် – မေလ (၁၁) ရက် နှင့် (၁၂) ရက်
အချိန် – နေ့လယ် (၁၂) နာရီမှ ည (၈) နာရီထိ
နေရာ – The Tea Factory၊ ကန်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမကြီး။
ခွေးချစ်သူယောင်းလေးတွေအတွက် ပျော်စရာပွဲလေးတစ်ခု ရန်ကုန်ဈေးက စီစဉ်ပေးလိုက်ပါပြီ။ ခါတိုင်းလို အစားသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချပေးမယ့်အပြင် ယောင်းတို့ရဲ့ ချစ်စရာအိမ်မွေးခွေးလေးတွေနဲ့အတူ ဆင်နွှဲနိုင်မယ့် ဖက်ရှင်ရှိုးအစီအစဉ်တွေလည်း ပါဦးမှာတဲ့။ သိကြတဲ့အတိုင်း ရန်ကုန်ဈေးဆိုတာ ဓာတ်ပုံရိုက်ဖို့ အလှဆုံးနေရာတစ်နေရာဖြစ်လို့ ဓာတ်ဖမ်းခဲ့ဖို့လည်း မမေ့ပါနဲ့ဦး။ ဝင်ကြေးကတော့ ၆၀၀၀ ကျပ်ဖြစ်ပြီး အသက် (၁၂) အောက် ကလေးတွေအတွက်တော့ ဝင်ကြေးအခမဲ့ပါနော်။

Related article >>> ကိုယ်နဲ့အသင့်တော်ဆုံးဆိုတဲ့ လက်ကိုင်အိတ်ကို ရှာတွေ့ပြီလား?

Hanguk Night Market

နေ့ရက် – မေလ (၁၀) ရက် မှ (၁၂) ရက်
အချိန် – ညနေ (၃) နာရီမှ ည (၁၀) နာရီထိ
နေရာ – ကန်တော်ကြီး၊ မျှော်စင်ကျွန်း
မြန်မာနိုင်ငံရဲ့ Korea Night Market ကို ပထမဆုံးအနေနဲ့ မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အစားတစ်လိုင်းယောင်းယောင်းတွေအတွက် ကိုရီးယားရိုးရာအစားအစာတွေ၊ အလှကြိုက်တဲ့ယောင်းယောင်းတွေအတွက် ကိုရီးယားအလှကုန်ပစ္စည်းတွေကို ရောင်းချပေးသွားမယ့်အပြင် ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဂိမ်းကစားပွဲတွေနဲ့ အကပြိုင်ပွဲတွေလည်း ပါဦးမှာဆိုတော့ ဒီကိုမှ မသွားရင် ဘယ်ကိုသွားမလဲ ?

Related article >>> မိုးရာသီမှာ ဖက်ရှင်မဂွမ်းစေရအောင် ရွေးချယ်သင့်တဲ့ ဖိနပ် (၄) ရံ

Mother’s Day Brunch

နေ့ရက် – မေလ (၁၂) ရက်
အချိန် – နေ့လယ် (၁၂) နာရီမှ (၃) နာရီထိ
နေရာ – Novotel Yangon Max
“အမေများနေ့” အထိမ်းအမှတ်အနေနဲ့ Novotel ရဲ့ The Square Restaurant မှာ ယောင်းမေမေနဲ့အတူ ဖြတ်သန်းလိုက်ရအောင်။ မိသားစုတွေတူတူလာစားရင် မေမေတွေက အခမဲ့သုံးဆောင်ရမှာတဲ့။ အစားအသောက်တွေကတော့ Novotel လို ဟိုတယ်ကြီးကဆိုတော့ ပြောစရာကို မလိုတော့ဘူး ထင်ပါတယ်နော်။

Related article >>> ယောင်းတို့မမေအတွက် လက်ဆောင်ဝယ်ပေးသင့်တဲ့ skincare ပစ္စည်း (၄) မျိုး

ဒီလောက်ဆို ယောင်းတို့လည်း ပိတ်ရက်မှာ သွားဖို့လာဖို့ နေရာကောင်းကောင်းလေးတွေ တစ်ပုံတစ်ပင်ရသွားလောက်ပြီပေါ့နော်။ ဒါဆို နောက်တစ်ပတ်မှ ပွဲအသစ်လေးတွေနဲ့ ပြန်တွေ့ကြစို့ …

Stella (For Her Myanmar)

No Comments Yet

Comments are closed