“အမေများနေ့” မှာ The Secretariat ကို ထက်ဝက်ဈေးနဲ့ လည်ပတ်နိုင်မယ့် အခွင့်အရေး
>>> Zawgyi >>>
ဝန်ကြီးများရုံးတဲ့ …
အသေးစိတ် အစီအစဉ် 
================
  • အာဇာနည် ကျောက်တိုင်
ဈေးနှုန်းတွေကတော့ –
Stella (For Her Myanmar)
>>> Unicode >>>
ကလေးတွေဆို အခမဲ့စြဖ်ပြီး မေမေတွေကတော့ ၅၀%ပဲ ကျသင့်မှာပါနော်
ဘယ်လိုအစီအစဉ်တွေပါမလဲဆိုတော့….
ဝန်ကြီးများရုံးတဲ့ …
ဒီနေရာလေးက ယောင်းတို့နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ရန်ကုန်မြို့လယ်ခေါင်က ကိုလိုနီခေတ်ဗိသုကာလက်ရာတွေ ပြည့်နှက်နေတဲ့ သမိုင်းဝင်အဆောက်အဦတစ်ခုပေါ့။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေကို နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့နေရာဆိုလည်း မမှားပါဘူး။
မြန်မာနိုင်ငံရဲ့ အစိုးရအုပ်ချုပ်ရေးပိုင်းတွေ နေပြည်တော်မပြောင်းရွှေ့ခင်ကလည်း ဒီမှာရုံးထိုင်ခဲ့သေးတယ်တဲ့။ ကျယ်ဝန်းတဲ့ပန်းခြံကြီးလည်းရှိသေးတယ်။ မြန်မာနိုင်ငံအစိုးရအသုံးပြုခဲ့တဲ့ ပါလီမန်အဆောက်အဦကြီးကိုလည်း မျက်မြင်ထင်ရှားတွေ့ရမယ်။
ဒါဆို နှစ်ပေါင်း (၁၂၀) ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဝန်ကြီးများရုံး The Secretariat ရဲ့ ဗိသုကာလက်ရာတွေကိုလည်း လေ့လာလို့ရမယ်၊ ဒီအဆောက်အဦကြီးရဲ့ သမိုင်းကြောင်းတွေကိုလည်း နားထောင်နိုင်မယ်၊ ဓာတ်ပုံလှလှတွေလည်း တစ်ပုံကြီးရိုက်လို့ရမယ်ဆိုရင် စိတ်ဝင်စားကြတယ် ဟုတ် ?
ယောင်းတို့အတွက် အခုလာမယ့် မေလ (၁၂) ရက်နေ့၊ “အမေများနေ့”မှာ The Secretariat က အထူးအစီအစဉ်လေးတစ်ခု ပြုလုပ်ထားပါတယ်။
Related article >>> “အမေများနေ့” မှာ သားသားမီးမီးတို့နဲ့အတူတူ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ အကြံပြုချက် (၄) ချက်
ဒါကတော့ မေမေတွေအနေနဲ့ သားသားမီးမီးတွေကို ခေါ်လာပြီး အတူတူလည်ပတ်မယ်ဆိုရင် သားသားမီးမီးတို့အတွက် ဝင်ကြေးအခမဲ့ဖြစ်ပြီး မေမေတွေကတော့ ၅၀%ပဲ ပေးရမှာပါ။ The Secretariat ရဲ့ ဧည့်လမ်းညွှန်က အဆောက်အဦတစ်ခုလုံးကို လိုက်ပြပေးပြီး သမိုင်းကြောင်းတွေကို ရှင်းပြပေးမှာဖြစ်ပြီး ဓာတ်ပုံတွေလည်း ရိုက်ပေးဦးမှာတဲ့နော်။
အသေးစိတ် အစီအစဉ် 
================
မနက်ပိုင်း  Tour အစီအစဉ်နဲ့ ညပိုင်း Tour အစီအစဉ်ဆိုပြီး ၂ မျိုး ခွဲပေးထားပါတယ်။
မနက်ပိုင်းမှာ- ၉:၃၀၊ ၁၀: ၃၀ ၊ ၁၁ :၃၀ 
ထမင်းစားပြီးချိန်နောက်ပိုင်း – ၁:၃၀၊ ၂:၃၀ ၊၃:၃၀၊ ၄:၃၀ 
(၄၅)မိနစ်ကြာ Tour အစီအစဉ်မှာ ပါဝင်မှာကတော့
  • ကမ္ဘာ့နာမည်ကြီး ကိုလိုနီအမွေအနှစ် အဆောက်အဦး
  • အာဇာနည် ကျောက်တိုင်
  •  ပထမဆုံးသော လွတ်လပ်ရေး အလံတိုင်
  • နှစ်ပေါင်း (၁၁၀)ကျော် ချိန်သီးနာရီ
  • (၁၀)မိနစ်စာ မှတ်တမ်းရုပ်ရှင်
  • အာဇာနည်များ လုပ်ကြံခံရသည့် အခန်း
  • နှစ်ပေါင်း ၁၃၀ကျော်သက်တမ်းရှိ ခရုလှေကားထစ်
  • SY အမှတ်တရ ပစ္စည်းဆိုင်တွင် ဈေးဝယ်ခြင်း
ညပိုင်းမှာတော့ ၅:၃၀ မှ ၈:၀၀ နာရီ အထိဖြစ်ပြီး  ၂ နာရီခွဲ လည်ပတ်ရမှာပါ။ Tour အစီအစဉ်ကတော့ –
  • ၅:၃၀ – ကမ္ဘာ့နာမည်ကြီး ကိုလိုနီအမွေအနှစ် အဆောက်အဦး စတင်လည်ပတ်ခြင်း
  • ၅:၄၀ – နှစ်ပေါင်း ၁၃၀ကျော်သက်တမ်းရှိ ခရုလှေကားထစ်
  • ၅:၅၀ – အာဇာနည်များ လုပ်ကြံခံရသည့် အခန်း
  • ၆:၀၅ – အာဇာနည် ကျောက်တိုင်
  • ၆:၁၅ – ပထမဆုံးသော လွတ်လပ်ရေး အလံတိုင်
  • ၆:၂၀ – ပထမဆုံးသော မြန်မာ့ ပါလီမန်လွှတ်တော်
  • ၆:၄၀ – နှစ်ပေါင်း (၁၁၀)ကျော် ချိန်သီးနာရီ
  • ၆:၅၀ – SY အမှတ်တရပစ္စည်းဆိုင်တွင် ဈေးဝယ်ခြင်း
  • ၇:၁၀ – အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း
  • ၇:၂၅ – ဝင်းထဲတွင် (၂၅) မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ပြသခြင်း
  • ၈:၀၀- အစီအစဉ်ပြီးဆုံးခြင်း
ဈေးနှုန်းတွေကတော့ –
လူကြီး – ၃၀၀၀ ကျပ် (အမေများနေ့မှာတော့ ၅၀% မို့ ၁၅၀၀ ကျပ်ပဲ ကျမှာနော်)
ကလေး– ၁၀၀၀ ကျပ် (အမေများနေ့မှာတော့ အခမဲ့ပါ)
နိုင်ငံခြားသား အသိတွေရှိရင်လည်း လက်တို့လို့ရတယ်နော်။ သူတို့အတွက်ကတော့
(Foreigner) Adult –  6 $ (9000MMK) (50% discount on Mother’s Day)
Child – 3 $ (5000MMK) (Free on Mother’s Day)
ယောင်းရဲ့ သားသားမီးမီးလေးလည်း ဗဟုသုတတွေရနိုင်မယ့် မေမေများနေ့ကို ဖြတ်သန်းဖို့ အကောင်းဆုံးအစီအစဉ်လေးပဲမို့ ဒီ form လေးမှာ ကြိုတင်ဘိုကင်တင်ထားဖို့မမေ့နဲ့ဦးနော်။
Stella (For Her Myanmar)
No Comments Yet
Comments are closed