“အေမမ်ားေန႔” မွာ သားသားမီးမီးတို႔နဲ႔အတူတူ အမွတ္တရေတြ ဖန္တီးႏိုင္ဖို႔ အၾကံျပဳခ်က္ (၄) ခ်က္

ေယာင္းတို႔ သားသားမီးမီးေလးေတြ မိခင္ေမတၱာကို ငယ္ငယ္ေလးကတည္းက နားလည္ေလးစားတတ္ေအာင္ ဒီလိုအမွတ္တရေလးေတြ ဖန္တီးၾကည့္ပါလား !! 

ေယာင္းတို႔ေရ … ေမလ (၁၂) ရက္ေန႔ဟာ တစ္ကမာၻလံုးမွာရွိတဲ့ ေက်းဇူးရွင္ေမေမေတြကို ဂုဏ္ျပဳတဲ့ “အေမမ်ားေန႔”ပါ။ ဒီလိုေန႔ထူးေန႔ျမတ္ေလးမွာ ေယာင္းရဲ႕ေမေမကို အခ်ိန္ေပးတဲ့အျပင္ ေယာင္းရဲ႕သားသားမီးမီးေတြနဲ႔လည္း အမွတ္တရေတြဖန္တီးၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းၾကရင္ မေကာင္းဘူးလား ? ဘယ္လိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆုံးရမလဲဆိုၿပီး အၾကံအိုက္ေနရင္ေတာ့ Stella ေဝမွ်ေပးမယ့္ အၾကံျပဳခ်က္ေလးေတြကေန ေရြးခ်ယ္ၾကည့္လိုက္ပါေနာ္။

(၁) အမွတ္ရေနေစမယ့္ တစ္ေနရာရာကို ေလွ်ာက္လည္ပါ။

ေနရာေကာင္းတစ္ခုခု သတ္မွတ္ၿပီး သားသားမီးမီးနဲ႔ တူတူေလွ်ာက္လည္ၾကည့္ပါ ။ အဲ့ေနရာနဲ႔  ပက္သက္တဲ့သမိုင္းေၾကာင္းေတြကို ပံုျပင္တစ္ပုဒ္လို ေျပာျပပါ။ ဒါဆိုရင္ ေယာင္းရဲ႕ သားသားမီးမီးေလးေတြ အပ်င္းလည္းေျပ၊ ဗဟုသုတလည္းရေပါ့။ ဒီအခ်က္နဲ႔ ကိုက္ညီမယ့္ ေနရာေလးတစ္ခုကလည္း ေယာင္းတို႔အတြက္ အဆင္သင့္ပါပဲ။ ဒါကေတာ့ ရန္ကုန္ဝန္ႀကီးမ်ားရံုး The Secretariat က ျပဳလုပ္မယ့္ “အေမမ်ားေန႔” အတြက္ အထူးအစီအစဥ္ပါ။ 

ဒီအစီအစဥ္မွာေတာ့ ေမေမနဲ႔သားသားမီးမီးေတြကို ဓာတ္ပံုရိုက္ေပးၿပီး ဝန္ႀကီးမ်ားရုံးအေဆာက္အဦးရဲ႕ သမိုင္းေၾကာင္းေတြကို ရွင္းလင္းေျပာျပေပးမွာပါ ေယာင္းတို႔ေရ။ သားသားမီးမီးေလးေတြ အတြက္သာမက ေယာင္းတို႔အတြက္ပါ အဖိုးမျဖတ္ႏိုင္တဲ့ သမုိင္းဗဟုသုတေတြ ရမွာေနာ္..  ဒီအစီအစဥ္ေလးကို သေဘာက်လို႔ The Secretariat ကို ေမေမနဲ႔ သားသားမီးမီးေလးေတြ တူတူသြားမယ္ဆိုရင္ ကေလးဝင္ေၾကးအခမဲ့နဲ႔ ေမေမေတြက ၅၀% ေလွ်ာ့ေဈးရဦးမွာတဲ့ေနာ္…အေသးစိတ္အေေၾကာင္းအရာကို Asia Tours Myanmar Page မွာ ၾကည့္ႏုိင္ၿပီး ႀကိဳတင္ဘိုကင္တင္ထားဖို႔ေတာ့ လိုတာမို႔ ဒီ form ေလးျဖည့္ၿပီး ေလွ်ာ့ေဈးေတြရယူလိုက္ပါဦး ေယာင္းေရ.. 

Related Article >>> ဘယ္အခ်ိန္ေတြမွာ ေလ့က်င့္ခန္းမလုပ္ဘဲ အျပည့္အဝအနားယူသင့္လဲ? ဘာေၾကာင့္လဲ?

(၂) သားသားမီးမီးေတြကို အခ်ိန္ေပးပါ။ 

တျခားရက္ေတြ မအားလို႔ တူတူမေဆာ့ေပးႏိုင္ရင္ေတာင္ ဒီတစ္ရက္ေတာ့ ညေနပိုင္းေလာက္ျဖစ္ျဖစ္ အျပင္ထြက္ၿပီး သူနဲ႔တူတူေဆာ့ေပးလိုက္ပါ။ သားသားမီးမီးေတြကလည္း ေမေမနဲ႔အျပင္ထြက္ရတာကို အတိုင္းမသိေပ်ာ္ေနမွာပါေနာ္။ ဒါမွမဟုတ္လည္း အိမ္မွာပဲ ကြတ္ကီးေလးေတြ၊ cupcake ေလးေတြလုပ္စားတာပဲျဖစ္ျဖစ္ ျပဳလုပ္ၿပီး အခ်ိန္ကုန္ဆုံးေပးပါ။ လြယ္လြယ္ကူကူစားစရာေလးေတြကို  သားသားမီးမီးနဲ႔တူတူ လုပ္စားတာက ေယာင္းတို႔ၾကားက ေႏွာင္ႀကိဳးေလးကို ပိုၿမဲျမံေစႏိုင္ပါတယ္။

(၃) ဓာတ္ပံုရိုက္ပါ။ 

အမွတ္တမဲ့ေလးေတြကေန အမွတ္တရျဖစ္လာႏိုင္တာမို႔ တစ္ေန႔တာ လွ်ပ္တစ္ျပက္လႈပ္ရွားမႈေလးေတြကို  ဓာတ္ပံုရိုက္ၿပီး မွတ္တမ္းတင္ထားပါ။ တစ္ေန႔က်လို႔ ဓာတ္ပံုေလးေတြ ျပန္ထုတ္ၾကည့္မိတဲ့အခါ အဲ့ဒီေန႔ေလးအေၾကာင္းကို သတိတရျပန္ေျပာျဖစ္ေအာင္ေပါ့။

Related Article >>> အေမမ်ားေန႔မွာ အေမ့ကို ဘယ္လိုလက္ေဆာင္မ်ိဳး ေပးသင့္လဲ?

(၄) သူမေမြးခင္ကအေၾကာင္းေလးေတြေျပာျပေပးပါ။ 

“ေမေမ့ဗိုက္ထဲမွာ သားသား(သို႔)မီးမီးရွိေနတုန္းက” လို႔အစခ်ီၿပီး သူ႔ကိုယ္ဝန္ရွိေနေၾကာင္း စသိတဲ့အခ်ိန္ကစၿပီး  အခုအရြယ္အထိ ေယာင္းရဲ႕စိတ္ထဲမွာ အမွတ္တရျဖစ္ေနတဲ့အခ်ိန္ေလးေတြကို သူ႔ကိုျပန္ေျပာျပေပးပါ။ ဒါေလးေတြက သူအရြယ္ေရာက္လာတဲ့အထိ စိတ္ထဲစြဲထင္ေနၿပီး ေယာင္းကို အခ်စ္တိုးေစမွာေနာ္။

ကဲ … ဒါဆို ဒီအၾကံေပးခ်က္ေလးေတြကို သံုးၿပီး “အေမမ်ားေန႔”မွာ ခ်စ္ရတဲ့ သားသားမီးမီးနဲ႔အတူ အမွတ္တရေလးေတြ ဖန္တီးၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏိုင္ပါေစ ေယာင္းေရ …

Stella (For Her Myanmar)

<<<Unicode>>>

ယောင်းတို့ သားသားမီးမီးလေးတွေ မိခင်မေတ္တာကို ငယ်ငယ်လေးကတည်းက နားလည်လေးစားတတ်အောင် ဒီလိုအမှတ်တရလေးတွေ ဖန်တီးကြည့်ပါလား !! 

ယောင်းတို့ရေ … မေလ (၁၂) ရက်နေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျေးဇူးရှင်မေမေတွေကို ဂုဏ်ပြုတဲ့ “အမေများနေ့”ပါ။ ဒီလိုနေ့ထူးနေ့မြတ်လေးမှာ ယောင်းရဲ့မေမေကို အချိန်ပေးတဲ့အပြင် ယောင်းရဲ့သားသားမီးမီးတွေနဲ့လည်း အမှတ်တရတွေဖန်တီးပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြရင် မကောင်းဘူးလား ? ဘယ်လိုပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးရမလဲဆိုပြီး အကြံအိုက်နေရင်တော့ Stella ဝေမျှပေးမယ့် အကြံပြုချက်လေးတွေကနေ ရွေးချယ်ကြည့်လိုက်ပါနော်။

(၁) အမှတ်ရနေစေမယ့် တစ်နေရာရာကို လျှောက်လည်ပါ။

နေရာကောင်းတစ်ခုခု သတ်မှတ်ပြီး သားသားမီးမီးနဲ့ တူတူလျှောက်လည်ကြည့်ပါ ။ အဲ့နေရာနဲ့  ပက်သက်တဲ့သမိုင်းကြောင်းတွေကို ပုံပြင်တစ်ပုဒ်လို ပြောပြပါ။ ဒါဆိုရင် ယောင်းရဲ့ သားသားမီးမီးလေးတွေ အပျင်းလည်းပြေ၊ ဗဟုသုတလည်းရပေါ့။ ဒီအချက်နဲ့ ကိုက်ညီမယ့် နေရာလေးတစ်ခုကလည်း ယောင်းတို့အတွက် အဆင်သင့်ပါပဲ။ ဒါကတော့ ရန်ကုန်ဝန်ကြီးများရုံး The Secretariat က ပြုလုပ်မယ့် “အမေများနေ့” အတွက် အထူးအစီအစဉ်ပါ။ 

ဒီအစီအစဉ်မှာတော့ မေမေနဲ့သားသားမီးမီးတွေကို ဓာတ်ပုံရိုက်ပေးပြီး ဝန်ကြီးများရုံးအဆောက်အဦးရဲ့ သမိုင်းကြောင်းတွေကို ရှင်းလင်းပြောပြပေးမှာပါ ယောင်းတို့ရေ။ သားသားမီးမီးလေးတွေ အတွက်သာမက ယောင်းတို့အတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဗဟုသုတတွေ ရမှာနော်..  ဒီအစီအစဉ်လေးကို သဘောကျလို့ The Secretariat ကို မေမေနဲ့ သားသားမီးမီးလေးတွေ တူတူသွားမယ်ဆိုရင် ကလေးဝင်ကြေးအခမဲ့နဲ့ မေမေတွေက ၅၀% လျှော့ဈေးရဦးမှာတဲ့နော်… ကြိုတင်ဘိုကင်တင်ထားဖို့တော့ လိုတာမို့ ဒီ form လေးဖြည့်ပြီး လျှော့ဈေးတွေရယူလိုက်ပါဦး ယောင်းရေ.. 

Related Article >>> ဘယ်အချိန်တွေမှာ လေ့ကျင့်ခန်းမလုပ်ဘဲ အပြည့်အဝအနားယူသင့်လဲ? ဘာကြောင့်လဲ?

(၂) သားသားမီးမီးတွေကို အချိန်ပေးပါ။ 

တခြားရက်တွေ မအားလို့ တူတူမဆော့ပေးနိုင်ရင်တောင် ဒီတစ်ရက်တော့ ညနေပိုင်းလောက်ဖြစ်ဖြစ် အပြင်ထွက်ပြီး သူနဲ့တူတူဆော့ပေးလိုက်ပါ။ သားသားမီးမီးတွေကလည်း မေမေနဲ့အပြင်ထွက်ရတာကို အတိုင်းမသိပျော်နေမှာပါနော်။ ဒါမှမဟုတ်လည်း အိမ်မှာပဲ ကွတ်ကီးလေးတွေ၊ cupcake လေးတွေလုပ်စားတာပဲဖြစ်ဖြစ် ပြုလုပ်ပြီး အချိန်ကုန်ဆုံးပေးပါ။ လွယ်လွယ်ကူကူစားစရာလေးတွေကို  သားသားမီးမီးနဲ့တူတူ လုပ်စားတာက ယောင်းတို့ကြားက နှောင်ကြိုးလေးကို ပိုမြဲမြံစေနိုင်ပါတယ်။

(၃) ဓာတ်ပုံရိုက်ပါ။ 

အမှတ်တမဲ့လေးတွေကနေ အမှတ်တရဖြစ်လာနိုင်တာမို့ တစ်နေ့တာ လျှပ်တစ်ပြက်လှုပ်ရှားမှုလေးတွေကို  ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားပါ။ တစ်နေ့ကျလို့ ဓာတ်ပုံလေးတွေ ပြန်ထုတ်ကြည့်မိတဲ့အခါ အဲ့ဒီနေ့လေးအကြောင်းကို သတိတရပြန်ပြောဖြစ်အောင်ပေါ့။

Related Article >>> အမေများနေ့မှာ အမေ့ကို ဘယ်လိုလက်ဆောင်မျိုး ပေးသင့်လဲ?

(၄) သူမမွေးခင်ကအကြောင်းလေးတွေပြောပြပေးပါ။ 

“မေမေ့ဗိုက်ထဲမှာ သားသား(သို့)မီးမီးရှိနေတုန်းက” လို့အစချီပြီး သူ့ကိုယ်ဝန်ရှိနေကြောင်း စသိတဲ့အချိန်ကစပြီး  အခုအရွယ်အထိ ယောင်းရဲ့စိတ်ထဲမှာ အမှတ်တရဖြစ်နေတဲ့အချိန်လေးတွေကို သူ့ကိုပြန်ပြောပြပေးပါ။ ဒါလေးတွေက သူအရွယ်ရောက်လာတဲ့အထိ စိတ်ထဲစွဲထင်နေပြီး ယောင်းကို အချစ်တိုးစေမှာနော်။

ကဲ … ဒါဆို ဒီအကြံပေးချက်လေးတွေကို သုံးပြီး “အမေများနေ့”မှာ ချစ်ရတဲ့ သားသားမီးမီးနဲ့အတူ အမှတ်တရလေးတွေ ဖန်တီးပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေ ယောင်းရေ …

Stella (For Her Myanmar)

No Comments Yet

Comments are closed