EVENTS

ဒီတစ္ပတ္ပိတ္ရက္မွာ ေယာင္းတို႔ကို ဗဟုသုတ တိုးပြားေစႏိုင္မယ့္ ပြဲ(၃)ပြဲ

မင္မင္သြားမယ့္ပြဲေလးနဲ႔ တိုက္ဆိုင္ရင္ အေဖာ္ညိွၾကပါဦး  🤩

ေယာင္းတို႔ေရ.. .တစ္ပတ္တစ္ခါ ပိတ္ရက္ေတြမွာ သြားေရာက္လည္ပတ္ႏိုင္မယ့္ ပြဲေတြအေၾကာင္း ေဝမွ်ေပးေနက် အခ်ိန္ေလး ျပန္လည္ေရာက္ရွိလာပါၿပီ။ ဒီအပတ္အတြက္ စုစည္းေပးထားတဲ့ ပြဲေလးေတြကေတာ့ ရာသီဥတုပူလြန္းလို႔ အိမ္တြင္းပုန္းမယ္ ၾကံစည္ထားတဲ့ မင္မင္ေတာင္ မသြားရမေနႏိုင္ ျဖစ္ေစတဲ့ ပြဲေတြခ်ည္းပါပဲေနာ္။ ကဲ…ဒီေတာ့ ဒီတစ္ပတ္ ပိတ္ရက္မွာ ဘယ္ပြဲေလးေတြရွိေနလဲဆိုတာ ဆက္ၾကည့္လိုက္ရေအာင္ …

Flourish & Prosper // Wealth, Mindset & Relationships

ေန႔ရက္- ေမလ(၁၈)ရက္ ၊ စေနေန႔

အခ်ိန္ – မနက္ (၈)နာရီခြဲမွ ညေန (၅)နာရီခြဲထိ

ေနရာ – Inya Lake Hotel

ဒီပြဲေလးကေတာ့ မင္မင္ကိုယ္တိုင္ အရမ္းေတြစိတ္ဝင္တစားျဖစ္ေနတဲ့ ပြဲေလးပါ။ နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေက်ာ္ၾကားေနသူေတြက စီးပြားေရး ၊ လူမႈဆက္ဆံေရး ၊ အခ်စ္ေရး ၊ ေငြေရးေၾကးေရးေတြကို ကိုယ္ေတြ႔ၾကံဳေတြ႕ခဲ့ရတာေတြနဲ႔ ဘယ္လို ျဖတ္သန္း ေက်ာ္လႊားႏိုင္တယ္ဆိုတာေတြကို ေဆြးေႏြးေျပာျပေပးသြားမွာဆိုေတာ့ ေယာင္းတို႔အတြက္ ဗဟုသုတေတြ တပုံတေခါင္းႀကီး ရႏိုင္မွာေသခ်ာပါတယ္ေနာ္။ မင္မင္ကေတာ့ က်ိန္းေသသြားဖို႔ ဆုံးျဖတ္ထားတယ္ရယ္…အေသးစိတ္ကိုေတာ့ ဒီလင့္ခ္မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Related Article >>> အမ်ိဳးသမီးတိုင္းသိထားသင့္တဲ့ သိုင္း႐ိုက္ေဟာ္မုန္းအေၾကာင္း

ျမန္မာ့စီးပြားထူးခြၽန္သူမ်ားႏွင့္ေတြ႕ဆုံျခင္း

ေန႔ရက္- ေမလ(၁၈)ရက္ ၊ စေနေန႔

အခ်ိန္ – မနက္ (၉)နာရီမွ ေန႔လည္ (၁၂)နာရီထိ

ေနရာ – UMFCCI

ဒီပြဲေလးကေတာ့ Myanmar B2B Management Magazine က ႀကီးမႉးက်င္းပတဲ့ “ျမန္မာ့စီးပြားထူးခြၽန္သူမ်ားႏွင့္ေတြ႕ဆုံျခင္း” ရဲ႕ တတိယပြဲေလးျဖစ္ပါတယ္။ အရင္တုန္းက B2B Magazine မွာ Cover Story အျဖစ္ ႐ိုက္ကူးေနက်ျဖစ္တဲ့ In-House Interview ကို အခုလူကိုယ္တိုင္ သြားေရာက္ နားေထာင္ႏိုင္မယ့္ပြဲျဖစ္ပါတယ္။ ဒီတစ္ပတ္ ေတြ႕ဆုံသြားမယ့္ ပုဂၢိဳလ္ကေတာ့ SCANIA ကားမ်ားကို တင္သြင္းျဖန္႔ခ်ိေနတဲ့ “ဦးခ်မ္းျမ” ျဖစ္ပါတယ္။ စီးပြားေရးေအာင္ျမင္ဖို႔ ႀကိဳးစားအားထုတ္ေနတဲ့ ေယာင္းေတြအတြက္ အေတြးအျမင္သစ္ေတြ ဗဟုသုတေတြ ရႏိုင္မယ့္ပြဲေလးမို႔ သြားသင့္တဲ့ပြဲေလးပါေနာ္။ အေသးစိတ္ကိုေတာ့ ဒီလင့္ခ္မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Related Article >>> မိခင္ေတြ ခံစားရတဲ့ ေဝဒနာေတြကို ထုတ္ေျပာျပဖို႔ တိုက္တြန္းလိုက္တဲ့ S.H.E ရဲ႕ မန္ဘာ အယ္လာခ်န္း

Commercial Development Forum 2019

ေန႔ရက္- ေမလ(၁၈)ရက္ ၊ စေနေန႔

အခ်ိန္ – ေန႔လည္(၁၂)နာရီမွ ညေန(၄)နာရီထိ

ေနရာ – City Hotel Yangon

ဒီပြဲေလးကေတာ့ စီးပြားေရးပညာရပ္ေတြကို ေလ့လာစရာ၊ အသိပညာနဲ႔ ေလ့က်င့္စရာ နည္းလမ္းေတြကို ေျပာျပၿပီး မ်ွေဝေပးသြားမယ့္ ပြဲေလးပါ။ စြန္႔ဦးတီထြင္လုပ္ငန္း႐ွင္ျဖစ္ဖို႔ ရည္မွန္းခ်က္ရွိတဲ့ ေယာင္းတို႔ဆိုရင္ေတာ့ ဒီပြဲေလးကေန အၾကံဉာဏ္ေကာင္းေတြ ရရွိႏိုင္မွာပါ။

စိတ္ဖိစီးမႈေတြကို စီမံခန္႔ခြဲတတ္ဖို႔ ၊ အလုပ္ခြင္နဲ႔ မိသားစုဆိုင္ရာေတြ တိုးတက္လာေအာင္ ေလ့က်င့္တတ္ဖို႔ စတာေတြကိုပါ ေဆြးေႏြးေပးမွာ ဆိုေတာ့ ေယာင္းတို႔အတြက္ က်ိန္းေသအက်ိဳးရွိေစမယ့္ ပြဲေလးပါေနာ္။ အေသးစိတ္ကိုေတာ့ ဒီလင့္ခ္မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

DiDi ( For Her Myanmar )

<<< Unicode >>>

မင်မင်သွားမယ့်ပွဲလေးနဲ့ တိုက်ဆိုင်ရင် အဖော်ညှိကြပါဦး  🤩

ယောင်းတို့ရေ.. .တစ်ပတ်တစ်ခါ ပိတ်ရက်တွေမှာ သွားရောက်လည်ပတ်နိုင်မယ့် ပွဲတွေအကြောင်း ဝေမျှပေးနေကျ အချိန်လေး ပြန်လည်ရောက်ရှိလာပါပြီ။ ဒီအပတ်အတွက် စုစည်းပေးထားတဲ့ ပွဲလေးတွေကတော့ ရာသီဥတုပူလွန်းလို့ အိမ်တွင်းပုန်းမယ် ကြံစည်ထားတဲ့ မင်မင်တောင် မသွားရမနေနိုင် ဖြစ်စေတဲ့ ပွဲတွေချည်းပါပဲနော်။ ကဲ…ဒီတော့ ဒီတစ်ပတ် ပိတ်ရက်မှာ ဘယ်ပွဲလေးတွေရှိနေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် …

Flourish & Prosper // Wealth, Mindset & Relationships

နေ့ရက်- မေလ(၁၈)ရက် ၊ စနေနေ့

အချိန် – မနက် (၈)နာရီခွဲမှ ညနေ (၅)နာရီခွဲထိ

နေရာ – Inya Lake Hotel

ဒီပွဲလေးကတော့ မင်မင်ကိုယ်တိုင် အရမ်းတွေစိတ်ဝင်တစားဖြစ်နေတဲ့ ပွဲလေးပါ။ နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေသူတွေက စီးပွားရေး ၊ လူမှုဆက်ဆံရေး ၊ အချစ်ရေး ၊ ငွေရေးကြေးရေးတွေကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရတာတွေနဲ့ ဘယ်လို ဖြတ်သန်း ကျော်လွှားနိုင်တယ်ဆိုတာတွေကို ဆွေးနွေးပြောပြပေးသွားမှာဆိုတော့ ယောင်းတို့အတွက် ဗဟုသုတတွေ တပုံတခေါင်းကြီး ရနိုင်မှာသေချာပါတယ်နော်။ မင်မင်ကတော့ ကျိန်းသေသွားဖို့ ဆုံးဖြတ်ထားတယ်ရယ်…အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Related Article >>> အမျိုးသမီးတိုင်းသိထားသင့်တဲ့ သိုင်းရိုက်ဟော်မုန်းအကြောင်း

မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း

နေ့ရက်- မေလ(၁၈)ရက် ၊ စနေနေ့

အချိန် – မနက် (၉)နာရီမှ နေ့လည် (၁၂)နာရီထိ

နေရာ – UMFCCI

ဒီပွဲလေးကတော့ Myanmar B2B Management Magazine က ကြီးမှူးကျင်းပတဲ့ “မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း” ရဲ့ တတိယပွဲလေးဖြစ်ပါတယ်။ အရင်တုန်းက B2B Magazine မှာ Cover Story အဖြစ် ရိုက်ကူးနေကျဖြစ်တဲ့ In-House Interview ကို အခုလူကိုယ်တိုင် သွားရောက် နားထောင်နိုင်မယ့်ပွဲဖြစ်ပါတယ်။ ဒီတစ်ပတ် တွေ့ဆုံသွားမယ့် ပုဂ္ဂိုလ်ကတော့ SCANIA ကားများကို တင်သွင်းဖြန့်ချိနေတဲ့ “ဦးချမ်းမြ” ဖြစ်ပါတယ်။ စီးပွားရေးအောင်မြင်ဖို့ ကြိုးစားအားထုတ်နေတဲ့ ယောင်းတွေအတွက် အတွေးအမြင်သစ်တွေ ဗဟုသုတတွေ ရနိုင်မယ့်ပွဲလေးမို့ သွားသင့်တဲ့ပွဲလေးပါနော်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Related Article >>> မိခင်တွေ ခံစားရတဲ့ ဝေဒနာတွေကို ထုတ်ပြောပြဖို့ တိုက်တွန်းလိုက်တဲ့ S.H.E ရဲ့ မန်ဘာ အယ်လာချန်း

Commercial Development Forum 2019

နေ့ရက်- မေလ(၁၈)ရက် ၊ စနေနေ့

အချိန် – နေ့လည်(၁၂)နာရီမှ ညနေ(၄)နာရီထိ

နေရာ – City Hotel Yangon

ဒီပွဲလေးကတော့ စီးပွားရေးပညာရပ်တွေကို လေ့လာစရာ၊ အသိပညာနဲ့ လေ့ကျင့်စရာ နည်းလမ်းတွေကို ပြောပြပြီး မျှဝေပေးသွားမယ့် ပွဲလေးပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ ယောင်းတို့ဆိုရင်တော့ ဒီပွဲလေးကနေ အကြံဉာဏ်ကောင်းတွေ ရရှိနိုင်မှာပါ။

စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲတတ်ဖို့ ၊ အလုပ်ခွင်နဲ့ မိသားစုဆိုင်ရာတွေ တိုးတက်လာအောင် လေ့ကျင့်တတ်ဖို့ စတာတွေကိုပါ ဆွေးနွေးပေးမှာ ဆိုတော့ ယောင်းတို့အတွက် ကျိန်းသေအကျိုးရှိစေမယ့် ပွဲလေးပါနော်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

DiDi ( For Her Myanmar )

 

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *