FUN

၂၀၁၉ အတြက္ ရာသီခြင္အလိုက္ ေယာင္းတို႔ရဲ႕ အခ်စ္ေရး

အခ်စ္ေရး ဒီဇိုင္းကာလာ အေနအထားကေတာ့ျဖင့္…

ႏွစ္သစ္မွာ စိတ္သစ္၊ လူသစ္နဲ႔ အခ်စ္သစ္ကို ရွာေဖြၾကမယ္။ အယ္လဲ့ ရဲဇားရွိၿပီးသားလူေတြကေတာ့ လူအေဟာင္းနဲ႔ပဲ အခ်စ္သစ္ကိုေမြးဖြားၾကေပါ့ေအ။ ဆိုေတာ့ ၂၀၁၈ မွာ ႀကံဳေတြ႔ခဲ့ရသမွ် အက်ိဳးအေၾကာင္း အဆိုးအေကာင္းေတြအားလံုးကို လႊင့္ပစ္လိုက္ၿပီး ၂၀၁၉ မွာေတာ့ ဘယ္လိုအသစ္သစ္ေသာ အခ်စ္ေရးေတြနဲ႔ ႀကံဳရမလဲဆိုတာကို ဆက္ၿပီးၾကည့္ၾကည့္ရေအာင္ေနာ္… ေယာင္းတို႔ၾကည့္ရလြယ္ေအာင္ ရာသီခြင္အလိုက္ တစ္ခုခ်င္းစီေဖာ္ျပေပးထားပါတယ္လို႔။

Aries (March 21 to April 19)

စင္ဂယ္ပဲျဖစ္ျဖစ္၊ ရဲဇားရွိတဲ့လူပဲျဖစ္ျဖစ္ ဒီႏွစ္ကေတာ့ Aries ေတြ ေဂၚမယ့္ႏွစ္ေလးပါပဲ။ ငါသည္သာငါ့ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္း၊ ငါ့အတြက္ ငါရွိတယ္ စသည္ျဖင့္ ငါတစ္လံုးေဆာင္ အိုေတာင္စိတ္မဆင္းရဲဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ကိုယ့္ကိုယ္ကိုယ္ အလွဆံုးျပင္ဆင္၊ အေတာ္ဆံုးအထူးခၽြန္ဆံုးျဖစ္ေအာင္ အဘက္ဘက္ကေန ႀကိဳးစားၿပီး တျခားဘယ္သူ႔ကိုမွ မွီခိုေနစရာမလိုဘူး ဆိုတဲ့ ယံုၾကည္ခ်က္ကလည္း အျမင့္ဆံုးေရာက္ေနမွာပါ။ ဒါေပမဲ့လည္း ကိုယ့္ရဲ႕ဒီလိုျပင္းထန္လွတဲ့ ယံုၾကည္မႈဟာ ကိုယ့္ရဲ႕လက္တြဲေဖာ္ကိုလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္တာမို႔ ရည္းစားမရွိတဲ့ စင္ဂယ္ေယာင္းေလးေတြက ေခ်ခ်င္သေလာက္ ေခ်လို႔ရေပမဲ့ ရည္းစားရွိတဲ့ေယာင္းေတြကေတာ့ နည္းနည္းျပန္ၿပီး ေခ်စိတ္ကို အခ်စ္နဲ႔ ျပန္ထိန္းၾကပါဦးလို႔…. 

Taurus (April 20 to May 20)

Taurus ရာသီဖြားေယာင္းေတြရဲ႕ အခ်စ္ေရးကေတာ့ ဒီႏွစ္မွာကံေကာင္းျခင္းေတြနဲ႔ပဲ ျပည့္စံုေနမွာပါ။ အခ်စ္ဆိုတာ ဒါပါလားလို႔ခံစားရၿပီး ကိုယ္ကလည္း အခ်စ္ကိုေဖာ္ျပဖို႔အတြက္ နည္းလမ္းအသစ္ေတြကို ေသခ်ာရွာေဖြေနပါလိမ့္မယ္။ ခ်စ္သူမရွိတဲ့ေယာင္းေတြကလည္း ကိုယ့္လက္တြဲေဖာ္ကို ရွာေတြ႔မယ့္ႏွစ္ျဖစ္ၿပီး ခ်စ္သူရွိတဲ့ေယာင္းေတြကလည္း ခ်စ္သူရဲ႕သည္းသည္းလႈပ္ၿပီး တုန္ေနေအာင္အခ်စ္ခံရတဲ့ ႏွစ္ပဲျဖစ္ပါလိမ့္မယ္။ အကယ္၍ ေယာင္းခ်စ္သူနဲ႔ ေယာင္းကဘဝအသစ္တစ္ခုကို စတင္ဖို႔အတြက္ စဥ္းစားေနၿပီဆိုရင္ေတာ့ ဒီႏွစ္ရဲ႕ ၾသဂုတ္လ ၂၄ က တူႏွစ္ကိုယ္ဘဝကို တည္ေဆာက္ဖို႔အတြက္ အသင့္ေတာ္ဆံုးပါပဲ။

Gemini (May 21 to June 20)

ေပ်ာ္ရႊင္ေသာဘဝ၊ ေပ်ာ္ရႊင္ေသာအိမ္ေထာင္ေရး ဆိုတဲ့ စကားကေတာ့ Gemini ရာသီခြင္ဖြားေယာင္းတို႔အတြက္ပါပဲ။ အိမ္ေထာင္က်ၿပီးသား ေယာင္းေတြကေတာ့ တစ္ႏွစ္လံုးမွာ တကယ့္ေကာင္းခ်ီးေတြကိုပဲ ခံစားရမွာျဖစ္ၿပီး စင္ဂယ္ေယာင္းေယာင္းေလးေတြကေတာ့ တစ္ေယာက္တည္း ေအးေအးေဆးေဆးေနသြားရမယ့္ ႏွစ္ေလးပါပဲ (ရွင္းရွင္းေျပာရရင္ေတာ့ FA gonna be FA ေပါ့ေအ 😛 ) ရည္းစားရွိတဲ့ ေယာင္းေယာင္းေတြကေတာ့ ကိုယ့္အခ်စ္ေရးကို ကိုယ္ဘယ္လို ထိန္းခ်ဳပ္တည္ေဆာက္မလဲဆိုတဲ့ေပၚ မူတည္ၿပီး ေျပာင္းလဲႏိုင္တဲ့ ႏွစ္တစ္ႏွစ္ပါ ေယာင္းတို႔ေရ…

Related Article >>> ႏွစ္သစ္အတြက္ ခ်စ္သူနဲ႔အတူလုပ္သင့္တဲ့ ႏွစ္ကိုယ္တူ ႏွစ္သစ္ရည္မွန္းခ်က္မ်ား

Cancer (June 21 to July 22)

ဒီႏွစ္အတြင္းမွာေတာ့ Cancer ရာသီဖြား ေယာင္းေတြက နည္းနည္းေတာ့ ရုန္းကန္ရမယ့္ အေနအထားတစ္ခုမွာ ရွိေနပါတယ္။ အထူးသျဖင့္ အခ်စ္ေရးေပါ့။ ခ်စ္သူနဲ႔ ကိုယ့္ရဲ႕ၾကားမွာ အဖုအထစ္ေပါင္းမ်ားစြာကို ႀကံဳေတြ႔ရမွာျဖစ္ၿပီး ေျဖရွင္းဖုိ႔မႀကိဳးစားဘဲ တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္ထည့္မတြက္ၾကရင္ေတာ့ ေယာင္းတို႔ရဲ႕အခ်စ္ေရးက မာဂ်င္ေအာက္ကို ေရာက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္အတြင္းမွာ တစ္ေယာက္ကို တစ္ေယာက္ ရိုးသားၾကဖို႔၊ ပြင့္လင္းၾကဖို႔က အရမ္းအရမ္းကို အေရးႀကီးပါတယ္လို႔။ (စိတ္ထဲလည္း အရမ္းမထားနဲ႔ဦး။ ဥပါဒါန္ေၾကာင့္ ဥပဒ္ေတြျဖစ္ကုန္မယ္။) စင္ဂယ္ေယာင္းေယာင္းေတြနဲ႔ အိမ္ေထာင္သည္ ေယာင္းေယာင္းေတြကေတာ့ ပံုမွန္ေလးပဲ သြားေနပါလိမ့္မယ္။

Leo (July 23 to August 22)

ဒီႏွစ္ကေတာ့ Leo ရာသီခြင္ ေယာင္းတို႔အတြက္လည္း နည္းနည္းခက္ခဲမယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အရင္တုန္းက အခ်စ္ပန္းေတြ ပြင့္လန္းခဲ့သမွ် အခုခ်ိန္မွာ ကိုယ့္လက္တြဲေဖာ္ရဲ႕ ျပစ္ခ်က္တခ်ိဳ႕ကို တျခားအခ်ိန္ေတြထက္ပိုျမင္လာၿပီး လက္ခံဖို႔ခက္ခဲတဲ့ အေနအထားတခ်ိဳ႕ကိုလည္း ႀကံဳေတြ႔ရမွာပါ။ (ဗ်ာမ်ားရမယ္ေပါ့ ေယာင္းရယ္။) ဒါေၾကာင့္ ကိုယ့္ခ်စ္သူကို အခ်ိန္ပိုေပးၿပီး ျဖစ္ႏိုင္ရင္ မေကာင္းတဲ့ အေတြးတစ္ခုခုဝင္တိုင္း တစ္ဖက္လွည့္ၿပီး ျပန္ျပန္ေတြးေပးပါ။ ရဲဇားမရွိေသးတဲ့ ေယာင္းေတြကလည္း ထိုနည္းတူပါပဲ။ အေျဖေပးမယ္လို႔ စဥ္းစားၿပီးမွ ရုတ္တရက္ႀကီး အျမင္ကတ္လာၿပီး ေနာက္ျပန္ဆုတ္သြားတာမ်ိဳးေပါ့။ အိမ္ေထာင္သည္ေယာင္းေတြကေတာ့ အေျပာင္းအလဲမရွိ ပံုမွန္အခ်စ္ေရးကိုပဲ ျဖတ္သန္းရမွာပါတဲ့ကြယ္… 

Virgo (August 23 to September 22)

အၿမဲတမ္း လက္ေတြ႔က်က်စဥ္းစားၿပီး ေတြးေခၚတတ္တဲ့ Virgo ရာသီဖြားေယာင္းေတြကေတာ့ ဒီႏွစ္မွာ လက္ေတြ႔ထက္ အေပ်ာ္ကို ပိုၿပီး ဦးစားေပးပါလိမ့္မယ္။ ခ်စ္သူနဲ႔ ႏွစ္ေယာက္တည္း ေလွ်ာက္လည္ေနမယ့္အစား သူငယ္ခ်င္းေတြ အုပ္စုလိုက္နဲ႔ သြားလာေနရတာကို ပိုႏွစ္သက္ၾကမွာမို႔ ရဲဇားရဲ႕ ၿငိဳျငင္ျခင္းကို ေတာ္ေတ္ာခံရမယ့္ ႏွစ္ပါ။ ရဲဇားမရွိေသးတဲ့ေယာင္းေတြကလည္း အတည္တက်တြဲဖို႔ မရည္ရြယ္ဘဲ ခ်ိန္းေတြ႔လိုက္ ဒီအတိုင္းေလွ်ာ္ပစ္လိုက္နဲ႔ အေပ်ာ္သေဘာေလာက္ပဲ ထားထားမယ့္ႏွစ္ေလးပါ။

Libra (September 23 to October 22)

နည္းနည္းခေလာက္ဆန္မယ္ေပါ့ေနာ္။ ကိုယ့္အေပၚ မေခ်မငံဆက္ဆံသူမွန္သမွ်ကို (ခ်စ္သူပဲျဖစ္ပါေစဦး) ကိုယ့္ရဲ႕တကယ့္အတြင္းစိတ္ထဲက ျဖစ္ေနတဲ့အတိုင္း ျပန္တံု႔ျပန္မွာမို႔ ဒီရာသီဖြားေယာင္းေတြအတြက္ေတာ့  ျပႆနာမ်ားမယ့္ ႏွစ္ေလးတစ္ႏွစ္ ျဖစ္မွာပါ။ ကိုယ္မွန္တယ္လို႔ လက္ခံထားတဲ့ အယူအဆတခ်ိဳ႕ကိုလည္း ေျပာင္းလဲပစ္ရမယ့္ အေနအထားတခ်ိဳ႕လည္း ရွိေနတာမို႔ သတိထားဖို႔ေတာ့ လိုပါတယ္။

Scorpio (October 23 to November 21)

ဒရာမာေတြနဲ႔ သိပ္မေဝးတဲ့ Scorpio ရာသီဖြား ေယာင္းေတြကေတာ့ ဒီႏွစ္အတြင္းမွာ ဒရာမာဇုန္ကေနရုန္းထြက္ၿပီး တည္တည္တံ့တံ့အခ်စ္တစ္ခုကို ရွာေတြ႔သြားပါလိမ့္မယ္။ အရင္ႏွစ္ေတြတုန္းက မွားခဲ့သမွ်အမွားေတြအားလံုးကို သတိထားၿပီး စိတ္သစ္လူသစ္နဲ႔ ဘဝအသစ္တစ္ခုကို ေကာင္းေကာင္းေနသားက်သြားမယ့္ ႏွစ္ပါပဲ။

Sagittarius (November 22 to December 21)

ထူးထူးျခားျခား ဒီ Sagittariusရာသီဖြား ေယာင္းေတြကေတာ့ ကိုယ္နဲ႔အရင္တုန္းကအဆက္အသြယ္ရွိခဲ့ဖူးတဲ့ လူေတြထဲကတစ္ေယာက္နဲ႔ပဲ အဆင္ျပန္ေျပမယ့္အေနအထားေပါ့။ အကယ္၍ ၂၀၁၈ မွာ ရည္းစားနဲ႔ ျပတ္သြားတဲ့ ေယာင္းေတြကလည္း ကိုယ့္အဆက္ေဟာင္းနဲ႔ပဲ ျပန္တြဲျဖစ္သြားပါလိမ့္မယ္။ (၂၀၁၈ ည ၁၁:၅၉ မွာျပတ္ၿပီး ၂၀၁၉ မနက္ ၁၂:၀၁ နာရီမွာျပန္တြဲသြားတာျဖစ္မယ္ :P) ခ်စ္သူရည္းစားရွိၿပီးသား ေယာင္းေတြကလည္း ဒီႏွစ္အတြင္းမွာပဲ အိမ္ေထာင္က်ပါလိမ့္မယ္တဲ့။ (ဖိတ္ဦးေနာ္ ေယာင္း :P)

Related Article >>> ႏွစ္သစ္မွာအက်ိဳးရွိေစမယ့္ စာအုပ္(၂)အုပ္

Capricorn (December 21 to January 19)

အားလံုးထဲမွာ အတည္ၿငိမ္ဆံုး ရာသီခြင္ပါပဲ။ ဘယ္ဂယက္ဝင္ဝင္ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျဖရွင္းသြားမယ့္ အေနအထားနဲ႔မို႔ တစ္ႏွ္စ္ပတ္လံုး သာသာယာယာေလးျဖစ္ေနမွာပါ။ ဒါေပမဲ့ ဇူလိုင္လေနာက္ပိုင္းမွာေတာ့ ကိုယ္ခ်စ္တဲ့လူဆီက ထူးထူးျခားျခားတုန္႔ျပန္မႈ သတင္းေကာင္းတစ္ခုကို ၾကားရပါလိမ့္မယ္တဲ့။

Aquarius (January 20 to February 18)

ထခဲ့သမွ်ဂယက္ေတြထဲမွာ အလူးအလိမ့္ခံရၿပီးေနာက္မွာေတာ့ ဒီႏွစ္ ၂၀၁၉ မွာဆံုးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာခ်ၿပီး အေတြးအသစ္ေတြနဲ႔ ကိုယ္ခ်စ္သေလာက္ျပန္ခ်စ္မယ့္ ခ်စ္သူ၊ လက္တြဲေဖာ္ေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ရမယ့္ႏွစ္ပါ ေယာင္းတုိ႔ေရ။ အိမ္ေထာင္က်ကိန္းအထိ ရွိပါတယ္တဲ့ 😛

Pisces (February 19 to March 20)

စိတ္ကူးယဥ္ဓာတ္ခံရွိတဲ့ Pisces ရာသီဖြားေယာင္းေတြကေတာ့ ဒီႏွစ္အတြင္းမွာ အဲဒီစိတ္ကူးနဲ႔ အိပ္မက္ေတြအားလံုး တကယ္ျဖစ္လာမယ့္ ႏွစ္ေလးပါပဲ။ ရည္းစားမရွိတဲ့ ေယာင္းေတြကိုလည္း ႏွစ္စပိုင္းကတည္းက ဒိတ္ခ်င္တဲ့လူေတြ မ်ားေနမွာျဖစ္ၿပီး အိမ္ေထာင္သည္ ေယာင္းေတြကလည္း ကိုယ့္လက္တြဲေဖာ္ရဲ႕ ရိုဆန္မႈအေပါင္းကို သရဖူေဆာင္းရေတာ့မွာပါ။

ကဲ ေယာင္းက ဘယ္ရာသီခြင္ဖြားလဲ အခ်စ္ေရးအေျခအေနကေရာ ဘယ္လိုရွိလဲဆိုတာကို ေျပာသြားခဲ့ဦးေနာ္… တစ္ခုရွိတာက ေယာင္းရဲ႕ ကံၾကမၼာကို ေယာင္းကိုယ္တိုင္ ဖန္တီးတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္.. ဒီေဟာတမ္းေတြက ဘယ္လိုပဲ ေျပာေနပါေစ၊ ေယာင္းရဲ႕ ေရြးခ်ယ္မႈနဲ႔ စိတ္ဓာတ္ေပၚမူတည္ၿပီး ေယာင္းရဲ႕ ကံၾကမၼာအေျခအေနက ေျပာင္းလဲမွာပါလို႔… 

Hnin Ei Oo (For Her Myanmar)

References : romperspeakingtree

<<< Unicode >>>

အချစ်ရေး ဒီဇိုင်းကာလာ အနေအထားကတော့ဖြင့်…

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အချစ်သစ်ကို ရှာဖွေကြမယ်။ အယ်လဲ့ ရဲဇားရှိပြီးသားလူတွေကတော့ လူအဟောင်းနဲ့ပဲ အချစ်သစ်ကိုမွေးဖွားကြပေါ့အေ။ ဆိုတော့ ၂၀၁၈ မှာ ကြုံတွေ့ခဲ့ရသမျှ အကျိုးအကြောင်း အဆိုးအကောင်းတွေအားလုံးကို လွှင့်ပစ်လိုက်ပြီး ၂၀၁၉ မှာတော့ ဘယ်လိုအသစ်သစ်သော အချစ်ရေးတွေနဲ့ ကြုံရမလဲဆိုတာကို ဆက်ပြီးကြည့်ကြည့်ရအောင်နော်… ယောင်းတို့ကြည့်ရလွယ်အောင် ရာသီခွင်အလိုက် တစ်ခုချင်းစီဖော်ပြပေးထားပါတယ်လို့။

Aries (March 21 to April 19)

စင်ဂယ်ပဲဖြစ်ဖြစ်၊ ရဲဇားရှိတဲ့လူပဲဖြစ်ဖြစ် ဒီနှစ်ကတော့ Aries တွေ ဂေါ်မယ့်နှစ်လေးပါပဲ။ ငါသည်သာငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း၊ ငါ့အတွက် ငါရှိတယ် စသည်ဖြင့် ငါတစ်လုံးဆောင် အိုတောင်စိတ်မဆင်းရဲဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုယ့်ကိုယ်ကိုယ် အလှဆုံးပြင်ဆင်၊ အတော်ဆုံးအထူးချွန်ဆုံးဖြစ်အောင် အဘက်ဘက်ကနေ ကြိုးစားပြီး တခြားဘယ်သူ့ကိုမှ မှီခိုနေစရာမလိုဘူး ဆိုတဲ့ ယုံကြည်ချက်ကလည်း အမြင့်ဆုံးရောက်နေမှာပါ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ဒီလိုပြင်းထန်လှတဲ့ ယုံကြည်မှုဟာ ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာမို့ ရည်းစားမရှိတဲ့ စင်ဂယ်ယောင်းလေးတွေက ချေချင်သလောက် ချေလို့ရပေမဲ့ ရည်းစားရှိတဲ့ယောင်းတွေကတော့ နည်းနည်းပြန်ပြီး ချေစိတ်ကို အချစ်နဲ့ ပြန်ထိန်းကြပါဦးလို့….

Taurus (April 20 to May 20)

Taurus ရာသီဖွားယောင်းတွေရဲ့ အချစ်ရေးကတော့ ဒီနှစ်မှာကံကောင်းခြင်းတွေနဲ့ပဲ ပြည့်စုံနေမှာပါ။ အချစ်ဆိုတာ ဒါပါလားလို့ခံစားရပြီး ကိုယ်ကလည်း အချစ်ကိုဖော်ပြဖို့အတွက် နည်းလမ်းအသစ်တွေကို သေချာရှာဖွေနေပါလိမ့်မယ်။ ချစ်သူမရှိတဲ့ယောင်းတွေကလည်း ကိုယ့်လက်တွဲဖော်ကို ရှာတွေ့မယ့်နှစ်ဖြစ်ပြီး ချစ်သူရှိတဲ့ယောင်းတွေကလည်း ချစ်သူရဲ့ သည္းသည္းလှုပ်ပြီး တုန်နေအောင်အချစ်ခံရတဲ့ နှစ်ပဲဖြစ်ပါလိမ့်မယ်။ အကယ်၍ ယောင်းချစ်သူနဲ့ ယောင်းကဘဝအသစ်တစ်ခုကို စတင်ဖို့အတွက် စဉ်းစားနေပြီဆိုရင်တော့ ဒီနှစ်ရဲ့ သြဂုတ်လ ၂၄ က တူနှစ်ကိုယ်ဘဝကို တည်ဆောက်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။

Gemini (May 21 to June 20)

ပျော်ရွှင်သောဘဝ၊ ပျော်ရွှင်သောအိမ်ထောင်ရေး ဆိုတဲ့ စကားကတော့ Gemini ရာသီခွင်ဖွားယောင်းတို့အတွက်ပါပဲ။ အိမ်ထောင်ကျပြီးသား ယောင်းတွေကတော့ တစ်နှစ်လုံးမှာ တကယ့်ကောင်းချီးတွေကိုပဲ ခံစားရမှာဖြစ်ပြီး စင်ဂယ်ယောင်းယောင်းလေးတွေကတော့ တစ်ယောက်တည်း အေးအေးဆေးဆေးနေသွားရမယ့် နှစ်လေးပါပဲ (ရှင်းရှင်းပြောရရင်တော့ FA gonna be FA ပေါ့အေ 😛 ) ရည်းစားရှိတဲ့ ယောင်းယောင်းတွေကတော့ ကိုယ့်အချစ်ရေးကို ကိုယ်ဘယ်လို ထိန်းချုပ်တည်ဆောက်မလဲဆိုတဲ့ပေါ် မူတည်ပြီး ပြောင်းလဲနိုင်တဲ့ နှစ်တစ်နှစ်ပါ ယောင်းတို့ရေ…

Related Article >>> နှစ်သစ်အတွက် ချစ်သူနဲ့အတူလုပ်သင့်တဲ့ နှစ်ကိုယ်တူ နှစ်သစ်ရည်မှန်းချက်များ

Cancer (June 21 to July 22)

ဒီနှစ်အတွင်းမှာတော့ Cancer ရာသီဖွား ယောင်းတွေက နည်းနည်းတော့ ရုန်းကန်ရမယ့် အနေအထားတစ်ခုမှာ ရှိနေပါတယ်။ အထူးသဖြင့် အချစ်ရေးပေါ့။ ချစ်သူနဲ့ ကိုယ့်ရဲ့ကြားမှာ အဖုအထစ်ပေါင်းများစွာကို ကြုံတွေ့ရမှာဖြစ်ပြီး ဖြေရှင်းဖို့မကြိုးစားဘဲ တစ်ယောက်ခံစားချက်ကို တစ်ယောက်ထည့်မတွက်ကြရင်တော့ ယောင်းတို့ရဲ့အချစ်ရေးက မာဂျင်အောက်ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ တစ်ယောက်ကို တစ်ယောက် ရိုးသားကြဖို့၊ ပွင့်လင်းကြဖို့က အရမ်းအရမ်းကို အရေးကြီးပါတယ်လို့။ (စိတ်ထဲလည်း အရမ်းမထားနဲ့ဦး။ ဥပါဒါန်ကြောင့် ဥပဒ်တွေဖြစ်ကုန်မယ်။) စင်ဂယ်ယောင်းယောင်းတွေနဲ့ အိမ်ထောင်သည် ယောင်းယောင်းတွေကတော့ ပုံမှန်လေးပဲ သွားနေပါလိမ့်မယ်။

Leo (July 23 to August 22)

ဒီနှစ်ကတော့ Leo ရာသီခွင် ယောင်းတို့အတွက်လည်း နည်းနည်းခက်ခဲမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက အချစ်ပန်းတွေ ပွင့်လန်းခဲ့သမျှ အခုချိန်မှာ ကိုယ့်လက်တွဲဖော်ရဲ့ ပြစ်ချက်တချို့ကို တခြားအချိန်တွေထက်ပိုမြင်လာပြီး လက်ခံဖို့ခက်ခဲတဲ့ အနေအထားတချို့ကိုလည်း ကြုံတွေ့ရမှာပါ။ (ဗျာများရမယ်ပေါ့ ယောင်းရယ်။) ဒါကြောင့် ကိုယ့်ချစ်သူကို အချိန်ပိုပေးပြီး ဖြစ်နိုင်ရင် မကောင်းတဲ့ အတွေးတစ်ခုခုဝင်တိုင်း တစ်ဖက်လှည့်ပြီး ပြန်ပြန်တွေးပေးပါ။ ရဲဇားမရှိသေးတဲ့ ယောင်းတွေကလည်း ထိုနည်းတူပါပဲ။ အဖြေပေးမယ်လို့ စဉ်းစားပြီးမှ ရုတ်တရက်ကြီး အမြင်ကတ်လာပြီး နောက်ပြန်ဆုတ်သွားတာမျိုးပေါ့။ အိမ်ထောင်သည်ယောင်းတွေကတော့ အပြောင်းအလဲမရှိ ပုံမှန်အချစ်ရေးကိုပဲ ဖြတ်သန်းရမှာပါတဲ့ကွယ်…

Virgo (August 23 to September 22)

အမြဲတမ်း လက်တွေ့ကျကျစဉ်းစားပြီး တွေးခေါ်တတ်တဲ့ Virgo ရာသီဖွားယောင်းတွေကတော့ ဒီနှစ်မှာ လက်တွေ့ထက် အပျော်ကို ပိုပြီး ဦးစားပေးပါလိမ့်မယ်။ ချစ်သူနဲ့ နှစ်ယောက်တည်း လျှောက်လည်နေမယ့်အစား သူငယ်ချင်းတွေ အုပ်စုလိုက်နဲ့ သွားလာနေရတာကို ပိုနှစ်သက်ကြမှာမို့ ရဲဇားရဲ့ ငြိုငြင်ခြင်းကို တော်တေ်ာခံရမယ့် နှစ်ပါ။ ရဲဇားမရှိသေးတဲ့ယောင်းတွေကလည်း အတည်တကျတွဲဖို့ မရည်ရွယ်ဘဲ ချိန်းတွေ့လိုက် ဒီအတိုင်းလျှော်ပစ်လိုက်နဲ့ အပျော်သဘောလောက်ပဲ ထားထားမယ့်နှစ်လေးပါ။

Libra (September 23 to October 22)

နည်းနည်းခလောက်ဆန်မယ်ပေါ့နော်။ ကိုယ့်အပေါ် မချေမငံဆက်ဆံသူမှန်သမျှကို (ချစ်သူပဲဖြစ်ပါစေဦး) ကိုယ့်ရဲ့တကယ့်အတွင်းစိတ်ထဲက ဖြစ်နေတဲ့အတိုင်း ပြန်တုံ့ပြန်မှာမို့ ဒီရာသီဖွားယောင်းတွေအတွက်တော့  ပြဿနာများမယ့် နှစ်လေးတစ်နှစ် ဖြစ်မှာပါ။ ကိုယ်မှန်တယ်လို့ လက်ခံထားတဲ့ အယူအဆတချို့ကိုလည်း ပြောင်းလဲပစ်ရမယ့် အနေအထားတချို့လည်း ရှိနေတာမို့ သတိထားဖို့တော့ လိုပါတယ်။

Scorpio (October 23 to November 21)

ဒရာမာတွေနဲ့ သိပ်မဝေးတဲ့ Scorpio ရာသီဖွား ယောင်းတွေကတော့ ဒီနှစ်အတွင်းမှာ ဒရာမာဇုန်ကနေရုန်းထွက်ပြီး တည်တည်တံ့တံ့အချစ်တစ်ခုကို ရှာတွေ့သွားပါလိမ့်မယ်။ အရင်နှစ်တွေတုန်းက မှားခဲ့သမျှအမှားတွေအားလုံးကို သတိထားပြီး စိတ်သစ်လူသစ်နဲ့ ဘဝအသစ်တစ်ခုကို ကောင်းကောင်းနေသားကျသွားမယ့် နှစ်ပါပဲ။

Sagittarius (November 22 to December 21)

ထူးထူးခြားခြား ဒီ Sagittariusရာသီဖွား ယောင်းတွေကတော့ ကိုယ်နဲ့အရင်တုန်းကအဆက်အသွယ်ရှိခဲ့ဖူးတဲ့ လူတွေထဲကတစ်ယောက်နဲ့ပဲ အဆင်ပြန်ပြေမယ့်အနေအထားပေါ့။ အကယ်၍ ၂၀၁၈ မှာ ရည်းစားနဲ့ ပြတ်သွားတဲ့ ယောင်းတွေကလည်း ကိုယ့်အဆက်ဟောင်းနဲ့ပဲ ပြန်တွဲဖြစ်သွားပါလိမ့်မယ်။ (၂၀၁၈ ည ၁၁:၅၉ မှာပြတ်ပြီး ၂၀၁၉ မနက် ၁၂:၀၁ နာရီမှာပြန်တွဲသွားတာဖြစ်မယ် :P) ချစ်သူရည်းစားရှိပြီးသား ယောင်းတွေကလည်း ဒီနှစ်အတွင်းမှာပဲ အိမ်ထောင်ကျပါလိမ့်မယ်တဲ့။ (ဖိတ်ဦးနော် ယောင်း :P)

Related Article >>> နှစ်သစ်မှာအကျိုးရှိစေမယ့် စာအုပ်(၂)အုပ်

Capricorn (December 21 to January 19)

အားလုံးထဲမှာ အတည်ငြိမ်ဆုံး ရာသီခွင်ပါပဲ။ ဘယ်ဂယက်ဝင်ဝင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသွားမယ့် အနေအထားနဲ့မို့ တစ်နှ်စ်ပတ်လုံး သာသာယာယာလေးဖြစ်နေမှာပါ။ ဒါပေမဲ့ ဇူလိုင်လနောက်ပိုင်းမှာတော့ ကိုယ်ချစ်တဲ့လူဆီက ထူးထူးခြားခြားတုန့်ပြန်မှု သတင်းကောင်းတစ်ခုကို ကြားရပါလိမ့်မယ်တဲ့။

Aquarius (January 20 to February 18)

ထခဲ့သမျှဂယက်တွေထဲမှာ အလူးအလိမ့်ခံရပြီးနောက်မှာတော့ ဒီနှစ် ၂၀၁၉ မှာဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချပြီး အတွေးအသစ်တွေနဲ့ ကိုယ်ချစ်သလောက်ပြန်ချစ်မယ့် ချစ်သူ၊ လက်တွဲဖော်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရမယ့်နှစ်ပါ ယောင်းတို့ရေ။ အိမ်ထောင်ကျကိန်းအထိ ရှိပါတယ်တဲ့ 😛

Pisces (February 19 to March 20)

စိတ်ကူးယဉ်ဓာတ်ခံရှိတဲ့ Pisces ရာသီဖွားယောင်းတွေကတော့ ဒီနှစ်အတွင်းမှာ အဲဒီစိတ်ကူးနဲ့ အိပ်မက်တွေအားလုံး တကယ်ဖြစ်လာမယ့် နှစ်လေးပါပဲ။ ရည်းစားမရှိတဲ့ ယောင်းတွေကိုလည်း နှစ်စပိုင်းကတည်းက ဒိတ်ချင်တဲ့လူတွေ များနေမှာဖြစ်ပြီး အိမ်ထောင်သည် ယောင်းတွေကလည်း ကိုယ့်လက်တွဲဖော်ရဲ့ ရိုဆန်မှုအပေါင်းကို သရဖူဆောင်းရတော့မှာပါ။

ကဲ ယောင်းက ဘယ်ရာသီခွင်ဖွားလဲ အချစ်ရေးအခြေအနေကရော ဘယ်လိုရှိလဲဆိုတာကို ပြောသွားခဲ့ဦးနော်… တစ်ခုရှိတာက ယောင်းရဲ့ ကံကြမ္မာကို ယောင်းကိုယ်တိုင် ဖန်တီးတယ်ဆိုတာ မမေ့ပါနဲ့နော်.. ဒီဟောတမ်းတွေက ဘယ်လိုပဲ ပြောနေပါစေ၊ ယောင်းရဲ့ ရွေးချယ်မှုနဲ့ စိတ်ဓာတ်ပေါ်မူတည်ပြီး ယောင်းရဲ့ ကံကြမ္မာအခြေအနေက ပြောင်းလဲမှာပါလို့…

Hnin Ei Oo (For Her Myanmar)

References : romperspeakingtree

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *