ရည္းစားေဟာင္းကို လြမ္းေနတဲ့အခ်ိန္ လံုးဝနားမေထာင္သင့္တဲ့ သီခ်င္း (၆) ပုဒ္

အခ်စ္သစ္ပင္ဆိုတာလည္း သူ႔ဘက္က အျမစ္ကေနစၿပီး ဘာမွမက်န္ေအာင္ ႏႈတ္သြားတတ္တယ္ဆိုေပမဲ့ ကိုယ့္ဘက္က တစ္စတစ္စ အျမစ္ေတြ ပိုပြားတာမ်ိဳးျဖစ္တတ္တယ္မလား?

ဘဝမွာ သိပ္ခ်စ္ရေပမဲ့ အေၾကာင္းေၾကာင္းေၾကာင့္ ခြဲခြာေနရတဲ့ ခ်စ္သူေတြ ရွိၾကမွာပဲေနာ္။ သူကေတာ့ ဘဝအသစ္တစ္ခုကို ကိုယ္မဟုတ္တဲ့ တျခားမိန္းကေလးတစ္ေယာက္ လက္ကိုတြဲ လွလွပပနဲ႔ ျဖတ္သန္းၿပီး ေနႏိုင္ၿပီဆိုေပမဲ့ ကိုယ္ကေတာ့ ဒဏ္ရာဒဏ္ခ်က္ေပါင္းမ်ားစြာ…. သူ႔နာမည္ေလး ေလသံေလာက္ ၾကားလိုက္ရံုနဲ႔ ဘယ္ဘက္ရင္အံုတစ္ျခမ္းက ေအာင့္တက္လာတယ္ဆိုရင္ ဒီေဆာင္းပါးထဲမွာပါတဲ့ သီခ်င္း (၆) ပုဒ္ကို ေယာင္လို႔ေတာင္ နားမေထာင္သင့္ပါဘူးေနာ္။

(၁) “I Don’t Wanna See You with Her” by Maria Mena

‘They say u have a new love. I’m happy for u girl. I just don’t wanna meet her.’ ‘သူတို႔ေတြေျပာၾကတာေတာ့ မင္းမွာ ေကာင္မေလးအသစ္တစ္ေယာက္ရွိေနၿပီ၊ ငါမင္းအတြက္ေပ်ာ္ေပးပါတယ္ ဒါေပမဲ့လည္း သူ႔ကို မင္းနဲ႔အတူမေတြ႔ခ်င္ဘူး။’ အို… ဘယ္လိုေတာင္ ထိရွတဲ့ စာသားေလးလဲ။ သူေပ်ာ္ေနရတာျမင္လို႔ ကိုယ္လည္းေပ်ာ္ေပမဲ့ အဲဒီအၿပံဳးေတြကို ယူေဆာင္ေပးတဲ့ ေကာင္မေလးကိုလည္း ကိုယ္ခ်စ္တဲ့လူနဲ႔ အတူတူတြဲသြား တြဲလာေနတာကို မျမင္ခ်င္ပါဘူးတဲ့။ ဒီခံစားခ်က္ကို ကိုယ္ခ်စ္တဲ့လူ ဘဝအသစ္စေနၿပီဆိုတာ သိတဲ့အခ်ိန္ ခံစားဖူးၾကမွာပါ။

(၂) “Happier” by Ed Sheeran

ကိုယ့္ရည္းစားက ကိုယ္နဲ႔လမ္းခြဲၿပီး တစ္လေလာက္အၾကာမွာ တျခားတစ္ေယာက္ေဘး ၿပံဳးေပ်ာ္ေနတဲ့ သူ႔မ်က္ႏွာကို ျမင္လိုက္ရတဲ့အခ်ိန္ အလဲလဲအၿပိဳၿပိဳျဖစ္ရတဲ့ သူ႔ခံစားခ်က္ကို ဒီသီခ်င္းထဲမွာ ေရးဖြဲ႕ထားတာျဖစ္ပါတယ္။ ‘ငါမင္းကိုနာက်င္ေစသလိုမ်ိဳး တျခား ဘယ္တစ္ဦးတစ္ေယာက္က နာက်င္ေစမွာမဟုတ္ပါဘူး၊ မင္းက ငါ့ထက္ပိုေကာင္းတဲ့ လူတစ္ေယာက္နဲ႔ ထိုက္တန္တာ ငါသိေပမဲ့ ငါမင္းကိုခ်စ္ေနတုန္းပဲ’ (‘Ain’t nobody hurt u like I hurt u. Ain’t nobody need u like I do. I know that there’s others that deserve u. But darling I’m still in love with u’) ဆိုတဲ့ စာသားေလးအပါအဝင္ တျခားစာသားေလးေတြကလည္း ေယာင္းတို႔ရဲ႕ဘယ္ဘက္ရင္အံုကို ဆစ္ကနဲ ေအာင့္ေစမွာပါ။

(၃) “Feel Me” by Selena Gomez

လူငယ္ေတြ အသည္းစြဲ ကမာၻေက်ာ္အဆိုေတာ္တစ္ဦးရဲ႕ ရည္းစားေဟာင္းျဖစ္တဲ့ Selena ေလးကလည္း ဒီသီခ်င္းကို တရားဝင္မထုတ္ထားေပမဲ့ ရႈိးပြဲတစ္ခုမွာ သူ႔ရင္တြင္းခံစားခ်က္ အလံုးစံုကို ေပ်ာ္ဝင္ၿပီး ႏွလံုးသားနဲ႔ ရငး္ ေရးထားတာပါလို႔ ေျပာခဲ့ပါတယ္။ တျခားရင္ခြင္ထဲမွာ ေပ်ာ္ေနမယ့္ ခ်စ္သူက သူ(မ)မဟုတ္တဲ့ တျခားမိန္းကေလးတစ္ေယာက္ရဲ႕ ႏႈတ္ခမ္းေတြ နမ္းတဲ့အခ်ိန္၊ သူ(မ)မဟုတ္တဲ့ တျခားမိန္းကေလးတစ္ေယာက္နဲ႔ တြဲကတဲ့အခ်ိန္ အဲ့ဒီလိုအခ်ိန္ေတြမွာ သူ႔ရင္ထဲကိုဝင္ၿပီး ခဏခံစားၾကည့္ေပးပါ (Everytime your lips touch another, I want u to feel me. Everytime u dance with somebody, I want u to feel me)လို႔ ဆိုထားပါတယ္။ နင့္ေနေအာင္ခံစားေနရတဲ့ သူ႔ရင္ဘတ္ႀကီးကို ခဏငွားလိုက္ခ်င္ပံုပါပဲ။

Related Article >>> ဒီသီခ်င္းေတြကို နားမေထာင္ဖူးေသးရင္ ေယာင္းတို႔ ေတာ္ေတာ္ေခတ္ေနာက္က်ေနၿပီေနာ္

(၄) “Stay” by Miley Cyrus

‘Well I tried to live without u, but tears fall from my eyes. I’m alone & I feel empty. God I’m torn apart inside’ (မင္း မရွိတဲ့ဘဝတစ္ခုမွာ ငါေနတတ္ေအာင္ေနဖို႔ ႀကိဳးစားခဲ့ေပမဲ့ မ်က္ရည္ေတြကေတာ့ တစ္လိမ့္လိမ့္က်ေနတုန္းပဲ၊ ငါအရမ္းအထီးက်န္ၿပီး ရင္ဘတ္ထဲမွာလည္း စုတ္ျပတ္သတ္ေနတာပဲကြာ။) ဒီသီခ်င္းေလးကေတာ့ မိုင္ေလးရဲ႕ သီခ်င္းေဟာင္းဆိုေပမဲ့ ေတာ္ေတာ္ကို အဓိပၸာယ္ရွိတဲ့ သီခ်င္းေလးပါ။ ကိုယ့္အမွားေတြေၾကာင့္ သူ႔ကို ဆံုးရႈံးလိုက္ရေပမဲ့ တစ္ရက္ထက္ တစ္ရက္ သူ႔ကိုပိုခ်စ္ၿပီး သူမရွိရင္ မေနတတ္ေတာ့တဲ့ဘဝမွာ ေနသားမက်ေတာ့တဲ့အေၾကာင္း၊ ေတာင္းဆုတစ္ခုျပဳရရင္ သူ႔ကိုပဲ ျပန္လိုခ်င္ေၾကာင္း ဆို႔နင္႔ၿပီး ေရးဖြဲ႔ထားတဲ့ သီခ်င္းေကာင္းေလး ျဖစ္ပါတယ္။ မိုင္ေလး အသံကလည္း သီခ်င္းထဲမွာ အက္ကြဲကြဲနဲ႔မို႔ ႏွင္းေတာင္နားေထာင္ရင္း မ်က္ရည္ေတြဝဲလာရတယ္။

(၅) “My Immortal” by Evanescence

အမ်ိဳးသမီး Rock အဆိုရွင္ Evanescence ရဲ႕ အသည္းကြဲ သီခ်င္းတစ္ပုဒ္ပါ။ ‘မင္းထြက္သြားၿပီဆိုတာကို လက္ခံဖို႔ ငါ့ကိုယ္ငါ အႀကိမ္ေပါင္းေထာင္ေသာင္းမက ေျပာခဲ့ေပမဲ့ ငါ့အေတြးထဲမွာေတာ့ မငး္ကို ငါနဲ႔အတူရွိေနသလိုပဲခံစားေနရေသးတယ္။’ (I’ve tried so hard to tell myself that you’re gone. But though you’re still with me. I’ve been alone all along) အဲဒီစာသားအရေတာ့ အျပင္မွာ ကိုယ္က သူ႔အနားရွိမေနႏိုင္ေတာ့ေပမဲ့ အေတြးထဲမွာေတာ့ သူ႔အနားပဲ ကပ္တြယ္ေနမိတာေၾကာင့္ ရူးမတတ္ စိတ္ထိခိုက္ေနတဲ့အေၾကာင္း ေျပာထားတာပါ။ သီခ်င္းေခါင္းစဥ္ My Immortal ဆိုတဲ့စကားလံုးကလည္း ‘ငါ့ရဲ႕ ထာဝရမေသႏိုင္ေသာ’ တဲ့။

(၆) “My Dilemma” by Selena Gomez

Here’s my dilemma. One half of me wants ya. And the other half wants to forget’ (မင္းကငါ့ရဲ႕ ေဝခြဲမရတဲ့ နာက်င္မႈပါပဲ။ တစ္ဘက္မွာေတာ့ မင္းဆီက ေျပးထြက္ခ်င္ေပမဲ့ တစ္ဘက္မွာေတာ့ မင္းကိုငါ မခြဲခြာႏိုင္ျဖစ္ေနတယ္။) ဆက္သြားရမလား၊ ေရာက္တဲ့ေနရာမွာ တန္႔ေနရမလားဆိုၿပီး ေဝခြဲမရတဲ့ ဒြိဟၾကားမွာ တစ္ေယာက္တည္း တဝဲလည္လည္ျဖစ္ေနတယ္ဆိုတဲ့အေၾကာင္း စပ္ဆိုထားတာပါ။ ကိုယ့္ကို လိမ္ေနမွန္း သိသိလ်က္နဲ႔ ကိုယ့္ကို ထိခိုက္မွာဆိုးလို႔ လိမ္ခဲ့တာဆိုၿပီး အေကာင္းအဆိုး ၾကား ဗ်ာမ်ားေနတဲ့ ေကာင္မေလးတစ္ေယာက္က သူ႔ရင္တြင္းခံစားခ်က္ေတြကို သူမ်ားတစ္ေယာက္ကို ရင္ဖြင့္သလို ဆိုထားတာျဖစ္ပါတယ္။

Related Article >>> စိတ္အားတက္ၾကြစရာ အဂၤလိပ္သီခ်င္းမ်ား

ဒီသီခ်င္း (၆) ပုဒ္ကေတာ့ ထင္ထားသေလာက္ မေက်ာ္ၾကားခဲ့တဲ့ သီခ်င္းေကာင္းေတြပါ။ ကိုယ္ခ်စ္တဲ့လူက တျခားမိန္းကေလးတစ္ေယာက္နဲ႔ ေပ်ာ္ေနတာကို ေတြ႔ရတဲ့ဒုကၡ၊ သံေယာဇဥ္ မကုန္ေသးတဲ့ဘဝမွာ သူ႔ကို အရင္လို အနားမွာျပန္ရွိေစခ်င္တဲ့ ဒုကၡ၊ သူနဲ႔ကိုယ္ ကြဲကြာေနၿပီျဖစ္ေပမဲ့ ကိုယ့္ႏွလံုးသားထဲမွာ သူကအျမစ္တြယ္ၿပီး စိုက္ေနဆဲ ျဖစ္တဲ့ဒုကၡေတြကို ေရးဖြဲ႔ထားတာမို႔ စကားလံုးတစ္လံုးခ်င္းစီက ကိုယ့္ရင္ဘတ္ထဲကို စူးနစ္ၿပီးဝင္လာမွာပါ။ ဒါေၾကာင့္ အတိတ္ႏြံထဲကေန ရုန္းမထြက္ႏိုင္ေသးဘဲ သက္ဆိုင္သူကို သတိရေနေသးတယ္ဆိုရင္ ဒီသီခ်င္းေတြကို နားမေထာင္ပါနဲ႔ေနာ္။ 

ကိုယ္က အတိတ္ေတြထဲမွာ ပိတ္မိၿပီး အခ်စ္သစ္လည္းမရွာ၊ အခ်စ္ေဟာင္းကိုပဲ လြမ္းတသသျဖစ္ၿပီး စင္ဂယ္လ္ဘဝမွာ ေယာင္လည္လည္ ျဖစ္ေနတယ္ဆိုရင္၊ ခ်စ္သူမ်ားေန႔မွာ ဒဏ္ရာေဟာင္းေတြကို ျပန္သတိရေနႏိုင္တယ္လို႔ ထင္ရင္ အက္ဒ္မင္တို႔ For Her Myanmar က လုပ္မယ့္ Singles’ Night ပြဲေလးကို လာခဲ့ၾကပါလို႔ ဖိတ္ေခၚပါတယ္ ေယာင္းတို႔ေရ… ပြဲကေတာ့ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔မွာ ဆီဒိုးနားမွာ လုပ္မွာပါေနာ္.. အေသးစိတ္ကို သိခ်င္တယ္ဆိုရင္ေတာ့ ဒီလင့္ခ္ေလးမွာ ၾကည့္လုိ႔ရၿပီး ပြဲတက္မယ္လို႔ စဥ္းစားရင္ေတာ့ ဒီလင့္ခ္ေလးမွာ Register လုပ္လို႔ ရပါတယ္လို႔…

 

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

အချစ်သစ်ပင်ဆိုတာလည်း သူ့ဘက်က အမြစ်ကနေစပြီး ဘာမှမကျန်အောင် နှုတ်သွားတတ်တယ်ဆိုပေမဲ့ ကိုယ့်ဘက်က တစ်စတစ်စ အမြစ်တွေ ပိုပွားတာမျိုးဖြစ်တတ်တယ်မလား?

ဘဝမှာ သိပ်ချစ်ရပေမဲ့ အကြောင်းကြောင်းကြောင့် ခွဲခွာနေရတဲ့ ချစ်သူတွေ ရှိကြမှာပဲနော်။ သူကတော့ ဘဝအသစ်တစ်ခုကို ကိုယ်မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက် လက်ကိုတွဲ လှလှပပနဲ့ ဖြတ်သန်းပြီး နေနိုင်ပြီဆိုပေမဲ့ ကိုယ်ကတော့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ…. သူ့နာမည်လေး လေသံလောက် ကြားလိုက်ရုံနဲ့ ဘယ်ဘက်ရင်အုံတစ်ခြမ်းက အောင့်တက်လာတယ်ဆိုရင် ဒီဆောင်းပါးထဲမှာပါတဲ့ သီချင်း (၆) ပုဒ်ကို ယောင်လို့တောင် နားမထောင်သင့်ပါဘူးနော်။

(၁) “I Don’t Wanna See You with Her” by Maria Mena

‘They say u have a new love. I’m happy for u girl. I just don’t wanna meet her.’ ‘သူတို့တွေပြောကြတာတော့ မင်းမှာ ကောင်မလေးအသစ်တစ်ယောက်ရှိနေပြီ၊ ငါမင်းအတွက်ပျော်ပေးပါတယ် ဒါပေမဲ့လည်း သူ့ကို မင်းနဲ့အတူမတွေ့ချင်ဘူး။’ အို… ဘယ်လိုတောင် ထိရှတဲ့ စာသားလေးလဲ။ သူပျော်နေရတာမြင်လို့ ကိုယ်လည်းပျော်ပေမဲ့ အဲဒီအပြုံးတွေကို ယူဆောင်ပေးတဲ့ ကောင်မလေးကိုလည်း ကိုယ်ချစ်တဲ့လူနဲ့ အတူတူတွဲသွား တွဲလာနေတာကို မမြင်ချင်ပါဘူးတဲ့။ ဒီခံစားချက်ကို ကိုယ်ချစ်တဲ့လူ ဘဝအသစ်စနေပြီဆိုတာ သိတဲ့အချိန် ခံစားဖူးကြမှာပါ။

(၂) “Happier” by Ed Sheeran

ကိုယ့်ရည်းစားက ကိုယ်နဲ့လမ်းခွဲပြီး တစ်လလောက်အကြာမှာ တခြားတစ်ယောက်ဘေး ပြုံးပျော်နေတဲ့ သူ့မျက်နှာကို မြင်လိုက်ရတဲ့အချိန် အလဲလဲအပြိုပြိုဖြစ်ရတဲ့ သူ့ခံစားချက်ကို ဒီသီချင်းထဲမှာ ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ‘ငါမင်းကိုနာကျင်စေသလိုမျိုး တခြား ဘယ်တစ်ဦးတစ်ယောက်က နာကျင်စေမှာမဟုတ်ပါဘူး၊ မင်းက ငါ့ထက်ပိုကောင်းတဲ့ လူတစ်ယောက်နဲ့ ထိုက်တန်တာ ငါသိပေမဲ့ ငါမင်းကိုချစ်နေတုန်းပဲ’ (‘Ain’t nobody hurt u like I hurt u. Ain’t nobody need u like I do. I know that there’s others that deserve u. But darling I’m still in love with u’) ဆိုတဲ့ စာသားလေးအပါအဝင် တခြားစာသားလေးတွေကလည်း ယောင်းတို့ရဲ့ဘယ်ဘက်ရင်အုံကို ဆစ်ကနဲ အောင့်စေမှာပါ။

(၃) “Feel Me” by Selena Gomez

လူငယ်တွေ အသည်းစွဲ ကမ္ဘာကျော်အဆိုတော်တစ်ဦးရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Selena လေးကလည်း ဒီသီချင်းကို တရားဝင်မထုတ်ထားပေမဲ့ ရှိုးပွဲတစ်ခုမှာ သူ့ရင်တွင်းခံစားချက် အလုံးစုံကို ပျော်ဝင်ပြီး နှလုံးသားနဲ့ ရင်း ရေးထားတာပါလို့ ပြောခဲ့ပါတယ်။ တခြားရင်ခွင်ထဲမှာ ပျော်နေမယ့် ချစ်သူက သူ(မ)မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းတွေ နမ်းတဲ့အချိန်၊ သူ(မ)မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်နဲ့ တွဲကတဲ့အချိန် အဲ့ဒီလိုအချိန်တွေမှာ သူ့ရင်ထဲကိုဝင်ပြီး ခဏခံစားကြည့်ပေးပါ (Everytime your lips touch another, I want u to feel me. Everytime u dance with somebody, I want u to feel me)လို့ ဆိုထားပါတယ်။ နင့်နေအောင်ခံစားနေရတဲ့ သူ့ရင်ဘတ်ကြီးကို ခဏငှားလိုက်ချင်ပုံပါပဲ။

Related Article >>> ဒီသီချင်းတွေကို နားမထောင်ဖူးသေးရင် ယောင်းတို့ တော်တော်ခေတ်နောက်ကျနေပြီနော်

(၄) “Stay” by Miley Cyrus

‘Well I tried to live without u, but tears fall from my eyes. I’m alone & I feel empty. God I’m torn apart inside’ (မင်း မရှိတဲ့ဘဝတစ်ခုမှာ ငါနေတတ်အောင်နေဖို့ ကြိုးစားခဲ့ပေမဲ့ မျက်ရည်တွေကတော့ တစ်လိမ့်လိမ့်ကျနေတုန်းပဲ၊ ငါအရမ်းအထီးကျန်ပြီး ရင်ဘတ်ထဲမှာလည်း စုတ်ပြတ်သတ်နေတာပဲကွာ။) ဒီသီချင်းလေးကတော့ မိုင်လေးရဲ့ သီချင်းဟောင်းဆိုပေမဲ့ တော်တော်ကို အဓိပ္ပာယ်ရှိတဲ့ သီချင်းလေးပါ။ ကိုယ့်အမှားတွေကြောင့် သူ့ကို ဆုံးရှုံးလိုက်ရပေမဲ့ တစ်ရက်ထက် တစ်ရက် သူ့ကိုပိုချစ်ပြီး သူမရှိရင် မနေတတ်တော့တဲ့ဘဝမှာ နေသားမကျတော့တဲ့အကြောင်း၊ တောင်းဆုတစ်ခုပြုရရင် သူ့ကိုပဲ ပြန်လိုချင်ကြောင်း ဆို့နင့်ပြီး ရေးဖွဲ့ထားတဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။ မိုင်လေး အသံကလည်း သီချင်းထဲမှာ အက်ကွဲကွဲနဲ့မို့ နှင်းတောင်နားထောင်ရင်း မျက်ရည်တွေဝဲလာရတယ်။

(၅) “My Immortal” by Evanescence

အမျိုးသမီး Rock အဆိုရှင် Evanescence ရဲ့ အသည်းကွဲ သီချင်းတစ်ပုဒ်ပါ။ ‘မင်းထွက်သွားပြီဆိုတာကို လက်ခံဖို့ ငါ့ကိုယ်ငါ အကြိမ်ပေါင်းထောင်သောင်းမက ပြောခဲ့ပေမဲ့ ငါ့အတွေးထဲမှာတော့ မင်းကို ငါနဲ့အတူရှိနေသလိုပဲခံစားနေရသေးတယ်။’ (I’ve tried so hard to tell myself that you’re gone. But though you’re still with me. I’ve been alone all along) အဲဒီစာသားအရတော့ အပြင်မှာ ကိုယ်က သူ့အနားရှိမနေနိုင်တော့ပေမဲ့ အတွေးထဲမှာတော့ သူ့အနားပဲ ကပ်တွယ်နေမိတာကြောင့် ရူးမတတ် စိတ်ထိခိုက်နေတဲ့အကြောင်း ပြောထားတာပါ။ သီချင်းခေါင်းစဉ် My Immortal ဆိုတဲ့စကားလုံးကလည်း ‘ငါ့ရဲ့ ထာဝရမသေနိုင်သော’ တဲ့။

(၆) “My Dilemma” by Selena Gomez

‘Here’s my dilemma. One half of me wants ya. And the other half wants to forget’ (မင်းကငါ့ရဲ့ ဝေခွဲမရတဲ့ နာကျင်မှုပါပဲ။ တစ်ဘက်မှာတော့ မင်းဆီက ပြေးထွက်ချင်ပေမဲ့ တစ်ဘက်မှာတော့ မင်းကိုငါ မခွဲခွာနိုင်ဖြစ်နေတယ်။) ဆက်သွားရမလား၊ ရောက်တဲ့နေရာမှာ တန့်နေရမလားဆိုပြီး ဝေခွဲမရတဲ့ ဒွိဟကြားမှာ တစ်ယောက်တည်း တဝဲလည်လည်ဖြစ်နေတယ်ဆိုတဲ့အကြောင်း စပ်ဆိုထားတာပါ။ ကိုယ့်ကို လိမ်နေမှန်း သိသိလျက်နဲ့ ကိုယ့်ကို ထိခိုက်မှာဆိုးလို့ လိမ်ခဲ့တာဆိုပြီး အကောင်းအဆိုး ကြား ဗျာများနေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရင်တွင်းခံစားချက်တွေကို သူများတစ်ယောက်ကို ရင်ဖွင့်သလို ဆိုထားတာဖြစ်ပါတယ်။

Related Article >>> စိတ်အားတက်ကြွစရာ အင်္ဂလိပ်သီချင်းများ

ဒီသီချင်း (၆) ပုဒ်ကတော့ ထင်ထားသလောက် မကျော်ကြားခဲ့တဲ့ သီချင်းကောင်းတွေပါ။ ကိုယ်ချစ်တဲ့လူက တခြားမိန်းကလေးတစ်ယောက်နဲ့ ပျော်နေတာကို တွေ့ရတဲ့ဒုက္ခ၊ သံယောဇဉ် မကုန်သေးတဲ့ဘဝမှာ သူ့ကို အရင်လို အနားမှာပြန်ရှိစေချင်တဲ့ ဒုက္ခ၊ သူနဲ့ကိုယ် ကွဲကွာနေပြီဖြစ်ပေမဲ့ ကိုယ့်နှလုံးသားထဲမှာ သူကအမြစ်တွယ်ပြီး စိုက်နေဆဲ ဖြစ်တဲ့ဒုက္ခတွေကို ရေးဖွဲ့ထားတာမို့ စကားလုံးတစ်လုံးချင်းစီက ကိုယ့်ရင်ဘတ်ထဲကို စူးနစ်ပြီးဝင်လာမှာပါ။ ဒါကြောင့် အတိတ်နွံထဲကနေ ရုန်းမထွက်နိုင်သေးဘဲ သက်ဆိုင်သူကို သတိရနေသေးတယ်ဆိုရင် ဒီသီချင်းတွေကို နားမထောင်ပါနဲ့နော်။

ကိုယ်က အတိတ်တွေထဲမှာ ပိတ်မိပြီး အချစ်သစ်လည်းမရှာ၊ အချစ်ဟောင်းကိုပဲ လွမ်းတသသဖြစ်ပြီး စင်ဂယ်လ်ဘဝမှာ ယောင်လည်လည် ဖြစ်နေတယ်ဆိုရင်၊ ချစ်သူများနေ့မှာ ဒဏ်ရာဟောင်းတွေကို ပြန်သတိရနေနိုင်တယ်လို့ ထင်ရင် အက်ဒ်မင်တို့ For Her Myanmar က လုပ်မယ့် Singles’ Night ပွဲလေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ် ယောင်းတို့ရေ… ပွဲကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဆီဒိုးနားမှာ လုပ်မှာပါနော်.. အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးမှာ ကြည့်လို့ရပြီး ပွဲတက်မယ်လို့ စဉ်းစားရင်တော့ ဒီလင့်ခ်လေးမှာ Register လုပ်လို့ ရပါတယ်လို့…

ပျော်ရွှင်ပါစေယောင်းလေး။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed