လူတစ်ယောက်လိမ်နေတယ်ဆိုတာ သိနိုင်တဲ့အချက်(၅)ချက်

ဟင်းဟင်း.. ဒါမျိုးနဲ့တော့ လာမစမ်းနက်.. သေဝါးမေ ရှင်ဝါးမေ မသေမရှင်ဖြစ်ဝါးမေ :3

လူတွေက ဟန်ဆောင်ကောင်းကြတယ်မဟုတ်လား… နှုတ်ခမ်းကပြုံးနေပေမဲ့ မျက်လုံးက ငိုနေသလို အယ်လယ် 😛 တကယ်တော့ လူတွေဟာ လိမ်စရာမရှိရင်တောင် ကိုယ့်ကိုယ်ကိုယ်ပြန်လိမ်နေတတ်တဲ့အမျိုးတဲ့.. ဟုတ်လားတော့မသိ 😀 ဆိုတော့ ကိုယ့်ကိုယ်ကိုယ်လိမ်နေတဲ့လူတွေကတော့ အခြားတစ်ယောက်ကို လိမ်ဖို့ဆိုတာလည်း အေးဆေးပေါ့လေ.. အဲ့တော့ ကိုယ့်ကို လူတစ်ယောက် လိမ်နေလား ၊ အမှန်ပြောနေလား ဝေခွဲမရဖြစ်နေခဲ့ရင် သူ့ရဲ့အချို့အပြုအမူတွေကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်တဲ့… လိမ်ပြောနေတဲ့ လူတစ်ယောက်ရဲ့အမူအကျင့်တွေက…

၁။ မျက်လုံးချင်းဆုံတဲ့ အကြည့်

လိမ်တဲ့သူတွေက ကိုယ့်ရဲ့မျက်လုံးကိုစိုက်မကြည့်ရဲဘူးလို့ လူတွေက ပြောကြတယ်မှတ်လား။ ဒီတော့ တစ်ချို့ ဝါရင့်တဲ့သူတွေက လိမ်နေတာကို ရိပ်မိမှာစိုးလို့ လုံးဝအကြည့်မလွှဲဘဲ စိုက်ကြည့်ပြီး ပြောကြပါတယ်။ အမှန်အတိုင်းပြောနေတာမို့ မျက်လုံးချင်းဆုံ စကားပြောတဲ့သူနဲ့ လိမ်နေတာရိပ်မိမှာစိုးလို့ အတင်းစိုက်ကြည့်ပြောနေတဲ့သူ အကွာကြီးပါ။

၂။ ဘယ်ကိုကြည့်နေလဲ

လေ့လာချက်တွေအရ လူတွေကလိမ်တော့မယ်ဆိုရင် ညာဘက်ကိုကြည့်လေ့ ရှိပါတယ်တဲ့။ တစ်ခုခုပြောခါနီး ညာဘက်ကိုကြည့်လိုက်ရင် လိမ်တာ ၉၀ရာခိုင်နှုန်းသေချာပြီး ဘယ်ဘက်ကိုကြည့်ရင်တော့ အမှန်အတိုင်းပြောတာပါတဲ့။ ဘာလို့လဲဆိုတော့ လူတွေရဲ့ ဦးနှောက်ညာဘက်အခြမ်းဟာ စိတ်ကူးယဉ်ပုံဖော်နိုင်တာကြောင့် လူတွေက လိမ်ဖို့အကြောင်းအရာကို စဉ်းစားတဲ့အခါ ညာဘက်ကိုကြည့်ကြတာပါ။

Related Article >>> လက်မထပ်သင့်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အကျင့် (၆)ခု

၃။ နှုတ်ခမ်း ဒါမှမဟုတ် မျက်နှာကိုအုပ်ထားရင်

စကားပြောနေရင်းနဲ့ လက်တစ်ဖက်က မသိမသာ နှုတ်ခမ်းကို ခဏခဏအုပ်လိုက်တာမျိုး ၊ ဒါမှမဟုတ် မျက်နှာကိုအုပ်လိုက်တာမျိုးဆို ဒီလူဟာ ကိုယ့်ကို ပြောစရာတွေ ထိမ်ချန်ပြီးပြောနေတာလို့ ယူဆလို့ရပါတယ်။ ကိုယ့်ကို ဖုံးကွယ်စရာရှိနေတဲ့အတွက် စကားပြောနေရင်း လက်ကနှုတ်ခမ်းနားကို ရောက်သွားတာပါတဲ့။

၎။ ချောင်းဟန့်သံ

လိမ်မယ့်သူတစ်ယောက်က လိမ်မပြောခင် ချောင်းခဏခဏ ဟန့်လေ့ရှိပါတယ်။ စိတ်ပညာရှင်တွေ ပြောကြတာက ချောင်းဟန့်လိုက်တဲ့ချိန်ခဏမှာ လိမ်ဖို့အတွက် စကားတွေကို အမြန်စဉ်းစားလိုက်တာ ဖြစ်တယ်လို့ ပြောကြပါတယ်။ သူတို့ကို အာရုံစိုက်မှုခံချင်လို့ ချောင်းဟန့်တာလို့လည်း ပြောကြပါတယ်။

၅။အများကြီး ရှင်းပြနေတဲ့အခါ

ကိုယ်ကမေးခွန်းတစ်ခုပဲ မေးလိုက်ပေမဲ့ တစ်ဘက်လူက အမှန်အတိုင်းမဖြေရဲတဲ့အခါ လိမ်ကြပါတယ်။ ကိုယ်မေးတာကို အရှည်ကြီးတွေ ရှင်းပြပြီး ဖြေနေတယ်ဆို ဒီလူကလိမ်နေတာပါ။ သူတို့လိမ်နေတာကို တကယ် ယုတ္တိရှိသွားအောင် အရှည်ကြီးတွေ ရှင်းပြကြတာပါ။

လူတွေမှာ ဆဋ္ဌမအာရုံဆိုတာ ရှိကိုရှိပါတယ်။ မသိစိတ်က ကိုယ့်ကို လိမ်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ့်ရဲ့မသိစိတ်ကို ယုံကြည်လိုက်ပါ။ အလုံးစုံယုံကြည်ခိုင်းတာတော့ မဟုတ်ဘူးပေါ့လေ.. လိမ်နေတယ်လို့ ခံစားနေရတယ်ဆို အခုပြောတဲ့အချက်တွေနဲ့သာ ကိုက်ကြည့်လိုက်ပါ။ နှစ်ချက် လောက် ငြိနေပြီဆိုရင် အစ်ပြီးသာ မေးကြည့်လိုက်ပါ.. မိရင်တော့ …

လူလိမ်လူညာတွေရဲ့ဒဏ် ကင်းဝေးကြပါစေ ယောင်းတို့ရေ…

Hana(For Her Myanmar)

Reference : Grunge , Business Insider

No Comments Yet

Leave a Reply

Your email address will not be published.