FUN
ဘာဖြစ်လို့ တချို့တွေက ခရက်ရှ်ပဲထားပြီး ရည်းစားမလိုချင်ရတာလဲ?
၁။ လွတ်လပ်ချင်လို့။
၃။ ချစ်ရမှာကြောက်လို့။
၎။ ကြေးများလို့။
၅။ နှလုံးသားကြီးလို့။
<<<Unicode>>>
မင်မင်ကတော့ တစ်ယောက်တည်းကို ကြောင်ရတာ အားမရလို့ 🤣
မရှိဘူး မရှိဘူး ခရက်ရှ်တစ်ခါမှ မထားဖူးဘူးဆိုတဲ့ယောင်းတွေ ဖော်ဟာမြန်မာဖန်ထဲမှာမရှိဘူး 😂 ဒါပေမဲ့ အက်ဒမင့်လို ရုပ်ချောရက်နဲ့ ရည်းစားမထားဖူးတဲ့ သူတွေတော့ ရှိကြမှာပါ 😜 ဘာဖြစ်လို့ ရည်းစားမထားလဲမေးရင် “ကြိုက်မယ့်သူမှမရှိတာ”လို့နောက်ရွှတ်ရွှတ်ဖြေတတ်ပေမဲ့ တကယ်ကတော့ နက်နဲတဲ့ တခြားအကြောင်းတွေရှိပါတယ်။
၁။ လွတ်လပ်ချင်လို့။
ခရက်ရှ်ထားတာ လွတ်လပ်ပါတယ် ယောင်းရေ။ အခုနေ သူ့ကိုခရက်ရှ်ပြီး နောက်ငါးမိနစ်နေ နောက်တစ်ယောက် ပြောင်းခရက်ရှ်လို့ ဘယ်သူမှစိတ်မဆိုးပါဘူး၊ ပြဿနာမရှာပါဘူး။ ရည်းစားထားသလို သူ့မျက်နှာတကြည့်ကြည့်နဲ့ အလိုက်တသိအောက်ကျို့ခံ စိတ်အပင်ပန်းခံစရာမလိုပါဘူး။ ဝမ်းဂိုးတူးခမ်း နိယာမပေါ့။
Related Article >>> Third wheel မဟုတ်တော့သော 7th wheel ကျွန်မ
၂။ ပိုရင်ခုန်စရာကောင်းလို့။
ချစ်သူဘဝမှာရတဲ့ ရင်ခုန်စရာထက် တစ်စုံတစ်ယောက်ကို တိတ်တခိုးလေးချစ်နေရတာက ပိုရင်ခုန်စရာ ကောင်းမှန်း ယောင်းတို့ကိုယ်တိုင်သိကြမှာပါ။ တချို့ကရည်းစားထားရတာထက် အဲဒီလို ရင်ခုန်နေရတာလေးကို ပိုသဘောကျကြတယ်။ ဒီလိုလူမျိုးဆိုရင် ခရက်ရှ်ကပြန်ကြိုက်လာရင်တောင် ခါချပြီး နောက်တစ်ယောက်ပြောင်းခရက်ရှ်မယ့်အမျိုး 🙄
၃။ ချစ်ရမှာကြောက်လို့။
ကိုယ်ချစ်တဲ့သူကို ဆုံးရှှုံးရမှာကြောက်တဲ့ သူတချို့ရှိပါတယ်။ ဘဝမှာအချစ်ကြောင့် နာကျင်သွားတဲ့သူတွေပေါ့။ အဲဒီလိုလူတွေက ခရက်ရှ်ပဲထားကြပါတော့တယ်။ များသောအားဖြင့် ဆယ်လီခရက်ရှ်တွေပေါ့။
၄။ ကြေးများလို့။
ကိုယ့်စိတ်ထဲ ပုံဖော်ထားတဲ့သူနဲ့ ထပ်တူကျတဲ့သူရှာမတွေ့လို့ ရည်းစားမထားတတ်တဲ့ သူတွေရှိပါတယ်။ ကိုယ့်အနားရောက်လာတဲ့သူက ဘယ်လောက်ပဲချောမောနေပါစေ ကိုယ်မကြိုက်တဲ့အချက်တစ်ချက် ရှာတွေ့လိုက်တာနဲ့ ဖီးငုပ်သွားပါပြီ။ ကိုယ်တကယ်သဘောကျတဲ့သူ ကျပြန်တော့လည်း ပိုင်ရှင်ရှိတာနဲ့၊ အသက်ငယ်တာနဲ့ ဘာနဲ့ညာနဲ့ နောက်ဆုံးတော့လည်း မဖြစ်နိုင်မှန်းသိသိနဲ့ ကိုယ်သဘောကျတဲ့သူကိုပဲ နှစ်နဲ့ချီပြီးခရက်ရှ်ရော 😎
Related Article >>> သူငယ်ချင်း အရင်းခေါက်ခေါက် ဆိုကြသူများ (Bff)
၅။ နှလုံးသားကြီးလို့။
တချို့က ဘူးချင်လို့ကို ရည်းစားမထားတာမျိုးရှိတယ်နော်။ ဖေ့စ်ဘုတ်မှာ ကောင်လေးချောချောမြင်ရင်ရှယ်မယ်၊ လမ်းမှာဖော်ရိန်နာ အရပ်ရှည်ရှည်ကြီးမြင်ရင် မျက်လုံးပြူးမျက်ဆံပြူးနဲ့ ငမ်းမယ်စသဖြင့် နှာခေါင်းလေ့ကျင့်ခန်းကို နေ့ညမပြတ်လုပ်နေရရင် ရည်းစားနဲ့မမြဲမှာကြောက်တယ်ထင်ပါရဲ့။ အဲဒီတော့လည်း တစ်မိနစ် ငါးယောက်နှုန်းနဲ့ နှာခေါင်းလေ့ကျင့်ခန်းဆက်လုပ်ရော။
စင်ဂယ်ယောင်းတို့ထဲမှာရော အက်ဒမင်ပြောတဲ့အချက်တွေနဲ့ တိုက်ဆိုင်တဲ့သူရှိကြလား 🤩 မဟုတ်ရင်လည်း ဘာကြောင့်ရည်းစားမထားဘဲ ခရက်ရှ်ပဲထားရလဲဆိုတာ မန့်ထဲမှာမျှဝေပေးခဲ့ပါဦး။
Christina (For Her Myanmar)
Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။
Leave a Reply
Your email address will not be published. Required fields are marked *