FUN

တအားလက္သရမ္းတဲ့ သူငယ္ခ်င္းကို bff ေတာ္ထားရတဲ့အခါ…

ေယာင္းတို႔သူငယ္ခ်င္းေတြထဲက လက္သရမ္းတတ္တဲ့ မန္းရွင္းေခၚလိုက္ၾကပါဦး…

ကိုယ္နဲ႔ေတြ႕ၿပီဆိုတာနဲ႔ တင္ပါးကို ျဖန္းခနဲ လွမ္းရိုက္လိုက္ ၊ ရင္ဘတ္နားကို ဘတ္ခနဲ ပုတ္လိုက္နဲ႔ လက္သရမ္းတတ္တဲ့ သူငယ္ခ်င္းမ်ိဳး ၾကံဳဖူးၾကလား ေယာင္းတို႔ေရ… မင္မင့္ေဘာ္ဒါေဘာ္ကၽြတ္ေတြထဲမွာေတာ့ ဒီလိုလက္သရမ္းတတ္တဲ့ေကာင္ေတြ အရမ္းေပါပဲ( သူမ်ားသာေျပာေနတာ မင္မင္ကိုယ္တိုင္လည္း ဒီ ပုပ္ထဲက ဒီပဲပါပဲ ..ဟိဟိ 😛 )

အေဆာင္မွာတူတူေနတဲ့ သူငယ္ခ်င္းေတြနဲ႔ဆို ပိုလို႔ဆိုးေသး …မင္မင္တို႔က အေဆာင္ခန္းထဲမွာ ေရခ်ိဳးခန္းအိမ္သာတြဲမပါေတာ့ ေထာင့္ဆုံးမွာေဆာက္ထားတဲ့ ေရခ်ိဳးခန္းဆီ ေရခ်ိဳးသြားရတယ္ရယ္… အာ့ေတာ့ အခန္းထဲမွာ အဝတ္ေတြလဲသြားရတာေလ .. အဝတ္လဲမယ့္အခ်ိန္ဆို ဘယ္နားကဝင္လာၿပီး စေနာက္လက္သရမ္းဦးမလဲဆိုၿပီး ဒီေကာင္ေတြကို ေၾကာက္လိုက္ရတာ အေမာ ..

Related Article >>> ေမတၱာတံုးစရာေကာင္းေသာ သူငယ္ခ်င္း(၇)မ်ိဳး

အဝတ္လဲၿပိဳင္ေနသလိုပဲ (ၿပိဳင္ပြဲသာရွိမယ္ဆို မင္မင္က ဗိုလ္စြဲေလာက္တယ္..) လဲေနတုန္း သူတို႔အရိပ္အေယာင္မ်ား ေတြ႕လိုက္ရင္ေတာ့ ဖေနာင့္နဲ႔တင္ပါး  တစ္သားတည္း က်ေအာင္သာ ေျပးေပေတာ့ပဲ…

ေျပးမလြတ္လို႔ လက္သရမ္းျပန္ေတာ့လည္း လက္နဲ႔တင္ အားမရၾကျပန္ဘူးေလ..ဟယ္ ကမႀကီး ကိတ္လိုက္တာေနာ္လို႔ မိန္းမအခ်င္းခ်င္း ၿမိန္ေရယွက္ေရေတြေျပာၿပီး နားကေလာေအာင္ စတာႀကီးက ရွိေသး.(ဒါေပသိ ..အကိတ္ဆို ႀကိတ္ၿပီးေက်နပ္မိတာေတာ့ ဝန္မခံလို႔မရျပန္ဘူး :3 )

ဒီလိုေဘာ္ဒါေတြနဲ႔ လက္သရမ္းတဲ့ပိုးက ကိုယ့္ဆီပါ ဓာတ္ကူးသြားေရာေလ.. မင္မင့္အိုပါးက မင္မင့္ထက္ႏွစ္ဆေလာက္ ပိုကိတ္ေနေတာ့ သူနဲ႔ေတြ႕တဲ့ေန႔ဆို တင္ပါးကို မသိမသာေလး ရိုက္လိုက္ရမွ (ေတာ္ေတာ္ဆိုးတဲ့ပိုး အာ့လိုေလးမွ လက္မသရမ္းရရင္ မရိုးမရြေတြကိုျဖစ္လို႔..) မင္မင္ကေတာ့ သူငယ္ခ်င္းေတြ လႊဲခ်တာပဲ.. နင္တို႔ဆီက ကူးတာတို႔ဘာတို႔.. သူတို႔ကလည္း နင္ကဓာတ္ခံကိုက ပါၿပီးသားမို႔လို႔ဆိုပဲ…ဒါကိုလည္း ျငင္းမရပါဘူးေလ…

Related Article >>> သူငယ္ခ်င္းမ်ား ရည္းစားရၿပီးေနာက္ ျဖစ္သြားတတ္ေသာ အခ်ိဳး(၅)မ်ိဳး

ဘာပဲေျပာေျပာပါ..လက္သရမ္းတဲ့ ေဘာ္ဒါေတြရွိတာက စိတ္အေႏွာင့္အယွက္ျဖစ္သေယာင္ေယာင္ ဘာေယာင္ေယာင္နဲ႔ တကယ္တမ္းေတာ့ အေတာ္ေလး ေပ်ာ္စရာေကာင္းပါတယ္.. ခ်စ္လို႔စတာဘာျဖစ္လဲဆိုတဲ့ ေခါင္းစဥ္ေအာက္မွာလည္း အေတာ္လည္းအကၽြမ္းတဝင္ျဖစ္ေနၿပီမို႔ သူတို႔နဲ႔ဆုံလို႔ ဒီလိုမျပဳမူရင္ေတာင္ ဟာတာတာႀကီးကိုျဖစ္လို႔.. ဟဲ့နင္ေနမေကာင္းဘူး.. စိတ္မမွန္ေတာ့ဘူးလားေတာင္ ေမးယူရတဲ့အထိပဲ…

ဘြင္းဘြင္းေျပာရရင္ မင္မင္ကေတာ့ သူငယ္ခ်င္းေတြထဲက ေပ်ာ္စရာတစ္ခုလို႔ ခံယူၿပီး သာယာမႈနဲ႔ သာသနာျပဳေနပါၿပီ… ေယာင္းတို႔ေဘာ္ဒါေတြၾကားမွာ ဒီလိုလက္သရမ္းတတ္သူေတြရွိ္ရင္လည္း မင္မင့္ကိုျပန္ၿပီး ေဖာက္သည္ခ်ေပးၾကပါဦး….

DiDi (For Her Myanmar)

<<< Unicode>>>

ယောင်းတို့သူငယ်ချင်းတွေထဲက လက်သရမ်းတတ်တဲ့ မန်းရှင်းခေါ်လိုက်ကြပါဦး…

ကိုယ်နဲ့တွေ့ပြီဆိုတာနဲ့ တင်ပါးကို ဖြန်းခနဲ လှမ်းရိုက်လိုက် ၊ ရင်ဘတ်နားကို ဘတ်ခနဲ ပုတ်လိုက်နဲ့ လက်သရမ်းတတ်တဲ့ သူငယ်ချင်းမျိုး ကြုံဖူးကြလား ယောင်းတို့ရေ… မင်မင့်ဘော်ဒါဘော်ကျွတ်တွေထဲမှာတော့ ဒီလိုလက်သရမ်းတတ်တဲ့ကောင်တွေ အရမ်းပေါပဲ( သူများသာပြောနေတာ မင်မင်ကိုယ်တိုင်လည်း ဒီ ပုပ်ထဲက ဒီပဲပါပဲ ..ဟိဟိ 😛 )

အဆောင်မှာတူတူနေတဲ့ သူငယ်ချင်းတွေနဲ့ဆို ပိုလို့ဆိုးသေး …မင်မင်တို့က အဆောင်ခန်းထဲမှာ ရေချိုးခန်းအိမ်သာတွဲမပါတော့ ထောင့်ဆုံးမှာဆောက်ထားတဲ့ ရေချိုးခန်းဆီ ရေချိုးသွားရတယ်ရယ်… အာ့တော့ အခန်းထဲမှာ အဝတ်တွေလဲသွားရတာလေ .. အဝတ်လဲမယ့်အချိန်ဆို ဘယ်နားကဝင်လာပြီး စနောက်လက်သရမ်းဦးမလဲဆိုပြီး ဒီကောင်တွေကို ကြောက်လိုက်ရတာ အမော ..

Related Article >>> မေတ္တာတုံးစရာကောင်းသော သူငယ်ချင်း(၇)မျိုး

အဝတ်လဲပြိုင်နေသလိုပဲ (ပြိုင်ပွဲသာရှိမယ်ဆို မင်မင်က ဗိုလ်စွဲလောက်တယ်..) လဲနေတုန်း သူတို့အရိပ်အယောင်များ တွေ့လိုက်ရင်တော့ ဖနောင့်နဲ့တင်ပါး  တစ်သားတည်း ကျအောင်သာ ပြေးပေတော့ပဲ…

ပြေးမလွတ်လို့ လက်သရမ်းပြန်တော့လည်း လက်နဲ့တင် အားမရကြပြန်ဘူးလေ..ဟယ် ကမကြီး ကိတ်လိုက်တာနော်လို့ မိန်းမအချင်းချင်း မြိန်ရေယှက်ရေတွေပြောပြီး နားကလောအောင် စတာကြီးက ရှိသေး.(ဒါပေသိ ..အကိတ်ဆို ကြိတ်ပြီးကျေနပ်မိတာတော့ ဝန်မခံလို့မရပြန်ဘူး :3 )

ဒီလိုဘော်ဒါတွေနဲ့ လက်သရမ်းတဲ့ပိုးက ကိုယ့်ဆီပါ ဓာတ်ကူးသွားရောလေ.. မင်မင့်အိုပါးက မင်မင့်ထက်နှစ်ဆလောက် ပိုကိတ်နေတော့ သူနဲ့တွေ့တဲ့နေ့ဆို တင်ပါးကို မသိမသာလေး ရိုက်လိုက်ရမှ (တော်တော်ဆိုးတဲ့ပိုး အာ့လိုလေးမှ လက်မသရမ်းရရင် မရိုးမရွတွေကိုဖြစ်လို့..) မင်မင်ကတော့ သူငယ်ချင်းတွေ လွှဲချတာပဲ.. နင်တို့ဆီက ကူးတာတို့ဘာတို့.. သူတို့ကလည်း နင်ကဓာတ်ခံကိုက ပါပြီးသားမို့လို့ဆိုပဲ…ဒါကိုလည်း ငြင်းမရပါဘူးလေ…

Related Article >>> သူငယ်ချင်းများ ရည်းစားရပြီးနောက် ဖြစ်သွားတတ်သော အချိုး(၅)မျိုး

ဘာပဲပြောပြောပါ..လက်သရမ်းတဲ့ ဘော်ဒါတွေရှိတာက စိတ်အနှောင့်အယှက်ဖြစ်သယောင်ယောင် ဘာယောင်ယောင်နဲ့ တကယ်တမ်းတော့ အတော်လေး ပျော်စရာကောင်းပါတယ်.. ချစ်လို့စတာဘာဖြစ်လဲဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အတော်လည်းအကျွမ်းတဝင်ဖြစ်နေပြီမို့ သူတို့နဲ့ဆုံလို့ ဒီလိုမပြုမူရင်တောင် ဟာတာတာကြီးကိုဖြစ်လို့.. ဟဲ့နင်နေမကောင်းဘူး.. စိတ်မမှန်တော့ဘူးလားတောင် မေးယူရတဲ့အထိပဲ…

ဘွင်းဘွင်းပြောရရင် မင်မင်ကတော့ သူငယ်ချင်းတွေထဲက ပျော်စရာတစ်ခုလို့ ခံယူပြီး သာယာမှုနဲ့ သာသနာပြုနေပါပြီ… ယောင်းတို့ဘော်ဒါတွေကြားမှာ ဒီလိုလက်သရမ်းတတ်သူတွေရှိရင်လည်း မင်မင့်ကိုပြန်ပြီး ဖောက်သည်ချပေးကြပါဦး….

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *