FUN

မနက္ေစာေစာမထခ်င္သူမ်ား ေစာေစာထရေသာအခါ …

ေစာေစာထရတာ ဘယ္ေလာက္ေၾကကြဲဝမ္းနည္းစရာေကာင္းလဲ မ်က္ရည္ခိုင္မွဖတ္ၾကည့္ေနာ္ 😛

အက္ဒ္မင္ကေလ ငယ္ငယ္ကတည္းက မနက္ေစာေစာထရမယ္ဆုိရင္ က်ားကို တုတ္နဲ႔ ထိုးရတာထက္ကို ေၾကာက္တာပါ။ ဒါေပမဲ့ ေက်ာင္းသူဆိုေတာ့ ေစာေစာထၿပီး စာက်က္ခဲ့ရတာေတြလည္း ႐ွိသေပါ့။ ဆယ္တန္းေအာင္ၿပီးကတည္းက ေစာေစာထျခင္းနဲ႔ မိမိ ေဝးကြာခဲ့တာေတာ္ေတာ္ၾကာခဲ့ပါတယ္ေလ။

အလုပ္ခြင္ဝင္ေတာ့လည္း ၇ နာရီေလာက္ထရရင္ကို ေစာလွၿပီလုိ႔ ထင္ေနခဲ့တာပါ။ ဒီလုိ ေစာေစာထရမွာေၾကာက္တဲ့ အက္ဒ္မင္တစ္ေယာက္ ေစာေစာထရဖုိ႔ ေနာက္ထပ္အေၾကာင္းဖန္လာျပန္ပါေတာ့တယ္။ ျဖစ္ပံုကေတာ့ ရန္ကုန္တကၠသိုလ္ရဲ႕ ဒီပလိုမာတန္းေတြဖြင့္တာက စပါတယ္။ ရန္ကုန္တကၠသိုလ္မွာ ဒီပလိုမာဘြဲ႕တစ္ခုရေအာင္ယူမယ္ဆုိတဲ့ အိပ္မက္တစ္ခုက အက္ဒ္မင္ ရန္ကုန္ေျမကို ေျခခ်ကတည္းက ႐ွိေနခဲ့တာပါ။

Related Article >>> ညဘက္ ေစာေစာနဲ႔ ျမန္ျမန္အိပ္ေပ်ာ္ႏိုင္ေစဖို႔

ဒီေတာ့ အခြင့္အေရးကို မလႊတ္တန္းဆုပ္ကိုင္ရင္း အက္ဒ္မင္တစ္ေယာက္ ရန္ကုန္တကၠသိုလ္ရဲ႕ ဒီပလိုမာတန္းေက်ာင္းသူတစ္ေယာက္ျဖစ္လာခဲ့တဲ့အခါ ပထမဆံုးေက်ာင္းရက္မွာတင္ အက္ဒ္မင္လ်စ္လ်ဴရႈထားခဲ့တဲ့ ေစာေစာထျခင္းနဲ႔ ရင္ဆုိင္ရေတာ့တာပါပဲ။

အဲဒီေန႔ မနက္မွာ ကာတြန္းေလးတစ္ခုထဲကလို အိပ္ယာေလးကပဲ ကိုယ့္ကို မသြားပါနဲ႔လုိ႔ ဆြဲထားသည့္အလား ႏိႈးစက္သံရဲ႕ ရက္စက္စြာလႈပ္ႏိုးျခင္းကို မနည္းအံတုရတာကလား။ ဘယ္လုိမွ ဆက္အိပ္လို႔မရဘူးဆုိတာ ေသခ်ာမွပဲ ကိုယ့္ကိုယ္ကိုယ္ မနည္းသယ္လုိ႔ ေရခ်ိဳးခန္းထဲကို ဆြဲေခၚရေတာ့တယ္။

ႏိႈးစက္သံေတြက ရက္စက္လြန္းပါတယ္

ဒါေတာင္ မ်က္စိက မဖြင့္ခ်င္သလိုလို၊ ဖြင့္ခ်င္သလုိလို၊ လူက လမ္းေလွ်ာက္ရင္း အိပ္မက္ေတြပဲ မက္ေနသလုိလုိ ကေယာင္ေခ်ာက္ခ်ားပါပဲေလ။ ဒီလုိနဲ႔ပဲ ပထမဆံုးေက်ာင္းရက္မွာ အက္ဒ္မင္ေနာက္က်ေတာ့တယ္ဆိုပါေတာ့။

Related Article >>> ညမအိပ္တဲ့ ဇီးကြက္ေလးေတြက ပိုၿပီးဉာဏ္ေကာင္းတယ္ဆိုပဲ

ပထမဆံုး ေက်ာင္းတက္ရတဲ့ တစ္လက တစ္ကယ့္ကို အိပ္မက္ဆိုးပါ။ နဂိုကတည္းက ညဆိုလူက မ်က္လံုးေၾကာင္ အိပ္ေဆးလည္း မကူႏိုင္ပါဘူးဆိုမွ မနက္ကလည္း အေစာႀကီးထရတယ္ဆိုေတာ့ စဥ္းစားသာၾကည့္ၾကေတာ့။ ညဘက္အိပ္ေရးပ်က္လုိ႔ အတန္းကို အိပ္ခ်င္မူးတူးနဲ႔ ေက်ာင္းသြား၊ ေက်ာင္းမွာေရာ အလုပ္မွာပါ ငိုက္တဲ့ ေန႔ေတြလည္း ႐ွိသေပါ့။ ဘုရား ဘုရား ဒီပို႔စ္ကို ရံုးက အယ္ဒီတာေတြ မဖတ္မိပါေစနဲ႔ 😛 (ဖတ္ၿပီးသြားပါေၾကာင္း :/ ပံု- အယ္ဒီတာ)

တခ်ိဳ႕ေန႔ေတြမ်ားဆို တစ္ညလံုးအိပ္မရ၊ မနက္က် ထမရတာနဲ႔ မထူးပါဘူး ေက်ာင္းပ်က္လုိက္ေတာ့မယ္ ဆိုၿပီး ေက်ာင္းေျပးတဲ့ ရက္ေတြလည္း ႐ွိျပန္ေရာ။ ဒီလိုနဲ႔ ေက်ာင္းတက္ရတာ တစ္လေက်ာ္လာမွ အက္ဒ္မင္တစ္ေယာက္ အသားက်လာပါေတာ့တယ္။

အခုေတာ့ အက္ဒမင္တစ္ေယာက္ ညဘက္ေတြလည္း ေကာင္းေကာင္းအိပ္ေပ်ာ္ေနပါၿပီ။ မနက္ကိုလည္း ေစာေစာ ေျခာက္နာရီေလာက္ဆို မထခ်င္၊ ထခ်င္ နဲ႔ ထေနရပါၿပီ။ ေက်ာင္းမွာေရာ ႐ံုးမွာပါ မငိုက္ေတာ့ပါဘူး။ (တစ္ခါတေလပါေနာ္ :P)

တကယ္ေတာ့ ေယာင္းေရ မနက္ေစာေစာထျခင္းဟာ က်န္းမာေရးနဲ႔ ညီညြတ္သလို လူေတြဟာ အလုပ္လုပ္ရတာ ပိုေကာင္းမြန္ ေအာင္ျမင္လာေစပါတယ္။ ဒါေၾကာင့္ ငယ္ငယ္က သင္ခဲ့ရသလို ေစာေစာအိပ္ထ ျပဳက်င့္ပါမွ က်န္းမာေအာင္ျမင္သူေတြျဖစ္ၾကမွာပါ။

ဒါေၾကာင့္ မနက္ေစာေစာထပါေနာ္။ အက္ဒ္မင္ကေတာ့ အိပ္လုိက္ဦးမယ္။ ဟဲဟဲ ေနာက္တာ ေနာက္တာ 😛

Sugar Cane (For Her Myanmar)

<<< Unicode>>>

စောစောထရတာ ဘယ်လောက်ကြေကွဲဝမ်းနည်းစရာကောင်းလဲ မျက်ရည်ခိုင်မှဖတ်ကြည့်နော် 😛

အက်ဒ်မင်ကလေ ငယ်ငယ်ကတည်းက မနက်စောစောထရမယ်ဆိုရင် ကျားကို တုတ်နဲ့ ထိုးရတာထက်ကို ကြောက်တာပါ။ ဒါပေမဲ့ ကျောင်းသူဆိုတော့ စောစောထပြီး စာကျက်ခဲ့ရတာတွေလည်း ရှိသပေါ့။ ဆယ်တန်းအောင်ပြီးကတည်းက စောစောထခြင်းနဲ့ မိမိ ဝေးကွာခဲ့တာတော်တော်ကြာခဲ့ပါတယ်လေ။

အလုပ်ခွင်ဝင်တော့လည်း ၇ နာရီလောက်ထရရင်ကို စောလှပြီလို့ ထင်နေခဲ့တာပါ။ ဒီလို စောစောထရမှာကြောက်တဲ့ အက်ဒ်မင်တစ်ယောက် စောစောထရဖို့ နောက်ထပ်အကြောင်းဖန်လာပြန်ပါတော့တယ်။ ဖြစ်ပုံကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒီပလိုမာတန်းတွေဖွင့်တာက စပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဒီပလိုမာဘွဲ့တစ်ခုရအောင်ယူမယ်ဆိုတဲ့ အိပ်မက်တစ်ခုက အက်ဒ်မင် ရန်ကုန်မြေကို ခြေချကတည်းက ရှိနေခဲ့တာပါ။

Related Article >>> ညဘက် စောစောနဲ့ မြန်မြန်အိပ်ပျော်နိုင်စေဖို့

ဒီတော့ အခွင့်အရေးကို မလွှတ်တန်းဆုပ်ကိုင်ရင်း အက်ဒ်မင်တစ်ယောက် ရန်ကုန်တက္ကသိုလ်ရဲ့ ဒီပလိုမာတန်းကျောင်းသူတစ်ယောက်ဖြစ်လာခဲ့တဲ့အခါ ပထမဆုံးကျောင်းရက်မှာတင် အက်ဒ်မင်လျစ်လျူရှုထားခဲ့တဲ့ စောစောထခြင်းနဲ့ ရင်ဆိုင်ရတော့တာပါပဲ။

အဲဒီနေ့ မနက်မှာ ကာတွန်းလေးတစ်ခုထဲကလို အိပ်ယာလေးကပဲ ကိုယ့်ကို မသွားပါနဲ့လို့ ဆွဲထားသည့်အလား နှိုးစက်သံရဲ့ ရက်စက်စွာလှုပ်နိုးခြင်းကို မနည်းအံတုရတာကလား။ ဘယ်လိုမှ ဆက်အိပ်လို့မရဘူးဆိုတာ သေချာမှပဲ ကိုယ့်ကိုယ်ကိုယ် မနည်းသယ်လို့ ရေချိုးခန်းထဲကို ဆွဲခေါ်ရတော့တယ်။

ဒါတောင် မျက်စိက မဖွင့်ချင်သလိုလို၊ ဖွင့်ချင်သလိုလို၊ လူက လမ်းလျှောက်ရင်း အိပ်မက်တွေပဲ မက်နေသလိုလို ကယောင်ချောက်ချားပါပဲလေ။ ဒီလိုနဲ့ပဲ ပထမဆုံးကျောင်းရက်မှာ အက်ဒ်မင်နောက်ကျတော့တယ်ဆိုပါတော့။

Related Article >>> ညမအိပ်တဲ့ ဇီးကွက်လေးတွေက ပိုပြီးဉာဏ်ကောင်းတယ်ဆိုပဲ

ပထမဆုံး ကျောင်းတက်ရတဲ့ တစ်လက တစ်ကယ့်ကို အိပ်မက်ဆိုးပါ။ နဂိုကတည်းက ညဆိုလူက မျက်လုံးကြောင် အိပ်ဆေးလည်း မကူနိုင်ပါဘူးဆိုမှ မနက်ကလည်း အစောကြီးထရတယ်ဆိုတော့ စဉ်းစားသာကြည့်ကြတော့။ ညဘက်အိပ်ရေးပျက်လို့ အတန်းကို အိပ်ချင်မူးတူးနဲ့ ကျောင်းသွား၊ ကျောင်းမှာရော အလုပ်မှာပါ ငိုက်တဲ့ နေ့တွေလည်း ရှိသပေါ့။ ဘုရား ဘုရား ဒီပို့စ်ကို ရုံးက အယ်ဒီတာတွေ မဖတ်မိပါစေနဲ့ 😛 (ဖတ်ပြီးသွားပါကြောင်း :/ ပုံ- အယ်ဒီတာ)

တချို့နေ့တွေများဆို တစ်ညလုံးအိပ်မရ၊ မနက်ကျ ထမရတာနဲ့ မထူးပါဘူး ကျောင်းပျက်လိုက်တော့မယ် ဆိုပြီး ကျောင်းပြေးတဲ့ ရက်တွေလည်း ရှိပြန်ရော။ ဒီလိုနဲ့ ကျောင်းတက်ရတာ တစ်လကျော်လာမှ အက်ဒ်မင်တစ်ယောက် အသားကျလာပါတော့တယ်။

အခုတော့ အက်ဒမင်တစ်ယောက် ညဘက်တွေလည်း ကောင်းကောင်းအိပ်ပျော်နေပါပြီ။ မနက်ကိုလည်း စောစော ခြောက်နာရီလောက်ဆို မထချင်၊ ထချင် နဲ့ ထနေရပါပြီ။ ကျောင်းမှာရော ရုံးမှာပါ မငိုက်တော့ပါဘူး။ (တစ်ခါတလေပါနော် :P)

တကယ်တော့ ယောင်းရေ မနက်စောစောထခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလို လူတွေဟာ အလုပ်လုပ်ရတာ ပိုကောင်းမွန် အောင်မြင်လာစေပါတယ်။ ဒါကြောင့် ငယ်ငယ်က သင်ခဲ့ရသလို စောစောအိပ်ထ ပြုကျင့်ပါမှ ကျန်းမာအောင်မြင်သူတွေဖြစ်ကြမှာပါ။

ဒါကြောင့် မနက်စောစောထပါနော်။ အက်ဒ်မင်ကတော့ အိပ်လိုက်ဦးမယ်။ ဟဲဟဲ နောက်တာ နောက်တာ 😛

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *