FUN

ႏွာေခါင္းက ေျပာတဲ့ ေယာင္းေယာင္းတို႔အေၾကာင္း

အမယ္.. ဟုတ္တုတ္တုတ္ေတာ့ ရွိသား.. မင္မင္ ေဗဒင္ေဟာစားေတာ့ေမ 😛 

<<<Zawgyi>>>

ေယာင္းတို႔ေရ… ဗဟုသုတ ရစရာအေၾကာင္းေတြ ေရးလာတာ အေတာ္မ်ားၿပီဆိုေတာ့ ဒီတစ္ေခါက္ အေပ်ာ္သေဘာနဲ႔ ႏွာေခါင္းေတြက ေယာင္းတို႔အေၾကာင္း ဘာေတြ ေျပာေနလဲဆိုတာ ၾကည့္ၾကရေအာင္ေနာ္…. အဲ တစ္ခုရွိတာက ဒါက အေပ်ာ္သေဘာပဲမို႔ မွားတာလည္း ရွိသလို တိုက္ဆိုင္ၿပီး မွန္တာလည္း ပါပါလိမ့္မယ္… ဒီႏွာေခါင္းရွိတဲ့သူတိုင္းဟာ ဒီလိုခ်ည့္ပဲလို႔ ယူဆလို႔ေတာ့ မရဘူးေနာ္… ကဲ ဒါဆို ၾကည့္ၾကရေအာင္…

၁။ ႏွာေခါင္းေသးေသး

ဂ်ိဳလီ့ႏွာေခါင္းေလး

အင္ဂ်လီနာဂ်ိဳလီလုိ ႏွာေခါင္းေသးေသးေလး ေပါ့ကြယ္.. ဒီလုိ ႏွာေခါင္းပိုင္ရွင္ ေယာင္းေလးတို႔ကေတာ့ ေပ်ာ္ရႊင္တက္ႂကြတတ္သူေတြပါတဲ့။ တစ္ခါတေလမွာေတာ့ စိတ္မရွည္တတ္၊ ေဒါသထြက္လြယ္တတ္ၿပီး ေပါက္ကြဲလြယ္တတ္ပါတယ္။ ဒါေပမဲ့ တစ္ဖက္လူကိုလည္း ၾကည့္ေပးတတ္ၿပီး ေပ်ာ္ေအာင္ ထားတတ္ၾကပါတယ္။ အလုပ္လုပ္ရတာကိုလည္း သေဘာက်တတ္ၾကၿပီး အလုပ္တစ္ခုကို (၂)ခါ၊ (၃) ခါ လုပ္ရတာမ်ိဳးေတာင္ စိတ္ရွည္ရွည္နဲ႔ လုပ္ႏိုင္ပါတယ္တဲ့။ စည္းစနစ္က်က် အလုပ္လုပ္ရတာကိုသေဘာက်ၾကပါတယ္.. (ေျပာရရင္ေတာ့ အလုပ္နဲ႔ ပတ္သက္ရင္ သည္းခံႏုိင္တယ္လို႔ဆိုရမွာေပါ့ေနာ္…)

၂။ ႏွာေခါင္းႀကီးႀကီး 

နည္းတာမဟုပု :3

ႏွာေခါင္းႀကီးေတာ့ ေလဝဝရွဴလို႔ရတာေပါ့ကြယ္ :3 ဒါကေတာ့ ႏွာတံတိုတာ၊ ရွည္တာနဲ႔ မဆုိင္ဘဲ ႏွာေခါင္းေပါက္ရွိတဲ့အလံုးေလး (ဘယ္လိုေျပာရမယ္မသိလို႔ ႏွာေခါင္းထိပ္ရယ္လည္း မဟုတ္ဘူးကြာ.. အဲ့ ႏွာရိုးဆံုးသြားၿပီး ေအာက္က အသားနဲ႔ အေပါက္ႏွစ္ေပါက္ ပါတဲ့ေနရာ :3 ) ႀကီးေနတာကို ေျပာတာပါ။ ဒီလိုႏွာေခါင္းပိုင္ရွင္ေတြကေတာ့ ဦးေဆာင္ႏုိင္စြမ္းေကာင္းသူေတြ၊ မာနႀကီးသူေတြျဖစ္တတ္ပါတယ္။ အလုပ္လုပ္တဲ့အခါမွာလည္း ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္နဲ႔သာ လြတ္လြတ္လပ္လပ္ အလုပ္လုပ္ခ်င္သူေတြ ျဖစ္ၿပီး အာဏာလာျပတာေတြ ၊ အေပၚစီးဆန္တာေတြကို ေသေလာက္ေအာင္ မုန္းတတ္သူပါ။ အဲ ကိုယ္ကေတာ့ ကိုယ္မသိလိုက္ဘဲ လုပ္မိေနတာမ်ိဳးလည္း ျဖစ္ေနတတ္ပါတယ္။ ဒါေတာ့ သတိထားရမွာေပါ့ေနာ္.. အလုပ္ေသးေသး ပိစိေကြးေလးေတြကို တစ္စိမွ စိတ္မဝင္စားဘဲ အႀကီးႀကီးေတြမွ ႀကံတတ္၊ လုပ္တတ္သူေတြပါ။

၃။ ႏွာတံရွည္ရွည္

ႏွာေခါင္းရွည္ရွည္ေလး

ဒါကေတာ့ လီဒါတစ္ေယာက္၊ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖုိ႔ ေမြးလာသူလို႔ေတာင္ ေျပာလို႔ ရပါတယ္။ အေပၚက ႏွာေခါင္းႀကီးတဲ့သူေတြနဲ႔ ကြာတာကေတာ့ ႏွာေခါင္းရွည္ရွည္ပိုင္ရွင္ေတြက ေပ်ာ႔ေပ်ာ႔ေပ်ာင္းေပ်ာင္း ဆက္ဆံတတ္သူေတြမို႔ လူေတြနဲ႔ အဆင္မေျပတာ၊ ကိုယ့္ရဲ႕ စီမံခန္႔ခြဲမႈကို မႀကိဳက္တာမ်ိဳး သိပ္မရွိပါဘူး။ ရည္မွန္းခ်က္ ႀကီးတဲ့သူေတြ ျဖစ္တဲ့အျပင္ အိပ္မက္ကို အေကာင္အထည္ေဖာ္တဲ့ေနရာ၊ ေအာင္ျမင္မႈကို ထုဆစ္ပံုေဖာ္တဲ့ေနရာေတြမွာ သိပ္ေတာ္တဲ့သူေတြပါ။ တစ္ခါတေလေတာ့ ကိုယ့္ရဲ႕ အားသာခ်က္၊ ကိုယ့္ရဲ႕ အင္အားဟာ ဘာမွန္းမသိဘဲ လမ္းေပ်ာက္သလိုလုိျဖစ္သြားတတ္တာက ဒီႏွာေခါင္းပိုင္ရွင္ေတြရဲ႕ အႀကီးမားဆုံး အားနည္းခ်က္ပါပဲ။

၄။ ႏွာတံတိုတို

ႏွာတံတုိတုိ

ဒီလို ႏွာေခါင္းပိုင္ရွင္ေတြကေတာ့ သစၥာရွိၿပီး အာရံုစူးစိုက္မႈ အားေကာင္းၾကပါတယ္။ အဲ.. ရည္မွန္းခ်က္ေတာ့ ႀကီးႀကီး မထားတတ္ၾကပါဘူး။ ယွဥ္ၿပိဳင္ျခင္းကို မႏွစ္သက္တဲ့သူေတြျဖစ္ၿပီး ကိုယ့္ကို လာၿပိဳင္ေနတယ္ဆိုရင္ေတာင္ ပလစ္ထားတတ္တဲ့သူေတြပါ။ (ဥေပကၡာ ျပဳရတာ ႀကိဳက္တယ္.. လ်စ္လ်ဴရႈရတာ ျမတ္ႏိုးတယ္ေပါ့ 😛 ) ဒါေပမဲ့ သူမ်ား လႊမ္းမိုးတာ ခံရလြယ္ပါတယ္တဲ့။ ဆိုၾကပါစို႔.. ကုိယ့္ေဘးနားမွာ အလုုပ္ႀကိဳးစားၿပီး အလုပ္မွ အလုပ္၊ အလုပ္ကို အရမ္းခ်စ္တဲ့သူ ရွိေနရင္ ကိုယ္လည္း အလုပ္ႀကိဳးစားခ်င္စိတ္ေတြ ေပၚလာတာမ်ိဳးေပါ့.. ခ်စ္ဖို႔ေကာင္းၿပီး ၾကင္နာတတ္ေပမဲ့ သူတို႔အတြင္းစိတ္ကို သိဖို႔ ခဲယဥ္းပါတယ္။

၅။ ႏွာတံစင္းစင္း 

လွခ်က္

ဒီႏွာေခါင္းေတြကိုေတာ့ ဂရိႏွာေခါင္းလို႔ ေခၚၾကပါတယ္။ ႏွာေခါင္းရိုး က်ဥ္းက်ဥ္းေလးနဲ႔ပါ။ ဒီလိုႏွာေခါင္းပိုင္ရွင္ေတြကေတာ့ အရမ္းကို ပါးနပ္ၿပီး သူမ်ားေတြကို ကူညီတတ္ၾကပါတယ္။ လက္ေတြ႕က်က်၊ ယုတၱိရွိရွိ စကားေျပာတတ္ၾကၿပီး ယံုၾကည္အားကိုးရသူေတြ ျဖစ္ၾကပါတယ္။ ေယာင္းရဲ႕ သူငယ္ခ်ငး္ေတြထဲမွာ ဒီလုိ ႏွာတံေျဖာင့္ေျဖာင့္ ပိုင္ရွင္ေလး ရွိလို႔ကေတာ့ ေယာင္း သူ႕ကို လံုးဝ အားကိုးယံုၾကည္လု႔ိ ရပါၿပီ။ ေယာင္းမွာ အခက္အခဲ တစ္ခုခု ရွိေနမယ္ဆိုရင္ေတာင္ သူက ေယာင္းဘက္မွာ လံုးဝ ရပ္တည္ေပးမွာပါ။

Related Article >>> ကိုယ့္ႏႈတ္ခမ္းကေျပာတဲ့ ကိုယ့္အေၾကာင္း

၆။ လႈိင္းေတြနဲ႔ ႏွာေခါင္း 

လႈိင္းေတြနဲ႔ ၾကည့္ပါလား

အယ္ ရႈပ္ဝါးၿပီထင္တယ္။ ႏွာေခါင္းရိုးက ေျဖာင့္ေျဖာင့္ေလး မေနဘဲ အေပၚတက္ ေအာက္ဆင္း ဖုလိုက္ ျပားလိုက္ ျဖစ္ၿပီး ႏွာေခါင္းထိပ္မွာ ႀကီးသြားတဲ့ ႏွာေခါင္းေတြကို ေျပာတာပါ။ သူတို႔ဟာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သဘာဝရွိၿပီး သူတို႔ ပတ္ဝန္းက်င္က သူေတြကိုလည္း ေပ်ာ္ရႊင္ေစတတ္သူေတြပါ။

၇။ ခလုတ္နဲ႔တူတဲ့ ႏွာေခါင္း 

Button Nose

ႏွာေခါင္းရိုးက နည္းနည္း ျပားျပားေလးျဖစ္ၿပီး ႏွာေခါင္းထိပ္မွာမွ ခလုတ္ေလးလိုလံုးလံုးေလး ျဖစ္ေနတဲ့ ႏွာေခါင္းေလးပါ။ ခ်စ္စရာအေကာင္းဆံုး ႏွာေခါင္းေပါ့။ ဒီလို ႏွာေခါင္းပိုင္ရွင္ေတြဟာ ခ်စ္ခင္ၾကင္နာတတ္ၿပီး အေကာင္းျမင္တတ္သူေတြျဖစ္ပါတယ္။ ဒါေပမဲ့ သူ႕ရဲ႕ အားနည္းခ်က္လို႔ ဆိုရမယ့္ အခ်က္ကေတာ့ စိတ္မၿငိမ္တာပါ။ ခံစားခ်က္ေတြက တစ္ထိုင္တည္းမွာတင္ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတတ္ၿပီး စိတ္ဓာတ္ခိုင္မာတဲ့သူေတြကိုေတာ့ သိပ္ၾကည့္မရတတ္ပါဘူးတဲ့ 😛

၈။ ေရာမႏွာေခါင္း 

ရိုမန္ ႏွာေခါင္း

အင္းေလ.. ဂရိႏွာေခါင္းေတာင္ ရွိေသးတာ ေရာမႏွာေခါင္းလည္း ရွိရမွာေပါ့ေနာ့္… ေရာမက ေက်ာက္ရုပ္ေတြလို လံုးဝ လွပတဲ့ ႏွာေခါင္းေတြကိုေတာ့ ေရာမ ႏွာေခါင္းလို႔ပဲ ေခၚၾကပါတယ္။ ဒီလိုႏွာေခါင္းပိုင္ရွင္ေတြကေတာ့ ေခါင္းမာတတ္ၿပီး ရည္မွန္းခ်က္ကို မျဖစ္ျဖစ္ေအာင္ ပံုေဖာ္တဲ့သူေတြပါ။ စိတ္ဓာတ္ခိုင္မာၿပီး ဆံုးျဖတ္ခ်က္ ခိုင္မာတဲ့သူေတြလည္း ျဖစ္တဲ့အျပင္ ဘူးဆို ဖရံုမသီးဘူးဆိုတဲ့ စိတ္ထားမ်ိဳး ရွိတဲ့သူေတြပါ။ (ဒဲ့ေျပာရရင္ ေခါင္းမာတယ္ေပါ့ ေယာင္းတို႔ရယ္.. ) သူတို႔ရဲ႕ စကားလံုးေတြနဲ႔လည္း သူမ်ားေတြကို လႊမ္းမိုးတတ္ပါေသးတယ္။ ဆံုးျဖတ္ခ်က္ခ်ရာမွာလည္း အေလာတႀကီးမခ်တတ္ဘဲ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြ၊ လက္ရွိျဖစ္ေနတာေတြ အားလံုးကို ေသခ်ာ စဥ္းစား၊ အစီအစဥ္ဆြဲၿပီးမွ ဆံုးျဖတ္တတ္သူမ်ိဳးပါ။ သူမ်ားေတြကို ဘယ္လို ဆြဲေဆာင္ရမလဲ (အလုပ္ကိစၥျဖစ္ျဖစ္၊ ကိုယ္ေရးကိုယ္တာပဲျဖစ္ျဖစ္) ဆိုတာလည္း သိတဲ့သူေတြပါပဲ။

၉။ ႏွာေခါင္းလွလွ 

ႏွာေခါင္းလွလွေလး

ဘယ္လိုေျပာရမယ္မွန္းမသိလို႔ ေယာင္းတို႔ေရ.. ႏွာေခါင္း အလယ္နားေလာက္မွာ သိမ္ၿပီး ႏွာေခါင္းဖ်ားထိ ျပန္ေကြးတက္လာတဲ့ ႏွာေခါင္းလွလွေလးပါ။ လန္လည္း မလန္ေနရဘူးေနာ္.. (ပံုမွာသာၾကည့္ေတာ့… ) ဒီလို ႏွာေခါင္းပိုင္ရွင္ေလးေတြကေတာ့ ေႏြးေထြးၾကသူေတြျဖစ္ၿပီး သစၥာရွိတဲ့ သူငယ္ခ်င္းေကာင္းေတြ ျဖစ္ၾကပါတယ္။ သူတို႔နဲ႔ ရင္းႏွီးတဲ့သူေတြအတြက္ က်ည္ဆန္ကိုေတာင္ ဝင္ ခံရဲတဲ့သူပါတဲ့… (ေျပာတာပဲေလ 😛 ) အဲ… အိပ္ရာထဲက ကိစၥေတြအတြက္လည္း သူတို႔က အေတာ္ဆံုး၊ အေကာင္းဆံုးပါပဲတဲ့.. ဒါလည္း သူေျပာတာ မင္မင္ေျပာတာမဟုပု 😛

၁၀။ သိမ္းငွက္ႏွာေခါင္း 

hawk nose

လီမင္ဟိုလိုလို႔ပဲ ေျပာရမလား :3 စတာဘာ စတာဘာ… ဒီလို ႏွာေခါင္းပိုင္ရွင္ေတြကေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ အျပည့္ရွိတဲ့သူေတြျဖစ္ၿပီး ဘယ္သူ႕ဘယ္သူရဲ႕ ကိစၥေတြထဲမွ ဝင္မပါသလို ဘယ္သူ႕ ဘယ္သူရဲ႕ အပူကိုမွလည္း မွ်ခံေနမယ့္သူေတြ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ကိုယ္ပိုင္ကမာၻကို သူတို႔ကိုယ္တိုင္ပဲ တည္ေဆာက္တတ္ၿပီး ကိုယ္ယံုၾကည္ရာကိုပဲ ကုိယ္လုပ္မယ္ဆိုတဲ့သူမ်ိဳးေတြပါ။ အဲ… လူအမ်ားၾကားမွာလည္း ထင္းထြက္ေနတတ္သူေတြေပါ့။

၁၁။ Nubian ႏွာေခါင္း 

Nubian ႏွာေခါင္း

ျမန္မာလိုေတာ့ ဘယ္လို ေခၚတယ္ မသိဘူးေယာင္းတို႔ေရ.. ျမင္ေအာင္ အနီးဆံုးျပရမယ္ဆိုရင္ျဖင့္ အိုဘားမား ႏွာေခါင္းကိုသာ ၾကည့္ပါ။ ဒီလို ႏွာေခါင္းပိုင္ရွင္ေတြကေတာ့ ကိစၥတစ္ခုခုကို ေျဖရွင္းရာမွာ နည္းလမ္းအသစ္ေတြနဲ႔ ခ်ဥ္းကပ္တတ္ပါတယ္။ သေဘာထားႀကီး၊ ပြင့္လင္းၾကၿပီး သိခ်င္စိတ္မ်ားတဲ့သူေတြ ျဖစ္ေနတဲ့အျပင္ ဆြဲေဆာင္မႈ အားေကာင္းသူေတြလည္း ျဖစ္ေနပါေသးတယ္။ စကားေျပာေကာင္းတာကလည္း သူတို႔ရဲ႕ အရည္အခ်င္း တစ္ခုေပါ့…

ကဲ.. ေယာင္းတို႔ရဲ႕ ႏွာေခါင္းကေရာ ဘယ္လို ပံုစံရွိလဲ? ႏွာေခါင္းပံုစံေလး ကြဲေအာင္ၾကည့္ၿပီး ကိုယ္က ဘယ္လိုလူလဲဆိုတာ ျပန္တိုက္ၾကည့္ေနာ္.. မွန္ရင္ မင္မင့္ကို မုန္႔ဝယ္ေကၽြး 😛 ဘာၾကည့္နာလဲ့.. မွန္သြားယူၿပီး ကိုယ့္ႏွာေခါင္းက ဘယ္အမ်ိဳးအစားထဲ ပါလဲ ၾကည့္ေတာ့ေလ.. :3

Libra (For Her Myanmar )

References : Cosmopolitan , I- Facts

<<<Unicode>>>

ယောင်းတို့ရေ… ဗဟုသုတ ရစရာအကြောင်းတွေ ရေးလာတာ အတော်များပြီဆိုတော့ ဒီတစ်ခေါက် အပျော်သဘောနဲ့ နှာခေါင်းတွေက ယောင်းတို့အကြောင်း ဘာတွေ ပြောနေလဲဆိုတာ ကြည့်ကြရအောင်နော်…. အဲ တစ်ခုရှိတာက ဒါက အပျော်သဘောပဲမို့ မှားတာလည်း ရှိသလို တိုက်ဆိုင်ပြီး မှန်တာလည်း ပါပါလိမ့်မယ်… ဒီနှာခေါင်းရှိတဲ့သူတိုင်းဟာ ဒီလိုချည့်ပဲလို့ ယူဆလို့တော့ မရဘူးနော်… ကဲ ဒါဆို ကြည့်ကြရအောင်…

၁။ နှာခေါင်းသေးသေး

ဂျိုလီ့နှာခေါင်းလေး

အင်ဂျလီနာဂျိုလီလို နှာခေါင်းသေးသေးလေး ပေါ့ကွယ်.. ဒီလို နှာခေါင်းပိုင်ရှင် ယောင်းလေးတို့ကတော့ ပျော်ရွှင်တက်ကြွတတ်သူတွေပါတဲ့။ တစ်ခါတလေမှာတော့ စိတ်မရှည်တတ်၊ ဒေါသထွက်လွယ်တတ်ပြီး ပေါက်ကွဲလွယ်တတ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူကိုလည်း ကြည့်ပေးတတ်ပြီး ပျော်အောင် ထားတတ်ကြပါတယ်။ အလုပ်လုပ်ရတာကိုလည်း သဘောကျတတ်ကြပြီး အလုပ်တစ်ခုကို (၂)ခါ၊ (၃) ခါ လုပ်ရတာမျိုးတောင် စိတ်ရှည်ရှည်နဲ့ လုပ်နိုင်ပါတယ်တဲ့။ စည်းစနစ်ကျကျ အလုပ်လုပ်ရတာကိုသဘောကျကြပါတယ်.. (ပြောရရင်တော့ အလုပ်နဲ့ ပတ်သက်ရင် သည်းခံနိုင်တယ်လို့ဆိုရမှာပေါ့နော်…)

၂။ နှာခေါင်းကြီးကြီး 

နည်းတာမဟုပု :3

နှာခေါင်းကြီးတော့ လေဝဝရှူလို့ရတာပေါ့ကွယ် :3 ဒါကတော့ နှာတံတိုတာ၊ ရှည်တာနဲ့ မဆိုင်ဘဲ နှာခေါင်းပေါက်ရှိတဲ့အလုံးလေး (ဘယ်လိုပြောရမယ်မသိလို့ နှာခေါင်းထိပ်ရယ်လည်း မဟုတ်ဘူးကွာ.. အဲ့ နှာရိုးဆုံးသွားပြီး အောက်က အသားနဲ့ အပေါက်နှစ်ပေါက် ပါတဲ့နေရာ :3 ) ကြီးနေတာကို ပြောတာပါ။ ဒီလိုနှာခေါင်းပိုင်ရှင်တွေကတော့ ဦးဆောင်နိုင်စွမ်းကောင်းသူတွေ၊ မာနကြီးသူတွေဖြစ်တတ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့သာ လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်သူတွေ ဖြစ်ပြီး အာဏာလာပြတာတွေ ၊ အပေါ်စီးဆန်တာတွေကို သေလောက်အောင် မုန်းတတ်သူပါ။ အဲ ကိုယ်ကတော့ ကိုယ်မသိလိုက်ဘဲ လုပ်မိနေတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒါတော့ သတိထားရမှာပေါ့နော်.. အလုပ်သေးသေး ပိစိကွေးလေးတွေကို တစ်စိမှ စိတ်မဝင်စားဘဲ အကြီးကြီးတွေမှ ကြံတတ်၊ လုပ်တတ်သူတွေပါ။

၃။ နှာတံရှည်ရှည်

နှာခေါင်းရှည်ရှည်လေး

ဒါကတော့ လီဒါတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ မွေးလာသူလို့တောင် ပြောလို့ ရပါတယ်။ အပေါ်က နှာခေါင်းကြီးတဲ့သူတွေနဲ့ ကွာတာကတော့ နှာခေါင်းရှည်ရှည်ပိုင်ရှင်တွေက ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံတတ်သူတွေမို့ လူတွေနဲ့ အဆင်မပြေတာ၊ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုကို မကြိုက်တာမျိုး သိပ်မရှိပါဘူး။ ရည်မှန်းချက် ကြီးတဲ့သူတွေ ဖြစ်တဲ့အပြင် အိပ်မက်ကို အကောင်အထည်ဖော်တဲ့နေရာ၊ အောင်မြင်မှုကို ထုဆစ်ပုံဖော်တဲ့နေရာတွေမှာ သိပ်တော်တဲ့သူတွေပါ။ တစ်ခါတလေတော့ ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့်ရဲ့ အင်အားဟာ ဘာမှန်းမသိဘဲ လမ်းပျောက်သလိုလိုဖြစ်သွားတတ်တာက ဒီနှာခေါင်းပိုင်ရှင်တွေရဲ့ အကြီးမားဆုံး အားနည်းချက်ပါပဲ။

၄။ နှာတံတိုတို

နှာတံတိုတို

ဒီလို နှာခေါင်းပိုင်ရှင်တွေကတော့ သစ္စာရှိပြီး အာရုံစူးစိုက်မှု အားကောင်းကြပါတယ်။ အဲ.. ရည်မှန်းချက်တော့ ကြီးကြီး မထားတတ်ကြပါဘူး။ ယှဉ်ပြိုင်ခြင်းကို မနှစ်သက်တဲ့သူတွေဖြစ်ပြီး ကိုယ့်ကို လာပြိုင်နေတယ်ဆိုရင်တောင် ပလစ်ထားတတ်တဲ့သူတွေပါ။ (ဥပေက္ခာ ပြုရတာ ကြိုက်တယ်.. လျစ်လျူရှုရတာ မြတ်နိုးတယ်ပေါ့ 😛 ) ဒါပေမဲ့ သူများ လွှမ်းမိုးတာ ခံရလွယ်ပါတယ်တဲ့။ ဆိုကြပါစို့.. ကိုယ့်ဘေးနားမှာ အလုပ်ကြိုးစားပြီး အလုပ်မှ အလုပ်၊ အလုပ်ကို အရမ်းချစ်တဲ့သူ ရှိနေရင် ကိုယ်လည်း အလုပ်ကြိုးစားချင်စိတ်တွေ ပေါ်လာတာမျိုးပေါ့.. ချစ်ဖို့ကောင်းပြီး ကြင်နာတတ်ပေမဲ့ သူတို့အတွင်းစိတ်ကို သိဖို့ ခဲယဉ်းပါတယ်။

၅။ နှာတံစင်းစင်း 

လှချက်

ဒီနှာခေါင်းတွေကိုတော့ ဂရိနှာခေါင်းလို့ ခေါ်ကြပါတယ်။ နှာခေါင်းရိုး ကျဉ်းကျဉ်းလေးနဲ့ပါ။ ဒီလိုနှာခေါင်းပိုင်ရှင်တွေကတော့ အရမ်းကို ပါးနပ်ပြီး သူများတွေကို ကူညီတတ်ကြပါတယ်။ လက်တွေ့ကျကျ၊ ယုတ္တိရှိရှိ စကားပြောတတ်ကြပြီး ယုံကြည်အားကိုးရသူတွေ ဖြစ်ကြပါတယ်။ ယောင်းရဲ့ သူငယ်ချင်းတွေထဲမှာ ဒီလို နှာတံဖြောင့်ဖြောင့် ပိုင်ရှင်လေး ရှိလို့ကတော့ ယောင်း သူ့ကို လုံးဝ အားကိုးယုံကြည်လု့ိ ရပါပြီ။ ယောင်းမှာ အခက်အခဲ တစ်ခုခု ရှိနေမယ်ဆိုရင်တောင် သူက ယောင်းဘက်မှာ လုံးဝ ရပ်တည်ပေးမှာပါ။

Related Article >>> ကိုယ့်နှုတ်ခမ်းကပြောတဲ့ ကိုယ့်အကြောင်း

၆။ လှိုင်းတွေနဲ့ နှာခေါင်း 

လှိုင်းတွေနဲ့ ကြည့်ပါလား

အယ် ရှုပ်ဝါးပြီထင်တယ်။ နှာခေါင်းရိုးက ဖြောင့်ဖြောင့်လေး မနေဘဲ အပေါ်တက် အောက်ဆင်း ဖုလိုက် ပြားလိုက် ဖြစ်ပြီး နှာခေါင်းထိပ်မှာ ကြီးသွားတဲ့ နှာခေါင်းတွေကို ပြောတာပါ။ သူတို့ဟာ ပျော်ပျော်နေတတ်တဲ့ သဘာဝရှိပြီး သူတို့ ပတ်ဝန်းကျင်က သူတွေကိုလည်း ပျော်ရွှင်စေတတ်သူတွေပါ။

၇။ ခလုတ်နဲ့တူတဲ့ နှာခေါင်း 

Button Nose

နှာခေါင်းရိုးက နည်းနည်း ပြားပြားလေးဖြစ်ပြီး နှာခေါင်းထိပ်မှာမှ ခလုတ်လေးလိုလုံးလုံးလေး ဖြစ်နေတဲ့ နှာခေါင်းလေးပါ။ ချစ်စရာအကောင်းဆုံး နှာခေါင်းပေါ့။ ဒီလို နှာခေါင်းပိုင်ရှင်တွေဟာ ချစ်ခင်ကြင်နာတတ်ပြီး အကောင်းမြင်တတ်သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်လို့ ဆိုရမယ့် အချက်ကတော့ စိတ်မငြိမ်တာပါ။ ခံစားချက်တွေက တစ်ထိုင်တည်းမှာတင် အမျိုးမျိုး ပြောင်းလဲနေတတ်ပြီး စိတ်ဓာတ်ခိုင်မာတဲ့သူတွေကိုတော့ သိပ်ကြည့်မရတတ်ပါဘူးတဲ့ 😛

၈။ ရောမနှာခေါင်း 

ရိုမန် နှာခေါင်း

အင်းလေ.. ဂရိနှာခေါင်းတောင် ရှိသေးတာ ရောမနှာခေါင်းလည်း ရှိရမှာပေါ့နော့်… ရောမက ကျောက်ရုပ်တွေလို လုံးဝ လှပတဲ့ နှာခေါင်းတွေကိုတော့ ရောမ နှာခေါင်းလို့ပဲ ခေါ်ကြပါတယ်။ ဒီလိုနှာခေါင်းပိုင်ရှင်တွေကတော့ ခေါင်းမာတတ်ပြီး ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် ပုံဖော်တဲ့သူတွေပါ။ စိတ်ဓာတ်ခိုင်မာပြီး ဆုံးဖြတ်ချက် ခိုင်မာတဲ့သူတွေလည်း ဖြစ်တဲ့အပြင် ဘူးဆို ဖရုံမသီးဘူးဆိုတဲ့ စိတ်ထားမျိုး ရှိတဲ့သူတွေပါ။ (ဒဲ့ပြောရရင် ခေါင်းမာတယ်ပေါ့ ယောင်းတို့ရယ်.. ) သူတို့ရဲ့ စကားလုံးတွေနဲ့လည်း သူများတွေကို လွှမ်းမိုးတတ်ပါသေးတယ်။ ဆုံးဖြတ်ချက်ချရာမှာလည်း အလောတကြီးမချတတ်ဘဲ ဖြစ်လာမယ့် အကျိုးဆက်တွေ၊ လက်ရှိဖြစ်နေတာတွေ အားလုံးကို သေချာ စဉ်းစား၊ အစီအစဉ်ဆွဲပြီးမှ ဆုံးဖြတ်တတ်သူမျိုးပါ။ သူများတွေကို ဘယ်လို ဆွဲဆောင်ရမလဲ (အလုပ်ကိစ္စဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာပဲဖြစ်ဖြစ်) ဆိုတာလည်း သိတဲ့သူတွေပါပဲ။

၉။ နှာခေါင်းလှလှ

နှာခေါင်းလှလှလေး

ဘယ်လိုပြောရမယ်မှန်းမသိလို့ ယောင်းတို့ရေ.. နှာခေါင်း အလယ်နားလောက်မှာ သိမ်ပြီး နှာခေါင်းဖျားထိ ပြန်ကွေးတက်လာတဲ့ နှာခေါင်းလှလှလေးပါ။ လန်လည်း မလန်နေရဘူးနော်.. (ပုံမှာသာကြည့်တော့… ) ဒီလို နှာခေါင်းပိုင်ရှင်လေးတွေကတော့ နွေးထွေးကြသူတွေဖြစ်ပြီး သစ္စာရှိတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ သူတို့နဲ့ ရင်းနှီးတဲ့သူတွေအတွက် ကျည်ဆန်ကိုတောင် ဝင် ခံရဲတဲ့သူပါတဲ့… (ပြောတာပဲလေ 😛 ) အဲ… အိပ်ရာထဲက ကိစ္စတွေအတွက်လည်း သူတို့က အတော်ဆုံး၊ အကောင်းဆုံးပါပဲတဲ့.. ဒါလည်း သူပြောတာ မင်မင်ပြောတာမဟုပု 😛

၁၀။ သိမ်းငှက်နှာခေါင်း 

hawk nose

လီမင်ဟိုလိုလို့ပဲ ပြောရမလား :3 စတာဘာ စတာဘာ… ဒီလို နှာခေါင်းပိုင်ရှင်တွေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့သူတွေဖြစ်ပြီး ဘယ်သူ့ဘယ်သူရဲ့ ကိစ္စတွေထဲမှ ဝင်မပါသလို ဘယ်သူ့ ဘယ်သူရဲ့ အပူကိုမှလည်း မျှခံနေမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို သူတို့ကိုယ်တိုင်ပဲ တည်ဆောက်တတ်ပြီး ကိုယ်ယုံကြည်ရာကိုပဲ ကိုယ်လုပ်မယ်ဆိုတဲ့သူမျိုးတွေပါ။ အဲ… လူအများကြားမှာလည်း ထင်းထွက်နေတတ်သူတွေပေါ့။

၁၁။ Nubian နှာခေါင်း 

Nubian နှာခေါင်း

မြန်မာလိုတော့ ဘယ်လို ခေါ်တယ် မသိဘူးယောင်းတို့ရေ.. မြင်အောင် အနီးဆုံးပြရမယ်ဆိုရင်ဖြင့် အိုဘားမား နှာခေါင်းကိုသာ ကြည့်ပါ။ ဒီလို နှာခေါင်းပိုင်ရှင်တွေကတော့ ကိစ္စတစ်ခုခုကို ဖြေရှင်းရာမှာ နည်းလမ်းအသစ်တွေနဲ့ ချဉ်းကပ်တတ်ပါတယ်။ သဘောထားကြီး၊ ပွင့်လင်းကြပြီး သိချင်စိတ်များတဲ့သူတွေ ဖြစ်နေတဲ့အပြင် ဆွဲဆောင်မှု အားကောင်းသူတွေလည်း ဖြစ်နေပါသေးတယ်။ စကားပြောကောင်းတာကလည်း သူတို့ရဲ့ အရည်အချင်း တစ်ခုပေါ့…

ကဲ.. ယောင်းတို့ရဲ့ နှာခေါင်းကရော ဘယ်လို ပုံစံရှိလဲ? နှာခေါင်းပုံစံလေး ကွဲအောင်ကြည့်ပြီး ကိုယ်က ဘယ်လိုလူလဲဆိုတာ ပြန်တိုက်ကြည့်နော်.. မှန်ရင် မင်မင့်ကို မုန့်ဝယ်ကျွေး 😛 ဘာကြည့်နာလဲ့.. မှန်သွားယူပြီး ကိုယ့်နှာခေါင်းက ဘယ်အမျိုးအစားထဲ ပါလဲ ကြည့်တော့လေ.. :3

Libra (For Her Myanmar )

References : Cosmopolitan , I- Facts

Leave a Reply

Your email address will not be published. Required fields are marked *