FUN

ရုပ်ရှင်ထဲကသရဲဇာတ်ကောင်တွေရဲ့ တကယ့်ရုပ်အမှန်များ

ရုပ်ရှင်ထဲကသရဲဇာတ်ကောင်တွေ အပြင်ရောက်လာတဲ့အခါ …

ဒီတစ်ခေါက်တော့ သရဲလာခြောက်တယ်ဗျိုး …

အပြင်မှာ Annabelle သရဲကားက နာမည်တော်တော်ကြီးနေတာဆိုတော့
သရဲကားတွေ အကြောင်းခေါင်းထဲရောက်လာတယ် ။ သရဲကားကောင်းတွေဆိုတာ သရဲနေရာမှာသရုပ်ဆောင်တဲ့ ဇာတ်ဆောင်ပီပြင်လေ ကြောက်စရာကောင်းလေပဲမဟုတ်ပါလား ယောင်းတို့ရေ … သရဲကား ကြိုက်တဲ့ သူတွေအဖို့ သရဲကားကြည့်ရတဲ့ ဖီးလ်က တကယ်အရသာရှိတာပါ ။ ကြည့်ရင်း မျက်စိထဲစွဲနေတဲ့ သရဲဇာတ်ဆောင်တွေ ရှိချင်ရှိကြမှာ ။ ဇာတ်လမ်းအရသာ ရုပ်ဆိုးပြီး ကြောက်စရာကောင်းအောင် ဖန်တီးထားရပေမယ့်
တကယ်တမ်းမှာတော့ သူတို့တွေက သရုပ်ဆောင်သက်သက်ပဲမို့ ပြင်ပဘ၀က ပုံလေးတွေက ဇာတ်လမ်းထဲကနဲ့ ခြားနားလှပါတယ် ။
ဇာတ်လမ်းထဲကပုံနဲ့ အပြင်ကပုံ ဘယ်လိုကွာသလဲ အတူတူကြည့်ကြရအောင်နော် …

1 Valak – Bonnie Aarons (The Conjuring 2, 2016)

ကြောက်ဖို့အလွန်ကောင်းတယ်လို့ နာမည်ကြီးခဲ့တဲ့ သီလရှင်တစ္စေရဲ့ ပြင်ပပုံကတော့ နွေးထွေးတဲ့ အမျိုးသမီးကြီးတစ်ယောက်ပါတဲ့ ။

2.Pennywise – Tim Curry (It, 1990)

Admin ကတော့ Clown မြင်ရင်ကို တစ်ခုခုခြောက်ခြားသလိုခံစားရတယ် ။ ဒီဇာတ်ကားထဲက Crown ကို အပြင်မှာမြင်ရင် မှတ်မိမယ်မထင်ပါဘူး ။ ရုပ်ကိုပြောင်းထွက်သွားတာနော် ။

Related Article >>> လက်မလွှတ်တမ်းကြည့်သင့်တဲ့ romance ရုပ်ရှင် (၃)ကား

3.Samara – Daveigh Chase (The Ring, 2002)

ဒီဇာတ်ကားလဲ အရမ်းကြောက်စရာကောင်းတယ်လို့ နာမည်ကြီးခဲ့တာပါ ။ သရဲမလေးက အပြင်မှာချောလိုက်တာ ။ ဒီလိုသရဲမျိုးကို ရမယ်ဆို လိုချင်တဲ့ ကောင်လေးတွေတန်းစီနေမှာပဲလေနော် ။

4.Pale Man – Doug Jones (Pan’s Labyrinth, 2006)

မျက်လုံးတွေ လက်မှာပေါက်နေတဲ့ အသည်းယားစရာအကောင်ကြီးကတော့ အပြင်မှာ လှပတဲ့ မျက်ဝန်းပြာလေးကိုပိုင်ဆိုင်ထားသူပါ ။

Related Article >>> အနားမှာသရဲရှိကြောင်း ဖော်ပြနေတဲ့အချက်(၁၀)ချက်

5.Kayako – Takako Fuji (The Grudge, 2004)

ဂျပန်သရဲမလေးကတော့ ရုပ်ရှင်ထဲမှာအေးစက်ပြီးချောက်ခြားစေပေမယ့် ပြင်ပမှာကတော့ ချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်ပါပဲ ။

6. Toshio – Yuya Ozeki (Ju-On, 2002)

အမလေး … ချစ်ဖို့ကောင်းလိုက်တာနော် … ဒီလိုကလေးလေးက သရဲလုပ်တော့လည်း ပီပြင်တာပါပဲလား …

7.Alien – Bolaji Badejo (Alien, 1979)

အပြင်ကပုံကိုပဲကြည့်ရင် ဇာတ်ကားထဲကသူဆိုတာ ဘယ်လိုမှထင်နိုင်စရာမရှိပါဘူး ။

Related Article >>> ကြောက်လည်းကြောက်၊ စိတ်ဝင်စားစရာလည်းကောင်းတဲ့ သရဲကား (၃)ကား

8.Freddy Krueger – Robert Englund (A Nightmare On Elm Street, 1984)

မိတ်ကပ်တွေ အရမ်းကောင်းပါတယ် ။ ဇာတ်ကားထဲမှာ အခြားလူတစ်ယောက်လိုကိုပြောင်းလဲသွားတာပါ ။

9.Regan Macneil – Linda Blair (The Exorcist, 1973)

သူမလေးကလည်း အပေါ်က သရုပ်ဆောင်တွေနည်းတူပါပဲ ။ မိတ်ကပ်အစွမ်းနဲ့ ကြောက်ဖို့ အလွန်ကောင်းနေပေမယ့် အပြင်မှာတော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတာပါ ။

10.Bride In Black – Tom Fitzpatrick (Insidious: Chapter 2, 2013)

ဒီဇာတ်ကားကတော့ ပရိတ်သတ်တွေကို တကယ်ကိုလှည့်စားသွားနိုင်တာပါ ။ သတို့သမီးသရဲမလေးက တကယ်တမ်းမှာတော့ မိန်းကလေးမဟုတ်ပါဘူး ။ ယောကျာင်္းသားတစ်ယောက်က ၀င်ရောက်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်တဲ့ ။

သရဲကားတွေထဲက သရုပ်ဆောင်တွေကို အပြင်ပုံတွေ့လိုက်ရပြီဆိုတော့ ဘယ်သရဲက အပြင်မှာအချောဆုံးလို့ ထင်လဲဟင် ပြောသွားကြည့်ပါလား … ယောင်းတို့ရေ …

ချစ်တဲ့

အသဲကျော် ( For Her Myanmar )

Source : http://www.boredpanda.com/horror-movie-stars-in-real-life/

AThae Kyaw
အသဲ ကတော့ For Her Myanmar မှာ အသုပ်စုံပါ ။ အလုပ်ခွင်အကြောင်းတွေလဲရေးသလို အလှအပအကြောင်းတွေလဲ စိတ်ကူးပေါက်ရင် ရေးတာပဲ ... စာအုပ်တွေ အကြောင်းလဲရေးတယ် ... Mood ၀င်တဲ့နေ့တွေဆို ၀တ္ထုတိုတွေလည်း ရေးဖြစ်တယ် ။ စာဖတ်သူကို motivation ဖြစ်စေမယ့် စာလေးတွေရေးရတာ သိပ်သဘောကျတယ် ။ နေ့တိုင်း ရုပ်ရှင်မကြည့်တဲ့နေ့မရှိတဲ့ ရုပ်ရှင်ဝါသနာအိုးဆိုတော့ Movie Review နဲ့ အနုပညာရေးရာသတင်းတွေ ရေးရတာကို အကြိုက်ဆုံးပဲ ... ။ မကျွမ်းကျင်ဆုံးကတော့ အချစ်ရေးအချစ်ရာတွေပါ ... အာ့မို့ အချစ်ရေးကိစ္စတွေမှာဆို အသဲ လက်ရာဆောင်းပါး ကို တွေ့ရခဲပါတယ် ဟီး အကောင်းဆုံးကြိုးစားသွားမှာမို့ အသဲရဲ့ စာလေးတွေကို အားပေးကြပါဦး ယောင်းတို့ရေ .

Leave a Reply

Your email address will not be published. Required fields are marked *