ကောင်လေးတွေ သူတို့ရဲ့crushရှေ့မှာပြုလုပ်တတ်တဲ့ အမူအရာ(၅)ခု

ရယ်စရာကောင်းပြီးအူကြောင်ကြောင်နိုင်ပေမယ့် ကိုယ်တော်ချောတို့ရဲ့လုပ်ရပ်က ချစ်စရာကောင်းတာတော့အမှန်။

ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားပြီဆိုရင် သူတို့ကို ပြန်စိတ်ဝင်စားအောင် အမျိုးမျိုး လုပ်ကြတာပေါ့။ သူတို့ကတော့ သူတို့ကို သူတို့ အဟုတ်ကြီးထင်လို့။ တကယ်က အူကြောင်ကြောင်လုပ်ရပ်လေးတွေ။ ဒါပေမယ့်လည်း အဲ့ဒါကိုပဲ ယောင်းတို့က စွဲလမ်းမိနေပြန်ရောလေ။(ကိုယ်သဘောကျမိတဲ့သူဆိုရင်ပေါ့) ဟုတ်တယ်ဟုတ်? အောက်မှာ တစ်ချက်ရှိုးကြည့်ပါဦး။ ဘာတွေလဲဆိုတာ။

(၁)ယောက်ျားပီသအောင်နေပြမယ်။

ယောကျာ်းလေးတစ်ယောက်က ကိုယ်သဘောကျနေတဲ့ ကောင်မလေးရှေ့မှာ ဘယ်အရာကိုပြချင်ဆုံး ဖြစ်မလဲ?ဟိတ်…လျှောက်တွေးမနေနဲ့နော်။ Rinပြောချင်တာက ကိုယ်တော်ချောတို့ရဲ့ ယောက်ျားပီသမှုကို ပြောတာရှင့်။အိမ်မှာဆို ပိုးဟပ်၊ အိမ်မြှောင် အထိမခံရဲတဲ့ ကိုကိုတို့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရှေ့ရောက်ပြီဆိုဘယ်ကမှန်းမသိတဲ့ တွေထွက်လာလိုက်တာ Captain America တောင်ထိုင်ငိုသွားမယ်။

(၂)လေတစ်လုံးမိုးတစ်လုံးပြောမယ်။

စကားပြောကောင်းတာက သူတို့ရဲ့တိုက်ကွက်။ မိန်းကလေးတွေကြွားတယ်ဆိုတာကယောကျာ်းလေးတွေ အိပ်နေသလောက်ပဲရှိတယ်နော်။ သူတို့crushနေတဲ့ကောင်မလေးများ သူတို့ရှေ့ကဖြတ်သွားကြည့် လော်စပီကာမျိုထားတဲ့အသံနဲ့ သူတို့ဘယ်လောက်တော်ကြောင်း ဘယ်လောက်စွန်ကြောင်း ကြွားပါလိမ့်မယ်။ ကောင်မလေးကများ အထင်ကြီးပြီး ကြွေသွားမလားပေါ့။

 

(၃)အထင်ကြီးလာအောင်လုပ်မယ်။

ကောင်လေးတွေက သူတို့ကြိုက်နေတဲ့ ကောင်မလေးရှေ့ရောက်ရင် မင်သားလိုကျော့နေအောင် ရှိုးထုတ်ကြတယ်။တစ်ဖက်ကအထင်ကြီးလာအောင်လို့ အိုက်တင်လုပ်တဲ့အခါအလွဲလေးတွေလဲဖြစ်တက်တယ်။ ဥပမာ ယောင်းတို့လာမယ့်လမ်းကြောင်းကနေ ယောင်းတို့ကိုရှိုးပြမယ်ပေါ့၊ ဒီတော့ သူတို့စတိုင်ပိုမိုက်သွားအောင် လမ်းဘေးမှာရပ်ထားတဲ့ ကားတစ်စီးနား ခပ်တည်တည်နဲ့ပြေးကပ်ပြီးမင်းသားဒီဇီုင်းနဲ့ ဖုန်းပွတ်နေမယ်။ ဟီဟီ..ကားထဲကပိုင်ရှင်က ကားမှန်ချပြီး “ညီလေး အစ်ကိုကားလေး ရွေ့ချင်လို့” ဆိုပြီးလှမ်းပြောမှ ဂွမ်းကုန်မယ်။

(၄)ပုံပြင်လေးတစ်ပုဒ်ဖန်တီးမယ်။

ကောင်လေးတွေဟာ ဇာတ်ညွှန်းရေးတဲ့နေရာမှာဆရာကြီးတွေနော်။ ယောင်းတို့ရဲ့အချစ်ကိုရဖို့ သူတို့ရဲ့ချစ်သူငယ်ချင်းတွေနဲ့ ပေါင်းပြီးဇာတ်လမ်းတွေဆင်တတ်ပါတယ်။ လူဆိုးတွေလက်ထဲကနေ ကောင်မလေးကိုကယ်တင်တဲ့ဇာတ်လမ်းလိုမျိုးပေါ့။ သူကမင်းသား သူရဲ့သွေးသောက်တွေကတော့ ပါရမီဖြည့်ဖက် လူကြမ်းတွေပေါ့။ ဇာတ်လမ်းအဆင်ကောင်းပြီး မင်းသားကိုမသနားဘဲ လူကြမ်းလေးကို သနားမိသွားရင်တော့ ကွိုင်နော်။(မြန်မာကား အကြည့်များပုံရပါသည်။)( အပြင်မှာ… တကယ်ကြုံဖူးတယ်နော်။)

(၅)ကိုယ့်အနားကလူတွေကိုလိုက်ရောမယ်။

ကောင်လေးတွေဟာ သူတို့ကြိုက်တဲ့ကောင်မလေးရဲ့အချက်လက်တွေရဖို့အတွက် သူမရဲ့အချစ်ဆုံးသူငယ်ချင်းတွေကို ပစ်မှတ်ထားကြတယ်။ကိုယ့်bffတွေရဲ့ facebook, instagram accountတိုင်းလိုလိုမှာသူတို့ရှိနေမယ်။ ကိုယ့်သူငယ်ချင်းကကိုယ့်ကိုtagတွဲပြီးတင်တဲ့postတွေမှာစကားရောဖောရောနဲ့ commentတွေလာပေးမယ်။ hahaလိုက်ပေးပြီး အာရုံစိုက်ခံရအောင်လုပ်တာမျိုးတွေလည်းပါလာမှာပေါ့။ အချိန်ကြာလာတော့ ကိုယ်သာမကသူငယ်ချင်းတွေကပါသူ့ကိုသတိထားမိလာရော။

Rinကယောင်းတို့ပျော်ရအောင် ဟာသရှု့ထောင့်ကနေ ရယ်စရာတွေနဲ့ ပြောပြသွားတာပါ၊ ဘာဘဲဖြစ်ဖြစ် ချစ်စရာတော့ကောင်းတယ်ဟုတ်? ယောင်းတို့ရဲ့ချစ်ချစ်ကိုပြန်မေးကြည့် ယောင်းတို့ဆီကအဖြေကိုရဖို့ အဲ့လိုမျိုးလုပ်ခဲ့ဖူးသလားလို့။ ခုပြောသွားတဲ့ထဲက တစ်နည်းနည်းတို့စမ်းဖူးမှာသေချာတယ်။

Stay pretty!

Rin (For Her Myanmar)

No Comments Yet

Comments are closed