FUN Horror Movie Reviews

လက္ရွိမွာ အေအာင္ျမင္ဆံုး ျဖစ္ေနတဲ့ ေခ်ာက္ခ်ားစရာ Us ဇာတ္ကား

ၿဖဲေျခာက္ေနတာမဟုတ္ဘဲ ၾကည့္ရင္းနဲ႔ကို ေက်ာခ်မ္းလာမယ့္ ဇာတ္ကား

Horror ကားထဲမွာမွ plot twist ေတြ၊ ျမႇဳပ္ကြက္ေတြ ရွယ္ပါတဲ့ ရုပ္ရွင္ကို ညႊန္းပါဆိုရင္ အခု နာမည္ႀကီးေနတဲ့ Us ရုပ္ရွင္ဟာလည္း တစ္ကားအပါအဝင္လို႔ ဆိုရမွာပါ။

သာမန္horror ​ေတြနဲ႔ မတူဘဲ ထူးျခားၿပီး အဓိပၸါယ္ေတြ အမ်ားႀကီး ျမႇဳပ္ထားတဲ့ ဇာတ္လမ္းလို႔ နာမည္ႀကီးတာမို႔ အက္ဒ္မင္တစ္ေယာက္ သြားၾကည့္ျဖစ္ခဲ့တယ္ေပါ့ ေယာင္းတို႔ေရ… ဇာတ္လမ္းအက်ဥ္းကိုေျပာရရင္ေတာ့…..

အခ်ိန္ကာလ ႏွစ္ပိုင္း ပါပါတယ္။ ပထမအခ်ိန္ကာလက Adelaide ဆိုတဲ့ လူမည္းမိန္းကေလးရဲ႕ ၁၉၈၆ခုႏွစ္တုန္းက ငယ္ဘဝနဲ႔ ဒုတိယအခ်ိန္ကာလက သူမရဲ႕ ယခုလက္ရွိဘဝ။

၁၉၈၆ခုႏွစ္မွာ Adelaide ရဲ႕ ေမြးေန႔အတြက္ Adelaideကို သူမ မိဘေတြက Santa Cruz ကမ္းေျခကို လိုက္ပို႔ေပးခဲ့ပါတယ္။ ကမ္းေျခမွာ Amusement park ရွိတာေၾကာင့္ ေလၽွာက္သြားရင္ ကစားတဲ့ မွန္အိမ္တစ္လံုးထဲ ဝင္မိသြားပါတယ္။ အဲဒီအိမ္က မွန္ေတြနဲ႔ ျပည့္ေနၿပီး အိမ္ရဲ႕ တစ္ေနရာအေရာက္မွာေတာ့ သူမနဲ႔ တစ္ပံုစံတည္းတူတဲ့ ကေလးမေလးကို မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုက္ရပါတယ္။

Related Article >>> တစ္ေယာက္တည္း မၾကည့္သင့္တဲ့ ေဘာလိဝုဒ္သရဲကား (၄)ကား

Adelaideမသိခဲ့တာကေတာ့ ပံုစံတူ ကေလးမေလးဟာ ဖန္တီးထားတဲ့ ကလုန္း တစ္ခု ျဖစ္တယ္ဆိုတာပါပဲ။ ဒီရုပ္ရွင္ကို ရွင္းျပထားတဲ့ သီအိုရီေတြအရ အေမရိကန္အစိုးရဟာ နည္းပညာအလြန္ျမင့္မားလာတဲ့အခါ ေျမေပၚက လူေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလာပါတယ္။ ဒါေၾကာင့္ လူေတြရဲ႕ မ်ိဳးဗီဇကို ခိုးယူထားၿပီး ကလုန္းေတြကို မ်ိဳးဆက္ တစ္ဆက္ၿပီး တစ္ဆက္ ဖန္တီးပါေတာ့တယ္။ ဒါေတြဟာ ပံုစံတူ ကလုန္းေတြမို႔ သူတို႔ ဖန္တီးထားတဲ့ကလံုးေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ႏိုင္ရင္ ေျမေပၚက မူလေနထိုင္သူ လူေတြရဲ႕ စိတ္ကိုပါ ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ေတြးခဲ့ပါတယ္။

 

ဒါေပမဲ့ ရလဒ္က ေျပာင္းျပန္ျဖစ္သြားၿပီး အေပၚက လူေတြကို မထိန္းခ်ဳပ္ႏိုင္ဘဲ ေျမေအာက္က လူေတြသာ အေပၚက မူလ လူေတြအတိုင္း တစ္ေထရာတည္း လိုက္လုပ္ေနရပါတယ္။ စမ္းသပ္မႈက်႐ံႈးတာေၾကာင့္ အစိုးရဟာ ဒီစမ္းသပ္မႈကို ဒီအတိုင္း ပစ္ထားခဲ့ပါေတာ့တယ္။

ဒါေၾကာင့္ အေပၚက လူေတြက သာယာေနတဲ့အခ်ိန္မွာ ေျမေအာက္က စမ္းသပ္ခံေတြကေတာ့ အေနဆင္းရဲ အစားဆင္းရဲနဲ႔ သူတို႔ဘာသာ ယုန္ေတြကို အစိမ္းလိုက္ စားေသာက္ေနရၿပီး လူရိုင္းသာသာ ျဖစ္လာပါတယ္။ ေျမေအာက္က စမ္းသပ္ခန္းႀကီးထဲမွာ ယုန္ေတြကိုလည္း ပံုစံတူ ပြားထားတာမို႔ ယုန္ကေတာ့အေတာ္ေပါပါတယ္။

ဒီျဖစ္ရပ္ကို မသိတဲ့ Adelaideဟာ သရဲကို ျမင္လိုက္ရသလို အရမ္းကို ထိတ္လန္႔ေခ်ာက္ခ်ားသြားၿပီး trauma ရသြားတာမို႔ အခ်ိန္အေတာ္ၾကာ စကားမေျပာႏိုင္ခဲ့ပါဘူူး။ ဒီေကာင္မေလးဟာ Adelaideေနာက္ကို လိုက္ေနတယ္လို႔ Adelaide က အၿမဲေတြးေနခဲ့ပါတယ္။

Related Article >>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

ဒီလိုနဲ႔ ၂၀၁၉ခုႏွစ္ကို ေရာက္လာၿပီး Adelaide တစ္ေယာက္လည္း လင္နဲ႔ သားနဲ႔ သမီးနဲ႔ ျဖစ္လာတဲ့ အရြယ္ကို ေရာက္လာပါတယ္။ Adelaide ခင္ပြန္းဟာ အပန္းေျဖခရီးတစ္ခုကို မိသားစုအတြက္ စီစဥ္ခဲ့ၿပီး ေနရာကေတာ့ တျခားမဟုတ္ပါဘူး။

Adelaideဘဝကို တခ်ိန္လံုး ထိတ္လန္႔ေၾကာက္ရြံ႕ေစခဲ့တဲ့ Santa Cruz ကမ္းေျခပါပဲ။ တကယ္လည္း Adelaide စိတ္ထဲ ထင္ေနတဲ့အတိုင္း ကို သူမ မိသားစုဆီကို လူစိမ္းေလးေယာက္က မဖိတ္ေခၚဘဲ ေရာက္လာခဲ့ပါတယ္။ အဲဒါကေတာ့ သူတို႔ မိသားစုနဲ႔ တစ္ပံုစံတည္းတူတဲ့ ကလုန္းမိသားစုျဖစ္ၿပီး Adelaideတို႔ လူအစစ္ေတြကို လက္စားေခ်ဖို႔ ေရာက္လာတာပါ။

Adelaideတစ္ေယာက္ သူ႔ မိသားစုကို ကယ္တင္ႏိုင္မွာလား?

မိသားစုေလးေယာက္လံုး အသက္ရွင္လြတ္ေျမာက္ႏိုင္မွာလား?

ဒီ ကလုန္းေတြကပဲ လူအစစ္ေတြကို အႏိုင္ယူသြားမွာလား?

စတာေတြကိုေတာ့ ကိုယ့္ဟာကိုယ္ သြားၾကည့္ပါေနာ္….

သူက သရဲကားေတြလို ျဖဲေျခာက္တာမဟုတ္ဘဲနဲ႔ ရင္တထိတ္ထိတ္နဲ႔ ေရွ႕ဆက္ ဘာျဖစ္ၾကမလဲဆိုတာကို ေတြးပူၿပီး ရင္ခုန္ေနရတာမ်ိဳးပါ။ ၾကာခ်ိန္က ၂နာရီ ၁မိနစ္ဆိုေပမယ့္ ဘယ္လို ၿပီးသြားမွန္းမသိေအာင္ စိတ္လႈပ္ရွားစရာေကာင္းပါတယ္။

အဓိကက သူမတူေအာင္ ထူးျခားတဲ့ horror ဇာတ္အိမ္ တည္ေဆာက္ပံုနဲ႔ လွည့္ကြက္/ျမႇဳပ္ကြက္ေတြေၾကာင့္ပါ။ လွည့္ကြက္ေတြ အမ်ားႀကီးပါေနတာမို႔ ေတာ္ေတာ္မ်ားမ်ား ၾကည့္ၿပီး နားမလည္ၾကပါဘူး။

ဒါေပမဲ့ အက္ဒ္မင္ရွင္းျပတဲ့ ကလုန္းသီအိုရီတစ္ခုကို ဖတ္ၿပီးရင္ေတာ့ ဇာတ္လမ္းကို ေသခ်ာနားလည္ေအာင္ ၾကည့္လို႔ရပါၿပီ။ အက္ဒ္မင္တုန္းကေတာ့ အဲဒီ သီအိုရီကို မသိခဲ့လို႔ ရံုထဲကေန အူလည္လည္၊ စိတ္မတင္မက်နဲ႔ ျပန္ထြက္လာရတယ္။

ဒီကားမွာ plot twistက အသက္ပါ။ ဒါကို Spoil မိမွာစိုးလို႔ ဇာတ္လမ္းရဲ႕ အေရးပါဆံုး plot twist ကို လံုးဝမေျပာထားပါဘူးေနာ္။ (ကြကိုယ္ ၾကည့္…😛)

Horror ရုပ္ရွင္ကား တစ္ကားအေနနဲ႔ IMDB Rating မွာ အရမ္းအျမင့္ႀကီးရဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ ဒီ Us ဇာတ္ကားကေတာ့ IMDB Rating မွာ 7.5 အထိ ေပးခံရပါတယ္။ တစ္ခုပဲ… ေသြးသံရဲရဲေတြ ၾကမ္းတမ္းတာေတြပါလို႔ အသက္မျပည့္တဲ့သူေတြ ၾကည့္ခြင့္မရွိပါဘူးေနာ္..

ျခံဳၿပီးေျပာရရင္ေတာ့ ၾကည့္ရ အလြန္တန္တဲ့ ဇာတ္ကားတစ္ကားပါပဲ ေယာင္းတို႔ေရ…

By

Mia ( For Her Myanmar)

<<< Unicode >>>

ဖြဲခြောက်နေတာမဟုတ်ဘဲ ကြည့်ရင်းနဲ့ကို ကျောချမ်းလာမယ့် ဇာတ်ကား

Horror ကားထဲမှာမှ plot twist တွေ၊ မြှုပ်ကွက်တွေ ရှယ်ပါတဲ့ ရုပ်ရှင်ကို ညွှန်းပါဆိုရင် အခု နာမည်ကြီးနေတဲ့ Us ရုပ်ရှင်ဟာလည်း တစ်ကားအပါအဝင်လို့ ဆိုရမှာပါ။

သာမန်horror တွေနဲ့ မတူဘဲ ထူးခြားပြီး အဓိပ္ပါယ်တွေ အများကြီး မြှုပ်ထားတဲ့ ဇာတ်လမ်းလို့ နာမည်ကြီးတာမို့ အက်ဒ်မင်တစ်ယောက် သွားကြည့်ဖြစ်ခဲ့တယ်ပေါ့ ယောင်းတို့ရေ… ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့…..

အချိန်ကာလ နှစ်ပိုင်း ပါပါတယ်။ ပထမအချိန်ကာလက Adelaide ဆိုတဲ့ လူမည်းမိန်းကလေးရဲ့ ၁၉၈၆ခုနှစ်တုန်းက ငယ်ဘဝနဲ့ ဒုတိယအချိန်ကာလက သူမရဲ့ ယခုလက်ရှိဘဝ။

၁၉၈၆ခုနှစ်မှာ Adelaide ရဲ့ မွေးနေ့အတွက် Adelaideကို သူမ မိဘတွေက Santa Cruz ကမ်းခြေကို လိုက်ပို့ပေးခဲ့ပါတယ်။ ကမ်းခြေမှာ Amusement park ရှိတာကြောင့် လျှောက်သွားရင် ကစားတဲ့ မှန်အိမ်တစ်လုံးထဲ ဝင်မိသွားပါတယ်။ အဲဒီအိမ်က မှန်တွေနဲ့ ပြည့်နေပြီး အိမ်ရဲ့ တစ်နေရာအရောက်မှာတော့ သူမနဲ့ တစ်ပုံစံတည်းတူတဲ့ ကလေးမလေးကို မျက်နှာချင်းဆိုင် တွေ့လိုက်ရပါတယ်။

Related Article >>> တစ်ယောက်တည်း မကြည့်သင့်တဲ့ ဘောလိဝုဒ်သရဲကား (၄)ကား

Adelaideမသိခဲ့တာကတော့ ပုံစံတူ ကလေးမလေးဟာ ဖန်တီးထားတဲ့ ကလုန်း တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ဒီရုပ်ရှင်ကို ရှင်းပြထားတဲ့ သီအိုရီတွေအရ အမေရိကန်အစိုးရဟာ နည်းပညာအလွန်မြင့်မားလာတဲ့အခါ မြေပေါ်က လူတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။ ဒါကြောင့် လူတွေရဲ့ မျိုးဗီဇကို ခိုးယူထားပြီး ကလုန်းတွေကို မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဖန်တီးပါတော့တယ်။ ဒါတွေဟာ ပုံစံတူ ကလုန်းတွေမို့ သူတို့ ဖန်တီးထားတဲ့ကလုံးတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်ရင် မြေပေါ်က မူလနေထိုင်သူ လူတွေရဲ့ စိတ်ကိုပါ ထိန်းချုပ်နိုင်မယ်လို့ တွေးခဲ့ပါတယ်။

ဒါပေမဲ့ ရလဒ်က ပြောင်းပြန်ဖြစ်သွားပြီး အပေါ်က လူတွေကို မထိန်းချုပ်နိုင်ဘဲ မြေအောက်က လူတွေသာ အပေါ်က မူလ လူတွေအတိုင်း တစ်ထေရာတည်း လိုက်လုပ်နေရပါတယ်။ စမ်းသပ်မှုကျရှုံးတာကြောင့် အစိုးရဟာ ဒီစမ်းသပ်မှုကို ဒီအတိုင်း ပစ်ထားခဲ့ပါတော့တယ်။

ဒါကြောင့် အပေါ်က လူတွေက သာယာနေတဲ့အချိန်မှာ မြေအောက်က စမ်းသပ်ခံတွေကတော့ အနေဆင်းရဲ အစားဆင်းရဲနဲ့ သူတို့ဘာသာ ယုန်တွေကို အစိမ်းလိုက် စားသောက်နေရပြီး လူရိုင်းသာသာ ဖြစ်လာပါတယ်။ မြေအောက်က စမ်းသပ်ခန်းကြီးထဲမှာ ယုန်တွေကိုလည်း ပုံစံတူ ပွားထားတာမို့ ယုန်ကတော့အတော်ပေါပါတယ်။

ဒီဖြစ်ရပ်ကို မသိတဲ့ Adelaideဟာ သရဲကို မြင်လိုက်ရသလို အရမ်းကို ထိတ်လန့်ချောက်ချားသွားပြီး trauma ရသွားတာမို့ အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပါဘူူး။ ဒီကောင်မလေးဟာ Adelaideနောက်ကို လိုက်နေတယ်လို့ Adelaide က အမြဲတွေးနေခဲ့ပါတယ်။

Related Article >>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

ဒီလိုနဲ့ ၂၀၁၉ခုနှစ်ကို ရောက်လာပြီး Adelaide တစ်ယောက်လည်း လင်နဲ့ သားနဲ့ သမီးနဲ့ ဖြစ်လာတဲ့ အရွယ်ကို ရောက်လာပါတယ်။ Adelaide ခင်ပွန်းဟာ အပန်းဖြေခရီးတစ်ခုကို မိသားစုအတွက် စီစဉ်ခဲ့ပြီး နေရာကတော့ တခြားမဟုတ်ပါဘူး။

Adelaideဘဝကို တချိန်လုံး ထိတ်လန့်ကြောက်ရွံ့စေခဲ့တဲ့ Santa Cruz ကမ်းခြေပါပဲ။ တကယ်လည်း Adelaide စိတ်ထဲ ထင်နေတဲ့အတိုင်း ကို သူမ မိသားစုဆီကို လူစိမ်းလေးယောက်က မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ သူတို့ မိသားစုနဲ့ တစ်ပုံစံတည်းတူတဲ့ ကလုန်းမိသားစုဖြစ်ပြီး Adelaideတို့ လူအစစ်တွေကို လက်စားချေဖို့ ရောက်လာတာပါ။

Adelaideတစ်ယောက် သူ့ မိသားစုကို ကယ်တင်နိုင်မှာလား?

မိသားစုလေးယောက်လုံး အသက်ရှင်လွတ်မြောက်နိုင်မှာလား?

ဒီ ကလုန်းတွေကပဲ လူအစစ်တွေကို အနိုင်ယူသွားမှာလား?

စတာတွေကိုတော့ ကိုယ့်ဟာကိုယ် သွားကြည့်ပါနော်….

သူက သရဲကားတွေလို ဖြဲခြောက်တာမဟုတ်ဘဲနဲ့ ရင်တထိတ်ထိတ်နဲ့ ရှေ့ဆက် ဘာဖြစ်ကြမလဲဆိုတာကို တွေးပူပြီး ရင်ခုန်နေရတာမျိုးပါ။ ကြာချိန်က ၂နာရီ ၁မိနစ်ဆိုပေမယ့် ဘယ်လို ပြီးသွားမှန်းမသိအောင် စိတ်လှုပ်ရှားစရာကောင်းပါတယ်။

အဓိကက သူမတူအောင် ထူးခြားတဲ့ horror ဇာတ်အိမ် တည်ဆောက်ပုံနဲ့ လှည့်ကွက်/မြှုပ်ကွက်တွေကြောင့်ပါ။ လှည့်ကွက်တွေ အများကြီးပါနေတာမို့ တော်တော်များများ ကြည့်ပြီး နားမလည်ကြပါဘူး။

ဒါပေမဲ့ အက်ဒ်မင်ရှင်းပြတဲ့ ကလုန်းသီအိုရီတစ်ခုကို ဖတ်ပြီးရင်တော့ ဇာတ်လမ်းကို သေချာနားလည်အောင် ကြည့်လို့ရပါပြီ။ အက်ဒ်မင်တုန်းကတော့ အဲဒီ သီအိုရီကို မသိခဲ့လို့ ရုံထဲကနေ အူလည်လည်၊ စိတ်မတင်မကျနဲ့ ပြန်ထွက်လာရတယ်။

ဒီကားမှာ plot twistက အသက်ပါ။ ဒါကို Spoil မိမှာစိုးလို့ ဇာတ်လမ်းရဲ့ အရေးပါဆုံး plot twist ကို လုံးဝမပြောထားပါဘူးနော်။ (ကွကိုယ် ကြည့်…😛)

Horror ရုပ်ရှင်ကား တစ်ကားအနေနဲ့ IMDB Rating မှာ အရမ်းအမြင့်ကြီးရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီ Us ဇာတ်ကားကတော့ IMDB Rating မှာ 7.5 အထိ ပေးခံရပါတယ်။ တစ်ခုပဲ… သွေးသံရဲရဲတွေ ကြမ်းတမ်းတာတွေပါလို့ အသက်မပြည့်တဲ့သူတွေ ကြည့်ခွင့်မရှိပါဘူးနော်..

ခြုံပြီးပြောရရင်တော့ ကြည့်ရ အလွန်တန်တဲ့ ဇာတ်ကားတစ်ကားပါပဲ ယောင်းတို့ရေ…

By

Mia ( For Her Myanmar)

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *