FUN Knowledge

ကိုယ့္ပံုလွလွေလးေတြ ႐ိုက္ေပးႏို္င္ဖို႔ ခ်စ္သူကို သင္ေပးထားသင့္တဲ့ ဓာတ္ပံု႐ိုက္နည္းမ်ား

သင္တာမွၾကာေနဦးမယ္ မန္းရွင္းတန္းေခၚၿပီးသာ ဖတ္ခိုင္းလိုက္ပါေတာ့ 🤣

အခုေခတ္ကေတာ့ ရည္းစားျဖစ္ရန္ အရည္အခ်င္းေတြထဲမွာ ဓာတ္ပံုေကာင္းေကာင္း႐ိုက္တတ္ရမည္၊ ဓာတ္ပံုကို စိတ္႐ွည္႐ွည္ မညည္းမညဴ ႐ိုက္ေပးႏုိင္သူျဖစ္ရမည္ ဆုိတဲ့ သတ္မွတ္ခ်က္ ထည့္ရမလိုပါပဲေနာ္။

အဲ့ဒီ သတ္မွတ္ခ်က္နဲ႔ ေ႐ြးမထားမိဘူးဆိုတဲ့ ေယာင္းတို႔လည္း မပူနဲ႔ေနာ္။ ဓာတ္ပံုေကာင္း တစ္ပံုရဖို႔   ေယာင္းတို႕ရည္းစားေတြကို သင္ေပးနိုင္မယ့္ လုိအပ္တဲ့ နည္းနာေတြကို အက္ဒ္မင္က ႐ွာေဖြစုစည္းတင္ျပလုိက္ပါတယ္႐ွင္။

၁။ ၿပီးစလြယ္ မ႐ိုက္ပါနဲ႔

ခ်က္ကနဲ ႐ိုက္ေပးလုိက္တာမ်ိဳး မလုပ္ရဘူးေနာ္။ ဓာတ္ပံု႐ိုက္တယ္ဆုိတာ အႏုပညာပဲေလ။ ဒီေတာ့ ပံုေလးကို ေသေသခ်ာခ်ာခ်ိန္၊ ျမင္ကြင္းက လွ ရဲ႕လား  ႐ွင္းရဲ႕လား ျမင္ကြင္းထဲကို ဘာေတြ ဝင္႐ႈပ္ေနလဲ ေသေသခ်ာခ်ာၾကည့္ၿပီးမွ ႐ိုက္လုိက္ပါေနာ္။

၂။ အလင္းအေမွာင္ ေကာင္းဖုိ႔က အဓိက

ဓာတ္ပံုေကာင္း တစ္ပံုရဖို႔အတြက္ အလင္းအေမွာင္က အဓိကပါပဲ။ တအားလင္းေနသလား၊ အလင္းေရာင္ကို ေက်ာေပးမိေနလား၊ ေမွာင္လြန္းေနလား ေသေသခ်ာခ်ာၾကည့္ပါ။

ေနာက္ၿပီး ဖုန္းကင္မရာေနရာယူတဲ့ အေနအထားေပၚမူတည္ၿပီး အရို္က္ခံသူေပၚက်တဲ့ အလင္းအေရာင္က ကြာျခားမႈ႐ွိပါတယ္။ ဒါေၾကာင့္ ဖုန္းကင္မရာကို ဘက္အစံုေျပာင္းၿပီးခ်ိန္ၾကည့္၊ အလွဆံုးအႀကိဳက္ဆံုးအေနအထားမွာ ႐ိုက္လိုက္ပါ။

Related Article >>>ကမ္းေျခမွာ အပန္းေျဖရင္း လန္းေနဖို႔ဆိုရင္

၃။ Focus ျပတ္ရပါမယ္

Focus ျပတ္သားဖုိ႔က ဓာတ္ပံု႐ိုက္တာရဲ႕ အေျခခံစည္းမ်ဥ္းပါေနာ္။ Digital ေခတ္မွာေတာ့ ခက္ခဲတဲ့အရာမဟုတ္ပါဘူး။ ဓာတ္ပံု႐ုိက္တဲ့အခါ ဖုန္း Screen မွာ ပံုအ႐ိုက္ခံသူရဲ႕ မ်က္ႏွာေပၚတည့္တည့္ကို လက္ကေလးနဲ႔ ေထာက္ၿပီး ကင္မရာပံုေလးေပၚလာတဲ့အခါ ႐ိုက္လိုက္႐ံုပါပဲ။ ဒါဆို ပံု အ႐ိုက္ခံသူရဲ႕ မ်က္ႏွာ ၾကည္ၾကည္လင္လင္ေလးေပၚလာၿပီေပါ့။

 

၄။ လူအသားေပးလား၊ ႐ွဳခင္းအသားေပးလား

လူအသားေပးဆုိရင္ လူကိုပဲ အဓိကထားၿပီး႐ိုက္ေပးပါ။ ေဘးနားက မဆုိင္တဲ့ လူေတြ၊ အရာဝတၳဳေတြ မပါေစနဲ႔ေနာ္။ ႐ွဴခင္းဆုိလည္း ႐ွဳခင္းလည္းပါ၊ လူလည္းေကာင္းေကာင္းျမင္ရေအာင္ ေသေသခ်ာခ်ာခ်ိန္႐ုိက္ေပးပါ။

ေအာက္ကေျမႀကီး တစ္ေတာင္ေလာက္ပါေနတာတို႔၊ မလုိအပ္ပဲ ေကာင္းကင္ႀကီးကို ထည့္႐ိုက္ထားတာတို႔ နဲ႔ ပံုလွလွေလးကို မဖ်က္ဆီးမိေစနဲ႔ေနာ္။

၅။ Filter ေတြ ပိတ္ပါ

Selfie မဟုတ္တဲ့ ပံုေတြ႐ိုက္မယ္ဆုိရင္ Filter ေတြကို ပိတ္လုိက္ပါ။ Filter ေခတ္ဆိုေပမဲ့ အေကာင္းဆံုးက သဘာဝအလင္းအေမွာင္အတုိင္း ဓာတ္ပံုမွာေပၚဖုိ႔အေရးႀကီးပါတယ္။ ဒီလုိ သဘာဝအလင္းအေမွာင္အတုိင္း ရၿပီဆုိမွ ကိုယ့္စိတ္ႀကိဳက္ ျပန္ျပဳျပင္ယူလို႔ရပါတယ္ေနာ္။

Related article>>> Ex ကို ျပန္ရခ်င္တဲ့အခါႀကိဳးစားႏိုင္တဲ့ အဆင့္ (၆) ဆင့္

၆။ ပံုအမ်ားႀကီး ႐ုိက္ပါ

ဓာတ္ပံု႐ိုက္ေပးဆိုလို႔ ၿပီးစလြယ္ တစ္ပံု ေလာက္ ႐ိုက္ေပးတာမ်ိဳး မလုပ္ရဘူးေနာ္။ ပံု ေလးငါးဆယ္ပံုေလာက္ တစ္ခါတည္း ႐ိုက္ေပးလိုက္ပါ။ ဒါဆို အလွဆံုးပံုကို ေ႐ြးယူလုိ႔ ရၿပီေပါ့။

ကဲ  ေယာင္းတုိ႔လည္း ခ်စ္ခ်စ္ကို ပံုလွလွ႐ို္က္ေပးဖို႔ ေျပာရတာေမာေနၿပီဆုိရင္ ဒီေဆာင္းပါးေလးကိုသာ Mention ေခၚလုိက္ပါေတာ့ေနာ္။

Sugar Cane (For Her Myanmar)

References : elitedaily, preosoftware

<<<Unicode>>>

သင်တာမှကြာနေဦးမယ် မန်းရှင်းတန်းခေါ်ပြီးသာ ဖတ်ခိုင်းလိုက်ပါတော့  🤣

အခုခေတ်ကတော့ ရည်းစားဖြစ်ရန် အရည်အချင်းတွေထဲမှာ ဓာတ်ပုံကောင်းကောင်းရိုက်တတ်ရမည်၊ ဓာတ်ပုံကို စိတ်ရှည်ရှည် မညည်းမညူ ရိုက်ပေးနိုင်သူဖြစ်ရမည် ဆိုတဲ့ သတ်မှတ်ချက် ထည့်ရမလိုပါပဲနော်။

အဲ့ဒီ သတ်မှတ်ချက်နဲ့ ရွေးမထားမိဘူးဆိုတဲ့ ယောင်းတို့လည်း မပူနဲ့နော်။ ဓာတ်ပုံကောင်း တစ်ပုံရဖို့   ယောင်းတို့ရည်းစားတွေကို သင်ပေးနိုင်မယ့် လိုအပ်တဲ့ နည်းနာတွေကို အက်ဒ်မင်က ရှာဖွေစုစည်းတင်ပြလိုက်ပါတယ်ရှင်။

၁။ ပြီးစလွယ် မရိုက်ပါနဲ႔

ချက်ကနဲ ရိုက်ပေးလိုက်တာမျိုး မလုပ်ရဘူးနော်။ ဓာတ်ပုံရိုက်တယ်ဆိုတာ အနုပညာပဲလေ။ ဒီတော့ ပုံလေးကို သေသေချာချာချိန်၊ မြင်ကွင်းက လှ ရဲ့လား  ရှင်းရဲ့လား မြင်ကွင်းထဲကို ဘာတွေ ဝင်ရှုပ်နေလဲ သေသေချာချာကြည့်ပြီးမှ ရိုက်လိုက်ပါနော်။

၂။ အလင်းအမှောင် ကောင်းဖို့က အဓိက

ဓာတ်ပုံကောင်း တစ်ပုံရဖို့အတွက် အလင်းအမှောင်က အဓိကပါပဲ။ တအားလင်းနေသလား၊ အလင်းရောင်ကို ကျောပေးမိနေလား၊ မှောင်လွန်းနေလား သေသေချာချာကြည့်ပါ။

နောက်ပြီး ဖုန်းကင်မရာနေရာယူတဲ့ အနေအထားပေါ်မူတည်ပြီး အရိုက်ခံသူပေါ်ကျတဲ့ အလင်းအရောင်က ကွာခြားမှုရှိပါတယ်။ ဒါကြောင့် ဖုန်းကင်မရာကို ဘက်အစုံပြောင်းပြီးချိန်ကြည့်၊ အလှဆုံးအကြိုက်ဆုံးအနေအထားမှာ ရိုက်လိုက်ပါ။

Related Article >>>ကမ်းခြေမှာ အပန်းဖြေရင်း လန်းနေဖို့ဆိုရင်

၃။ Focus ပြတ်ရပါမယ်

Focus ပြတ်သားဖို့က ဓာတ်ပုံရိုက်တာရဲ့ အခြေခံစည်းမျဉ်းပါနော်။ Digital ခေတ်မှာတော့ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်တဲ့အခါ ဖုန်း Screen မှာ ပုံအရိုက်ခံသူရဲ့ မျက်နှာပေါ်တည့်တည့်ကို လက်ကလေးနဲ့ ထောက်ပြီး ကင်မရာပုံလေးပေါ်လာတဲ့အခါ ရိုက်လိုက်ရုံပါပဲ။ ဒါဆို ပုံ အရိုက်ခံသူရဲ့ မျက်နှာ ကြည်ကြည်လင်လင်လေးပေါ်လာပြီပေါ့။

၄။ လူအသားပေးလား၊ ရှုခင်းအသားပေးလား

လူအသားပေးဆိုရင် လူကိုပဲ အဓိကထားပြီးရိုက်ပေးပါ။ ဘေးနားက မဆိုင်တဲ့ လူတွေ၊ အရာဝတ္ထုတွေ မပါစေနဲ့နော်။ ရှူခင်းဆိုလည်း ရှုခင်းလည်းပါ၊ လူလည်းကောင်းကောင်းမြင်ရအောင် သေသေချာချာချိန်ရိုက်ပေးပါ။

အောက်ကမြေကြီး တစ်တောင်လောက်ပါနေတာတို့၊ မလိုအပ်ပဲ ကောင်းကင်ကြီးကို ထည့်ရိုက်ထားတာတို့ နဲ့ ပုံလှလှလေးကို မဖျက်ဆီးမိစေနဲ့နော်။

၅။ Filter တွေ ပိတ်ပါ

Selfie မဟုတ်တဲ့ ပုံတွေရိုက်မယ်ဆိုရင် Filter တွေကို ပိတ်လိုက်ပါ။ Filter ခေတ်ဆိုပေမဲ့ အကောင်းဆုံးက သဘာဝအလင်းအမှောင်အတိုင်း ဓာတ်ပုံမှာပေါ်ဖို့အရေးကြီးပါတယ်။ ဒီလို သဘာဝအလင်းအမှောင်အတိုင်း ရပြီဆိုမှ ကိုယ့်စိတ်ကြိုက် ပြန်ပြုပြင်ယူလို့ရပါတယ်နော်။

Related article>>> Ex ကို ပြန်ရချင်တဲ့အခါကြိုးစားနိုင်တဲ့ အဆင့် (၆) ဆင့်၆။

ပုံအများကြီး ရိုက်ပါဓာတ်ပုံရိုက်ပေးဆိုလို့ ပြီးစလွယ် တစ်ပုံ လောက် ရိုက်ပေးတာမျိုး မလုပ်ရဘူးနော်။ ပုံ လေးငါးဆယ်ပုံလောက် တစ်ခါတည်း ရိုက်ပေးလိုက်ပါ။ ဒါဆို အလှဆုံးပုံကို ရွေးယူလို့ ရပြီပေါ့။

ကဲ  ယောင်းတို့လည်း ချစ်ချစ်ကို ပုံလှလှရိုက်ပေးဖို့ ပြောရတာမောနေပြီဆိုရင် ဒီဆောင်းပါးလေးကိုသာ Mention ခေါ်လိုက်ပါတော့နော်။

Sugar Cane (For Her Myanmar)

References : elitedaily, preosoftware

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *