ကိုယ့်စိတ်ကြိုက် ဓာတ်ပုံတွေ ပြင်နိုင်ဖို့ အသုံးဝင်စေမယ့် app သုံးခု
1.Snapseed
snapseed
tools တွေ အရမ်းစုံ
ဂေါ်သွားပြီ
ပန်းချီကားလိုပဲ
2.Pic Lab
ဝက်ခြံတွေ ဖျက်မယ်
လှသွားပြီ
Pic Lab
Related Article >>> ယောင်းတို့ရဲ့ နေ့စဉ်ဘဝကို ကျန်းမာလှပစေမယ့် Application (၃) ခု
ချစ်စရာလေးတွေကွယ်
Boken Effects
ဓာတ်ပုံရိုက်ပြီး ဒီတိုင်းပဲ ပုံတင်ရတာ ရိုးပါတယ်ယောင်း 😛 ဒါလေးတွေနဲ့ ကလိကြည့်ပါ။
ဓာတ်ပုံခရေဇီ ယောင်းလေးတွေအတွက် ပုံအမိုက်စားလေးတွေ ဖန်တီးလို့ရမယ့် App လေး(၃)ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ မင်မင်လည်း ဟိုကလိ ဒီကလိနဲ့ ထွက်လာတဲ့ အကြိုက်ဆုံးလေးတွေပါ။ အဲဒါတွေကတော့…
1.Snapseed
Snapseed
Snapseed App ကို သိပြီးသားယောင်းတွေလည်း ရှိမှာပါ။ သူ့မှာ Auto လုပ်ထားပြီးသား Filter တွေအပြင် တခြား Tools လေးတွေ တော်တော်စုံတာကြောင့် Photoshop လိုမျိုးတောင် ပုံလေးတွေကို ပြင်လို့ရနေတာ သဘောကျမိပါတယ်။
tools တွေ အရမ်းစုံ
Snapseed မှာ LOOKS ကို နှိပ်ပြီး အဆင်သင့်လုပ်ပြီးသား ချစ်စရာကောင်းတဲ့ Filter တွေသုံးလို့ရသလို တစ်ဘက်မှာ ပြထားတဲ့ TOOLS တွေကို စိတ်ကြိုက်အသုံးချပြီး အလန်းစားပုံလေးတွေဖန်တီးလို့ ရပါတယ်။
စိတ်ကြိုက်ပြင်ပေတော့ပဲ
ဒီ Tools လေးတွေနဲ့တင် အတော်ဟုတ်နေပြီ။ Brightness အလင်းအမှောင်အတိုးအလျှော့၊ Contrast ဆိုရင် အရောင် ရင့်မယ်၊ ဖျော့မယ်၊ Saturation ဆိုရင် အရောင်စိုတာလေးတွေ အတိုးအလျှော့၊ Highlight ဆိုရင် လင်းနေတဲ့နေရာပိုလင်းအောင်လုပ်မယ်၊ ပိုမှောင်အောင်လုပ်မယ်၊ Shadow ဆိုရင် နောက်ခံအရိပ်တွေကို ပိုမှောင်မယ်၊ ပိုလင်းအောင်လုပ်မယ်၊ Warmth ဆိုရင် အဝါရောင်တိုးမယ်၊ အပြာရောင်တိုးမယ် အစရှိသဖြင့်ပေါ့။
ေဂၚသြားၿပီ
တခြား Tools တွေကိုလည်း ကိုယ် ကလိ တတ်ရင် ကလိတတ်သလောက်လုပ်လို့ရသေးတယ်။ အသုံးကျမယ်ထင်တာလေးတွေ လမ်းညွှန်ရမယ်ဆိုရင် Curves ကိုနှိပ် မျဉ်းကွေးလေးကို ဟိုဘက် ဒီဘက်တိုးပြီး ပုံလန်းလန်းလေးလုပ်လို့ရတယ်။ အက်ဒ်မင်ကလိထားတာလေးတွေ ပြထားတယ်နော်။
ပန္းခ်ီကားလုိပဲ
Glamour Glow၊ Drama၊  Retrolux၊ Grainy Film တွေကလည်း Filter မိုက်မိုက်လေးတွေဖြစ်သလို Grunge ဆိုတဲ့ Tool လေးနဲ့လည်း ပန်းချီကားဆန်ဆန်ပုံလေးတွေ ဖန်တီးလို့ရပါတယ်နော်။
Related Article >>> ကွန်ပျူတာမဝယ်ခင် စဉ်းစားသင့်သော အချက်များ
2.Pic Lab
ဝက်ခြံတွေ ဖျက်မယ်
ဒီ App ကို အက်ဒ်မင်သဘောကျတာက Filter လေးတွေလှသလို ဝက်ခြံနဲ့ အမည်းစက်တွေ ဖျက်လို့ရတာကို တော်တော်သဘောကျပါတယ်။ အရမ်းဆိုးတဲ့ ဝက်ခြံတွေတောင် သူနဲ့ဖျက်ရင် သဘာဝအတိုင်းပါပဲ။ Blemish ဆိုတာလေးကို နှိပ်ပြီး ဝက်ခြံတွေပေါ်ကိုလိုက်ပွတ်ပြီးဖျက်လိုက်ရုံပါပဲ။
လွသြားၿပီ
ပြီးရင် Filter လေးတွေ တစ်ခုပြီးတစ်ခုပြောင်းကြည့် အလှဆုံးပုံကိုရွေးလိုက်ပေါ့နော်။
Pic Lab
Related Artilce >>> ယောင်းတို့ရဲ့ နေ့စဉ်ဘဝကို ကျန်းမာလှပစေမယ့် Application (၃) ခု
3.Bokeh Camera Effects
ချစ်စရာလေးတွေကွယ်
ဒါလေးကတော့ ဘလင်း ဘလင်းလေးတွေကြိုက်တတ်တဲ့ ယောင်းတို့ သဘောကျမှာပါ။ သူ့ကို ကြွေမိတာက သူ့မှာပါတဲ့ စတစ်ကာလေးတွေ၊ ဘလင်းဘလင်းလေးတွေက အပေါစားမဆန်ဘဲ ချစ်ဖို့ကောင်းနေတာပါ။
Bokeh Camera Effects
အရမ်းလှတဲ့ App လေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီဆိုတော့ ပုံအလန်းစားလေးတွေရဖို့ ဖန်တီးကြည့်လို့ရပြီပေါ့နော်။ ယောင်းတို့ ပုံလှလှလေးတွေရရင် လာပြပါဦးနော်။
Sugar Cane (For Her Myanmar)
No Comments Yet
Comments are closed