FUN Horror

မိုးေရထဲက သူစိမ္း

 ညတစ္ည၊ သူစိမ္းတစ္ေယာက္နဲ႔ သူ(မ)

မ်က္ႏွာေပၚ စီးက်ေနေသာ မ်က္ရည္ေတြကို သူ(မ) သုတ္ပစ္လိုက္သည္။ သူ(မ) မ်က္ရည္တို႔သည္ တစ္ေယာက္ေသာသူႏွင့္ မထိုက္တန္။ တဖြဲဖြဲ ရြာေနေသာ မိုးစက္တုိ႔ကို မ်က္ႏွာထက္သို႔ က်ေစရင္း ခံစားခ်က္ေတြကို ရွင္းထုတ္ေနမိသည္။

သူ(မ)ထိုင္ေနသည့္ေနရာက ကားမွတ္တိုင္ တစ္ခု… ည ၉ နာရီ ထိုးခါနီးမို႔လည္း မွတ္တိုင္တြင္ လူသိပ္မရွိေတာ့… ျဖတ္သြားျဖတ္လာ ကားေပၚတက္သြားဖို႔အတြက္ကလည္း သူ(မ)စိတ္တို႔ ေလးေနသည္ေလ… လမ္းေလွ်ာက္ဖို႔ အားပင္ မရွိေတာ့သလို… အေတြးထဲက ရုန္းထြက္ဖို႔ အခ်ိန္အေတာ္ယူေနရင္း ဖုန္းသံၾကားမွ အသိက ေသခ်ာဝင္လာသည္။

“ဟယ္လို..အေမ။ အင္း။ လာေနၿပီ။ ကားမရေသးလို႔။ ဟုတ္။ ဟုတ္။ ဒါပဲေနာ္”

စိတ္ပူေနေသာ ေမေမ့မ်က္ႏွာ ျမင္ေယာင္ရင္း ျပန္ဖုိ႔ အားတင္းၿပီး ျပန္ရန္ ျပင္ဆင္လိုက္ေသာ္ျငား နာရီဝက္ေလာက္ ၾကာသည္ထိ မည္သည့္ကားမွ ေရာက္မလာခဲ့… Grab ငွားရန္ ဖုန္းထုတ္လိုက္သည့္အခ်ိန္တြင္မွ သူ(မ) သတိထားလိုက္မိသည္က သူ(မ)ဖုန္း ဘက္ထရီ ကုန္ေနသည္ ဆိုသည့္အေၾကာင္းပင္… လူသူ ကင္းမဲ့ေနေသာ ပတ္ဝန္းက်င္၊ ေမွာင္မည္းေနေသာ မွတ္တိုင္ ႏွင့္ ကားသြားကားလာႀကဲသည့္ လမ္းမထက္၌ သူ(မ) တစ္ကိုယ္တည္း…

မိုးကလည္း တိတ္မည့္ပံုမေပၚ… သူ(မ) လုပ္ႏုိင္သည့္ အရာက တစ္ခုသာ… ထိုအရာကေတာ့ လူစည္ကားသည့္ ေနရာထိ လမ္းေလွ်ာက္သြားဖို႔ပင္… ထီးေဆာင္းထားေသာ္ျငား သည္းႀကီးမည္းႀကီး ရြာေနသည့္ မိုးေၾကာင့္ သူ(မ) တစ္ကိုယ္လံုး ရႊဲနစ္လ်က္ ခိုက္ခိုက္တုန္ေနေလၿပီ။

ထိုစဥ္မွာပင္ အရွိန္ျပင္းျပင္းႏွင့္ ကားတစ္စီးက သူ(မ)ဘက္ ဦးတည္လာသည္ကို ေတြ႕လိုက္ရျခင္းေၾကာင့္ သူ(မ) မနည္းေရွာင္လိုက္ရေသးသည္။ လမ္းဆက္ေလွ်ာက္လာရင္း ကားထြက္လာသည့္ လမ္း၏ ေထာင့္ခ်ိဳးတြင္ လူတစ္ေယာက္ လဲက်ေနေသည္ကို ေတြ႕လိုက္ရသည္။ ေၾကာက္ေၾကာက္ႏွင့္ ေက်ာ္သြားဖို႔ လုပ္လိုက္ေသာ္ျငား အဆင္ေျပေနပံု မေပၚသည့္ ထိုသူေၾကာင့္ အရဲစြန္႔ၿပီး အနားသို႔ကပ္၍

“အစ္ကို…အဆင္ေျပလား”

“အင္း… ကၽြန္ေတာ္ ေျခေထာက္နည္းနည္းပြန္းသြားလို႔၊ အဆင္ေျပပါတယ္ညီမ။ တစ္ခုပဲကူညီေပးေနာ္… ကၽြန္ေတာ့္ကိုထူေပးပါလား”

သူ(မ) လက္ကမ္းေပးလိုက္သည္။ သူ(မ)လက္ကို ကိုင္၍ ယိုင္တိုင္တိုင္ႏွင့္ ႀကိဳးစားထရပ္ရွာေသာ ထိုသူသည္ မ်က္လံုးနက္နက္၊ မ်က္ခံုးထူထူ၊ ႏွာတံစင္းစင္း၊ ႏႈတ္ခမ္းေကြးႏွင့္ ခန္႔ထည္ေသာ ကိုယ္ေနဟန္ရွိသည္ကို သတိထားလိုက္မိသည္။ ေယာက္်ားပီသကာ ေခ်ာေမာလြန္းေသာ ထိုသူကို သူ(မ) မေငးဘဲ မေနႏိုင္ေခ်…

Related Article >>> သူစိမ္းရဲ႕ ေမြးေန႔ပါတီ

“အမေလး။ ေက်းဇူးပါ ညီမ။ ခုနက ဘယ္ေကာင္မွန္းမသိ… ကားကို အရွိန္နဲ႔ေမာင္းလာေတာ့ အစ္ကို မနည္းေရွာင္လိုက္ရရင္း ျဖစ္သြားတာ။”

“ဟုတ္၊ ရပါတယ္။”

“ဒါနဲ႔ ညီမ အကူအညီ တစ္ခုခုလိုလား”

“ညီမကို တကၠစီေလး ကူငွားေပးပါလား၊ ဘတ္စ္ကားေတြ မလာေတာ့လို႔”

“အိုေခ။ ရတယ္။ တစ္ဘေလာက္ေလာက္ ဆက္ေလွ်ာက္ရင္ ငွားလို႔အဆင္ေျပတဲ့ေနရာမ်ိဳးေရာက္ပါၿပီ။ အစ္ကိုလည္း အဲ့ဒီဘက္သြားေနတာ။ လိုက္ခဲ့ေလ။”

သူစိမ္းတစ္ေယာက္ကို မယံုရမွန္းသိေသာ္ျငား ထိုသူကိုေတာ့ သူ(မ) ယံုထားမိသည္။

“ညီမက ဒီနားမွာ အလုပ္လုပ္တာလား”

“ဟင့္အင္း… ဒီတုိင္းပါပဲ”

“ပါဆင္နယ္ေတြ ေမးမိရင္ ေဆာရီးေနာ္”

“ညီမရည္းစားနဲ႔လာေတြ႔တာ။ သူ႔ရုံးကဒီနားမွာပဲ။”

“ေအာ္..ဟားဟား..ဟုတ္ပါျပီ။ ဒီေလာက္မိုးေရထဲမွာ သူလုိက္မပို႔ဘူးလား”

သူ႔ရဲ႕အေမးမွာ ခ်က္ခ်င္း မ်က္ရည္တို႔ ဝဲတက္လာေပမဲ့ စိတ္ကို အတတ္ႏုိင္ဆံုးျပန္ထိန္း၍

“ဟင့္အင္း။ သူ႔အတြက္ တျခားအေရးႀကီး ကိစၥေတြရွိေနလို႔တဲ့။ ညီမနဲ႔ေတာင္ ထြက္မေတြ႔ဘူး”

သူ(မ) အျပံဳးတုတစ္ခုဖန္တီး၍ ျပံဳးျပလိုက္ေပမဲ့ တစ္ဖက္က ကိုခန္႔ေခ်ာႀကီးသည္လည္း စိတ္မေကာင္းျဖစ္သြားပံုေပၚသည္။ ႏွစ္ဦးသား တိတ္ဆိတ္စြာ လမ္းေလွ်ာက္လာၾကရင္း မၾကာခင္မွာပင္ သူ႕ထံမွ စကားသံ ထြက္လာခဲ့သည္။

“အစ္ကုိလည္း ခုနကမွ အသည္းခြဲခံခဲ့ရတာ။ ညီမထက္ေတာ့ ပိုဆိုးမယ္ထင္တယ္။ သူ႔ကိုစပရုိက္လုပ္ဖုိ႔သြားရင္း တစ္ျခားတစ္ေယာက္နဲ႔နမ္းေနတာကို အစ္ကို႔မ်က္လံုးနဲ႔ တပ္အပ္ျမင္ခဲ့ရတာေလ။ ဒါေၾကာင့္မို႔လို႔လည္း ကားမရွႈပ္တဲ့လမ္းမွာ ကားပြတ္ခံရတာ။ ဟားဟားဟား”

သူရယ္ေနေပမဲ့ ထိုအရယ္သည္ “လုပ္ရယ္”ျဖစ္မွန္း  သူ(မ) သိေနသည္။ ႏွစ္ေယာက္လံုးတစ္ေယာက္ကို တစ္ေယာက္မ်က္လံုးခ်င္းဆုိင္ၾကည့္မိ၊ ျပံဳးျပၿပီး စကားမဆိုျဖစ္ဘဲ ဆက္ေလွ်ာက္ေနမိၾကသည္။ က်ိဳးပဲ့ေနတဲ့ ႏွလံုးသား တစ္စံု ေတြ႕ဆံုျခင္းသည္ ၿပီးျပည့္စံုေသာ အေႏြးဓာတ္ကို ခံစားရေစသည္မဟုတ္ပါလား…

Related Article >>> ေခ်ာက္ခ်ားညရဲ႕ ေျခသံမ်ား ….

“ေဟာ..ေရာက္ျပီ။ ေတြ႔လား။ ဒီနားမွာ ညမဟုတ္တဲ့အတုိင္းပဲ လူစည္ေနတာ။ ဟုိလမ္းဆံုနားေရာက္ရင္ အစ္ကိုခင္တဲ့ တကၠစီသမားတစ္ေယာက္ရွိတယ္။”

“ဟုတ္။ အစ္ကို”

ႏွစ္ေယာက္သား လမ္းဆံုဘက္သို႔ စကားတေျပာေျပာႏွင့္ လမ္းေလွ်ာက္လာၾကသည္။ အနည္းဆံုးေတာ့ သူတို႔ ႏွစ္ေယာက္ၾကား ေအးစက္မေနဘူး မဟုတ္လား.. ပတ္ဝန္းက်င္မွ လူတို႔ကေတာ့ သူတို႔ႏွစ္ေယာက္ကို ထူးဆန္းသလိုလို ၾကည့္သြားၾကသည္။

လမ္းဆံုနားအေရာက္ အရပ္ပုပုအသားညိဳညိုနဲ႔ ဦးေလးတစ္ေယာက္ကို သူက ႏႈတ္ဆက္ၿပီး…

“အစ္ကိုေရ။ ဒီကညီမကို ….ေနရာေလး လုိက္ပို႔ေပးလိုက္ပါ။”

သို႔ေသာ္ ထို ဦးေလးက သူ(မ)ဘက္ကို ျပဴးၿပဲၾကည့္ရင္း…

“ေဟ့ေကာင္ေလး။ ဘာေတြေျပာေနတာလဲ။ ဘယ္က ညီမလဲ။ မင္းေဘးမွာ ဘယ္သူရွိလို႔လဲ”

တကၠစီသမားေျပာစကားေၾကာင့္ သူ သူ(မ)ဘက္ကို အံ့ၾသထိတ္လန္႔ျခင္းမ်ားျဖင့္ လွည့္ၾကည့္လာသည္။ သူ(မ)သည္လည္း အံ့ၾသသြားရသည္။ အဘယ္ေၾကာင့္ ထိုဦးေလးသည္ သူ(မ)ကို မျမင္ရသနည္း… သူ(မ)ရပ္ေနသည့္ေနရာသည္ ေမွာင္ရိပ္လည္း မက်ေန… ထိုစဥ္ သူ႔ထံမွ စကားသံ ထြက္လာသည္။

“အစ္ကိုေရ.. မေနာက္ပါနဲ႔ဗ်ာ.. ဒီမွာေလ.. ကၽြန္ေတာ့္ ေဘးမွာ ရပ္ေနတဲ့ ညီမေလး.. ကၽြန္ေတာ္ လမ္းမွာ ကားပြတ္ခံရသလို ျဖစ္ရင္း သူကူညီေပးလို႔ သူနဲ႔တူတူေလွ်ာက္လာတာ။”

“ဟင္..ဘယ္ဘက္မွာ သူ႔ကိုေတြ႔တာတုန္း”

“ေအာက္ဘေလာက္ လမ္းခ်ိဳးနားမွာ”

“ဟာ…ေဟ့ေကာင္။ အဲ့ဒီ့လမ္းခ်ိဳးအေက်ာ္ ကားမွတ္တုိင္ေရွ႕မွာ ခုနေလးတင္ မိန္းကေလးတစ္ေယာက္ကားတိုက္ခံရလို႔ လူေတြအုတ္အုတ္က်က္က်က္ျဖစ္သြားတာ ေဟ့ေကာင္ေရ… ကားကလည္း ကမူးရွဴးထိုး ေမာင္းလာတာလား၊ ဘရိတ္ေပါက္တာလား မသိပါဘူးကြာ… မင္းကို ပြတ္မိမလို ျဖစ္တဲ့ကားကလည္း ဒီကားပဲ ျဖစ္မယ္ထင္တယ္.. ကေလးမေတာ့ ကံဆိုးတာပဲ.. ကားက သူ႕ကိုတိုက္ၿပီးတဲ့အျပင္ ဓာတ္တိုင္နဲ႔ပါ ဝင္ေဆာင့္လိုက္ေတာ့ ပြဲခ်င္းၿပီးပဲ… သနားစရာပါကြာ”

တကၠစီသမားရဲ႕ စကားအဆံုးမွာေတာ့ သူ(မ) ကမာၻသည္ ေမွာင္အတိ…

Christina (For Her Myanmar)

<<< Unicode >>>

 ညတစ်ည၊ သူစိမ်းတစ်ယောက်နဲ့ သူ(မ)

မျက်နှာပေါ် စီးကျနေသော မျက်ရည်တွေကို သူ(မ) သုတ်ပစ်လိုက်သည်။ သူ(မ) မျက်ရည်တို့သည် တစ်ယောက်သောသူနှင့် မထိုက်တန်။ တဖွဲဖွဲ ရွာနေသော မိုးစက်တို့ကို မျက်နှာထက်သို့ ကျစေရင်း ခံစားချက်တွေကို ရှင်းထုတ်နေမိသည်။

သူ(မ)ထိုင်နေသည့်နေရာက ကားမှတ်တိုင် တစ်ခု… ည ၉ နာရီ ထိုးခါနီးမို့လည်း မှတ်တိုင်တွင် လူသိပ်မရှိတော့… ဖြတ်သွားဖြတ်လာ ကားပေါ်တက်သွားဖို့အတွက်ကလည်း သူ(မ)စိတ်တို့ လေးနေသည်လေ… လမ်းလျှောက်ဖို့ အားပင် မရှိတော့သလို… အတွေးထဲက ရုန်းထွက်ဖို့ အချိန်အတော်ယူနေရင်း ဖုန်းသံကြားမှ အသိက သေချာဝင်လာသည်။

“ဟယ်လို..အမေ။ အင်း။ လာနေပြီ။ ကားမရသေးလို့။ ဟုတ်။ ဟုတ်။ ဒါပဲနော်”

စိတ်ပူနေသော မေမေ့မျက်နှာ မြင်ယောင်ရင်း ပြန်ဖို့ အားတင်းပြီး ပြန်ရန် ပြင်ဆင်လိုက်သော်ငြား နာရီဝက်လောက် ကြာသည်ထိ မည်သည့်ကားမှ ရောက်မလာခဲ့… Grab ငှားရန် ဖုန်းထုတ်လိုက်သည့်အချိန်တွင်မှ သူ(မ) သတိထားလိုက်မိသည်က သူ(မ)ဖုန်း ဘက်ထရီ ကုန်နေသည် ဆိုသည့်အကြောင်းပင်… လူသူ ကင်းမဲ့နေသော ပတ်ဝန်းကျင်၊ မှောင်မည်းနေသော မှတ်တိုင် နှင့် ကားသွားကားလာကြဲသည့် လမ်းမထက်၌ သူ(မ) တစ်ကိုယ်တည်း…

မိုးကလည်း တိတ်မည့်ပုံမပေါ်… သူ(မ) လုပ်နိုင်သည့် အရာက တစ်ခုသာ… ထိုအရာကတော့ လူစည်ကားသည့် နေရာထိ လမ်းလျှောက်သွားဖို့ပင်… ထီးဆောင်းထားသော်ငြား သည်းကြီးမည်းကြီး ရွာနေသည့် မိုးကြောင့် သူ(မ) တစ်ကိုယ်လုံး ရွှဲနစ်လျက် ခိုက်ခိုက်တုန်နေလေပြီ။

ထိုစဉ်မှာပင် အရှိန်ပြင်းပြင်းနှင့် ကားတစ်စီးက သူ(မ)ဘက် ဦးတည်လာသည်ကို တွေ့လိုက်ရခြင်းကြောင့် သူ(မ) မနည်းရှောင်လိုက်ရသေးသည်။ လမ်းဆက်လျှောက်လာရင်း ကားထွက်လာသည့် လမ်း၏ ထောင့်ချိုးတွင် လူတစ်ယောက် လဲကျနေသေည်ကို တွေ့လိုက်ရသည်။ ကြောက်ကြောက်နှင့် ကျော်သွားဖို့ လုပ်လိုက်သော်ငြား အဆင်ပြေနေပုံ မပေါ်သည့် ထိုသူကြောင့် အရဲစွန့်ပြီး အနားသို့ကပ်၍

“အစ်ကို…အဆင်ပြေလား”

“အင်း… ကျွန်တော် ခြေထောက်နည်းနည်းပွန်းသွားလို့၊ အဆင်ပြေပါတယ်ညီမ။ တစ်ခုပဲကူညီပေးနော်… ကျွန်တော့်ကိုထူပေးပါလား”

သူ(မ) လက်ကမ်းပေးလိုက်သည်။ သူ(မ)လက်ကို ကိုင်၍ ယိုင်တိုင်တိုင်နှင့် ကြိုးစားထရပ်ရှာသော ထိုသူသည် မျက်လုံးနက်နက်၊ မျက်ခုံးထူထူ၊ နှာတံစင်းစင်း၊ နှုတ်ခမ်းကွေးနှင့် ခန့်ထည်သော ကိုယ်နေဟန်ရှိသည်ကို သတိထားလိုက်မိသည်။ ယောက်ျားပီသကာ ချောမောလွန်းသော ထိုသူကို သူ(မ) မငေးဘဲ မနေနိုင်ချေ…

Related Article >>> သူစိမ်းရဲ့ မွေးနေ့ပါတီ

“အမလေး။ ကျေးဇူးပါ ညီမ။ ခုနက ဘယ်ကောင်မှန်းမသိ… ကားကို အရှိန်နဲ့မောင်းလာတော့ အစ်ကို မနည်းရှောင်လိုက်ရရင်း ဖြစ်သွားတာ။”

“ဟုတ်၊ ရပါတယ်။”

“ဒါနဲ့ ညီမ အကူအညီ တစ်ခုခုလိုလား”

“ညီမကို တက္ကစီလေး ကူငှားပေးပါလား၊ ဘတ်စ်ကားတွေ မလာတော့လို့”

“အိုခေ။ ရတယ်။ တစ်ဘလောက်လောက် ဆက်လျှောက်ရင် ငှားလို့အဆင်ပြေတဲ့နေရာမျိုးရောက်ပါပြီ။ အစ်ကိုလည်း အဲ့ဒီဘက်သွားနေတာ။ လိုက်ခဲ့လေ။”

သူစိမ်းတစ်ယောက်ကို မယုံရမှန်းသိသော်ငြား ထိုသူကိုတော့ သူ(မ) ယုံထားမိသည်။

“ညီမက ဒီနားမှာ အလုပ်လုပ်တာလား”

“ဟင့်အင်း… ဒီတိုင်းပါပဲ”

“ပါဆင်နယ်တွေ မေးမိရင် ဆောရီးနော်”

“ညီမရည်းစားနဲ့လာတွေ့တာ။ သူ့ရုံးကဒီနားမှာပဲ။”

“အော်..ဟားဟား..ဟုတ်ပါပြီ။ ဒီလောက်မိုးရေထဲမှာ သူလိုက်မပို့ဘူးလား”

သူ့ရဲ့အမေးမှာ ချက်ချင်း မျက်ရည်တို့ ဝဲတက်လာပေမဲ့ စိတ်ကို အတတ်နိုင်ဆုံးပြန်ထိန်း၍

“ဟင့်အင်း။ သူ့အတွက် တခြားအရေးကြီး ကိစ္စတွေရှိနေလို့တဲ့။ ညီမနဲ့တောင် ထွက်မတွေ့ဘူး”

သူ(မ) အပြုံးတုတစ်ခုဖန်တီး၍ ပြုံးပြလိုက်ပေမဲ့ တစ်ဖက်က ကိုခန့်ချောကြီးသည်လည်း စိတ်မကောင်းဖြစ်သွားပုံပေါ်သည်။ နှစ်ဦးသား တိတ်ဆိတ်စွာ လမ်းလျှောက်လာကြရင်း မကြာခင်မှာပင် သူ့ထံမှ စကားသံ ထွက်လာခဲ့သည်။

“အစ်ကိုလည်း ခုနကမှ အသည်းခွဲခံခဲ့ရတာ။ ညီမထက်တော့ ပိုဆိုးမယ်ထင်တယ်။ သူ့ကိုစပရိုက်လုပ်ဖို့သွားရင်း တစ်ခြားတစ်ယောက်နဲ့နမ်းနေတာကို အစ်ကို့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာလေ။ ဒါကြောင့်မို့လို့လည်း ကားမရှှုပ်တဲ့လမ်းမှာ ကားပွတ်ခံရတာ။ ဟားဟားဟား”

သူရယ်နေပေမဲ့ ထိုအရယ်သည် “လုပ်ရယ်”ဖြစ်မှန်း  သူ(မ) သိနေသည်။ နှစ်ယောက်လုံးတစ်ယောက်ကို တစ်ယောက်မျက်လုံးချင်းဆိုင်ကြည့်မိ၊ ပြုံးပြပြီး စကားမဆိုဖြစ်ဘဲ ဆက်လျှောက်နေမိကြသည်။ ကျိုးပဲ့နေတဲ့ နှလုံးသား တစ်စုံ တွေ့ဆုံခြင်းသည် ပြီးပြည့်စုံသော အနွေးဓာတ်ကို ခံစားရစေသည်မဟုတ်ပါလား…

Related Article >>> ချောက်ချားညရဲ့ ခြေသံများ ….

“ဟော..ရောက်ပြီ။ တွေ့လား။ ဒီနားမှာ ညမဟုတ်တဲ့အတိုင်းပဲ လူစည်နေတာ။ ဟိုလမ်းဆုံနားရောက်ရင် အစ်ကိုခင်တဲ့ တက္ကစီသမားတစ်ယောက်ရှိတယ်။”

“ဟုတ်။ အစ်ကို”

နှစ်ယောက်သား လမ်းဆုံဘက်သို့ စကားတပြောပြောနှင့် လမ်းလျှောက်လာကြသည်။ အနည်းဆုံးတော့ သူတို့ နှစ်ယောက်ကြား အေးစက်မနေဘူး မဟုတ်လား.. ပတ်ဝန်းကျင်မှ လူတို့ကတော့ သူတို့နှစ်ယောက်ကို ထူးဆန်းသလိုလို ကြည့်သွားကြသည်။

လမ်းဆုံနားအရောက် အရပ်ပုပုအသားညိုညိုနဲ့ ဦးလေးတစ်ယောက်ကို သူက နှုတ်ဆက်ပြီး…

“အစ်ကိုရေ။ ဒီကညီမကို ….နေရာလေး လိုက်ပို့ပေးလိုက်ပါ။”

သို့သော် ထို ဦးလေးက သူ(မ)ဘက်ကို ပြူးပြဲကြည့်ရင်း…

“ဟေ့ကောင်လေး။ ဘာတွေပြောနေတာလဲ။ ဘယ်က ညီမလဲ။ မင်းဘေးမှာ ဘယ်သူရှိလို့လဲ”

တက္ကစီသမားပြောစကားကြောင့် သူ သူ(မ)ဘက်ကို အံ့သြထိတ်လန့်ခြင်းများဖြင့် လှည့်ကြည့်လာသည်။ သူ(မ)သည်လည်း အံ့သြသွားရသည်။ အဘယ်ကြောင့် ထိုဦးလေးသည် သူ(မ)ကို မမြင်ရသနည်း… သူ(မ)ရပ်နေသည့်နေရာသည် မှောင်ရိပ်လည်း မကျနေ… ထိုစဉ် သူ့ထံမှ စကားသံ ထွက်လာသည်။

“အစ်ကိုရေ.. မနောက်ပါနဲ့ဗျာ.. ဒီမှာလေ.. ကျွန်တော့် ဘေးမှာ ရပ်နေတဲ့ ညီမလေး.. ကျွန်တော် လမ်းမှာ ကားပွတ်ခံရသလို ဖြစ်ရင်း သူကူညီပေးလို့ သူနဲ့တူတူလျှောက်လာတာ။”

“ဟင်..ဘယ်ဘက်မှာ သူ့ကိုတွေ့တာတုန်း”

“အောက်ဘလောက် လမ်းချိုးနားမှာ”

“ဟာ…ဟေ့ကောင်။ အဲ့ဒီ့လမ်းချိုးအကျော် ကားမှတ်တိုင်ရှေ့မှာ ခုနလေးတင် မိန်းကလေးတစ်ယောက်ကားတိုက်ခံရလို့ လူတွေအုတ်အုတ်ကျက်ကျက်ဖြစ်သွားတာ ဟေ့ကောင်ရေ… ကားကလည်း ကမူးရှူးထိုး မောင်းလာတာလား၊ ဘရိတ်ပေါက်တာလား မသိပါဘူးကွာ… မင်းကို ပွတ်မိမလို ဖြစ်တဲ့ကားကလည်း ဒီကားပဲ ဖြစ်မယ်ထင်တယ်.. ကလေးမတော့ ကံဆိုးတာပဲ.. ကားက သူ့ကိုတိုက်ပြီးတဲ့အပြင် ဓာတ်တိုင်နဲ့ပါ ဝင်ဆောင့်လိုက်တော့ ပွဲချင်းပြီးပဲ… သနားစရာပါကွာ”

တက္ကစီသမားရဲ့ စကားအဆုံးမှာတော့ သူ(မ) ကမ္ဘာသည် မှောင်အတိ…

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *