FUN

လူပုသလောက် ဒေါသကြီးကြသူများ

“အရပ်လည်းမရှည်ဘူးနော် စိတ်လည်းမရှည်ဘူး”

ဒီတစ်ခါမှာတော့ အကောင်သေးပေမယ့် စိတ်ကြီးသူတို့အကြောင်း ဆွေးနွေးရအောင်။
ယောင်းတို့ရေ Rin ကြွားတာမဟုတ်ပေမယ့် Rinရဲ့ အရပ်က ၅ပေလောက်ပဲ ရှိပါတယ်။
၅ပေတောင် ပြည့်ရဲ့လား မသိပါဘူးလေ။
(Ngi ngi)

မိသားစုထဲမှာ Rinက အရပ်အပုဆုံး လူကောင်အသေးဆုံး။ စိတ်အမြန်ဆုံး။
ထစ်ခနဲဆိုတာနဲ့ စိတ်တိုပြီးသား။
စိတ်ဆိုးပြီဆို တော်ရုံ စိတ်လျော့လို့ မရဘူး။
ဘယ်သူမှလည်း ချော့လို့မရဘူး။

Rinက ချော့လေ ပိုဆိုးလေ ဆိုတဲ့ အမျိုးအစားရှင့်။
Rinငိုနေရင် ဘေးကနေ အငိုတိတ်အောင် မချော့လေနဲ့ ပိုငိုပြီသာမှတ်။
အာ့ကြောင့် မိသားစုတွေ သူငယ်ချင်းတွေက Rinစိတ်ကောက်နေရင် ပစ်ထားလိုက်တယ်။
ကိုယ်ကလည်း အကြာကြီး စိတ်မကောက်ပါဘူး။ သူ့အလိုလို စိတ်ပြေသွားတာ။
ဒီတော့ သူတို့ အထာနပ်သွားကြလေပြီ။

Related Article >>> ရာသီခွင်များနဲ့ သူတို့ရဲ့ ဒေါသ

Rinတို့ လူပုတွေ ဒေါသကြီးတာက ဟန်မဆောင်တက်လို့ ဖြစ်ရတယ်လို့ ပြောချင်ပါတယ်။
ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ မဟုတ်ပေမယ့် Rinတို့က ကိုယ်မကြိုက်တဲ့ အရာတစ်ခုကို
ဟန်ဆောင်ပြီး မချစ်ပြတက်ဘူး။
ဘယ်လိုမှ ဟန်ဆောင်လို့ကို မရတာ။
မကျေနပ်ရင် မကျေနပ်ဘူး ပွင့်ပွင့်လင်းလင်းပဲ။
ဒါကြောင့်လည်း လူအမြင်ကတ်ခံရဆုံး လူသားတွေဖြစ်တယ်။ ရင်းနှီးတဲ့ သူတွေကတော့
Rinတို့ စိတ်ရင်းကောင်းတာ သိပါတယ်။
(ဟုတ်တယ်ဟုတ်?)

တစ်ချို့တွေ စိတ်ဆိုးနေရင် မသိရဘူး။
အပေါ်ယံ ပြုံးနေပြီး စိတ်ထဲမှာတော့ လူသတ်ချင်နေမယ်။
သူတို့က မှတ်ဥာဏ်လည်းကောင်းကြတယ်။ သူတို့ရဲ့ အကြွေးပြန်ရဖို့ အကွက်ကျကျ
စီစဉ်ပြီး အချိန်အခါကို စောင့်နေတက်တယ်။
Rinလေ တစ်ခါတလေတော့ သူတို့ကို အားကျမိတယ်။
အဲ့လိုလူမျိုးတွေက သွေးအေးပေမယ့် Rinတို့လို လူမုန်းမများဘူးလေ။

Rinတို့က အပြင်မှာ လူမုန်းခံရပေမယ့် အငြိုးမကြီးပါဘူး။
စိတ်ဆိုးနေတဲ့ အချိန်သာ ရှူးရှူးရှဲရှဲ လုပ်လိုက်တယ်။
ရင်ထဲအထိ အပူ ယူမသွားတက်ဘူး။
ပြဿနာဖြစ်တဲ့နေရာမှာတင် ထားပစ်လိုက်တယ်။
ပြီးတော့ အကြာကြီးလည်း စိတ်မဆိုးတက်။
အလွန်ဆုံး စိတ်ဆိုး စိတ်ကောက် ၁၅မိနစ်ပဲ။
လာမချော့ရင်တောင် သူ့အလိုလို စိတ်ပြေနေတာ။

ဒေါသကြီးတဲ့ Rinတို့မှာ သည်းခံနိုင်စိတ် မရှိတာတော့ မဟုတ်။
Rinတို့လည်း ဘယ်အရာမဆို အတိုင်းအတာတစ်ခုအထိ သည်းခံတာပေါ့။
ဒါမယ့် နဂိုထဲက စိတ်မြန်လက်မြန်ဆိုတော့ Rinတို့ရဲ့ သည်းခံနိုင်စိတ်ဟာ
သူများတွေထက် အနည်းငယ် ပိုတိုနေတာဖြစ်မယ်။ (ကိုယ့်အရပ်လိုပေါ့ ngi ngi)

Related Article >>> မရှည်တဲ့စိတ်လေးတွေကို ပြန်ဆွဲဆန့်နိုင်ဖို့

Rinနဲ့ အခြေအနေတူတဲ့ ယောင်းတို့ရေ ဒေါသကြီးတယ်။ စိတ်မြန်တယ်ဆိုတဲ့ အားနည်းချက်
တစ်ခုပါ။ ပွင့်လင်းလို့ ဟန်မဆောင်တတ်တာလို့ ဘယ်လိုပဲပြောပြော Rinတို့ရဲ့ အမူအရာကိုထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် Rinတို့အတွက်ရော တဖက်လူအတွက်ရောနစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။

Rinတို့က ဒေါသထွက်နေချိန်သာ စကားကြမ်းကြမ်းတွေ ပြောလိုက်မိပေမယ့် ရင်ထဲက ပါလားဆိုတော့ မပါဘူးလေ။
ဒါပေမဲ့ တဖက်လူမှာတော့ စိတ်ဒဏ်ရာ ဖြစ်သွားနိုင်ပါတယ်။
တဖက်လူဟာ ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့သူ ဖြစ်နေရင်လည်း “ငါ့ရဲ့အကျင့်ကို နားလည်ပေးမှာပဲ” လို့ တစ်ထစ်ချ မတွက်ထားသင့်တာတော့ အမှန်ပါ။

အသွေးအသား ခံစားချက်တွေနဲ့ တည်ဆောက်ထားတဲ့ လူသားတွေဖြစ်လို့ သူတို့မှာလည်း စိတ်အပြောင်းလဲ ဖြစ်နိုင်ပါတယ်။
ဒီလိုနဲ့ Rinတို့ ချစ်ရတဲ့ သူတွေက Rinတို့ကို တဖြည်းဖြည်း
စွန့်ခွာလာပါလိမ့်မယ်။

ယောင်းတို့ကို Rinအနေနဲ့ ကြံပေးချင်တာကတော့
စိတ်ဆိုးလာတဲ့အခါ စိတ်လိုက်မာန်ပါ မလုပ်မိဖို့ အသိ အမြဲကပ်ထားပါ။ “ငါက
စိတ်မြန်တယ်” ဆိုပြီး ဂုဏ်ယူမနေဘဲ အားနည်းချက်တစ်ခုလို့ တွေးပြီး ကြိုးစား
ပြင်ကြည့်ပါ။ စိတ်ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထားတက်အောင် လေ့ကျင့်ပေးပါ။
ဒီ့အတွက် ပန်းပင်စိုက်တာ၊ တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ ခရီးထွက်တာတို့
လုပ်စေချင်ပါတယ်။

မရှည်တဲ့စိတ်ကလေး ဆွဲဆန့်နိုင်အောင် တူတူကြိုးစားကြပါစို့ ယောင်းတို့ရေ။

Stay Pretty!
Rin (For Her Myanmar)

Rin
Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!
http://162.144.75.152/~forhermy

Leave a Reply

Your email address will not be published. Required fields are marked *