သူငယ်ချင်း အရင်းခေါက်ခေါက် ဆိုကြသူများ (Bff)

Bff လို့အော်နေပေမယ့်လည်း ဒီလိုအချက်တွေ မလုပ်ဖူးသေးရင်တော့ bff မစစ်သေးပါဘူး။

သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ဆိုတာက ဂွကျလွန်းပြီး ပြောမနာဆိုမနာသူတွေပါ။ ရည်းစားမရှိရင်နေလို့ရတယ် ဒင်းတို့မရှိရင် နေလို့မရဘူးဆိုတာမျိုးကို Bff လို့ခေါ်ဝေါ်သမုတ်ကြပါတယ်။ Bff လို့အော်နေတိုင်း သူငယ်ချင်း အရင်းချက်ချွတ်ကြီးမဟုတ်သေးပါဘူး။ အခုဖော်ပြတဲ့ အချက်တွေ လုပ်ဖူးမှသာ ၁၀၀ရာနှုန်းပြည့် ရေမရောတဲ့bff အစစ်ပါ။

၁။မရွံတတ်။ 
ငတ်ပြတ်နေချိန်ဆို ပိုက်တစ်ချောင်းထဲနဲ့ လေးငါးယောက်သောက်ဖို့တောင်မရွံတတ်ကြပါဘူး။ ရောဂါကူးမှာ စိုးရိမ်ဖို့ဝေးစွ။
“ဟဲ့ကမ နင့်မှာ အီဘိုလာရှိလား။”
“အေး။လုပ်မနေနဲ့ ပိုက်တစ်ချောင်းထဲနဲ့သောက်တော့ နင်လည်းကူးသွားပြီ။”

dog friends eating banana ၂။ ငိုအောင်လုပ်ဖူး။
Bff ဆိုသည်မှာ စိတ်ချမ်းသာအောင်လည်းလုပ်တတ်သလို စိတ်ဆင်းရဲအောင်လည်း လုပ်တတ်ကြတယ်။ တစ်ခါတစ်လေ ပြသနာအိုးထဲကို အစိမ်းသက်သက်တွန်းချတာမျိုးကြောင့် ငိုဖူးတဲ့လူရှိမှာပါ။

Related image၃။ဘူးဖော်ဘူးဖက်။

ဟဲဟဲ။ ဒီလိုအချိန်မျိုးကျတော့ ညှိယူစရာမလိုပါဘူး။ လမ်းသွားလို့ ကောင်လေး ချောချော မတွေ့လိုက်နဲ့။ ဘူးကြပြီ။ တစ်ခါတစ်လေ တစ်ဖက်က ကောင်လေးတောင် လန့်ပြေးတာမျိုးဖြစ်အောင် ပါးစပ်က တွတ်ထိုးတတ်ကြတယ်။

Image result for girl group watch a handsome၄။ဆေးထိုးတတ်ကြ။

လူတိုင်းလိုလို ခံရဖူးမှာပါ။ Bff ဆိုသည်မှာလည်း မွေးကတည်းက ဆေးထိုးအပ်မပါလာရုံတစ်မယ်။ ထိုးလိုက်သည်မှာလည်း တစ်ခါတစ်လေ ခွက်ရှ် (crush)ရှေ့မှာတောင် ကိုယ့်ရဲ့ မူလဗီဇတွေကို ဖော်ကောင်လုပ်သေး။

Image result for girl keeping an injection

၅။အချင်းချင်း အတင်းပတ်တုပ်ကြ။
လူစုံရင်တော့ သူများအတင်းတုပ်ကြတာပေါ့။ လူမစုံရင်တော့လား။စပြီ။ မလာတဲ့ လူအတင်းကို တုပ်ကြပြန်ရော။ အတင်းသာတုပ်ကြတာ။ ရှိတဲ့အချိန်ကျ တည့်ပြန်ရော။ ဘာမှန်းမသိတဲ့ bff တွေ။

friend gossip blackpeople chatting blackandsexytv

၆။အကြောင်းအရာမရှိပဲ ရန်ဖြစ်။
ထဘီကွင်းသိုင်းရန်ဖြစ်တာမျိုးတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဘာအကြောင်းမှမရှိပဲ စကားမပြောတာမျိုး၊ ပြောရင်လည်း ရန်စကားဖြစ်တာမျိုး၊ ဖေ့ဘွတ်ပေါ်မှာ စောင်းပြီး စတေးတပ်စ် တင်တာမျိုးလုပ်တတ်ကြပါတယ်။

၇။အထိမခံ ရွှေပန်းကန်။
ကိုယ့်ပါ့ကိုယ်သာ ပတ်ရန်ဖြစ်မှာ။ အေး..တစ်ခြားလူတစ်ယောက်က အခွင့်ကောင်းယူပြီး မီးလာမမွှေးနဲ့။ အကုန်ပေါင်းပြီး ဝုန်းပစ်လိုက်မယ်ဆိုတာပဲ။ သူတို့အချင်းချင်းမကွဲသ၍ တစ်ခြားသူလာခွဲလို့မရပါဘူး။

Image result for girl quarrel

၈။ ပေါက်တတ်ကရပြော။
စကားပြောတိုင်း ဖောက်တတ်တာ bff ရေမရောတွေပါ။ တစ်လုံးတစ်လေ အခွင့်မရလိုက်နဲ့။ ပြောပြီးခွီမယ် ဆိုတာချည်းပဲ။
“ဟဲ့..မြန်မြန်လာခဲ့၊ငါစောင့်နေမယ်နော်။”
“အေး..စောင့်နေ..(တိုင်နဲ့)..”

Image result for laughing girls pointing

၉။ ထိပ်ဆုံးက မနာလို။
ကိုယ့်သူငယ်ချင်း တော်လို့ တစ်စုံတစ်ယောက်က မချီးကျူးလိုက်နဲ့။ အဲ့မှာ စပြီ။ အတွင်းစိတ်ရင်းထဲကကို မနာလိုတာ။ တစ်ခုတော့ရှိတယ်။ သူတို့မနာလိုရင် သိပ်သိသာလွန်းတယ်။
“အာ့များဟယ်။ သူငယ်တန်းကလေးတောင် လုပ်တတ်တယ်”

Image result for girl jealous

၁၀။ဖုံးကွယ်ထားသည်မရှိ။
ကိုယ့်အကြောင်း ကိုယ့်အမေထက် သူတို့ကတောင် ပိုသိချင်သိနေမယ်။ အပ်ကျတာကအစ အီးပါတာကအဆုံး အချင်းချင်းပြောဖို့ကို မလျှို့ဝှက်တတ်ကြဘူး။ဒါကြောင့်မို့လည်း သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်ရတာပေါ့။

hug clueless hugs bff bestfriends

 

အခုဖော်ပြထားတဲ့ အချက်တွေ အများစု အံဝင်ခွင်ကျ ဖြစ်နေမယ်ဆိုရင်တော့ ပျိုမေတို့မှာလည်း ကမ္ဘာပေါ်က အကောင်ဆုံး သူငယ်ချင်းတွေရှိနေပါပြီ။ ဂုဏ်ယူလိုက်ပါ။

No Comments Yet

Comments are closed