facebook ကတီထွင်လိုက်တဲ့ အမေများနေ့အတွက်လက်ဆောင်
FUN

facebook ကတီထွင်လိုက်တဲ့ အမေများနေ့အတွက်လက်ဆောင်

ယောင်းတို့ရေ facebookကပန်းလေးတစ်ပွင့်အကြောင်းသိပြီးပြီလား

ယောင်းတို့ရေ ၁၄ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာအမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် facebook ကနေreaction အသစ်တစ်ခုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ ခရမ်းရောင်ပန်းပွင့်လေး ဖြစ်ပါတယ်။ grateful reaction ပေါ့။

အမေများနေ့မှာ အိမ်ကမေမေကို အမှတ်တရအနေနဲ့ လက်ဆောင်ပေးကြတယ်ဟုတ်? အမေများနေ့မတိုင်ခင်တစ်ရက်ဟာ ယောင်းတို့အတွက် အလုပ်အရှုပ်ဆုံးဖြစ်မယ်ထင်ပါတယ်။ မနက်မိုးလင်းတဲ့အခါ အိမ်ကမေမေကို အံ့အားသင့်သွားစေမယ့် လက်ဆောင်လေးတွေပေးဖို့ ပြင်ဆင်နေရတာကြောင့်ကို။

နမူနာအနေနဲ့ ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတိုင်း နှစ်သက်ကြတဲ့ ပန်းစည်းလက်ဆောင်။ ယောင်းတို့ ဧရာမပန်းစည်းလှလှကြီးများ လက်ခံလိုက်ရရင် ထီပေါက်သလိုမျိုးကို ခံစားရတယ်ဟုတ်။ ဒီတော့မေမေ့ကိုလည်း ငယ်ငယ်ကအပျော်တွေ  ပြန်ခံစားစေချင်တော့ ပန်းဆိုင်ကိုပြေးကြရတယ်။ အရမ်းအလုပ်များတဲ့ ယောင်းတို့အတွက် ကတော့ ပန်းဆိုင်ပြေးဖို့ ဘယ်လွယ်မလဲ။

 

လက်ဆောင်မပေးဖြစ်ရင်လည်း အိမ်ကအငယ်ကောင်တွေက ပေးပြီး ကိုယ်ကမပေးတော့ အမေ့ရဲ့ဒေါသတွေနဲ့ မိတ်ဆက်ရမယ်။ ဒီတော့ ဖွဘုတ်ကြီးက အလုပ်မအားတဲ့ယောင်းတို့ကို အမေများနေ့အတွက်ကယ်ဆယ်လိုက်ပါပြီ။ ဖွဘုတ်ကြီးကပေးတဲ့ လက်ဆောင်က digital flower ပုံစံနဲ့ grateful reaction အမေများနေ့အတွက် ဦးတည်ပြီးတော့ တီထွင်ပေးထားပါတယ်။ အမေများနေ့မှာမှ ဒီ reactionလေးကို ထုတ်ပြဖို့ facebookက ရည်ရွယ်ထားပေမယ့် Sreedev Sharma ဆိုတဲ့လူတစ်ယောက်က ရှာဖွေတွေ့ရှိပြီး twitter မှာဖွလိုက်လို့ facebookကနေ သတ်မှတ်ထားတဲ့ နေ့ထက်စောပြီး တင်ပေးလိုက်တာပါတဲ့။

hahaတို့ Wowတို့ လိုမျိုးပေါ့။ မေမေနဲ့အတူနေနေတဲ့ ယောင်းတို့က မေမေ့ကို အနမ်းတစ်ချက်နဲ့ချော့လိုက်လို့ရပေမယ့် အဝေးရောက်နေတဲ့ ယောင်းတို့ကတော့ မေမေရဲ့ postတွေမှာ grateful reaction လေးတွေပေးပြီး မေမေ့ကိုချော့လို့ရပြီရှင့်။

လူကြီးတွေက ဖွဘုတ်ကို လူငယ်တွေထက် ပိုစွဲနေကြတယ်ဟုတ်။ တစ်ခါတစ်ခါ သူတို့post တွေမှာ likeဘယ်လောက်ရနေပြီဆိုပြီးတော့ လာကြွားကြသေတယ်။ ကိုယ်ကကြည့်လိုက်တဲ့ အခါကြ ၅ခုတို့ ၄ခုတို့။ ဒီဆောင်းပါးကို Rin ရဲ့တီတီ ဖတ်မိရင် ဟီး ဟီ ချစ်လို့စတာပါလို့ စိတ်ဆိုးနဲ့နော်။ လူကြီးတွေက ချစ်စရာ ကောင်းလို့ စချင်လို့ပါ၊

အမေများနေ့ရောက်ရင် မေမေ့ရဲ့ postတွေမှာ haha မနှိပ်မိအောင်သတိထားပြီး flower reactလေးပေးပြီး အချစ်တွေကိုပြသပေါ့။ ပန်းပွင့်လေးဆိုတော့ ပန်းစည်းပေးပြီးသားလည်း ဖြစ်တာပေါ့။

ယောင်းတို့ရေ ကြားရသလောက်ကတော့ gratefulpdate reactionလေးကို ခဏတာအတွက် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အမေများနေ့အတွက်ပဲ ရည်ရွယ်တာဖြစ်လို့ နောက်တစ်နေ့မှာ ပန်းပွင့်လေးကို ထပ်တွေ့နိုင်ဦးမလားဆိုတာကတော့ သေချာဘူးရှင့်။

အမေများနေ့မှာ ချစ်ရတဲ့ မေမေနဲ့အတူ ယောင်းယောင်းတို့ အားလုံး ပျော်ရွှင်ကြပါစေရှင်။

မေမေ့ကို ချစ်တဲ့ Rin

Stay pretty!

Rin (For Her Myanmar)

Reference: https://www.socialsamosa.com/2017/05/facebook-grateful-reaction/

Leave a Reply

Your email address will not be published. Required fields are marked *