FUN

အေရးေပၚဌာနက ခ်စ္သူ႔မ်က္ရည္

အရက္ေတြ စြတ္ေသာက္ၿပီး ညႀကီးမင္းႀကီး ကားေမာင္းလို႔ အခုလုိ ေဆးရုံႀကီး ေရာက္သြားတာ ျဖစ္ရမယ္

“အဲဒီေကာင္မကို heart react ေပးျပန္ၿပီလား။”

“heart react ေလးပဲေပးတာေလကြာ။ အာဘြားသြားေပးတာမွ မဟုတ္တာ။ မင္းကလည္းကြာ။ သူက ဆယ္လီပဲကို။ မင္းေတာင္ ဟိုဆစ္ပက္နဲ႔ ေမာ္ဒယ္ေကာင္ေတြပံု တစ္ေန႔သံုးခါေလာက္ရွယ္ေနတာပဲ။”

“အဲ့ေတာ့ နင္က ငါ့ေပၚသံသယဝင္တယ္ေပါ့။”

“က်စ္။ မဟုတ္ဘူးေလကြာ။”

“ေတာ္ၿပီ။ ဘာမွမၾကားခ်င္ဘူး။ နင့္ကိုအတန္တန္ ေျပာထားၿပီးသား။ ငါ့ပရုိဖိုင္ပံုမွာ လိုက္ခ္ေတာင္ မေပးတတ္တဲ့ နင္က သူ႔ပံုတုိင္းမွာ အသည္းေတြေပးေတာ့ ငါကၿငိမ္ေနရမွာလား။ နင္နဲ႔ငါျပတ္ၿပီ။”

“ဟာ..ဒီကိစၥေလးနဲ႔ ျပတ္စရာလား။”

“ငါအတန္းသြားစရာရွိတယ္။ ဒါပဲ။ ထပ္လည္းမေတြ႔ေတာ့ဘူး။ နင္တျခားတစ္ေယာက္နဲ႔ လြတ္လြတ္လပ္လပ္ေပ်ာ္လို႔ရၿပီ။ ဂြတ္ဘုိင္။”

ေဒါကန္ေနခ်ိန္မို႔ ကၽြန္မေျခလွမ္းေတြ က်ဲသထက္ က်ဲလာတယ္။ ဝန္ခံရမယ္ဆို သူနဲ႔တြဲလာတဲ့ ၁ႏွစ္သက္တမ္းမွာ ဒီစကားမ်ိဳး ခဏခဏေျပာဖူးတာေပါ့။ ျပတ္ၿပီဆိုတဲ့စကားက ကၽြန္မတို႔ႏွစ္ေယာက္ၾကားမွာ သာမန္စကားမ်ိဳးပါပဲ။ ၿပီးေတာ့လည္း ေနႏိုင္ၾကတာ မဟုတ္ဘူး။ အခ်င္းခ်င္းျပန္ေခၚၾကတာပါပဲ။ သူကလည္း ေနာက္မလုပ္ေတာ့ဘူးဆိုတဲ့ ကတိေတြေပး၊ ကိုယ္ကလည္းခြင့္လႊတ္၊ တစ္ပတ္ေနေတာ့ ျပန္မတည့္နဲ႔ သံသရာကို လည္ေနေတာ့တာ။

အခုလည္း မနက္ျဖန္ေလာက္ဆို ျပန္တည့္သြားမယ္ဆိုတဲ့အေတြး ကၽြန္မေခါင္းထဲရွိေနေသးတယ္။ ကၽြန္မအိမ္ေရာက္ေတာ့ သူ႔ဖုန္းနံပါတ္ကို blacklist ထဲ ထည့္ပစ္လိုက္တယ္။ မဟုတ္ရင္ ကၽြန္မ ညအိပ္မေပ်ာ္ေအာင္ တစ္ခ်ိန္လံုး ဖုန္းတဂြမ္ဂြမ္ဆက္ေတာ့မွာ။ မနက္ျဖန္ သူကၽြန္မကို လာေတြ႔တဲ့အခါ သူ႔အေပၚ စိတ္ဆိုးေျပေနဖို႔ ကၽြန္မအိပ္ေရးဝရမယ္ မဟုတ္လား။ ဒီေတာ့ေစာေစာအိပ္မယ္အႀကံနဲ႔ ေစာင္ေခါင္းၿမီးၿခံဳမယ္ႀကံတုန္း ဖုန္းတစ္ေကာလ္ ဝင္လာတယ္။

“ေတာက္စ္…ဟိုလူဆိုးကို blacklistထဲထည့္ထားတယ္ေလ။ ဘယ္သရဲက ဖုန္းဆက္ျပန္လဲမသိဘူး”

ေခၚသူကို နာမည္ကို ၾကည့္ေတာ့ အာကာေဇာ္။ အာကာေဇာ္က ကၽြန္မခ်စ္သူရဲ႕ ငယ္သူငယ္ခ်င္း။ ကၽြန္မနဲ႔သာ မတြဲရင္ အာကာေဇာ္နဲ႔ ညားလိမ့္မယ္လို႔ ေတြးရတဲ့အထိ တပူးပူးတတြဲတြဲေနၾကတာ။

“ဟဲလို။ ေျပာပါဦး အာကာ၊ ဘာကိစၥရွိလို႔လဲ။”

“ယဥ္ေငြ…နင္ေဆးရုံႀကီးကို လာခဲ့ပါလား”

“ဟင္။ ဘာလုိ႔လဲ..”

“ေဇာ္ထုိက္ေလ…အဲ…ျမန္ျမန္သာလာခဲ့။ ငါဒီေရာက္မွေျပာျပမယ္”

“အားးးးးးးးးးးးးးး”

ဖုန္းထဲက အသံေၾကာင့္ ကၽြန္မ တစ္မိနစ္ေလာက္ ဆြံ႔အသြားတယ္။ ေဇာ္ထိုက္ ဘာျဖစ္သြားတာလဲ။ ဘာမွလည္း မေျပာဘဲ ဖုန္းခ်ပစ္ေတာ့ ေဇာ္ထုိက္တစ္ခုခုျဖစ္ၿပီလား။ ေနာက္ကလည္း ေအာ္သံၾကားရတယ္။ ကၽြန္မစိတ္ေတြပူထူၿပီး ေဇာေခၽြးေတြ ျပန္လာတယ္။

Related Article >>> FAဘဝမွ ကၽြတ္ခဲ့တဲ့ သီတင္းကၽြတ္ည တစ္ည

ကၽြန္မေခါင္းအံုးထဲ မ်က္ႏွာစိုက္ပစ္ၿပီး ငိုပစ္လုိက္တယ္။ ကၽြန္မ ေဇာ္ထုိက္ေလး ဘာျဖစ္သြားတာလဲ။ ဘာျဖစ္လို႔ ေဆးရုံႀကီးကို လာခိုင္းတာလဲ။ သူတစ္ခုခုျဖစ္ၿပီလား။ သြားၿပီ။ ဒါ ကၽြန္မေၾကာင့္ျဖစ္ရတာ။ ကၽြန္မ မနက္က သူ႔ကို ဘလုိင္းႀကီး ျဖတ္ပစ္လုိက္လို႔ ျဖစ္ရတာ။ သူအရက္ေတြ ေသာက္တာ ျဖစ္ရမယ္။ အရက္ေတြ စြတ္ေသာက္ၿပီး ညႀကီးမင္းႀကီး ကားေမာင္းလို႔ အခုလုိ ေဆးရုံႀကီး ေရာက္သြားတာ ျဖစ္ရမယ္။ သြားၿပီ။ ကၽြန္မ ရင္နင့္ေအာင္ ခ်စ္ရတဲ့သူတစ္ေယာက္ေတာ့ ကၽြန္မေၾကာင့္နာက်င္ရၿပီ။

ကၽြန္မမ်က္လံုးထဲ မ်က္ရည္မက်န္ေတာ့မွပဲ အသိျပန္ဝင္လာတယ္။ ကၽြန္မ ေဆးရုံႀကီးသြားရမယ္။ အတတ္ႏုိင္ဆံုး သူ႔ကို အသက္ရွင္ေအာင္ လုပ္ရမယ္။ ကၽြန္မ သူ႔ကို ျပန္လုိခ်င္တယ္။ ကၽြန္မအဝတ္စားေတာင္မလဲႏိုင္ဘဲ အိမ္ထဲက ထြက္လာခဲ့တယ္။ အားလံုးအိပ္ခ်ိန္မို႔ အိမ္တံခါးမွာ ကၽြန္မသူငယ္ခ်င္းတစ္ေယာက္ အက္စီးဒင့္ျဖစ္လုိ႔ ေဆးရုံလိုက္သြားေၾကာင္း စာကပ္ခဲ့လိုက္တယ္။

တကၠစီေပၚေရာက္ေတာ့ ကၽြန္မစိတ္ေတြမၿငိမ္ေတာ့ဘူး။ သူ ကၽြန္မအေပၚ ေကာင္းခဲ့တာေတြ၊ ကၽြန္မအေပၚ ၾကင္နာခဲ့တာေတြ၊ ေမြးေန႔တုန္းက ကၽြန္မအႀကိဳက္ဆံုး စားေသာက္ဆိုင္ေခၚသြားတာေတြ ျပန္ျမင္ေယာင္လာတယ္။ တကယ္ဆို ကၽြန္မက သူမရွိဘဲ ေနႏိုင္မယ့္သူတစ္ေယာက္ မဟုတ္တာေတာ့ ေသခ်ာတယ္။

အခုလို မေရရာ မေသခ်ာတဲ့ အေျခအေနမွာေတာင္ ကၽြန္မစိတ္ေတြ ေယာက္ယက္ခက္ေနသလိုပဲ။ တကၠစီေမာင္းတဲ့သူေတာင္ ေဆးရုံႀကီးဆိုလုိ႔ အတတ္ႏုိင္ဆံုး ျဖတ္လမ္းက ျမန္ျမန္ေမာင္းေပးေနေလရဲ႕။ ကၽြန္မဆိုတာလည္း မ်က္ရည္တၿဖိဳင္ၿဖိဳင္က်ေနရတာ မ်က္ႏွာေတြေထာင္ ထံုလာတဲ့အထိ…

သိပ္မၾကာလိုက္ပါဘူး။ ေဆးရုံႀကီးရဲ႕ အေရးေပၚ လူနာဌာနေရွ႕မွာ ကားရပ္ေပးတယ္။ ကားေပၚက ဆင္းဆင္းခ်င္း ေဆးရုံထဲကိုဝင္ေျပးၿပီး ေကာင္တာက သူနာျပဳအစ္မႀကီးေတြကို ေမးရတာေပါ့..

“ဟိုေလ။ ေဇာ္ထိုက္ ဆိုတဲ့လူနာကိုလာရွာတာ”

“အဲ..ညာဘက္ေကြ႔သြားလုိက္။ အဲ့ဒီ့ဘက္မွာ ခုနေလးတင္ လူနာတစ္ေယာက္အသည္းအသန္ျဖစ္ေနလို႔ဆိုၿပီး ေခၚသြားၾကတယ္”

ကၽြန္မ ေမွ်ာ္လင့္ခ်က္ေတြ အစိတ္စိတ္အခြဲခံလိုက္ရသလိုပဲ။ ရင္ထဲက စူးခနဲနာက်င္ေနတာကို လ်စ္လ်ဴရႈရင္း သူနာျပဳအစ္မႀကီးေျပာတဲ့ဘက္ကို ထြက္လာလိုက္တယ္။ ဆရာဝန္ေတြ ဝိုင္းအံုေနတဲ့ အခန္းတစ္ခုဘက္ ေရာက္ေတာ့ ကၽြန္မရပ္လိုက္တယ္။ အခန္႔ေရွ႕မွာငူငူႀကီးရပ္ေစာင့္ၿပီး ၁၀မိနစ္အၾကာ ဖုန္းတစ္ေကာလ္ဝင္လာတယ္။ အာကာေဇာ္ဖုန္းနံပါတ္။

“အာ..အာကာ။ ငါအခန္းေရွ႕မွာ။ အီးဟီးဟီး”

“ဟယ္..ယဥ္ေငြ။ နင္ဘယ္မွာလဲ။ ဘယ္အခန္းေရွ႕လဲ။ ငါနင့္ကိုမေတြ႔ဘူး”

“အေရးေပၚဌာနေရာက္ေနၿပီ။ ေဇာ္ထုိက္ကို ဆရာဝန္ေတြအမ်ားႀကီး ၾကည့္ေနတယ္။ ေဇာ္ထုိက္သြားၿပီထင္တယ္။ အီးဟီးဟီး.”

“ဘာေတြေလွ်ာက္ေျပာေနတာလဲ။ အာ.. ျပင္ပလူနာဌာနဘက္လာခဲ့။ ငါအျပင္ထြက္ေစာင့္ေနတယ္”

အာကာေက်ာ္ဖုန္းခ်လို႔အၿပီး ကၽြန္မေရွ႕အခန္းထဲက ဆရာဝန္ေတြထြက္လာတယ္။ ဆရာဝန္္တစ္ေယာက္က ကၽြန္မကိုၾကည့္ၿပီး

“ ကိုေက်ာ္ထုိက္ရဲ႕ လူနာရွင္က ဒီက ညီမလား၊ ကိုေက်ာ္ထိုက္ ဆံုးသြားၿပီ။ ကၽြန္ေတာ္တို႔လည္း အတတ္ႏုိင္ဆံုးႀကိဳးစားတာပါပဲ။ ဒါေပမဲ့ လူနာ႔ကံေပါ့.. ဝမ္းနည္းပါတယ္… အိမ္ကလူူေတြဆီအေၾကာင္းၾကားလိုက္ပါဦး။”

ကၽြန္မရုတ္တရက္ဆရာဝန္ကို သြားၿဖဲၿပီး ၿပံဳးျပလိုက္ေတာ့ ဆရာဝန္က ကၽြန္မကို ေၾကာင္အမ္းအမ္းၾကည့္ေနတယ္။ လူတစ္ေယာက္ေသတာ ေပ်ာ္စရာ မေကာင္းမွန္းသိေပမဲ့ အဲဒီလူက ကၽြန္မခ်စ္သူမျဖစ္သြားတာကေတာ့ ကၽြန္မကို အနည္းနဲ႔အမ်ား စိတ္သက္သာရာ ရသြားေစတာပဲ။

Related Article >>> မိန္းကေလးေတြရဲ႕စိတ္ကူးထဲက မင္းသားေလးေတြ

ကၽြန္မအေရးေပၚဌာနက အထြက္မွာ အာကာေဇာ္နဲ႔ တန္းတုိးသြားတယ္။ ကၽြန္မတစ္ခုခုေမးမယ္လုပ္ေပမဲ့လည္း အာကာေဇာ္က ကၽြန္မကို သူ႔ေနာက္လိုက္ဖို႔ မ်က္ရိပ္ျပၿပီး တစ္ေနရာကိုဦးတည္သြားတယ္။ အခန္းတစ္ခန္းရဲ႕အေရွ႕လည္းေရာက္ေရာ ခံုတန္းေပၚမွာ ငူငူႀကီးထိုင္ေနတဲ့ ကၽြန္မခ်စ္သူေဇာ္ထိုက္။

ကၽြန္မ သူ႔ကုိျမင္တာနဲ႔ ေျပးဖက္လိုက္ၿပီး သူ႔ဆံပင္ေလးကို ပြတ္သပ္ေပးလိုက္တယ္။

“ေဇာ္ထုိက္..နင္ဘာျဖစ္သြားတာလဲ။ ဘယ္နားထိသြားလဲ။ ငါနင့္ကိုအရမ္းစိတ္ပူလုိက္ရတာ”

ကၽြန္မေျပာရင္းနဲ႔ပဲ ရႈိက္ႀကီးတငင္ ငိုပစ္လုိက္တယ္။ ေနာက္ေတာ့မွ သူ႔ဘယ္ဘက္ေျခသလံုးက ပတ္တီးတစ္ခုကို သတိထားမိတယ္။ အာကာေဇာ္ကေတာ့ ကၽြန္မတို႔ႏွစ္ေယာက္ကို ေျပာင္စပ္စပ္ရုပ္နဲ႔စိုက္ၾကည့္ေနတယ္။ သိပ္မၾကာခင္ အခန္းထဲက သူနာျပဳတစ္ေယာက္ထြက္လာၿပီး ေဇာ္ထုိက္ကိုဘုၾကည့္ၾကည့္လို႔…

“ကဲ..ရွင္ဘယ္ေတာ့ေဆးထိုးမွာလဲ။ ဒါ ရွင္ဖြင့္ထားတဲ့ေဆးရုံမဟုတ္ဘူး။”

ကၽြန္မအေျခအေနကို နားမလည္လို႔ ေမးမယ့္အခ်ိန္မွာ အာကာေဇာ္က…

“ယဥ္ေငြေရ..နင့္ကိုဒီေခၚရတဲ့အေၾကာင္းက ဒီေကာင္ေဆးမထိုးဘူးလုိ႔ ဂ်ီက်ေနလို႔”

“ဘာ…”

“ထံုးစံအတုိင္း နင္နဲ႔ရန္ျဖစ္ၿပီး ငါ့ကို သူနဲ႔ ဘီယာလိုက္ေသာက္ပါလို႔ေခၚရာ။ ေသာက္ၿပီး ေအးေအးေဆးေဆး အိမ္ျပန္အိပ္ရင္ ဒီလိုျဖစ္လာမွာမဟုတ္ဘူး။ အခုက အိမ္အျပန္လမ္းမွာ ေတြ႔ကရာကို “ယဥ္ေငြစုတ္ ေသစမ္း”လို႔ လွမ္းကန္ေနရင္း သူ႔ဟာသူ လမ္းေဘးထုိးအိပ္ေနတဲ့ေခြးကို ကန္မိေတာ့ ဟုိက လွမ္းကိုက္ေရာ။ အဲဒါနဲ႔ပဲ ေဆးရုံႀကီးဘက္ ေျပးလာတာ။ ဒီေရာက္ေတာ့ ဒဏ္ရာကိုေဆးစည္းၿပီး ေခြးရူးကာကြယ္ေဆးထိုးမယ္လုပ္တာကို ႏွပ္ထြက္ေအာင္ အာတၿပဲၿပဲနဲ႔ ငိုလို႔နင့္ကို ဖုန္းဆက္ေခၚရတယ္။ သူ႔ကိုႏုိင္တာ နင္ပဲရွိလို႔ေလ”

အာကာေဇာ္စကားလည္း ဆံုးေရာ ကၽြန္မမွာ ငိုရမလိုရယ္ရမလုိနဲ႔။ ဟိုေသနာေလးကေတာ့ ႏွပ္ထြက္ေအာင္ငိုလို႔ေကာင္းတုန္း။ ကၽြန္မလည္း သူ႔လက္ေမာင္းကိုဆြဲၿပီး

“ေျပာေတာ့ ဆင္ဖမ္းမယ္၊ က်ားဖမ္းမယ္နဲ႔ ဒီကာကြယ္ေဆးေလးထုိးဖုိ႔ေတာင္ ႏွပ္ထြက္ေအာင္ ငိုေနတာမရွက္ဘူးလား။ အခုထၿပီး ကာကြယ္ေဆးလာထိုး။ မဟုတ္လို႔ကေတာ့ နင့္ႏွပ္ေခ်းတြဲေလာင္းမ်က္ရည္မ်က္ခြက္ရုပ္ကို ေဖ့စဘုတ္ေပၚတင္ပစ္မယ္”

ကၽြန္မလည္း ေဒါသတႀကီးနဲ႔ ဆူေရာ၊ သူ႔ခမ်ာ အျပစ္မဲ့အင္ႏိုးဆန္႔ျဖစ္တဲ့ ကေလးမ်က္ႏွာေလးနဲ႔ ေနာက္ကလိုက္ရေရာေပါ့..  ကာကြယ္ေဆးေတြထိုးၿပီးလို႔ ေဆးရုံကလည္း အထြက္၊ သူကၽြန္မလက္ကို လွမ္းကိုင္ၿပီး…

“ငါ့ကိုစိတ္ပူေပးလို႔ ေက်းဇူးပါ ယဥ္ေငြ”

“အင္း..ထားပါ”

“အမွန္က ငါမူးေနတဲ့အခ်ိန္ဆိုေတာ့ အဲဒီေခြးအိပ္ေနတဲ့ပံုက နင္နဲ႔တကယ္တူလို႔ လွမ္းကန္လိုက္မိတာ”

“မသာႀကီး..နင္နဲ႔ငါနဲ႔ တကယ္ကိုျပတ္ၿပီ -_- ”

Christina (For Her Myanmar)

<<< Unicode >>>

အရက်တွေ စွတ်သောက်ပြီး ညကြီးမင်းကြီး ကားမောင်းလို့ အခုလို ဆေးရုံကြီး ရောက်သွားတာ ဖြစ်ရမယ်

“အဲဒီကောင်မကို heart react ပေးပြန်ပြီလား။”

“heart react လေးပဲပေးတာလေကွာ။ အာဘွားသွားပေးတာမှ မဟုတ်တာ။ မင်းကလည်းကွာာ။ သူက ဆယ်လီပဲကို။ မင်းတောင် ဟိုဆစ်ပက်နဲ့ မော်ဒယ်ကောင်တွေပုံ တစ်နေ့သုံးခါလောက်ရှယ်နေတာပဲ။”

“အဲ့တော့ နင်က ငါ့ပေါ်သံသယဝင်တယ်ပေါ့။”

“ကျစ်။ မဟုတ်ဘူးလေကွာ။”

“တော်ပြီ။ ဘာမှမကြားချင်ဘူး။ နင့်ကိုအတန်တန် ပြောထားပြီးသား။ ငါ့ပရိုဖိုင်ပုံမှာ လိုက်ခ်တောင် မပေးတတ်တဲ့ နင်က သူ့ပုံတိုင်းမှာ အသည်းတွေပေးတော့ ငါကငြိမ်နေရမှာလား။ နင်နဲ့ငါပြတ်ပြီ။”

“ဟာ..ဒီကိစ္စလေးနဲ့ ပြတ်စရာလား။”

“ငါအတန်းသွားစရာရှိတယ်။ ဒါပဲ။ ထပ်လည်းမတွေ့တော့ဘူး။ နင်တခြားတစ်ယောက်နဲ့ လွတ်လွတ်လပ်လပ်ပျော်လို့ရပြီ။ ဂွတ်ဘိုင်။”

ဒေါကန်နေချိန်မို့ ကျွန်မခြေလှမ်းတွေ ကျဲသထက် ကျဲလာတယ်။ ဝန်ခံရမယ်ဆို သူနဲ့တွဲလာတဲ့ ၁နှစ်သက်တမ်းမှာ ဒီစကားမျိုး ခဏခဏပြောဖူးတာပေါ့။ ပြတ်ပြီဆိုတဲ့စကားက ကျွန်မတို့နှစ်ယောက်ကြားမှာ သာမန်စကားမျိုးပါပဲ။ ပြီးတော့လည်း နေနိုင်ကြတာ မဟုတ်ဘူး။ အချင်းချင်းပြန်ခေါ်ကြတာပါပဲ။ သူကလည်း နောက်မလုပ်တော့ဘူးဆိုတဲ့ ကတိတွေပေး၊ ကိုယ်ကလည်းခွင့်လွှတ်၊ တစ်ပတ်နေတော့ ပြန်မတည့်နဲ့ သံသရာကို လည်နေတော့တာ။

အခုလည်း မနက်ဖြန်လောက်ဆို ပြန်တည့်သွားမယ်ဆိုတဲ့အတွေး ကျွန်မခေါင်းထဲရှိနေသေးတယ်။ ကျွန်မအိမ်ရောက်တော့ သူ့ဖုန်းနံပါတ်ကို blacklist ထဲ ထည့်ပစ်လိုက်တယ်။ မဟုတ်ရင် ကျွန်မ ညအိပ်မပျော်အောင် တစ်ချိန်လုံး ဖုန်းတဂွမ်ဂွမ်ဆက်တော့မှာ။ မနက်ဖြန် သူကျွန်မကို လာတွေ့တဲ့အခါ သူ့အပေါ် စိတ်ဆိုးပြေနေဖို့ ကျွန်မအိပ်ရေးဝရမယ် မဟုတ်လား။ ဒီတော့စောစောအိပ်မယ်အကြံနဲ့ စောင်ခေါင်းမြီးခြုံမယ်ကြံတုန်း ဖုန်းတစ်ကောလ် ဝင်လာတယ်။

“တောက်စ်…ဟိုလူဆိုးကို blacklistထဲထည့်ထားတယ်လေ။ ဘယ်သရဲက ဖုန်းဆက်ပြန်လဲမသိဘူး”

ခေါ်သူကို နာမည်ကို ကြည့်တော့ အာကာဇော်။ အာကာဇော်က ကျွန်မချစ်သူရဲ့ ငယ်သူငယ်ချင်း။ ကျွန်မနဲ့သာ မတွဲရင် အာကာဇော်နဲ့ ညားလိမ့်မယ်လို့ တွေးရတဲ့အထိ တပူးပူးတတွဲတွဲနေကြတာ။

“ဟဲလို။ ပြောပါဦး အာကာ၊ ဘာကိစ္စရှိလို့လဲ။”

“ယဉ်ငွေ…နင်ဆေးရုံကြီးကို လာခဲ့ပါလား”

“ဟင်။ ဘာလို့လဲ..”

“ဇော်ထိုက်လေ…အဲ…မြန်မြန်သာလာခဲ့။ ငါဒီရောက်မှပြောပြမယ်”

“အားးးးးးးးးးးးးးး”

ဖုန်းထဲက အသံကြောင့် ကျွန်မ တစ်မိနစ်လောက် ဆွံ့အသွားတယ်။ ဇော်ထိုက် ဘာဖြစ်သွားတာလဲ။ ဘာမှလည်း မပြောဘဲ ဖုန်းချပစ်တော့ ဇော်ထိုက်တစ်ခုခုဖြစ်ပြီလား။ နောက်ကလည်း အော်သံကြားရတယ်။ ကျွန်မစိတ်တွေပူထူပြီး ဇောချွေးတွေ ပြန်လာတယ်။

Related Article >>> FAဘဝမှ ကျွတ်ခဲ့တဲ့ သီတင်းကျွတ်ည တစ်ည

ကျွန်မခေါင်းအုံးထဲ မျက်နှာစိုက်ပစ်ပြီး ငိုပစ်လိုက်တယ်။ ကျွန်မ ဇော်ထိုက်လေး ဘာဖြစ်သွားတာလဲ။ ဘာဖြစ်လို့ ဆေးရုံကြီးကို လာခိုင်းတာလဲ။ သူတစ်ခုခုဖြစ်ပြီလား။ သွားပြီ။ ဒါ ကျွန်မကြောင့်ဖြစ်ရတာ။ ကျွန်မ မနက်က သူ့ကို ဘလိုင်းကြီး ဖြတ်ပစ်လိုက်လို့ ဖြစ်ရတာ။ သူအရက်တွေ သောက်တာ ဖြစ်ရမယ်။ အရက်တွေ စွတ်သောက်ပြီး ညကြီးမင်းကြီး ကားမောင်းလို့ အခုလို ဆေးရုံကြီး ရောက်သွားတာ ဖြစ်ရမယ်။ သွားပြီ။ ကျွန်မ ရင်နင့်အောင် ချစ်ရတဲ့သူတစ်ယောက်တော့ ကျွန်မကြောင့်နာကျင်ရပြီ။

ကျွန်မမျက်လုံးထဲ မျက်ရည်မကျန်တော့မှပဲ အသိပြန်ဝင်လာတယ်။ ကျွန်မ ဆေးရုံကြီးသွားရမယ်။ အတတ်နိုင်ဆုံး သူ့ကို အသက်ရှင်အောင် လုပ်ရမယ်။ ကျွန်မ သူ့ကို ပြန်လိုချင်တယ်။ ကျွန်မအဝတ်စားတောင်မလဲနိုင်ဘဲ အိမ်ထဲက ထွက်လာခဲ့တယ်။ အားလုံးအိပ်ချိန်မို့ အိမ်တံခါးမှာ ကျွန်မသူငယ်ချင်းတစ်ယောက် အက်စီးဒင့်ဖြစ်လို့ ဆေးရုံလိုက်သွားကြောင်း စာကပ်ခဲ့လိုက်တယ်။

တက္ကစီပေါ်ရောက်တော့ ကျွန်မစိတ်တွေမငြိမ်တော့ဘူး။ သူ ကျွန်မအပေါ် ကောင်းခဲ့တာတွေ၊ ကျွန်မအပေါ် ကြင်နာခဲ့တာတွေ၊ မွေးနေ့တုန်းက ကျွန်မအကြိုက်ဆုံး စားသောက်ဆိုင်ခေါ်သွားတာတွေ ပြန်မြင်ယောင်လာတယ်။ တကယ်ဆို ကျွန်မက သူမရှိဘဲ နေနိုင်မယ့်သူတစ်ယောက် မဟုတ်တာတော့ သေချာတယ်။

အခုလို မရေရာ မသေချာတဲ့ အခြေအနေမှာတောင် ကျွန်မစိတ်တွေ ယောက်ယက်ခက်နေသလိုပဲ။ တက္ကစီမောင်းတဲ့သူတောင် ဆေးရုံကြီးဆိုလို့ အတတ်နိုင်ဆုံး ဖြတ်လမ်းက မြန်မြန်မောင်းပေးနေလေရဲ့။ ကျွန်မဆိုတာလည်း မျက်ရည်တဖြိုင်ဖြိုင်ကျနေရတာ မျက်နှာတွေထောင် ထုံလာတဲ့အထိ…

သိပ်မကြာလိုက်ပါဘူး။ ဆေးရုံကြီးရဲ့ အရေးပေါ် လူနာဌာနရှေ့မှာ ကားရပ်ပေးတယ်။ ကားပေါ်က ဆင်းဆင်းချင်း ဆေးရုံထဲကိုဝင်ပြေးပြီး ကောင်တာက သူနာပြုအစ်မကြီးတွေကို မေးရတာပေါ့..

“ဟိုလေ။ ဇော်ထိုက် ဆိုတဲ့လူနာကိုလာရှာတာ”

“အဲ..ညာဘက်ကွေ့သွားလိုက်။ အဲ့ဒီ့ဘက်မှာ ခုနလေးတင် လူနာတစ်ယောက်အသည်းအသန်ဖြစ်နေလို့ဆိုပြီး ခေါ်သွားကြတယ်”

ကျွန်မ မျှော်လင့်ချက်တွေ အစိတ်စိတ်အခွဲခံလိုက်ရသလိုပဲ။ ရင်ထဲက စူးခနဲနာကျင်နေတာကို လျစ်လျူရှုရင်း သူနာပြုအစ်မကြီးပြောတဲ့ဘက်ကို ထွက်လာလိုက်တယ်။ ဆရာဝန်တွေ ဝိုင်းအုံနေတဲ့ အခန်းတစ်ခုဘက် ရောက်တော့ ကျွန်မရပ်လိုက်တယ်။ အခန့်ရှေ့မှာငူငူကြီးရပ်စောင့်ပြီး ၁၀မိနစ်အကြာ ဖုန်းတစ်ကောလ်ဝင်လာတယ်။ အာကာဇော်ဖုန်းနံပါတ်။

“အာ..အာကာ။ ငါအခန်းရှေ့မှာ။ အီးဟီးဟီး”

“ဟယ်..ယဉ်ငွေ။ နင်ဘယ်မှာလဲ။ ဘယ်အခန်းရှေ့လဲ။ ငါနင့်ကိုမတွေ့ဘူး”

“အရေးပေါ်ဌာနရောက်နေပြီ။ ဇော်ထိုက်ကို ဆရာဝန်တွေအများကြီး ကြည့်နေတယ်။ ဇော်ထိုက်သွားပြီထင်တယ်။ အီးဟီးဟီး.”

“ဘာတွေလျှောက်ပြောနေတာလဲ။ အာ.. ပြင်ပလူနာဌာနဘက်လာခဲ့။ ငါအပြင်ထွက်စောင့်နေတယ်”

အာကာကျော်ဖုန်းချလို့အပြီး ကျွန်မရှေ့အခန်းထဲက ဆရာဝန်တွေထွက်လာတယ်။ ဆရာဝန်တစ်ယောက်က ကျွန်မကိုကြည့်ပြီး

“ ကိုကျော်ထိုက်ရဲ့ လူနာရှင်က ဒီက ညီမလား၊ ကိုကျော်ထိုက် ဆုံးသွားပြီ။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားတာပါပဲ။ ဒါပေမဲ့ လူနာ့ကံပေါ့.. ဝမ်းနည်းပါတယ်… အိမ်ကလူူတွေဆီအကြောင်းကြားလိုက်ပါဦး။”

ကျွန်မရုတ်တရက်ဆရာဝန်ကို သွားဖြဲပြီး ပြုံးပြလိုက်တော့ ဆရာဝန်က ကျွန်မကို ကြောင်အမ်းအမ်းကြည့်နေတယ်။ လူတစ်ယောက်သေတာ ပျော်စရာ မကောင်းမှန်းသိပေမဲ့ အဲဒီလူက ကျွန်မချစ်သူမဖြစ်သွားတာကတော့ ကျွန်မကို အနည်းနဲ့အများ စိတ်သက်သာရာ ရသွားစေတာပဲ။

Related Article >>> မိန်းကလေးတွေရဲ့စိတ်ကူးထဲက မင်းသားလေးတွေ

ကျွန်မအရေးပေါ်ဌာနက အထွက်မှာ အာကာဇော်နဲ့ တန်းတိုးသွားတယ်။ ကျွန်မတစ်ခုခုမေးမယ်လုပ်ပေမဲ့လည်း အာကာဇော်က ကျွန်မကို သူ့နောက်လိုက်ဖို့ မျက်ရိပ်ပြပြီး တစ်နေရာကိုဦးတည်သွားတယ်။ အခန်းတစ်ခန်းရဲ့အရှေ့လည်းရောက်ရော ခုံတန်းပေါ်မှာ ငူငူကြီးထိုင်နေတဲ့ ကျွန်မချစ်သူဇော်ထိုက်။

ကျွန်မ သူ့ကိုမြင်တာနဲ့ ပြေးဖက်လိုက်ပြီး သူ့ဆံပင်လေးကို ပွတ်သပ်ပေးလိုက်တယ်။

“ဇော်ထိုက်..နင်ဘာဖြစ်သွားတာလဲ။ ဘယ်နားထိသွားလဲ။ ငါနင့်ကိုအရမ်းစိတ်ပူလိုက်ရတာ”

ကျွန်မပြောရင်းနဲ့ပဲ ရှိုက်ကြီးတငင် ငိုပစ်လိုက်တယ်။ နောက်တော့မှ သူ့ဘယ်ဘက်ခြေသလုံးက ပတ်တီးတစ်ခုကို သတိထားမိတယ်။ အာကာဇော်ကတော့ ကျွန်မတို့နှစ်ယောက်ကို ပြောင်စပ်စပ်ရုပ်နဲ့စိုက်ကြည့်နေတယ်။ သိပ်မကြာခင် အခန်းထဲက သူနာပြုတစ်ယောက်ထွက်လာပြီး ဇော်ထိုက်ကိုဘုကြည့်ကြည့်လို့…

“ကဲ..ရှင်ဘယ်တော့ဆေးထိုးမှာလဲ။ ဒါ ရှင်ဖွင့်ထားတဲ့ဆေးရုံမဟုတ်ဘူး။”

ကျွန်မအခြေအနေကို နားမလည်လို့ မေးမယ့်အချိန်မှာ အာကာဇော်က…

“ယဉ်ငွေရေ..နင့်ကိုဒီခေါ်ရတဲ့အကြောင်းက ဒီကောင်ဆေးမထိုးဘူးလို့ ဂျီကျနေလို့”

“ဘာ…”

“ထုံးစံအတိုင်း နင်နဲ့ရန်ဖြစ်ပြီး ငါ့ကို သူနဲ့ ဘီယာလိုက်သောက်ပါလို့ခေါ်ရာ။ သောက်ပြီး အေးအေးဆေးဆေး အိမ်ပြန်အိပ်ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ အခုက အိမ်အပြန်လမ်းမှာ တွေ့ကရာကို “ယဉ်ငွေစုတ် သေစမ်း”လို့ လှမ်းကန်နေရင်း သူ့ဟာသူ လမ်းဘေးထိုးအိပ်နေတဲ့ခွေးကို ကန်မိတော့ ဟိုက လှမ်းကိုက်ရော။ အဲဒါနဲ့ပဲ ဆေးရုံကြီးဘက် ပြေးလာတာ။ ဒီရောက်တော့ ဒဏ်ရာကိုဆေးစည်းပြီး ခွေးရူးကာကွယ်ဆေးထိုးမယ်လုပ်တာကို နှပ်ထွက်အောင် အာတပြဲပြဲနဲ့ ငိုလို့နင့်ကို ဖုန်းဆက်ခေါ်ရတယ်။ သူ့ကိုနိုင်တာ နင်ပဲရှိလို့လေ”

အာကာဇော်စကားလည်း ဆုံးရော ကျွန်မမှာ ငိုရမလိုရယ်ရမလိုနဲ့။ ဟိုသေနာလေးကတော့ နှပ်ထွက်အောင်ငိုလို့ကောင်းတုန်း။ ကျွန်မလည်း သူ့လက်မောင်းကိုဆွဲပြီး

“ပြောတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ဒီကာကွယ်ဆေးလေးထိုးဖို့တောင် နှပ်ထွက်အောင် ငိုနေတာမရှက်ဘူးလား။ အခုထပြီး ကာကွယ်ဆေးလာထိုး။ မဟုတ်လို့ကတော့ နင့်နှပ်ချေးတွဲလောင်းမျက်ရည်မျက်ခွက်ရုပ်ကို ဖေ့စဘုတ်ပေါ်တင်ပစ်မယ်”

ကျွန်မလည်း ဒေါသတကြီးနဲ့ ဆူရော၊ သူ့ခမျာ အပြစ်မဲ့အင်နိုးဆန့်ဖြစ်တဲ့ ကလေးမျက်နှာလေးနဲ့ နောက်ကလိုက်ရရောပေါ့..  ကာကွယ်ဆေးတွေထိုးပြီးလို့ ဆေးရုံကလည်း အထွက်၊ သူကျွန်မလက်ကို လှမ်းကိုင်ပြီး…

“ငါ့ကိုစိတ်ပူပေးလို့ ကျေးဇူးပါ ယဉ်ငွေ”

“အင်း..ထားပါ”

“အမှန်က ငါမူးနေတဲ့အချိန်ဆိုတော့ အဲဒီခွေးအိပ်နေတဲ့ပုံက နင်နဲ့တကယ်တူလို့ လှမ်းကန်လိုက်မိတာ”

“မသာကြီး..နင်နဲ့ငါနဲ့ တကယ်ကိုပြတ်ပြီ -_- ”

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *