ပိုးဟပ်​​လေးနဲ့ ကျွန်မ

ပိုးဟပ်လို့ကြားလိုက်တာနဲ့ ယောင်းတို့ ဘယ်လိုခံစားရလဲဟင်… ပိုးဟပ်ကိုရော သေချာစောင့်ကြည့်ဖူးလား? အက်ဒ်မင် စပ်စုကြည့်မိတော့ သဘောကျစရာကောင်းတာလေးတစ်ခုကို တွေ့မိလို့ ယောင်းတို့ကို ပြောပြမယ်နော်… 

ဟုတ်​ကဲ့…။ ပိုးဟပ်​လို့ ​ပြောလိုက်​တာနဲ့ ချစ်​စဖွယ်​​ကောင်းတဲ့ တိရစ္ဆာန်​​လေးတစ်​​ကောင်​ကို မြင်​မိပါသလား။ ဒါမှမဟုတ်​ ​ကြောက်​ရွံ့ရွံရှာဖွယ်​​ကောင်းတဲ့ တိရစ္ဆာန်​​လေး တစ်​​ကောင်​ကို ​ပြေးမြင်​မိပါသလား။ ယောင်းတို့အများစုကတော့ ပိုးဟပ်ဆို ရွံကြောက်ကြီးဖြစ်နေကြမှာနော်.. ဒါပေမဲ့ အက်ဒ်မင်စောင့်ကြည့်မိတဲ့အခါ သူ့မှာလည်း စိတ်ဝင်စားစရာ အရည်အသွေးလေးတွေရှိနေတာ တွေ့လိုက်ရတယ်ရော.. ဒါကို ယောင်းတို့ကို ပြောပြချင်လို့ ဇာတ်လမ်းလေးအဖြစ် ဖော်ပြလိုက်ပါတယ်။ အက်ဒ်မင်ရဲ့ ဇာတ်​လမ်း​​လေးတွေနဲ့အတူ… ပိုးဟပ်လေးတစ်ကောင်ရဲ့ ဘ၀ထဲ စီး​မျောကြည့်လိုက်ရအောင်​…

ဇာတ်​လမ်း(၁)

စတီးလ်​ လက်​​ဆေး​ဘေစင်​ထဲမှာ ပိုးဟပ်​​လေးတစ်​​ကောင်​ ကူရာမဲ့ ​ပြေးလွှား​နေတယ်​။ အ​ပေါ်ကို ကုပ်​တက်​တယ်​။ ပြန်​​လျှောကျတယ်​။ ပြန်​တက်​တယ်​။ ထပ်​​လျှောကျတယ်​။ အကြိမ်​ကြိမ်​ကြိုးစား​နေ​ပေမယ့် အရာမထင်​ဘူးဖြစ်​​နေတယ်​။ တကယ်​လို့သာ ​လျှောမကျခင်​ ခုန်​တက်​လိုက်​ရင်​ သူအ​ပေါ်​ရောက်​ပြီ။ ဒါ​ပေမဲ့ အဲ့ဒါကိုသူမသိဘူး။ သူ့မှာ မျက်လုံးရှိပေမဲ့ မြင်ကွင်းမှာတော့ အကန့်အသတ်ရှိနေပုံပါပဲ ။ သူ့အာရုံခံ အင်​တာနာ အ​မွှေး​တွေက အဆုံးမရှိတဲ့ စတီးလ်​နံရံ ​ချော​ချောကြီးကို ပုံ​ဖော်​ပြတယ်​နဲ့ တူပါရဲ့​။ သူ့မှာ ​မျှော်​လင့်ချက် မရှိ​တော့ဘူးလို့ သူခံယူလိုက်​တဲ့အချိန်​မှာ သူဆက်​မကြိုးစား​တော့ဘဲ နား​နေလိုက်​တယ်​။ ဒါမှမဟုတ်​ သူ အနားယူပြီး အကြံထုတ်​​နေတာလည်း ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့။ ဒါမှမဟုတ်​ သူ့ရဲ့ယုံကြည်​ကိုးကွယ်​မှုအရ ဆု​တောင်း​နေတာလည်း ဖြစ်​နိုင်​တာပဲ။

အစအဆုံး ရပ်​ကြည့်​​နေတာက​တော့ ကိုယ်​ပဲ​ပေါ့။ သူ့ကို စစ​တွေ့​တော့ ​ကြောက်​မိပါတယ်​။ လူကြမ်းမင်းသား​လေးကို​ရွှေပိုးဟပ်​က​ ​ဘေစင်​ထဲမှာ ကြမ်းကြမ်းရမ်းရမ်း ပတ်​​ပြေး​နေတာကိုး။ တဖြည်းဖြည်းနဲ့ သနားစိတ်​ဝင်​လာမိတယ်​။ သူ့ခမျာ အသည်းအသန်​ကြိုးစား​နေ​ပေမယ့်​ အရာမထင်​ဖြစ်​​နေရှာတာကိုး။ သူ မျှော်လင့်ချက် ​ကင်းမဲ့လို့ စိတ်​ဓာတ်​ကျပြီး လက်​​လျှော့လိုက်​ချိန်​ထိ သူ့ကို ​စောင့်ကြည့်တဲ့ကိုယ်​က လျစ်​လျူရှုပြီး ထွက်​သွားရင်​.. လူ မဆန်​ရာများ ကျ​နေမလား။ အဲ့ဒါကြောင့်ပဲ .သူ့ကို ကူညီဖို့ ဆုံးဖြတ်​လိုက်​တယ်​။ အသက်​တစ်​​ချောင်း ကယ်​​ကောင်းတယ်​မဟုတ်​လား။ ပြီး​တော့ ဒုက္ခ​ရောက်​​နေသူကို ကယ်​တင်​သင့်​တယ်လေ.. နော့်…

သူ့ကို ​ကြောက်​​ပေမယ့်​ ရဲစိတ်​​မွေးပြီး အနားကပ်​သွားလိုက်​တယ်​။ အနားမှာ ဝါးတူတစ်​​ချောင်းရှိတယ်​။ ​ဘေစင်​​ဆေးတဲ့အခါ သုံးတာ။ အဲ့ဒီ့ဝါးတူကို ယူပြီး ကို​ရွှေပိုးဟပ်​ရဲ့ ​ခြေ​ထောက်​နား ထား​ပေးလိုက်​တယ်​။ သူ့ခမျာ ​ပြေးတက်​လာပါ​လေ​ရော။ အဲ့ဒါနဲ့ သူ ​ပြေးတက်​လာတာ လက်​​ပေါ်မ​ရောက်​ခင်​ ​အောက်​အမြန်​ချလိုက်​တယ်​။ သူဘယ်​​ရောက်​​နေမှန်း ​သေချာမသိ​သေးဘူးထင်​တယ်​။ ရမ်းသန်းပြီး ကိုယ့်ပေါ် ​ပြေးတက်​လာ​ရော။ အာ..​ကြောက်​ပါတယ်​ဆို…ဒီ​ကောင်​ကလည်း.. :/။ ​ကြောက်​လို့ တစ်​ချက်​ခုန်​လိုက်​တာ..ဒီ​ကောင်​ ချက်​ချင်းသ​ဘော​ပေါက်​သွားတယ်​။ ​အောက်​ကိုပြန်​ဆင်းသွား​ရော။ အဲ့ဒါနဲ့ သူ့ကို နည်းနည်း သ​ဘောကျသွားတယ်​။ ပုရွက်​ဆိတ်​ကို ​အောက်​ပြန်​ချရင်​ အ​ပေါ်တက်​တဲ့ပုံနဲ့ လှည့်ဖျားပြီး ချ​ပေးရတာ..၊ ​အောက်​မဆင်းတတ်​ဘူး။ ပိုးဟပ်​ က ​အောက်​ဆင်းတတ်​တယ်​။ ဒါ​လေးက ကို​ရွှေပိုးဟပ်​ကို ကြိတ်​​ကြွေမိတဲ့ ပထမဆုံး အချက်​တစ်​ခု​ပေါ့။

ဇာတ်​လမ်း(၂)

ဟော…။ ကို​ရွှေပိုးဟပ်​က ပက်​လက်စက်​​တော်​​ခေါ်​နေ​တော်​မူတယ်​။ ​သေများ ​သေ​နေတာများလားမသိ။ လက်​နဲ့ တို့ကြည့်​လိုက်​တယ်​။ (ပထမ ဇာတ်​လမ်းထဲက ကို​ရွှေပိုးဟပ်​ကို မ​ကြောက်​​တော့ဘူး..ဆိုလိုတာက မကိုင်​ရဲ​ပေမယ့်​ တို့​တော့ တို့ရဲတယ်​..ဟီး) ။ ကို​ရွှေပိုးဟပ်​ကို ထိမိတာနဲ့ သူ့​ခြေ​ထောက်​​တွေ စပ်​စလူးခါ​တော့တာပဲ။ ခါးထိမိလို့များ ယားသွားလားမသိဘူး။ မဟုတ်​ပါဘူး..။ တကယ်​က သူ ပြန်​​မှောက်​နိုင်​ဖို့ ကြိုးစား​နေတာပါ။

သူ့အထာကို မနပ်​​သေး​ပေမယ့်​လည်း လျှာရှည်​တတ်​တဲ့ ကိုယ့်​ရဲ့စူပါ ပါဝါအရ သူ့​ခြေ​ထောက်​ကို ကန်​အားသုံးနိုင်​ဖို့ လက်​ညှိုး​ကို သူ့အ​ခြေ​ထောက်​​တွေနဲ့ ထိ​ပေးလိုက်​တယ်​။ ကို​ရွှေပိုးဟပ်​က သိပ်​နပ်​တာဗျာ။ ဂျီးနီးယပ်​စ်​ ပိုးဟပ်​ဖြစ်​ရမယ်​။ လက်​ညှိုး ကို ကန်​အားယူပြီး ​မှောက်​လိုက်​​ရော။ သူ မှတ်​ဉာဏ်​လည်း ထက်​သလားမသိဘူး။ လက်​ကိုကန်​ပြီး အားသာယူတာ။ လက်​​ပေါ်မတက်​လာဘူး။ ပြီး​တော့ သူ ခဏ​လေးငြိမ်​​နေတယ်​။ ပတ်​ဝန်းကျင်​ အရိပ်​အကဲ ခတ်​တာဖြစ်​မယ်​။ ​အောင်​မ​လေး.. သူ့ကို ဘယ်​သူက လုပ်​ကြံမှာ ကျ​နေတာပဲ..။ သတိကြီးလိုက်​တဲ့အ​ကောင်​။ သူ ပတ်​ဝန်းကျင်​ကို စိတ်​ချလက်​ချဖြစ်​မှ ထ ထွက်​သွား​တော့တယ်​။ ကိုယ်​ဆို လူဖြစ်နေတာတောင်​ အဲ့​လောက်​ မပါးနပ်​ဘူး။ တကယ်​။ အဲ့ဒါနဲ့ ကို​ရွှေပိုးဟပ်​ကို ခွက်​မိပြန်​​ရော..ဟီးဟီး။

ဇာတ်​လမ်း(၃)

ကိုယ်​က ​ရေချိုးမလို့ ​ရေချိုးခန်းထဲဝင်​တာ။ ကို​ရွှေပိုးဟပ်​က ကန်​ထဲမှာ.​ရေကူး​​နေပြီ။ ပြီး​တော့ သူ.ကိုယ်​​ဖော့ပြီး ​နေ​နေတာ ထင်​တယ်​။ ​ရေ​ပေါ်မှာ ​ပေါ​လော​လေး ဖြစ်​​နေတယ်​။ ကိုယ်​ နားလည်​လိုက်​ပါပြီ။ သူ ဒုက္ခ​ရောက်​​နေတာ။ အဲ့ဒါနဲ့ ​ရေခွက်​​လေးနဲ့ သူ့ကို ခပ်​ယူပြီး ဆယ်​လိုက်​တယ်​။ ပြီး​တော့ ​ရေခွက်​ကို ​ရေသွန်​ချပြီး ကြမ်းပြင်​​ပေါ် ချလိုက်​တယ်​။ ကို​ရွှေပိုးဟပ်​က ​ရေခွက်​ကြမ်းပြင်​နဲ့ သူ့​ခြေ​ထောက်​​တွေနဲ့ ရပ်​နိုင်​ပြီဆို​တော့ သူ ခွက်​ကို ​ကျော်​တက်​ပြီး..အိမ်​ပြန်​​လေ​တော့တာပဲ..။ သူ့အိမ်​မှာလည်း သူ့မိသားစု​တွေ ​စောင့်​ရင်​ ​စောင့်​​နေမှာ​ပေါ့​လေ။ ဘာပဲ ဖြစ်​ဖြစ်​..ကို​ရွှေပိုးဟပ်​ နဲ့ ကိုယ်​က တစ်​​ယောက်​အထာ တစ်​​ယောက်​နပ်​​နေပြီ​လေ…ဟီး။ တမျိုးမထင်​ပါနဲ့..။ ကို​ရွှေပိုးဟပ်​ရဲ့ အသိဉာဏ်​ ကို သ​ဘောကျမိတာပါ။ ပြီး​တော့ ​မျှေယ်လင့်ချက်နည်းနေပေမယ့်လည်း ဇွဲ၊ လုံ့လ လုံးဝမ​လျှော့တတ်​တဲ့ သူ့ရဲ့ စိတ်​ဓာတ်​ကိုလည်း သ​ဘောကျမိတာ အမှန်​ပါ။

ဒီလို ထူးထူးဆန်းဆန်း ဖြစ်​ရပ်​​လေး​တွေ ​ယောင်းတို့မှာ​ရော ရှိကြရင်​ ​ပြောပြကြပါဦး​နော်​။ ဘာလို့လဲဆို​တော့ ဒီလိုဖြစ်​ရပ်​​လေး​တွေက တစ်ယောက်နဲ့တစ်ယောက် တူကြတာမဟုတ်ဘူးရယ်လေ။နော်.. အနည်းဆုံး​တော့ အမြင်​အသစ်​​၊ ခံစားမှုအသစ်​၊ ရသအသစ်​​လေး​တွေ ရတာ​ပေါ့။ ပြီးတော့ ဒီလိုအဖြစ်လေးတွေဆိုတာ တိရစ္ဆာန်ချစ်တတ်ကြတဲ့ ယောင်းတို့မှာ ပိုရှိနိုင်တာပေါ့လို့ ဟုတ်ဘူးလား.. နော်

Yin Myanmar ( For Her Myanmar )

No Comments Yet

Comments are closed