Song Joongki နဲ့ Song Hyekyo တို့ရဲ့ သီးသန့်မင်္ဂလာပွဲလေးမှ ပုံရိပ်များ

ယောင်းတို့လည်း တွေ့ချင်နေမှာပဲရယ်လို့ အက်ဒ်မင် ရှာဖွေစုဆောင်းပေးလိုက်ပါတယ်နော်.. လောလောဆယ်တော့ ဒီလောက်လေးနဲ့ပဲ ကျေနပ်ကြပါဦးနော်…

ဆွေမျိုးမိတ်ဆွေမိသားစုတွေနဲ့ သီးသန့် ပြုလုပ်မယ့် SongSong Couple ရဲ့ Private Wedding လေးကတော့ ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ Shilla Hotel က မြက်ခင်းပြင် မှာ ကျင်းပနေတာပဲဖြစ်ပါတယ် ။

ကိုရီးယားအချိန် ၃နာရီခွဲက စတင်ကျင်းပနေတဲ့
သူတို့ရဲ့ မင်္ဂလာပွဲကို ဘယ် Media ကိုမှမဖိတ်ကြားခဲ့ဘဲ သီးသန့်ပြုလုပ်ခဲ့ပေမယ့် Media သမားတစ်ချို့ က Drone နဲ့ ဓါတ်ပုံများရိုက်ကူးကာ သတင်းယူမှုများရှိခဲ့တာကြောင့် သူတို့ရဲ့ Wedding ပုံရိပ်တွေ ထွက်ပေါ်လာခဲ့တာပါ ။

SongSong Couple ရဲ့ Wedding ဓါတ်ပုံတွေကို ရအောင် ကြိုးပမ်းသူတွေက
သတင်းသမားတွေချည်းပဲတော့မဟုတ်ခဲ့ပါဘူး ။

သူတို့ရဲ့ ပရိတ်သတ်တွေကလည်း ထိုမင်္ဂလာပွဲကျင်းပမယ့်နေ့မတိုင်ခင်ထဲက Shilla Hotel ကအခန်းတွေကို ငှားရမ်းခဲ့ကြတာ နောက်ဆုံး အခန်းလွတ်တစ်ခန်းမှမကျန်တော့တဲ့ထိပါပဲ ။

ပရိသတ်တွေ ရိုက်ကူးပေးထားတဲ့ ပုံရိပ်တွေမှာတော့ SongSong Couple မင်္ဂလာပွဲရှိရာကို ပထမဆုံးရောက်ရှိလာခဲ့တဲ့ပုံတွေ Song Joongki ရဲ့ အဖေနဲ့ အကိုမိသားစုတို့ ဟိုတယ်ထဲဝင်လာပုံတွေကို Video Clip တွေအဖြစ်ပါ တွေ့ရှိရပါတယ် ။

တရားဝင်ရိုက်ကူးထားတဲ့ ပုံရိပ်တွေ မဟုတ်လို့ ကြည်လင်ခြင်းမရှိလှပေမယ့် သတို့သား Song Joongki ရဲ့ ခန့်ညားတဲ့ အနောက်တိုင်းဝတ်စုံပြည့်နဲ့ သတို့သမီး Song Hyekyo တို့ရဲ့ပုံရိပ်လေးတွေကိုတော့ ပုံတွေထဲမှာတွေ့မြင်နိုင်မှာပါ ။

ထိုမင်္ဂလာပွဲမှာ သတို့သားရဲ့ ရင်းနှီးတဲ့ညီငယ်လေး ဖြစ်တဲ့ မင်းသား Park Bo Gum က စန္ဒယားတီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေပေးမယ်လို့ သိရပြီး

အခြား သူငယ်ချင်းတွေဖြစ်တဲ့ Lee Kwang Soo နဲ့ Yoo Ah In တို့ ကလည်း အမှတ်တရ စကားလေးတွေ ပြောဆိုပေးကြမယ်လို့ သိရှိရပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ပရိတ်သတ်တွေကိုယ်တိုင်ကလိုက်ဖက်လှပါတယ်လို့ တွဲဖက်ပေးခဲ့ကြတဲ့ စုံတွဲလေးကတော့ ဒီနေ့မှာ တရားဝင် ဇနီးမောင်နှံတွေဖြစ်သွားကြပါပြီ ။

ကမ္ဘာတစ်ဝှမ်းက သူတို့ Fan တွေက ဝမ်းသာပျော်ရွှင်ရတဲ့နေ့လေးဖြစ်တာမို့ Song-Song Day လို့တောင် ခေါ်ဆိုနေကြပါတယ် ။

ယောင်းတို့ထဲမှာရော … သူတို့ပရိတ်သတ်တွေရှိကြလား ? ပွဲကမပြီးသေးတော့ ရသမျှ ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ် အက်ဒ်မင် စုမိဆောင်းမိသမျှ မြင်မိသမျှပေါ့နော်…နောက်မှ ထပ်ဖြည့်ပြီး အပြည့်အစုံလေး ထပ်တင်ပေးပါ့မယ်လို့.. လောလောဆယ်တော့ ရိုက်လို့ရတဲ့ ဒီ ဗီဒီယိုလေးကို အရင်ကြည့်ထားနှင့်ကြပါဦးလို့ ..


Photo and Video Credit to owner

A Thae Kyaw ( For Her Myanmar )

No Comments Yet

Comments are closed