ဘီလျံနာရည်းစားကို ရိုးပေမဲ့ ဆန်းတဲ့ အကြောင်းပြချက်ပေးပြီး ဖြတ်လိုက်တဲ့ ရီဟားနား

သူပေးတဲ့အကြောင်းပြချက်ကို ကြိုက်လိုက်တာဆွာ.. :3

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်၊ ဘီလျံနာတစ်ဦးလည်းဖြစ်တဲ့ ဆော်ဒီနိုင်ငံသား Hassan Jameel နဲ့ ကမ္ဘာကျော် အဆိုတော် ရီဟားနားတို့ဟာ ၂၀၁၇ ဇွန်လမှာ စပိန်နိုင်ငံမှာရှိတဲ့ ရေကူးကန်တစ်ခုမှာ အနမ်းပေးနေတာကို တွေ့ခဲ့တဲ့သူက တွေ့ခဲ့တယ်လို့ဆိုပါတယ်။ သတင်းမီဒီယာအချို့မှာလည်း ဖော်ပြခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ သူတို့နှစ်ဦးကို အစ်(စ်)ဗြားနိုင်ငံမှာ အတူတွဲလျက်တွေ့ခဲ့ပါသေးတယ်တဲ့။ အဲ့အချိန်ကစပြီး တွဲနေတယ်ဆိုတာကို အတည်ပြုလိုက်တဲ့ပုံပါပဲ။ သတင်းတစ်ခုမှာ ဖော်ပြခဲ့ပုံအရတော့ အဲ့အချိန်မတိုင်ခင် သုံးလေးလလောက်ကတည်းက သူတို့နှစ်ဦးဟာ တူတူနေနေကြပါပြီတဲ့။

Hassan ဟာ တိုယိုတာရဲ့ ဆက်ခံသူပါ။ သူတို့နှစ်ယောက်ရဲ့ ဒိတ်တင်သတင်းထွက်ခါစက တော်တော်လေးတော့ အုတ်အုတ်သဲသဲဖြစ်သွားပါသေးတယ်။ ဘီလျံနာနဲ့ ကမ္ဘာကျော်ဆိုတော့လည်း…အင်း… သတင်းခေါင်းစဉ်တွေဖြစ်လာတာလည်း မဆန်းပါဘူးလေ…

Newsweek မီဒီယာရဲ့ သတင်းအတိုင်းဆို Hassan ဟာ သူတွဲဖူးသမျှထဲ အချမ်းသာဆုံး ရည်းစားပါ။ Forbes မဂ္ဂဇင်းမှာလည်း Hassan မိသားစုရဲ့ ကြွယ်ဝမှုဟာ ၁.၅ ဘီလျီယံဒေါ်လာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဆော်ဒီနိုင်ငံရဲ့ ဘောလုံးအသင်းတွေထဲကမှ ၁၄ သင်းကို သူတို့မိသားစုက ပိုင်ပြီး အဲ့အသင်းတွေကို ပေါင်းစုပြီး Jameel လိဂ် လို့ခေါ်ပါတယ်တဲ့။

ပြတ်ကာမှ ပြတ်ရောပေါ့

Related Article >>> လှချင်လို့ ပလက်စတစ်ဆာဂျရီ လုပ်ကာမှ ရုပ်ဆိုးသွားခဲ့ရရှာတဲ့ ကမ္ဘာကျော် ဆယ်လီ သုံးယောက်

ရီဟားနားရဲ့ အတွင်းလူတစ်ယောက် အပြောအရ “ရီဟားနားနဲ့ သူရဲ့ ဆက်ဆံရေးက ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ပြီးသွားပါပြီ” တဲ့။ ကြားရသလောက်တော့ ဒီဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာက ရီဟားနားပါတဲ့။ သူက ဘာထပ်ပြောသေးလဲဆိုတော့ “တကယ်တော့ ရီဟားနားက အဲ့လူအသည်းကို စခွဲတာပါ။ သူလုပ်နေကြပဲလေ။ ယောက်ျားတွေရဲ့ အသည်းကိုခွဲတာပေါ့။ ရီဟားနားက သူ့ကို စိတ်ပျက်သွားတာပါ။ သူ(မ)က တစ်ခါတလေ ယောက်ျားတွေအပေါ် စိတ်ကုန်တတ်တယ်။” လို့ဆိုပါတယ်။

သိပ်ချေတဲ့ ရီရီ

ဒါပေမဲ့ သူပြောတာကိုလည်း အမှန်ပဲလို့ယူဆလို့မရပါဘူး။ အခြားအကြောင်းကြောင်းတွေကြောင့် ပြတ်တာလည်းဖြစ်နိုင်တာပဲလေ။ အဲ.. အက်မင့်အနေနဲ့တော့ “ယောက်ျားတွေကို စိတ်ကုန်လို့ ” ဆိုတဲ့ အကြောင်းပြချက်ကို ကြိုက်တယ်ဆိုတာတော့ မငြင်းဘူး။ ဟီး.. တစ်ခါတလေတော့လည်း တစ်ယောက်တည်းဖြစ်၊ ကိုယ့်ကိုယ်ကိုယ် မှီခို၊ ကိုယ့်ကိုကိုယ် အားကိုးရတဲ့ ခံစားချက်ကလည်း ကောင်းတာပဲ။

Hassan တော့ အဆင်ပြေပါစေ ဆုတောင်းပါတယ်။ အနည်းဆုံးတော့ သူ့မှာရှိတဲ့ ၁.၅ သန်းဒေါ်လာတွေနဲ့ မျက်ရည်သုတ်ဖို့ နည်းလမ်းအမြန်ဆုံးရှာတွေ့မှာပါ။ ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ မဝယ်နိုင်ပေမယ့် ပိုက်ဆံဆိုတာ ပျော်ရွှင်မှု ဖြစ်နေတယ်ဆိုတာလည်း ငြင်းမရဘူးမလား။

ကဲ… ရီဟားနားလည်း Single ပြန်ဖြစ်ပြီ။ လက်တလော Drake ကလည်း single ပဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပြန်ပေါင်းထုပ်တဲ့ ဇာတ်လမ်းရော ရှိလာနိုင်ဦးမလား ဆိုတာစောင့်ကြည့်ရမှာပါပဲ။

References : Harpers bazazzar , Elle , Glamour 

Myat (For Her Myanmar)

No Comments Yet

Comments are closed