အမုန္းေတြ ေက်ေပးပါ။

အေဖသိပ္ႀကိဳက္ေသာ စာအုပ္ေတြကို ဘယ္မွာမ်ား သိမ္းထားၾကပါလိမ့္။

<<< Zawgyi >>>

ညေနခင္းသည္ လိေမၼာ္နီေရာင္ သန္းေနသည္။ အိမ္ယာဝင္းထဲတြင္ ေပ်ာ္ျမဴးေဆာ့ကစားေနေသာ ကေလးတစ္အုပ္သည္ သူ႔ကို သတိထားမိဟန္ပင္ မျပ။ မေရာက္တာ ႏွစ္ေပါက္ေနၿပီျဖစ္ေသာ ဝန္ထမ္းအိမ္ယာဝင္းေလးထဲသို႔ သူ ေဝ့ဝဲၾကည့္လိုက္မိသည္။ သူငယ္စဥ္က အေဖႏွင့္စိတ္ဆိုးတိုင္း ထြက္ထိုင္ေနက် ပိေတာက္ပင္ေအာက္က သစ္သားခံုဝိုင္းေလး ရွိမေနေတာ့။ ဝင္း၏ ဝင္ဝင္ခ်င္း ဘယ္ဘက္လမ္းခ်ိဳးကေလးသို႔ ခ်ိဳးေကြ႕ဝင္လိုက္သည္။ တန္းစီ၍ ဆင့္ထပ္ကာ ေဆာက္လုပ္ထားေသာ ဝန္ထမ္းတန္းလ်ားေလးမွ တတိယေျမာက္ ေလွကားက်ဥ္းေလးကို သူစတင္တက္လွမ္းလိုက္သည္။

မီးခိုးေရာင္ သစ္သားတံခါးေရွ႕တြင္ သူအခ်ိန္အေတာ္ၾကာရပ္ေနမိသည္။ ၿပီးမွ လက္ထဲက ျဖည့္စြက္စာမ်ား ထည့္ထားေသာျခင္းကေလးကို ခပ္တင္းတင္းဆုပ္ကိုင္ရင္း တံခါးကို ေခါက္လိုက္သည္။ “ကၽြီ” ခနဲပြင့္လာေသာ တံခါးေနာက္တြင္ ျမင္လိုက္ရေသာ မ်က္ဝန္းတစ္စံုက ရုတ္ခ်ည္းေျပာင္းလဲသြားသည္။

“ေၾသာ္ ကိုလတ္ေရာက္လာၿပီကိုး”

ေက်ာခိုင္းဝင္သြားသူ ေဒၚခင္ထား၏ ေလသံက ကိုမင္းလတ္အေပၚ မႏွစ္ၿမိဳ႕မႈ အျပည့္ပင္။

“မင္းအေဖဆီ လာတာမလား အခန္းထဲမွာ ဝင္သြားလိုက္ပါကြယ္”

သူေခါင္းအသာညိတ္၍သာ အေဖအိပ္ေနက် အတြင္းခန္းေလးသို႔ လွမ္းဝင္ခဲ့သည္။ အခန္းဝသို႔ေျခခ်လိုက္သည္ႏွင့္ သူ႔ နွာေခါင္းထဲ တိုးဝင္လာသည္က အေဖ့ရဲ႕ ကိုယ္သင္းရနံ႔ေလး။ လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္က အေဖ့ရင္ခြင္ထဲ တိုးဝင္ေဆာ့ကစားတိုင္း ရခဲ့သည့္ ထိုရနံ႔ေလးကို သူမေမ့ေသးေပ။ အခန္းထဲ ဖြဖြေလွ်ာက္ဝင္ရင္း အခန္းပတ္လည္ကို လွည့္ပတ္ၾကည့္မိသည္။ နံရံ ကပ္ ဘီ႐ိုႏွစ္ခုစလံုး စာအုပ္တစ္အုပ္မွ မရွိဘဲ ေျပာင္ရွင္းလ်က္ရွိသည္။ အေဖသိပ္ႀကိဳက္ေသာ စာအုပ္ေတြကို ဘယ္မွာမ်ား သိမ္းထားၾကပါလိမ့္။

သူအေဖ့နားကို တိုးကပ္သြားကာ ၾကည့္လိုက္မိသည္။ ခုတင္ေပၚတြင္ လွဲေလ်ာင္းေနေသာ အေဖသည္ အသားအေရ ျပည့္တင္းျခင္းမရွိေတာ့ဘဲ လက္ကေလး၊ ေျခကေလးေတြ အရိုးေပၚအေရထပ္၍ ပိန္လွီကာေနသည္။ နဂိုက ျဖဴေဖြးလွေသာ အေဖ့အသားအေရာင္က အခုဆို ညိဳညစ္လို႔။ မ်က္တြင္းေတြလည္း ခ်ိဳင့္ခြက္ကာ ႏႈတ္ခမ္းက အနည္းငယ္ ရြဲ႕ေနသည္။ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသာ အေဖ့ရင္ဘတ္ ေမာက္ေမာက္ကေလးက အသက္ကို ႀကိဳးစားရွဴေနရေၾကာင္း ေဖာ္ျပေနသည္။

“အေဖ ကၽြန္ေတာ္လာတယ္”

ေစ့ကပ္စြာ ပိတ္ထားေသာ မ်က္လံုးမ်ားကို အားယူဖြင့္လိုက္တဲ့ အေဖ့ကိုၾကည့္ရင္း သူ႔ရင္ထဲမွာ အလုိလိုဝမ္းနည္းလာသည္။ အေဖက သူ႔ကိုျမင္ေတာ့ မ်က္လံုးထဲမွာ အရည္ၾကည္ေလးမ်ား လဲ့လာသည္အထိၿပံဳးျပသည္။

Related Article >>> အေဖ့အတြက္ (အပါးအတြက္) စာတစ္ေစာင္

“သား မင္းလတ္”

အေဖက သူ႔ရဲ့ အရိုးၿပိဳင္းၿပိဳင္းထေနတဲ့လက္ကေလးကို ကမ္းေပးေတာ့ သူတယုတယ ဆုပ္ကိုင္မိသည္။ ငယ္စဥ္က သူ႔ရဲ့လက္ကို အေဖဆုပ္ကိုင္လုိက္တိုင္း အေဖ့ကိုယ္တြင္းမွအားေတြ သူ႔ဆီ စီးဝင္လာသလို ခံစားခဲ့ရသည္။ အခုေရာ သူ႔ဆီက အားအင္ေတြ အေဖ့ဆီစီးေျမာသြားမလား သူမေတြးတတ္။

“အေဖ ေနရသက္သာရဲ့လား”

အေဖက ေခါင္းေလးညိတ္ျပရင္း သူ႔ေနာက္ဘက္ကို အကဲခတ္ၾကည့္သည္။ သူက သက္ျပင္းကို ခပ္သာသာေလးခ်ကာ

“ေဆြနဲ႔ သမီးေတြ မပါဘူး အေဖ… ကၽြန္ေတာ္တစ္ေယာက္တည္းလာတာ”

အေဖ့မ်က္လံုးေလးမ်ား ၾကည္လင္ေနရာမွ ရုတ္ခ်ည္းအံု႔မႈိင္းသြားသည္။ အရင္တုန္းက အျဖစ္အပ်က္ကို အေဖလည္း ေမ႔ေလာက္မွာမဟုတ္။ လြန္ခဲ့ေသာ ၁၀ နွစ္က သီတင္းကၽြတ္တြင္ အေဖ့ကိုကန္ေတာ့ရန္ ေဆြႏွင့္သမီးႀကီးကိုေခၚၿပီး သူ လာဖူးသည္။ “အလကား အေမြလိုခ်င္လို႔လာကန္ေတာ့တာ” ဆိုေသာ ေဒၚခင္ထား၏ စကားကုိ မခံမရပ္ႏိုင္ျဖစ္ကာ ခ်က္ခ်င္း ထျပန္ေတာ့ အေဖ့မ်က္နွာမေကာင္းပါ။

“သမီးႀကီးက ၈ တန္းေရာက္ေနၿပီ အငယ္ေလးက ၄ တန္းေလ…. ညေနပိုင္း ႏွစ္ေယာက္လံုးက်ဴရွင္ရွိလို႔ ေခၚမလာတာ ေနာက္တစ္ေခါက္ပါေအာင္ ေခၚခဲ့မယ္ အေဖ”

“ကေလးေတြ စာသြားရဲ့လား”

အေဖ့အသံက မပီမသမို႔ သူေသခ်ာ နားစိုက္ေထာင္ရသည္။

“ႏွစ္ေယာက္လံုး စာလိုက္ႏုိင္ပါတယ္။ ျပင္ပဗဟုသုတစာေတြလည္း ဖတ္တယ္။ ဒါနဲ႔ အေဖ့ဘီရိုထဲက စာအုပ္ေတြေရာ”

“ပိုးစားျခကိုက္နဲ႔မို႔ လွဴလိုက္ၿပီ ကိုလတ္ေရ… မင္းအေဖလည္း ဒီစာအုပ္ေတြကို ဘာေတြတပ္မက္ စြဲလမ္းေနလဲမသိ… တစ္ေန႔ တစ္ေန႔ သားသမီးကိစၥ ေျမးကိစၥ မင္းအေဖကိစၥေတြနဲ႔ ပိုးစားျခကိုက္စာအုပ္ေတြကို ဂရုမစိုက္အားလို႔ လွဴလိုက္ၿပီ”

သူ႔အတြက္ ေဖ်ာ္လာေသာ ေကာ္ဖီခြက္ကို စားပြဲေပၚတင္ရင္း ေဒၚခင္ထားက ခနဲ႔ေျပာေလးေျပာကာ ထြက္သြားသည္။ ေဒၚခင္ထား၏ ခနဲ႔သံက သူ႔အတြက္ေတာ့ သိပ္မဆန္းလွပါ။ သူ ၁၀ နွစ္သားမွာ အေမဆံုးသြားၿပီး အေဖက ေဒၚခင္ထားႏွင့္ ေနာက္အိမ္ေထာင္ျပဳလိုက္တာမို႔ ေဒၚခင္ထားက သူ႔အေမျဖစ္လာခဲ့သည္။ အစကေတာ့ ခ်စ္ခင္ႏွစ္လိုသည့္ဟန္ ျပခဲ့ေပမဲ့ ေနာက္ပိုင္းတြင္ သူ႔ကိုႏွိပ္စက္လာသည္။ အေၾကာင္းမရွိ အေၾကာင္းရွာ ရိုက္ႏွက္လာသည္။ ဒါေတြကို အေဖက သိလ်က္နဲ႔ေတာင္ ဘာမွမေျပာဘဲ ႏႈတ္ဆိတ္ေနခဲ့လို႔ သူအေဖ့အေပၚ နာက်ည္းခဲ့သည္။ “အေဖ ဒီမိန္းမနဲ႔ မကြာရင္ ကၽြန္ေတာ္ အိမ္ေပၚက ဆင္းမယ္” လို႔ ခပ္ရိုင္းရိုင္း ႏႈတ္လန္ထိုးတုန္းကလည္း အေဖက သူ႔ကို ခပ္ေအးေအးသာ ၾကည့္ေနခဲ့သည္။

သားတစ္ေယာက္ကို မစြန္႔လႊတ္ႏုိင္ေသာစိတ္ႏွင့္ ေဒၚခင္ထားႏွင့္ ရေသာ သမီး ခင္ေမကို အရိပ္အမိုးေအာက္က လြတ္ထြက္မသြားေစခ်င္ေသာစိတ္ လြန္ဆြဲေနရေသာ ဖခင္တစ္ေယာက္၏ ေမတၱာကို သူကိုယ္တိုင္ဖခင္ျဖစ္ၿပီး ေတာ္ေတာ္ၾကာမွ သိရွိခံစားခဲ့ရသည္။

“အေဖ စာအုပ္ေတြဖတ္ခ်င္ရင္ ကၽြန္ေတာ္ဝယ္လာေပးမယ္ေလ…ဘာသာျပန္စာအုပ္ေတြ အသစ္ထြက္တယ္ ႀကိဳက္မယ္မလား”

အေဖက ၿပံဳးကာ ေခါင္းညိတ္စဥ္ ေဒၚခင္ထား၏ အသံက စူးခနဲ ဝင္လာသည္။

“အမေလး ကိုလတ္ရယ္ ေငြကုန္ခံမေနပါနဲ႔ မင္းအေဖက ထိုင္ေတာင္မထိုင္ႏုိင္ဘဲနဲ႔ စာဖတ္ဖို႔ဆုိေဝးေသး”

အေဖက ေဒၚခင္ထားအသံကို မၾကားခ်င္ဟန္ျဖင့္ မ်က္လံုးအသာမွိတ္ကာ ၿငိမ္ေနေတာ့သည္။ သူအေဖ႔လက္ကို တင္းတင္းေလး ဖ်စ္ညွစ္လိုက္ၿပီး အေဖ့ကိုႏႈတ္ဆက္ကာ ျပန္ခဲ့ေတာ့သည္။

Related Article >>> အေဖတစ္ခု သမီးတစ္ခုပဲရွိသူသာ သိနုိင္မယ့္ အခ်က္မ်ား

“ေဖေဖ ေဖေဖ ဒီမွာ ဘိုးဘိုးႀကီးနာမည္ပါလာတယ္”

အလုပ္မသြားခင္ ဘုရားကန္ေတာ့ေနေသာ သူ႔ဆီသို႔ သမီးငယ္ေလးက ေၾကးမံုသတင္းစာႏွင့္အတူ အေျပးေရာက္လာသည္။ ေနာက္ဆံုးနားက နာေရးသတင္းမွာ သူအေဖ့နာမည္ကို ေတြ႔လိုက္ရသည္။ “ေဒၚခင္ထား၏ခင္ပြန္း၊ မခင္ေမ၏ ဖခင္” တဲ့။ အေဖ့ရဲ့ ေနာက္ဆံုးခရီးမွာေတာင္ သူက သားတစ္ေယာက္ေနရာတြင္ရွိမေနခဲ့ပါေလ။

“ကိုလတ္ေရ ကိုလတ္”

အိမ္တံခါးဝမွ လွမ္းေခၚသံေၾကာင့္ သူထြက္ၾကည့္လိုက္ေတာ့ ခင္ေမျဖစ္ေနသည္။ သူ႔ဆီအညိဳေရာင္ စာအိတ္ရွည္ရွည္ေလး ထိုးေပးရင္း “ေဖေဖက ကိုလတ္ကို သိပ္ခ်စ္ခဲ့ပါတယ္… ကိုလတ္ ေဖေဖ့ကို မနာက်ည္းပါနဲ႔ေတာ့ေနာ္” ဟုေျပာကာ လွည့္ထြက္သြားေတာ့သည္။

သို႔

ခ်စ္ရပါေသာသား မင္းလတ္

အေဖ သားကိုသိပ္ခ်စ္ပါတယ္။ သားက အေဖ့ရဲ့ ထာဝရ သားတစ္ေယာက္ပါ။ အေဖ့အေပၚ သားရဲ႕ အမုန္းေတြ ေက်ေပးပါ။

အေဖ့ စာကေလးက သိပ္တိုပါသည္။ ထိုစာေလးကို ဖတ္ရင္း သူမ်က္ရည္မ်ား ဒလေဟာက်လာေတာ့သည္။ စာရြက္ေနာက္တြင္ ေခါက္လ်က္ပါလာေသာ အေဖပိုင္သည့္ အိမ္ႏွင့္ၿခံကို သူ႔ထံလႊဲသည့္စာခ်ဳပ္ေလးက သူ႔ကိုေလွာင္ေျပာင္ေနသလို။ စားပြဲေပၚတြင္ အထပ္လိုက္ရွိေနသာ ဘာသာျပန္စာအုပ္အခ်ိဳ႕က သူ႔ကို ေလွာင္ေျပာင္ေနသလို။

ငယ္စဥ္ကတည္းက သူအေဖ့အေပၚအထင္လြဲခဲ့သည္။ အရြဲ႔တိုက္ခဲ့သည္။ ရိုင္းစိုင္းစြာ နႈတ္လန္ထိုးခဲ့ဖူးသည္။ အသက္ႀကီးလာေတာ့ မခံခ်င္စိတ္ကေလးကို အေၾကာင္းျပဳကာ အေဖနွင့္ နွစ္ေပါင္းမ်ားစြာ အဆက္အသြယ္ျဖတ္ကာေနခဲ့ဖူးသည္။ အထင္လြဲကာ ႏွစ္ေပါင္းမ်ားစြာ အိမ္ျပန္မလာေသာ သားမိုက္အေပၚ မပ်က္ျပယ္ေသာ အေဖ့ေမတၱာကို သူခံစားမိလိုက္ သည္။ သူမ်က္ႏွာကို လက္ဝါးႏွစ္ဖက္ျဖင့္အုပ္ကာ ရႈိက္ႀကီးတငင္ ငိုေႂကြးရင္းက “အေဖ ျဖစ္ေလရာဘဝတိုင္းမွာ ကိုယ့္ေမတၱာကို အထင္လြဲေစာ္ကားခံရျခင္းမွ ကင္းေဝးပါေစ” ဟုသာ…

ေဆြး (ႏွလံုးသား၏ အနက္ရႈိင္းဆံုးေနရာမွ)

<<< Unicode >>>

အဖေသိပ်ကြိုက်သော စာအုပ်တွေကို ဘယ်မှာများ သိမ်းထားကြပါလိမ့်။

ညနေခင်းသည် လိမ္မော်နီရောင် သန်းနေသည်။ အိမ်ယာဝင်းထဲတွင် ပျော်မြူးဆော့ကစားနေသော ကလေးတစ်အုပ်သည် သူ့ကို သတိထားမိဟန်ပင် မပြ။ မရောက်တာ နှစ်ပေါက်နေပြီဖြစ်သော ဝန်ထမ်းအိမ်ယာဝင်းလေးထဲသို့ သူ ဝေ့ဝဲကြည့်လိုက်မိသည်။ သူငယ်စဉ်က အဖေနှင့်စိတ်ဆိုးတိုင်း ထွက်ထိုင်နေကျ ပိတောက်ပင်အောက်က သစ်သားခုံဝိုင်းလေး ရှိမနေတော့။ ဝင်း၏ ဝင်ဝင်ချင်း ဘယ်ဘက်လမ်းချိုးကလေးသို့ ချိုးကွေ့ဝင်လိုက်သည်။ တန်းစီ၍ ဆင့်ထပ်ကာ ဆောက်လုပ်ထားသော ဝန်ထမ်းတန်းလျားလေးမှ တတိယမြောက် လှေကားကျဉ်းလေးကို သူစတင်တက်လှမ်းလိုက်သည်။

မီးခိုးရောင် သစ်သားတံခါးရှေ့တွင် သူအချိန်အတော်ကြာရပ်နေမိသည်။ ပြီးမှ လက်ထဲက ဖြည့်စွက်စာများ ထည့်ထားသောခြင်းကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း တံခါးကို ခေါက်လိုက်သည်။ “ကျွီ” ခနဲပွင့်လာသော တံခါးနောက်တွင် မြင်လိုက်ရသော မျက်ဝန်းတစ်စုံက ရုတ်ချည်းပြောင်းလဲသွားသည်။

“သြော် ကိုလတ်ရောက်လာပြီကိုး”

ကျောခိုင်းဝင်သွားသူ ဒေါ်ခင်ထား၏ လေသံက ကိုမင်းလတ်အပေါ် မနှစ်မြို့မှု အပြည့်ပင်။

“မင်းအဖေဆီ လာတာမလား အခန်းထဲမှာ ဝင်သွားလိုက်ပါကွယ်”

သူခေါင်းအသာညိတ်၍သာ အဖေအိပ်နေကျ အတွင်းခန်းလေးသို့ လှမ်းဝင်ခဲ့သည်။ အခန်းဝသို့ခြေချလိုက်သည်နှင့် သူ့ နှာခေါင်းထဲ တိုးဝင်လာသည်က အဖေ့ရဲ့ ကိုယ်သင်းရနံ့လေး။ လွန်ခဲ့သော နှစ် ၃၀ ကျော်က အဖေ့ရင်ခွင်ထဲ တိုးဝင်ဆော့ကစားတိုင်း ရခဲ့သည့် ထိုရနံ့လေးကို သူမမေ့သေးပေ။ အခန်းထဲ ဖွဖွလျှောက်ဝင်ရင်း အခန်းပတ်လည်ကို လှည့်ပတ်ကြည့်မိသည်။ နံရံ ကပ် ဘီရိုနှစ်ခုစလုံး စာအုပ်တစ်အုပ်မှ မရှိဘဲ ပြောင်ရှင်းလျက်ရှိသည်။ အဖေသိပ်ကြိုက်သော စာအုပ်တွေကို ဘယ်မှာများ သိမ်းထားကြပါလိမ့်။

သူအဖေ့နားကို တိုးကပ်သွားကာ ကြည့်လိုက်မိသည်။ ခုတင်ပေါ်တွင် လှဲလျောင်းနေသော အဖေသည် အသားအရေ ပြည့်တင်းခြင်းမရှိတော့ဘဲ လက်ကလေး၊ ခြေကလေးတွေ အရိုးပေါ်အရေထပ်၍ ပိန်လှီကာနေသည်။ နဂိုက ဖြူဖွေးလှသော အဖေ့အသားအရောင်က အခုဆို ညိုညစ်လို့။ မျက်တွင်းတွေလည်း ချိုင့်ခွက်ကာ နှုတ်ခမ်းက အနည်းငယ် ရွဲ့နေသည်။ နိမ့်ချည်မြင့်ချည်ဖြစ်နေသော အဖေ့ရင်ဘတ် မောက်မောက်ကလေးက အသက်ကို ကြိုးစားရှူနေရကြောင်း ဖော်ပြနေသည်။

“အဖေ ကျွန်တော်လာတယ်”

စေ့ကပ်စွာ ပိတ်ထားသော မျက်လုံးများကို အားယူဖွင့်လိုက်တဲ့ အဖေ့ကိုကြည့်ရင်း သူ့ရင်ထဲမှာ အလိုလိုဝမ်းနည်းလာသည်။ အဖေက သူ့ကိုမြင်တော့ မျက်လုံးထဲမှာ အရည်ကြည်လေးများ လဲ့လာသည်အထိပြုံးပြသည်။

Related Article >>> အဖေ့အတွက် (အပါးအတွက်) စာတစ်စောင်

“သား မင်းလတ်”

အဖေက သူ့ရဲ့ အရိုးပြိုင်းပြိုင်းထနေတဲ့လက်ကလေးကို ကမ်းပေးတော့ သူတယုတယ ဆုပ်ကိုင်မိသည်။ ငယ်စဉ်က သူ့ရဲ့လက်ကို အဖေဆုပ်ကိုင်လိုက်တိုင်း အဖေ့ကိုယ်တွင်းမှအားတွေ သူ့ဆီ စီးဝင်လာသလို ခံစားခဲ့ရသည်။ အခုရော သူ့ဆီက အားအင်တွေ အဖေ့ဆီစီးမြောသွားမလား သူမတွေးတတ်။

“အဖေ နေရသက်သာရဲ့လား”

အဖေက ခေါင်းလေးညိတ်ပြရင်း သူ့နောက်ဘက်ကို အကဲခတ်ကြည့်သည်။ သူက သက်ပြင်းကို ခပ်သာသာလေးချကာ

“ဆွေနဲ့ သမီးတွေ မပါဘူး အဖေ… ကျွန်တော်တစ်ယောက်တည်းလာတာ”

အဖေ့မျက်လုံးလေးများ ကြည်လင်နေရာမှ ရုတ်ချည်းအုံ့မှိုင်းသွားသည်။ အရင်တုန်းက အဖြစ်အပျက်ကို အဖေလည်း မေ့လောက်မှာမဟုတ်။ လွန်ခဲ့သော ၁၀ နှစ်က သီတင်းကျွတ်တွင် အဖေ့ကိုကန်တော့ရန် ဆွေနှင့်သမီးကြီးကိုခေါ်ပြီး သူ လာဖူးသည်။ “အလကား အမွေလိုချင်လို့လာကန်တော့တာ” ဆိုသော ဒေါ်ခင်ထား၏ စကားကို မခံမရပ်နိုင်ဖြစ်ကာ ချက်ချင်း ထပြန်တော့ အဖေ့မျက်နှာမကောင်းပါ။

“သမီးကြီးက ၈ တန်းရောက်နေပြီ အငယ်လေးက ၄ တန်းလေ…. ညနေပိုင်း နှစ်ယောက်လုံးကျူရှင်ရှိလို့ ခေါ်မလာတာ နောက်တစ်ခေါက်ပါအောင် ခေါ်ခဲ့မယ် အဖေ”

“ကလေးတွေ စာသွားရဲ့လား”

အဖေ့အသံက မပီမသမို့ သူသေချာ နားစိုက်ထောင်ရသည်။

“နှစ်ယောက်လုံး စာလိုက်နိုင်ပါတယ်။ ပြင်ပဗဟုသုတစာတွေလည်း ဖတ်တယ်။ ဒါနဲ့ အဖေ့ဘီရိုထဲက စာအုပ်တွေရော”

“ပိုးစားခြကိုက်နဲ့မို့ လှူလိုက်ပြီ ကိုလတ်ရေ… မင်းအဖေလည်း ဒီစာအုပ်တွေကို ဘာတွေတပ်မက် စွဲလမ်းနေလဲမသိ… တစ်နေ့ တစ်နေ့ သားသမီးကိစ္စ မြေးကိစ္စ မင်းအဖေကိစ္စတွေနဲ့ ပိုးစားခြကိုက်စာအုပ်တွေကို ဂရုမစိုက်အားလို့ လှူလိုက်ပြီ”

သူ့အတွက် ဖျော်လာသော ကော်ဖီခွက်ကို စားပွဲပေါ်တင်ရင်း ဒေါ်ခင်ထားက ခနဲ့ပြောလေးပြောကာ ထွက်သွားသည်။ ဒေါ်ခင်ထား၏ ခနဲ့သံက သူ့အတွက်တော့ သိပ်မဆန်းလှပါ။ သူ ၁၀ နှစ်သားမှာ အမေဆုံးသွားပြီး အဖေက ဒေါ်ခင်ထားနှင့် နောက်အိမ်ထောင်ပြုလိုက်တာမို့ ဒေါ်ခင်ထားက သူ့အမေဖြစ်လာခဲ့သည်။ အစကတော့ ချစ်ခင်နှစ်လိုသည့်ဟန် ပြခဲ့ပေမဲ့ နောက်ပိုင်းတွင် သူ့ကိုနှိပ်စက်လာသည်။ အကြောင်းမရှိ အကြောင်းရှာ ရိုက်နှက်လာသည်။ ဒါတွေကို အဖေက သိလျက်နဲ့တောင် ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့လို့ သူအဖေ့အပေါ် နာကျည်းခဲ့သည်။ “အဖေ ဒီမိန်းမနဲ့ မကွာရင် ကျွန်တော် အိမ်ပေါ်က ဆင်းမယ်” လို့ ခပ်ရိုင်းရိုင်း နှုတ်လန်ထိုးတုန်းကလည်း အဖေက သူ့ကို ခပ်အေးအေးသာ ကြည့်နေခဲ့သည်။

သားတစ်ယောက်ကို မစွန့်လွှတ်နိုင်သောစိတ်နှင့် ဒေါ်ခင်ထားနှင့် ရသော သမီး ခင်မေကို အရိပ်အမိုးအောက်က လွတ်ထွက်မသွားစေချင်သောစိတ် လွန်ဆွဲနေရသော ဖခင်တစ်ယောက်၏ မေတ္တာကို သူကိုယ်တိုင်ဖခင်ဖြစ်ပြီး တော်တော်ကြာမှ သိရှိခံစားခဲ့ရသည်။

“အဖေ စာအုပ်တွေဖတ်ချင်ရင် ကျွန်တော်ဝယ်လာပေးမယ်လေ…ဘာသာပြန်စာအုပ်တွေ အသစ်ထွက်တယ် ကြိုက်မယ်မလား”

အဖေက ပြုံးကာ ခေါင်းညိတ်စဉ် ဒေါ်ခင်ထား၏ အသံက စူးခနဲ ဝင်လာသည်။

“အမလေး ကိုလတ်ရယ် ငွေကုန်ခံမနေပါနဲ့ မင်းအဖေက ထိုင်တောင်မထိုင်နိုင်ဘဲနဲ့ စာဖတ်ဖို့ဆိုဝေးသေး”

အဖေက ဒေါ်ခင်ထားအသံကို မကြားချင်ဟန်ဖြင့် မျက်လုံးအသာမှိတ်ကာ ငြိမ်နေတော့သည်။ သူအဖေ့လက်ကို တင်းတင်းလေး ဖျစ်ညှစ်လိုက်ပြီး အဖေ့ကိုနှုတ်ဆက်ကာ ပြန်ခဲ့တော့သည်။

Related Article >>> အဖေတစ်ခု သမီးတစ်ခုပဲရှိသူသာ သိနိုင်မယ့် အချက်များ

“ဖေဖေ ဖေဖေ ဒီမှာ ဘိုးဘိုးကြီးနာမည်ပါလာတယ်”

အလုပ်မသွားခင် ဘုရားကန်တော့နေသော သူ့ဆီသို့ သမီးငယ်လေးက ကြေးမုံသတင်းစာနှင့်အတူ အပြေးရောက်လာသည်။ နောက်ဆုံးနားက နာရေးသတင်းမှာ သူအဖေ့နာမည်ကို တွေ့လိုက်ရသည်။ “ဒေါ်ခင်ထား၏ခင်ပွန်း၊ မခင်မေ၏ ဖခင်” တဲ့။ အဖေ့ရဲ့ နောက်ဆုံးခရီးမှာတောင် သူက သားတစ်ယောက်နေရာတွင်ရှိမနေခဲ့ပါလေ။

“ကိုလတ်ရေ ကိုလတ်”

အိမ်တံခါးဝမှ လှမ်းခေါ်သံကြောင့် သူထွက်ကြည့်လိုက်တော့ ခင်မေဖြစ်နေသည်။ သူ့ဆီအညိုရောင် စာအိတ်ရှည်ရှည်လေး ထိုးပေးရင်း “ဖေဖေက ကိုလတ်ကို သိပ်ချစ်ခဲ့ပါတယ်… ကိုလတ် ဖေဖေ့ကို မနာကျည်းပါနဲ့တော့နော်” ဟုပြောကာ လှည့်ထွက်သွားတော့သည်။

သို့

ချစ်ရပါသောသား မင်းလတ်

အဖေ သားကိုသိပ်ချစ်ပါတယ်။ သားက အဖေ့ရဲ့ ထာဝရ သားတစ်ယောက်ပါ။ အဖေ့အပေါ် သားရဲ့ အမုန်းတွေ ကျေပေးပါ။

အဖေ့ စာကလေးက သိပ်တိုပါသည်။ ထိုစာလေးကို ဖတ်ရင်း သူမျက်ရည်များ ဒလဟောကျလာတော့သည်။ စာရွက်နောက်တွင် ခေါက်လျက်ပါလာသော အဖေပိုင်သည့် အိမ်နှင့်ခြံကို သူ့ထံလွှဲသည့်စာချုပ်လေးက သူ့ကိုလှောင်ပြောင်နေသလို။ စားပွဲပေါ်တွင် အထပ်လိုက်ရှိနေသာ ဘာသာပြန်စာအုပ်အချို့က သူ့ကို လှောင်ပြောင်နေသလို။

ငယ်စဉ်ကတည်းက သူအဖေ့အပေါ်အထင်လွဲခဲ့သည်။ အရွဲ့တိုက်ခဲ့သည်။ ရိုင်းစိုင်းစွာ နှုတ်လန်ထိုးခဲ့ဖူးသည်။ အသက်ကြီးလာတော့ မခံချင်စိတ်ကလေးကို အကြောင်းပြုကာ အဖေနှင့် နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ကာနေခဲ့ဖူးသည်။ အထင်လွဲကာ နှစ်ပေါင်းများစွာ အိမ်ပြန်မလာသော သားမိုက်အပေါ် မပျက်ပြယ်သော အဖေ့မေတ္တာကို သူခံစားမိလိုက် သည်။ သူမျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်းက “အဖေ ဖြစ်လေရာဘဝတိုင်းမှာ ကိုယ့်မေတ္တာကို အထင်လွဲစော်ကားခံရခြင်းမှ ကင်းဝေးပါစေ” ဟုသာ…

ဆွေး (နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ)

No Comments Yet

Comments are closed