FUN

အသည္းကြဲေနတဲ့ေယာင္းတို႔ ဖီးလ္နိုင္ဖို႔ သီခ်င္းအေကာင္းစား (၅) ပုဒ္

အသည္းကြဲေနရင္ေတာင္ အရသာရွိရွိပဲ ဖီးလ္ေစခ်င္လို႔ပါ  😂

ေယာင္းတို႔ေတာ့ မသိဘူး … Stella ကေတာ့ ရည္းစားနဲ႔ရန္ျဖစ္တယ္၊ အသည္းကြဲတယ္ဆိုတာနဲ႔ အဖီးလ္တစ္လိုင္းသီခ်င္းေတြကို playlist ထုတ္ၿပီး နားေထာင္ေတာ့တာပဲ :3 ကိုယ့္ခံစားခ်က္နဲ႔ ကြက္တိက်တဲ့သီခ်င္းေတြ နားေထာင္ၿပီး ဖီးလ္ရတာ ဘာနဲ႔မွလဲလို႔မရတဲ့ အရသာေလ … ဒီေတာ့ Stella ရဲ႕အသည္းကြဲသီခ်င္းေပါင္းခ်ဳပ္ထဲက အႀကိဳက္ဆံုးသီခ်င္းေတြကို ေယာင္းတို႔အတြက္ ေဝမွ်ေပးမယ္ေနာ္ …

(၁) Amnesia –  5 Seconds Of Summer

Stella ရဲ႕ အႀကိဳက္ဆံုးထဲက အႀကိဳက္ဆံုးပါ။ အသည္းကြဲၿပီး အမွတ္တရအားလံုးကို ေမ့ပစ္လိုက္ခ်င္တယ္ဆိုရင္ ဒီသီခ်င္းက ေယာင္းကို အႀကိဳက္ေတြ႔ေစမွာပါ။ “I wish that I could wake up with amnesia and forget about the stupid little things” ဆိုတဲ့ သီခ်င္းစာသားေတြက အထိဆံုးပါပဲ။

Related article >>> ေယာင္းကို စိတ္ဓာတ္ခြန္အားေတြေပးမယ့္ သီခ်င္း (၆) ပုဒ္

(၂) Let Her Go – Passenger

ဒီသီခ်င္းနားေထာင္ၿပီးရင္ေတာ့ ကိုယ့္ကိုဆံုးရႈံးလိုက္ရတဲ့အတြက္ သူဒီလိုအေတြးမ်ားဝင္ေနမလားလို႔ စဥ္းစားမိမွာ မုခ် (မသိဘူး ကိုယ္လိုရာကိုယ္ဆြဲေတြးမယ္ 😜) “Only know you love her when you let her go” ဆိုတဲ့ေနရာေရာက္တိုင္း စြတ္ဖီးလ္ရတာက အင္း … ဘယ္လိုေျပာရမလဲ

(၃) When You’re Gone – Avril Lavigne

90s born ေတြ အသည္းစြဲ Avril Lavigne ရဲ႕ သီခ်င္းျဖစ္တဲ့ When You’re Gone ကလည္း အသည္းကြဲေနတဲ့အခ်ိန္ သိပ္နားေထာင္လို႔ေကာင္းတာေပါ့။ ဒီသီခ်င္းကို နားေထာင္ၿပီးရင္ သံုးေလးရက္ေလာက္ နားမေထာင္ရမေနႏိုင္ေအာင္ စြဲေနမယ္ဆိုတာ ရဲရဲႀကီး အာမခံတယ္။

Related article >>> ေယာင္းတို႕ေစာင့္ေမွ်ာ္ေနၾကတဲ့ ဒီတစ္ပတ္ Billboard မွာ ေဟာ့အျဖစ္ဆံုး သီခ်င္း (၁၀) ပုဒ္

(၄) Someone Like You – Adele

ေတာ္ေတာ္ေလး ဝမ္းနည္းစရာေကာင္းတဲ့ သီခ်င္းဆို ဒီသီခ်င္းပဲ ျဖစ္မယ္ထင္တယ္။ “Nevermind I’ll find someone like you” ဆိုတဲ့စာသားေတြကို Adele က ခံစားခ်က္အျပည့္နဲ႔ ဆိုထားတာေၾကာင့္ ရင္ထဲမွာ ကမာၻပ်က္ေနတဲ့ ခံစားခ်က္ေတြကို ဖံုးကြယ္ၿပီး အဆင္ေျပသြားမွာပါလို႔ ဟန္ေဆာင္ေနရတာ ကိုယ္ကိုယ္တိုင္ျဖစ္သြားသလို ခံစားရေစမွာပါ။

(၅) Scientist – Coldplay

အရင္ထဲက အခုထိ ႀကိဳက္ရတဲ့ Coldplay ရဲ႕Scientist သီခ်င္းကေတာ့ အရာရာကို တစ္ကေန ျပန္စခ်င္တဲ့ ေယာင္းေတြအတြက္ပါ။ Coldplay ရဲ႕ အသံေအးေအးေလးကို နားေထာင္ရင္း “Science and progress do not speak as loud as my heart” ဆိုတဲ့ စာသားေလးကို လိုက္ညည္းရတာေလာက္ ေဆြးလို႔ေကာင္းတာမရွိပါဘူး ေယာင္းေရ …

Related article >>> ဟီရိုးအင္းလို စဲြလမ္းေစမယ္႔ သီခ်င္းေတြနဲ႔ စင္ျမင့္ထက္က Lana Del Rey

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း Stella ရဲ႕ playlist ေလးကို အႀကိဳက္ေတြ႔ေလာက္မယ္ထင္ပါတယ္။ Stella ကိုယ္တိုင္လည္း သီခ်င္းေကာင္းေကာင္းေလးေတြကို သေဘာက်တဲ့သူမို႔ ေယာင္းတို႔အေနနဲ႔ Stella ကို နားေထာင္ေစခ်င္တဲ့ သီခ်င္းေလးေတြရွိရင္လည္း ေကာမန္႔မွာ ေျပာျပခဲ့ဦးေနာ္။ ဒါဆို ေနာက္အပတ္မွ playlist ေကာင္းေကာင္းေလးတစ္ခုနဲ႔ ျပန္ဆံုၾကပါစို႔ …

Stella (For Her Myanmar)

<<<Unicode>>>

 

အသည်းကွဲနေရင်တောင် အရသာရှိရှိပဲ ဖီးလ်စေချင်လို့ပါ  😂

ယောင်းတို့တော့ မသိဘူး … Stella ကတော့ ရည်းစားနဲ့ရန်ဖြစ်တယ်၊ အသည်းကွဲတယ်ဆိုတာနဲ့ အဖီးလ်တစ်လိုင်းသီချင်းတွေကို playlist ထုတ်ပြီး နားထောင်တော့တာပဲ :3 ကိုယ့်ခံစားချက်နဲ့ ကွက်တိကျတဲ့သီချင်းတွေ နားထောင်ပြီး ဖီးလ်ရတာ ဘာနဲ့မှလဲလို့မရတဲ့ အရသာလေ … ဒီတော့ Stella ရဲ့အသည်းကွဲသီချင်းပေါင်းချုပ်ထဲက အကြိုက်ဆုံးသီချင်းတွေကို ယောင်းတို့အတွက် ဝေမျှပေးမယ်နော် …

(၁) Amnesia –  5 Seconds Of Summer

Stella ရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးပါ။ အသည်းကွဲပြီး အမှတ်တရအားလုံးကို မေ့ပစ်လိုက်ချင်တယ်ဆိုရင် ဒီသီချင်းက ယောင်းကို အကြိုက်တွေ့စေမှာပါ။ “I wish that I could wake up with amnesia and forget about the stupid little things” ဆိုတဲ့ သီချင်းစာသားတွေက အထိဆုံးပါပဲ။

Related article >>> ယောင်းကို စိတ်ဓာတ်ခွန်အားတွေပေးမယ့် သီချင်း (၆) ပုဒ်

(၂) Let Her Go – Passenger

ဒီသီချင်းနားထောင်ပြီးရင်တော့ ကိုယ့်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် သူဒီလိုအတွေးများဝင်နေမလားလို့ စဉ်းစားမိမှာ မုချ (မသိဘူး ကိုယ်လိုရာကိုယ်ဆွဲတွေးမယ် 😜) “Only know you love her when you let her go” ဆိုတဲ့နေရာရောက်တိုင်း စွတ်ဖီးလ်ရတာက အင်း … ဘယ်လိုပြောရမလဲ

(၃) When You’re Gone – Avril Lavigne

90s born တွေ အသည်းစွဲ Avril Lavigne ရဲ့ သီချင်းဖြစ်တဲ့ When You’re Gone ကလည်း အသည်းကွဲနေတဲ့အချိန် သိပ်နားထောင်လို့ကောင်းတာပေါ့။ ဒီသီချင်းကို နားထောင်ပြီးရင် သုံးလေးရက်လောက် နားမထောင်ရမနေနိုင်အောင် စွဲနေမယ်ဆိုတာ ရဲရဲကြီး အာမခံတယ်။

Related article >>> ယောင်းတို့စောင့်မျှော်နေကြတဲ့ ဒီတစ်ပတ် Billboard မှာ ဟော့အဖြစ်ဆုံး သီချင်း (၁၀) ပုဒ်

(၄) Someone Like You – Adele

တော်တော်လေး ဝမ်းနည်းစရာကောင်းတဲ့ သီချင်းဆို ဒီသီချင်းပဲ ဖြစ်မယ်ထင်တယ်။ “Nevermind I’ll find someone like you” ဆိုတဲ့စာသားတွေကို Adele က ခံစားချက်အပြည့်နဲ့ ဆိုထားတာကြောင့် ရင်ထဲမှာ ကမ္ဘာပျက်နေတဲ့ ခံစားချက်တွေကို ဖုံးကွယ်ပြီး အဆင်ပြေသွားမှာပါလို့ ဟန်ဆောင်နေရတာ ကိုယ်ကိုယ်တိုင်ဖြစ်သွားသလို ခံစားရစေမှာပါ။

(၅) Scientist – Coldplay

အရင်ထဲက အခုထိ ကြိုက်ရတဲ့ Coldplay ရဲ့Scientist သီချင်းကတော့ အရာရာကို တစ်ကနေ ပြန်စချင်တဲ့ ယောင်းတွေအတွက်ပါ။ Coldplay ရဲ့ အသံအေးအေးလေးကို နားထောင်ရင်း “Science and progress do not speak as loud as my heart” ဆိုတဲ့ စာသားလေးကို လိုက်ညည်းရတာလောက် ဆွေးလို့ကောင်းတာမရှိပါဘူး ယောင်းရေ …

Related article >>> ဟီရိုးအင်းလို စွဲလမ်းစေမယ့် သီချင်းတွေနဲ့ စင်မြင့်ထက်က Lana Del Rey

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း Stella ရဲ့ playlist လေးကို အကြိုက်တွေ့လောက်မယ်ထင်ပါတယ်။ Stella ကိုယ်တိုင်လည်း သီချင်းကောင်းကောင်းလေးတွေကို သဘောကျတဲ့သူမို့ ယောင်းတို့အနေနဲ့ Stella ကို နားထောင်စေချင်တဲ့ သီချင်းလေးတွေရှိရင်လည်း ကောမန့်မှာ ပြောပြခဲ့ဦးနော်။ ဒါဆို နောက်အပတ်မှ playlist ကောင်းကောင်းလေးတစ်ခုနဲ့ ပြန်ဆုံကြပါစို့ …

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *