FUN

နံပါတ္ (၁) ဂဏန္းပိုင္ရွင္ေတြရဲ႕ စိတ္ေနစိတ္ထားနဲ႔ အျပဳအမူေတြက ဘယ္လိုရွိလဲ?

ေယာင္းက နံပါတ္ (၁) ဂဏန္းသမားတစ္ေယာက္လား ?

လတစ္လရဲ႕ ၁၊ ၁၀၊ ၁၉၊ ၂၈ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြကို နံပါတ္ (၁) ဂဏန္းသမားေတြလို႔ေခၚပါတယ္။

နံပါတ္ (၁) သမားေတြက အလြန္အကၽြံ အလုပ္လုပ္တတ္သူေတြျဖစ္ၿပီး မာနႀကီးတတ္ၾကပါတယ္။ ရည္မွန္းခ်က္ပန္းတိုင္ကို မေရာက္ေရာက္ေအာင္ သြားတတ္ၿပီး ဘယ္သူဘာေျပာေျပာလည္း ဂရုမစိုက္တတ္ၾကပါဘူး။

နံပါတ္ (၁) ဂဏန္းသမားေတြက အင္မတန္ျမင့္မားတဲ့ ေနရာတစ္ခုကို မွန္းတတ္ၾကၿပီး ဒီအခ်က္ေၾကာင့္ပဲ တျခားသူေတြက သူတို႔ကို တစ္ကိုယ္ေကာင္းသမားေတြလို႔ မွတ္ယူသြားတတ္ၾကပါတယ္။ မွီခိုတယ္ဆိုတဲ့ စကားလံုးဟာ နံပါတ္ (၁) ဂဏန္းသမားေတြရဲ႕ အဘိဓာန္မွာ လံုးဝမရွိပါဘူး။ တီထြင္ၾကံဆတတ္ၿပီး ဘယ္ျပႆနာျဖစ္ျဖစ္ ျမန္ျမန္ဆန္ဆန္ အေျဖရွာတတ္ပါေသးတယ္။

Related Article >>> (၉) ဂဏန္းပိုင္ရွင္တို႔ အေၾကာင္း တစ္ေစ့တေစာင္း

နံပါတ္ (၁) ဂဏန္းသမားေတြက ေခါင္းေဆာင္ျဖစ္ဖို႔ ေမြးဖြားလာသူေတြပါ။ သူတို႔ေတြရဲ႕ စိတ္အားထက္သန္မႈေၾကာင့္ လူ႔အသိုင္းအဝိုင္းကေန တျဖည္းျဖည္း ကြဲထြက္သြားႏိုင္ပါတယ္။ ၿပိဳင္ဆိုင္မႈေတြကို ႏွစ္သက္ၿပီး အႏိုင္လိုခ်င္တတ္ၾက သူေတြပါတဲ့။

နံပါတ္ (၁) ဂဏန္းသမားေတြက အခ်စ္ေရးမွာဆိုရင္ ခ်ဳပ္ခ်ယ္တတ္ၾကၿပီး သူတို႔ေစလိုရာေစ တတ္သူေတြ ျဖစ္ပါတယ္။ သူတို႔ဒဏ္ကို သည္းခံၿပီး ခ်စ္ႏိုင္ၾကသူေတြကေတာ့ နံပါတ္ (၃) နဲ႔ (၅) ဂဏန္းသမားေတြပါ။ ဒါေပမဲ့ ဒီလိုသည္းခံတဲ့ သူေတြကိုလည္း နံပါတ္ (၁) သမားေတြက ၿငီးေငြ႔တတ္ပါေသးတယ္။

နံပါတ္ (၁) ဂဏန္းသမားေတြက လက္ေအာက္ဝန္ထမ္းလုပ္ဖို႔ အဆင္မေျပတဲ့သူေတြပါ။ သူမ်ားခ်မွတ္ထားတဲ့ ေဘာင္တစ္ခုထဲမွာ ေနရတဲ့အခါ က်ဥ္းက်ပ္တယ္လို႔ ခံစားရတဲ့အတြက္ အလုပ္မွာေပ်ာ္ရႊင္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကိုယ္ပိုင္လုပ္ငန္းမ်ားလုပ္ရမယ္ဆို ထမင္းေမ့ဟင္းေမ့ႀကိဳးစားတတ္သူေတြပါ။

ကဲ … ဒါကေတာ့ နံပါတ္ (၁) ဂဏန္းသမားေတြရဲ႕ စိတ္ေနစိတ္ထားနဲ႔ အက်င့္စရိုက္ေတြပါပဲ။ ေယာင္းတို႔သူငယ္ခ်င္းေတြထဲမွာ နံပါတ္ (၁) ဂဏန္းသမားေတြရွိရင္လည္း မန္းရွင္းေခၚခဲ့ၾကပါဦး။

Stella (For Her Myanmar)

<<< Unicode >>>

ယောင်းက နံပါတ် (၁) ဂဏန်းသမားတစ်ယောက်လား ?

လတစ်လရဲ့ ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်နေ့တွေမှာ မွေးဖွားသူတွေကို နံပါတ် (၁) ဂဏန်းသမားတွေလို့ခေါ်ပါတယ်။

နံပါတ် (၁) သမားတွေက အလွန်အကျွံ အလုပ်လုပ်တတ်သူတွေဖြစ်ပြီး မာနကြီးတတ်ကြပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် သွားတတ်ပြီး ဘယ်သူဘာပြောပြောလည်း ဂရုမစိုက်တတ်ကြပါဘူး။

နံပါတ် (၁) ဂဏန်းသမားတွေက အင်မတန်မြင့်မားတဲ့ နေရာတစ်ခုကို မှန်းတတ်ကြပြီး ဒီအချက်ကြောင့်ပဲ တခြားသူတွေက သူတို့ကို တစ်ကိုယ်ကောင်းသမားတွေလို့ မှတ်ယူသွားတတ်ကြပါတယ်။ မှီခိုတယ်ဆိုတဲ့ စကားလုံးဟာ နံပါတ် (၁) ဂဏန်းသမားတွေရဲ့ အဘိဓာန်မှာ လုံးဝမရှိပါဘူး။ တီထွင်ကြံဆတတ်ပြီး ဘယ်ပြဿနာဖြစ်ဖြစ် မြန်မြန်ဆန်ဆန် အဖြေရှာတတ်ပါသေးတယ်။

Related Article >>> (၉) ဂဏန်းပိုင်ရှင်တို့ အကြောင်း တစ်စေ့တစောင်း

နံပါတ် (၁) ဂဏန်းသမားတွေက ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာသူတွေပါ။ သူတို့တွေရဲ့ စိတ်အားထက်သန်မှုကြောင့် လူ့အသိုင်းအဝိုင်းကနေ တဖြည်းဖြည်း ကွဲထွက်သွားနိုင်ပါတယ်။ ပြိုင်ဆိုင်မှုတွေကို နှစ်သက်ပြီး အနိုင်လိုချင်တတ်ကြ သူတွေပါတဲ့။

နံပါတ် (၁) ဂဏန်းသမားတွေက အချစ်ရေးမှာဆိုရင် ချုပ်ချယ်တတ်ကြပြီး သူတို့စေလိုရာစေ တတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဒဏ်ကို သည်းခံပြီး ချစ်နိုင်ကြသူတွေကတော့ နံပါတ် (၃) နဲ့ (၅) ဂဏန်းသမားတွေပါ။ ဒါပေမဲ့ ဒီလိုသည်းခံတဲ့ သူတွေကိုလည်း နံပါတ် (၁) သမားတွေက ငြီးငွေ့တတ်ပါသေးတယ်။

နံပါတ် (၁) ဂဏန်းသမားတွေက လက်အောက်ဝန်ထမ်းလုပ်ဖို့ အဆင်မပြေတဲ့သူတွေပါ။ သူများချမှတ်ထားတဲ့ ဘောင်တစ်ခုထဲမှာ နေရတဲ့အခါ ကျဉ်းကျပ်တယ်လို့ ခံစားရတဲ့အတွက် အလုပ်မှာပျော်ရွှင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းများလုပ်ရမယ်ဆို ထမင်းမေ့ဟင်းမေ့ကြိုးစားတတ်သူတွေပါ။

ကဲ … ဒါကတော့ နံပါတ် (၁) ဂဏန်းသမားတွေရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေပါပဲ။ ယောင်းတို့သူငယ်ချင်းတွေထဲမှာ နံပါတ် (၁) ဂဏန်းသမားတွေရှိရင်လည်း မန်းရှင်းခေါ်ခဲ့ကြပါဦး။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *