သူမ်ားေမေမ ႏွင့္ ကၽြန္မေမေမ

ေယာင္းတို႔ေမေမေတြအေၾကာင္းလည္း ေျပာျပသြားၾကဦးေနာ္… 

ခ်စ္ရတဲ့ေယာင္းေယာင္းတုိ႔ေရ။ ဒီေန႔ အေမမ်ားေန႔မွာ ကိုယ့္အေမေတြကို ဘာစပရုိက္ေတြ တိုက္ၿပီးၿပီလဲ။ အက္ဒမင္ကေတာ့ ငမြဲပီပီ ဘာမွမဝယ္ေပးႏုိင္ေသးတာနဲ႔ အိမ္အလုပ္ေတြကူလုပ္ေပးလုိက္တယ္။ လြယ္ေတာ့မလြယ္ဘူး စပရုိက္တိုက္တတ္ရတာေပါ့ 😀

ေမေမ့ကို စပရိုက္တိုက္ရင္း ကိုယ့္ေမေမနဲ႔ သူမ်ားေမေမေတြ မတူတဲ့အေၾကာင္းေလး ေယာင္းတို႔ကို ေျပာျပခ်င္လာလို႔ ဒီေဆာင္းပါးေလးကို ေရးလိုက္ရပါတယ္ရွန္…

၁။ အိပ္ရာႏႈိးတဲ့အခါ

သူမ်ားေမေမေတြက  ၆နာရီထုိးၿပီဆို ၇နာရီထိုးၿပီဆိုၿပီး ဂ်င္းထည့္ ႏႈိးတယ္။

ကိုယ့္ေမေမက ၈နာရီကို ခုမွ၆နာရီပဲရွိေသးတယ္ဆိုၿပီး ဂ်င္းထည့္သိပ္တယ္။ (ဂ်င္းေတာ့ ဂ်င္းပဲ… ေနာက္က်မယ့္ ဂ်င္းေတြ :3 )

၂။ အျပင္သြားတဲ့အခါ

သူမ်ားေမေမေတြက အျပင္သြားတာမႀကိဳက္ရင္ မသြားခင္ဆူတယ္။

ကိုယ့္ေမေမက သြားခါနီး အၾကည္တသာပဲ ခြင့္ေပးၿပီး ျပန္လာမွ ေပါင္းဆူတယ္။

Related Article >>> ေမေမနဲ႔အတူ ဒါေတြလုပ္ရင္း “အေမမ်ားေန႔”ကို ကုန္ဆံုးလိုက္ပါ

၃။ မုန္႔ဖိုး ဘတ္ရင္

သူမ်ားေမေမေတြက သင္တန္းအတြက္ဆိုျပီး ပိုက္ဆံပိုဘတ္ရင္ဆူတယ္။

ကိုယ့္ေမေမက ေဖေဖ့ဆီက ပိုက္ဆံပိုဘတ္ဖုိ႔ ေျမွာက္ေပးတာမ်ိဳး..  (မုန္႔ဖိုးပိုရေအာင္လို႔တဲ့)

၄။ စာမက်က္တဲ့အခါ

က်ိန္းေသတာေပါ့.. သူမ်ားေမေမေတြက စာမက်က္ရင္ အေသဆူမွာဆိုတာ…

ကိုယ့္ေမေမက စာအရမ္းမက်က္ဖုိ႔ ေျပာၿပီး ဆူပါတယ္ရွင္.. (အိပ္ေရးပ်က္ရင္ေနမေကာင္းမွာ စိုးလို႔)

Related Article >>> အေမမ်ားေန႔မွာ အေမ့ကို ဘယ္လိုလက္ေဆာင္မ်ိဳး ေပးသင့္လဲ?

၅။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့အခါ

သူမ်ားေမေမေတြက ကိုယ့္သား၊သမီးရဲ႕ သူငယ္ခ်င္းေတြကို ကိုယ့္သားသမီးလိုပဲ ဆက္ဆံတယ္။

ကိုယ့္ေမေမက်ေတာ့ သူတို႔နဲ႔ သူငယ္ခ်င္းေပါင္း ေပါင္းပစ္တယ္။ (ကိုယ့္သူငယ္ခ်င္းလား၊ ေမေမ့သူငယ္ခ်င္းလား မသဲကြဲ -_- )

ဘယ္လိုပဲ ျဖစ္ျဖစ္ပါ။ ေမေမေတေြ အားလံုးမွာ တူညီတဲ့အခ်က္တစ္ခ်က္ေတာ့ရွိတယ္။ အဲ့ဒါကေတာ့ ကိုယ့္ကိုယ္ကိုယ္ထက္ ကိုယ့္သားသမီးေတြကို ပုိခ်စ္ေပးၾကတာပါပဲ။

ေယာင္းေယာင္းတုိ႔ေရ.. အေမမ်ားေန႔မို႔လို႔ အေမပံုတင္ၿပီး ဂုဏ္ျပဳေပးတာလံုးဝမမွားပါဘူး။ အေမမ်ားေန႔မွ သည္းသည္းလႈပ္ပံုတင္တယ္ဆိုၿပီး အျပစ္တင္ေဝဖန္ေနတာေတြကိုလည္း ဂရုစိုက္ေနဖို႔ မလိုပါဘူးေနာ္.. ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ကိုယ့္ေမေမကို ခ်စ္တဲ့ အခ်စ္ကို ျပတာ မွားတာမွ မဟုတ္ပဲ… ၿပီးေတာ့ သားသမီးေတာ္ေတာ္မ်ားမ်ားက ကိုယ့္မိဘအေပၚ ဆိုးခြင့္ရလို႔ ဆိုးၾကတာပဲေလ.. ဒီလိုဆိုးတာေလးေတြကို လ်စ္လ်ဴရႈၿပီး ခ်စ္ေပးတဲ့ ေမေမေတြကို ဒီေန႔တစ္ရက္ေလးပဲ ျဖစ္ျဖစ္ လိမၼာျပၿပီး ေမေမတို႔ ေက်နပ္ၿပီး ေပ်ာ္ရႊင္သြားေအာင္ ကိုယ္ႏုိင္တဲ့ နည္းလမ္းေလးနဲ႔ စပရိုက္ေလးေတြ တိုက္လိုက္ၾကပါလို႔…

Christina (For Her Myanmar)

<<>>

ယောင်းတို့မေမေတွေအကြောင်းလည်း ပြောပြသွားကြဦးနော်… 

ချစ်ရတဲ့ယောင်းယောင်းတို့ရေ။ ဒီနေ့ အမေများနေ့မှာ ကိုယ့်အမေတွေကို ဘာစပရိုက်တွေ တိုက်ပြီးပြီလဲ။ အက်ဒမင်ကတော့ ငမွဲပီပီ ဘာမှမဝယ်ပေးနိုင်သေးတာနဲ့ အိမ်အလုပ်တွေကူလုပ်ပေးလိုက်တယ်။ လွယ်တော့မလွယ်ဘူး စပရိုက်တိုက်တတ်ရတာပေါ့ 😀

မေမေ့ကို စပရိုက်တိုက်ရင်း ကိုယ့်မေမေနဲ့ သူများမေမေတွေ မတူတဲ့အကြောင်းလေး ယောင်းတို့ကို ပြောပြချင်လာလို့ ဒီဆောင်းပါးလေးကို ရေးလိုက်ရပါတယ်ရှန်…

၁။ အိပ်ရာနှိုးတဲ့အခါ

သူများမေမေတွေက  ၆နာရီထိုးပြီဆို ၇နာရီထိုးပြီဆိုပြီး ဂျင်းထည့် နှိုးတယ်။

ကိုယ့်မေမေက ၈နာရီကို ခုမှ၆နာရီပဲရှိသေးတယ်ဆိုပြီး ဂျင်းထည့်သိပ်တယ်။ (ဂျင်းတော့ ဂျင်းပဲ… နောက်ကျမယ့် ဂျင်းတွေ :3 )

၂။ အပြင်သွားတဲ့အခါ

သူများမေမေတွေက အပြင်သွားတာမကြိုက်ရင် မသွားခင်ဆူတယ်။

ကိုယ့်မေမေက သွားခါနီး အကြည်တသာပဲ ခွင့်ပေးပြီး ပြန်လာမှ ပေါင်းဆူတယ်။

Related Article >>> မေမေနဲ့အတူ ဒါတွေလုပ်ရင်း “အမေများနေ့”ကို ကုန်ဆုံးလိုက်ပါ

၃။ မုန့်ဖိုး ဘတ်ရင်

သူများမေမေတွေက သင်တန်းအတွက်ဆိုပြီး ပိုက်ဆံပိုဘတ်ရင်ဆူတယ်။

ကိုယ့်မေမေက ဖေဖေ့ဆီက ပိုက်ဆံပိုဘတ်ဖို့ မြှောက်ပေးတာမျိုး..  (မုန့်ဖိုးပိုရအောင်လို့တဲ့)

၄။ စာမကျက်တဲ့အခါ

ကျိန်းသေတာပေါ့.. သူများမေမေတွေက စာမကျက်ရင် အသေဆူမှာဆိုတာ…

ကိုယ့်မေမေက စာအရမ်းမကျက်ဖို့ ပြောပြီး ဆူပါတယ်ရှင်.. (အိပ်ရေးပျက်ရင်နေမကောင်းမှာ စိုးလို့)

Related Article >>> အမေများနေ့မှာ အမေ့ကို ဘယ်လိုလက်ဆောင်မျိုး ပေးသင့်လဲ?

၅။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ

သူများမေမေတွေက ကိုယ့်သား၊သမီးရဲ့ သူငယ်ချင်းတွေကို ကိုယ့်သားသမီးလိုပဲ ဆက်ဆံတယ်။

ကိုယ့်မေမေကျတော့ သူတို့နဲ့ သူငယ်ချင်းပေါင်း ပေါင်းပစ်တယ်။ (ကိုယ့်သူငယ်ချင်းလား၊ မေမေ့သူငယ်ချင်းလား မသဲကွဲ -_- )

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ မေမေတေေွ အားလုံးမှာ တူညီတဲ့အချက်တစ်ချက်တော့ရှိတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်သားသမီးတွေကို ပိုချစ်ပေးကြတာပါပဲ။

ယောင်းယောင်းတို့ရေ.. အမေများနေ့မို့လို့ အမေပုံတင်ပြီး ဂုဏ်ပြုပေးတာလုံးဝမမှားပါဘူး။ အမေများနေ့မှ သည်းသည်းလှုပ်ပုံတင်တယ်ဆိုပြီး အပြစ်တင်ဝေဖန်နေတာတွေကိုလည်း ဂရုစိုက်နေဖို့ မလိုပါဘူးနော်.. ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်မေမေကို ချစ်တဲ့ အချစ်ကို ပြတာ မှားတာမှ မဟုတ်ပဲ… ပြီးတော့ သားသမီးတော်တော်များများက ကိုယ့်မိဘအပေါ် ဆိုးခွင့်ရလို့ ဆိုးကြတာပဲလေ.. ဒီလိုဆိုးတာလေးတွေကို လျစ်လျူရှုပြီး ချစ်ပေးတဲ့ မေမေတွေကို ဒီနေ့တစ်ရက်လေးပဲ ဖြစ်ဖြစ် လိမ္မာပြပြီး မေမေတို့ ကျေနပ်ပြီး ပျော်ရွှင်သွားအောင် ကိုယ်နိုင်တဲ့ နည်းလမ်းလေးနဲ့ စပရိုက်လေးတွေ တိုက်လိုက်ကြပါလို့…

Christina (For Her Myanmar)

No Comments Yet

Comments are closed