Movie Reviews

ၾကည့္ေနက် ဇာတ္အိမ္ေတြနဲ႔ လုံးဝကြဲထြက္ၿပီး ၾကည့္ရက်ိဳးနပ္ေစမယ့္  “Ustad Hotel”

အိႏၵိယဇာတ္ကား အေဟာင္းထဲက အေကာင္းေလးမို႔ အႏွစ္ပါပါနဲ႔ ၾကည့္ရႈရမွာပါ 🤩

>>> Zawgyi >>>

ေယာင္းတို႔ေရ… ဒီတစ္ေခါက္မွာ မင္မင္ေဝမွ်ေပးမယ့္ ဇာတ္ကားေလးေတာ့  အိႏၵိယဇာတ္ကားေတြကိုမွ စြဲစြဲလမ္းလမ္းႀကိဳက္တတ္ၾကတဲ့ ေယာင္းတို႔အတြက္ပါေနာ္.. တစ္ခါတေလမွာ ဇာတ္ကားအသစ္ေတြကို ေစာင့္ၾကည့္ရတာထက္ မၾကည့္ရေသးတဲ့ ဇာတ္ကားအေဟာင္းေလးေတြကို ျပန္ေရြးၿပီး ၾကည့္ရတာက ဖီလင္တစ္မ်ိ္ဳးပဲေလ.. ဒီေတာ့ မင္မင္ကေန ၂၀၁၂ ခုႏွစ္ကတည္းက ထြက္ရွိထားၿပီး IMDB 8.3 ရရွိခဲ့တဲ့   Ustad Hotel အမည္ရ ဇာတ္ကားေလးအေၾကာင္း  ေဖာက္သည္ခ်ေပးဖို႔ ေရြးခ်ယ္ျဖစ္ခဲ့ပါတယ္…

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

ဇာတ္ကားအစမွာေတာ့ သားေယာက်ာ္းေလးအရမ္းလိုခ်င္ေနတဲ့  အဘူဒူရာဇတ္ရဲ႕ ဇနီးသည္က သားေယာက်ာ္းေလးကို ေမွ်ာ္လင့္ရင္း (၄)ခါ ကိုယ္ဝန္ေဆာင္ခဲ့တဲ့အထိ မိန္းကေလးေတြခ်ည္း ျဖစ္ေနခဲ့ၿပီး (၅)ေယာက္ေျမာက္ရင္ ေသြးက်မွ ဖိုင္ဇယ္ဆိုတဲ့ သားေယာက်ာ္းေလး ရရွိခဲ့တာမို႔ အဘူဒူရာဇတ္က သူ႔ေျခရာကိုနင္းမယ့္သားဆိုၿပီး အလြန္ေမွ်ာ္လင့္ထားရွိသူပါ…

သားေယာက်ာ္းေလးရၿပီးမွ ဇနီးသည္က ရုတ္တရက္ဆုံးပါးသြားခဲ့တာေၾကာင့္ အစ္မ(၄)ေယာက္လက္ေပၚမွာ ႀကီးျပင္းခဲ့ရတဲ့ ဖိုင္ဇယ္ကေတာ့ အစ္မေတြနဲ႔အတူ မီးဖိုေခ်ာင္ထဲ ဝိုင္းဝန္းခ်က္ျပဳတ္ရင္း ခ်က္ျပဳတ္တာကို ဝါသနာႀကီးလာခဲ့ပါတယ္… ဖခင္ကေတာ့ ေယာက္်ားေလးတစ္ေယာက္က မီးဖိုေခ်ာင္ဝင္တယ္ဆိုတဲ့ ကိစၥကို လံုးဝ လက္မခံႏုိင္ဘဲ စီးပြားေရးကိုသာ ဝါသနာပါဖို႔ တြန္းအားေပးခဲ့ပါတယ္….

Related Article >>> နာမည္နဲ႔ လိုက္ေအာင္ ေယာင္းတို႔ ႏွလံုးသားကို ခလုတ္တိုက္သြားမယ့္ Touch Your Heart

အစ္မ(၄)ေယာက္လုံး အိမ္ေထာင္ျပဳသြားၾကၿပီး ဖခင္ကလည္း ေနာက္အိမ္ေထာင္ျပဳလိုက္ခ်ိန္မွာေတာ့ ဖိုင္ဇယ္ဟာ ဖခင္နဲ႔အတူ 5 Star ဟိုတယ္ေပါင္းဖြင့္ဖို႔ သေဘာတူညီခ်က္နဲ႔ ဆြစ္ဇလန္မွာ Hotel Management တက္မယ္လို႔ လိမ္လည္ၿပီး စားဖိုမွဴးသင္တန္းသြားတက္ေနခဲ့ပါတယ္…

ေက်ာင္းၿပီးခ်ိန္ အိႏၵိယကိုျပန္လာတဲ့အခါ  အိမ္ေထာင္ဖက္ေတြ႕ရင္းနဲ႔ စားဖိုမွဴးသင္တန္းကို သင္ၾကားခဲ့တဲ့အေၾကာင္း ဖခင္သိရွိသြားခဲ့ၿပီး ေဒါသူပုန္ထပါေတာ့တယ္.. ဖိုင္ဇယ္ရဲ႕ ပတ္စ္ပို႔နဲ႔ အေရးႀကီးစာရြက္စာတမ္းေတြကိုလည္း သိမ္းဆည္းသြားတဲ့အတြက္ ဆြစ္ဇလန္ကိုျပန္ၿပီး စားဖိုမွဴးလုပ္ခ်င္တဲ့ သူ႔ရဲ႕စိတ္ကူးလည္း ေခတၱေပ်ာက္ပ်က္သြားရပါေတာ့တယ္… စားဖိုမွဴးလုပ္ခ်င္ရင္ အိမ္မွာမေနနဲ႔ဆိုတဲ့ ဖခင္ရဲ႕စကားေၾကာင့္ ဖခင္ဘက္က အဘိုးဆီမွာသြားေရာက္ေနထိုင္ေနခဲ့ပါတယ္…

ဖိုင္ဇယ္အဘိုးဟာလည္း ဟင္းခ်က္ဝါသနာႀကီးသူ တစ္ေယာက္ျဖစ္ၿပီး ကမ္းေျခတစ္ခုမွ Ustad Hotel ဆိုတဲ့ စားေသာက္ဆိုင္ဖြင့္ထားသူပါ… သူ႔ရဲ႕ အဘိုးျဖစ္သူဟာ ဆိုင္ဝင္ေငြထဲကေန လစဥ္တိုင္း အမည္မေဖာ္ဘဲ ေငြပို႔ေပးေနသလို အေႂကြးေတြလည္း အမ်ားႀကီးတင္ေနသူပါ… (ဘာေၾကာင့္ အေႂကြးတင္ေနလဲဆိုတာကေတာ့ ၾကည့္ေတာ့မွ သိမွာေနာ္..) သူ႔ေျမးဖိုင္ဇယ္ကိုေတာ့ အမ်ားႀကီးသင္ၾကားျပသေပးၿပီး လမ္းညႊန္မႈေတြကို အၿမဲျပဳလုပ္ေပးေနသလို သူ႔သူငယ္ခ်င္းေတြဆီကို ေစလႊတ္ၿပီး အေတြ႕အၾကံဳေတြလည္း ယူေစခဲ့ပါတယ္…

Related Article >>> ခ်စ္ျခင္းေမတၱာနဲ႔ လူသားခ်င္းစာနာမႈအတြက္ဆို ဒီရုပ္ရွင္(၂)ကားကို ၾကည့္ၾကည့္ပါ။


ဒီလိုနဲ႔ ဖိုင္ဇယ္တစ္ေယာက္ အဘိုးဆီေနရင္း သူ႔သေဘာဆႏၵေတြ ဘယ္လိုေျပာင္းလဲသြားမွာလဲ….

သူ႔အဘိုးကေရာ ဘာေၾကာင့္အေႂကြးတင္ေနတာလဲ…

ဖိုင္ဇယ္ရဲ႕ ဆြစ္ဇလန္ျပန္ဖို႔ အိပ္မက္ေတြကေရာ ဘယ္လိုျဖစ္သြားမွာလဲ…

ဆိုတာေတြကိုေတာ့ ေယာင္းတို႔မေမွ်ာ္လင့္ထားတဲ့ ဇာတ္အိမ္မ်ိဳးနဲ႔ ဆက္လက္ၾကည့္ရႈရမွာမို႔ အေကာင္းဆုံးအခန္းေတြကို ခ်န္လွပ္ထားလိုက္ပါေတာ့မယ္ေနာ္…

Ustad Hotel ဇာတ္ကားေလးက ၾကည့္ေနက် ဇာတ္အိမ္နဲ႔ လုံးဝကြဲထြက္ၿပီး အိႏၵိယႏိုင္ငံရဲ႕ အစားအေသာက္အေၾကာင္း ၊ ပရဟိတစိတ္ထားအေၾကာင္းနဲ႔ မထင္မွတ္ထားတဲ့ဘဝေတြအေၾကာင္း ရိုက္ကူးပုံေဖာ္ေပးထားတာမို႔ ေယာင္းတို႔ကို ၾကည့္ရက်ိဳးနပ္ေစမယ့္ ဇာတ္ကားေကာင္းတစ္ခုပါ… ေနာက္ထပ္လည္း ေယာင္းတို႔အႀကိဳက္နဲ႔ ထပ္တူက်ေစမယ့္ ဇာတ္ကားေကာင္းေတြအေၾကာင္း ေဝမွ်ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အိန္ဒိယဇာတ်ကား အဟောင်းထဲက အကောင်းလေးမို့ အနှစ်ပါပါနဲ့ ကြည့်ရှုရမှာပါ 🤩

>>> Zawgyi >>>

ယောင်းတို့ရေ… ဒီတစ်ခေါက်မှာ မင်မင်ဝေမျှပေးမယ့် ဇာတ်ကားလေးတော့  အိန္ဒိယဇာတ်ကားတွေကိုမှ စွဲစွဲလမ်းလမ်းကြိုက်တတ်ကြတဲ့ ယောင်းတို့အတွက်ပါနော်.. တစ်ခါတလေမှာ ဇာတ်ကားအသစ်တွေကို စောင့်ကြည့်ရတာထက် မကြည့်ရသေးတဲ့ ဇာတ်ကားအဟောင်းလေးတွေကို ပြန်ရွေးပြီး ကြည့်ရတာက ဖီလင်တစ်မျိုးပဲလေ.. ဒီတော့ မင်မင်ကနေ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ရှိထားပြီး IMDB 8.3 ရရှိခဲ့တဲ့   Ustad Hotel အမည်ရ ဇာတ်ကားလေးအကြောင်း  ဖောက်သည်ချပေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်…

ဇာတ်ကားအစမှာတော့ သားယောကျာ်းလေးအရမ်းလိုချင်နေတဲ့  အဘူဒူရာဇတ်ရဲ့ ဇနီးသည်က သားယောကျာ်းလေးကို မျှော်လင့်ရင်း (၄)ခါ ကိုယ်ဝန်ဆောင်ခဲ့တဲ့အထိ မိန်းကလေးတွေချည်း ဖြစ်နေခဲ့ပြီး (၅)ယောက်မြောက်ရင် သွေးကျမှ ဖိုင်ဇယ်ဆိုတဲ့ သားယောကျာ်းလေး ရရှိခဲ့တာမို့ အဘူဒူရာဇတ်က သူ့ခြေရာကိုနင်းမယ့်သားဆိုပြီး အလွန်မျှော်လင့်ထားရှိသူပါ…

သားယောကျာ်းလေးရပြီးမှ ဇနီးသည်က ရုတ်တရက်ဆုံးပါးသွားခဲ့တာကြောင့် အစ်မ(၄)ယောက်လက်ပေါ်မှာ ကြီးပြင်းခဲ့ရတဲ့ ဖိုင်ဇယ်ကတော့ အစ်မတွေနဲ့အတူ မီးဖိုချောင်ထဲ ဝိုင်းဝန်းချက်ပြုတ်ရင်း ချက်ပြုတ်တာကို ဝါသနာကြီးလာခဲ့ပါတယ်… ဖခင်ကတော့ ယောက်ျားလေးတစ်ယောက်က မီးဖိုချောင်ဝင်တယ်ဆိုတဲ့ ကိစ္စကို လုံးဝ လက်မခံနိုင်ဘဲ စီးပွားရေးကိုသာ ဝါသနာပါဖို့ တွန်းအားပေးခဲ့ပါတယ်….

Related Article >>> နာမည်နဲ့ လိုက်အောင် ယောင်းတို့ နှလုံးသားကို ခလုတ်တိုက်သွားမယ့် Touch Your Heart

အစ်မ(၄)ယောက်လုံး အိမ်ထောင်ပြုသွားကြပြီး ဖခင်ကလည်း နောက်အိမ်ထောင်ပြုလိုက်ချိန်မှာတော့ ဖိုင်ဇယ်ဟာ ဖခင်နဲ့အတူ 5 Star ဟိုတယ်ပေါင်းဖွင့်ဖို့ သဘောတူညီချက်နဲ့ ဆွစ်ဇလန်မှာ Hotel Management တက်မယ်လို့ လိမ်လည်ပြီး စားဖိုမှူးသင်တန်းသွားတက်နေခဲ့ပါတယ်…

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

ကျောင်းပြီးချိန် အိန္ဒိယကိုပြန်လာတဲ့အခါ  အိမ်ထောင်ဖက်တွေ့ရင်းနဲ့ စားဖိုမှူးသင်တန်းကို သင်ကြားခဲ့တဲ့အကြောင်း ဖခင်သိရှိသွားခဲ့ပြီး ဒေါသူပုန်ထပါတော့တယ်.. ဖိုင်ဇယ်ရဲ့ ပတ်စ်ပို့နဲ့ အရေးကြီးစာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းသွားတဲ့အတွက် ဆွစ်ဇလန်ကိုပြန်ပြီး စားဖိုမှူးလုပ်ချင်တဲ့ သူ့ရဲ့စိတ်ကူးလည်း ခေတ္တပျောက်ပျက်သွားရပါတော့တယ်… စားဖိုမှူးလုပ်ချင်ရင် အိမ်မှာမနေနဲ့ဆိုတဲ့ ဖခင်ရဲ့စကားကြောင့် ဖခင်ဘက်က အဘိုးဆီမှာသွားရောက်နေထိုင်နေခဲ့ပါတယ်…

ဖိုင်ဇယ်အဘိုးဟာလည်း ဟင်းချက်ဝါသနာကြီးသူ တစ်ယောက်ဖြစ်ပြီး ကမ်းခြေတစ်ခုမှ Ustad Hotel ဆိုတဲ့ စားသောက်ဆိုင်ဖွင့်ထားသူပါ… သူ့ရဲ့ အဘိုးဖြစ်သူဟာ ဆိုင်ဝင်ငွေထဲကနေ လစဉ်တိုင်း အမည်မဖော်ဘဲ ငွေပို့ပေးနေသလို အကြွေးတွေလည်း အများကြီးတင်နေသူပါ… (ဘာကြောင့် အကြွေးတင်နေလဲဆိုတာကတော့ ကြည့်တော့မှ သိမှာနော်..) သူ့မြေးဖိုင်ဇယ်ကိုတော့ အများကြီးသင်ကြားပြသပေးပြီး လမ်းညွှန်မှုတွေကို အမြဲပြုလုပ်ပေးနေသလို သူ့သူငယ်ချင်းတွေဆီကို စေလွှတ်ပြီး အတွေ့အကြုံတွေလည်း ယူစေခဲ့ပါတယ်…

Related Article >>> ချစ်ခြင်းမေတ္တာနဲ့ လူသားချင်းစာနာမှုအတွက်ဆို ဒီရုပ်ရှင်(၂)ကားကို ကြည့်ကြည့်ပါ။


ဒီလိုနဲ့ ဖိုင်ဇယ်တစ်ယောက် အဘိုးဆီနေရင်း သူ့သဘောဆန္ဒတွေ ဘယ်လိုပြောင်းလဲသွားမှာလဲ….

သူ့အဘိုးကရော ဘာကြောင့်အကြွေးတင်နေတာလဲ…

ဖိုင်ဇယ်ရဲ့ ဆွစ်ဇလန်ပြန်ဖို့ အိပ်မက်တွေကရော ဘယ်လိုဖြစ်သွားမှာလဲ…

ဆိုတာတွေကိုတော့ ယောင်းတို့မမျှော်လင့်ထားတဲ့ ဇာတ်အိမ်မျိုးနဲ့ ဆက်လက်ကြည့်ရှုရမှာမို့ အကောင်းဆုံးအခန်းတွေကို ချန်လှပ်ထားလိုက်ပါတော့မယ်နော်…

Ustad Hotel ဇာတ်ကားလေးက ကြည့်နေကျ ဇာတ်အိမ်နဲ့ လုံးဝကွဲထွက်ပြီး အိန္ဒိယနိုင်ငံရဲ့ အစားအသောက်အကြောင်း ၊ ပရဟိတစိတ်ထားအကြောင်းနဲ့ မထင်မှတ်ထားတဲ့ဘဝတွေအကြောင်း ရိုက်ကူးပုံဖော်ပေးထားတာမို့ ယောင်းတို့ကို ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ခုပါ… နောက်ထပ်လည်း ယောင်းတို့အကြိုက်နဲ့ ထပ်တူကျစေမယ့် ဇာတ်ကားကောင်းတွေအကြောင်း ဝေမျှပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *