Movie Reviews

၂၀၁၉ မွာ အသစ္ထြက္ရွိလာမယ့္ နာမည္ေက်ာ္ ထိတ္လန္႔သည္းဖိုသရဲကား (၃) ကား

အမေလး … ေၾကာက္ရဦးမယ္ လန္႔ရဦးမယ္

ဒီႏွစ္ကေတာ့ သရဲကားႏွစ္လို႔ေတာင္ ေျပာရမလားမသိဘူး။ ရာဇဝင္မွာ ေၾကာက္စရာအေကာင္းဆံုးဆိုတဲ့ သရဲကားေတြခ်ည္းပဲ ဆက္တိုက္ထြက္လာေတာ့မယ္ဆိုပဲ။ ဘာကားေတြလဲဆိုေတာ့ …

(၁) Annabelle Comes Home

Annabelle ကိုေတာ့ ေယာင္းတို႔ေတာ္ေတာ္မ်ားမ်ားသိၾကမယ္ထင္တယ္။ The Conjuring ဇာတ္ကားတည္းက စလာလိုက္တဲ့ Annabelle အရႈပ္ေတာ္ပံုက အခုထိမၿပီးေသးပါဘူး။ ပရေလာကျဖစ္စဥ္ စံုစမ္းေထာက္လွမ္းသူလင္မယားႏွစ္ေယာက္ျဖစ္တဲ့ Ed နဲ႔ Lorraine တို႔ႏွစ္ေယာက္က Annabelle ေနာက္ထပ္လူေတြကို ဒုကၡမေပးႏိုင္ေအာင္ သူတို႔အိမ္က သိုေလွာင္ခန္းထဲမွာ ေသာ့ခတ္ၿပီး ပိတ္ထားလိုက္ပါတယ္။ ဒါေပမဲ့ အေမႊစိန္ Annabelle က အခန္းထဲမွာရွိတဲ့ မိစာၦေတြကို ႏႈိးထေအာင္လုပ္ၿပီး လင္မယားႏွစ္ေယာက္ရဲ႕ (၁၀) ႏွစ္အရြယ္သမီးေလးနဲ႔ ကေလးထိန္းကို ေျခာက္လွန္႔ပါေတာ့တယ္။ Conjuring Universe ရဲ႕ထံုးစံအတိုင္း ဒီတစ္ေခါက္မွာေကာ Annabelle တစ္ေယာက္ ဘယ္လိုေတြလိပ္ျပာလြင့္ေအာင္ ေျခာက္ျပဦးမလဲဆိုတာကိုေတာ့ ဇြန္လ (၂၇) ရက္ေန႔မွာ ၾကည့္ရႈႏိုင္မွာပါ ေယာင္းတို႔ေရ …

(၂) It : Chapter Two

၂၀၁၇ ကထြက္ရွိခဲ့တဲ့ IT ရုပ္ရွင္ဇာတ္ကားက ကေလးတစ္သိုက္ဟာ အခုခ်ိန္မွာေတာ့ အရြယ္ေရာက္ေနတဲ့လူႀကီးေတြျဖစ္ကုန္ၾကပါၿပီ။ Pennywise ကေတာ့ ထံုးစံအတိုင္းပဲ (၂၇) ႏွစ္ၾကာေတာ့ ျပန္ေရာက္လာတာေပါ့။ ဒီတစ္ခါေရာ ရဲေဘာ္ရဲဘက္ (၇) ေယာက္က Pennywise ကို ဘယ္လို တိုက္ထုတ္မလဲဆိုတာကို ရင္တမမနဲ႔ ၾကည့္ရႈရဦးမွာပါ။ နာမည္ေက်ာ္ ထိတ္လန္႔သည္းဖို စာေရးဆရာ Stephan King ရဲ႕ ဝတၳဳကို ျပန္ရိုက္ထားတဲ့ It : Chapter Two က စက္တင္ဘာ (၅) ရက္ေန႔မွာ ထြက္ရွိမယ္လို႔ သတင္းရထားၿပီး ေအာက္မွာ အျမည္းေလးၾကည့္လို႔ရပါတယ္။

(၃) Brahms : The Boy 2

The Boy ရဲ႕ ပထမကားကေတာ့ ၂၀၁၆ ခုႏွစ္မွာထြက္ရွိခဲ့ၿပီး ပရိသတ္ေတြ ေတာ္ေတာ္အားေပးတာကို ခံခဲ့ရပါတယ္။ အခုကေတာ့ Brahms : The Boy 2 ပါတဲ့။ ဇာတ္လမ္းအေသးစိတ္ကိုေတာ့ မသိရေသးေပမဲ့ မိသားစုသံုးေယာက္က ပထမကားဇာတ္အိမ္တည္တဲ့ အိမ္ႀကီးကို ေျပာင္းေရြ႕လာတဲ့အခါ အရင္ဇာတ္ကားမွာပါတဲ့ အရုပ္နဲ႔ သားေလးက ေဆာ့ကစားမိတာကေနစတယ္လို႔ေတာ့ ေျပာျပထားပါတယ္။ ဘယ္လိုေခ်ာက္ခ်ားစရာေတြ ျဖစ္လာဦးမလဲဆိုတာကေတာ့ ဇူလိုင္ (၂၅) ရက္ေန႔မွ ၾကည့္ၾကတာေပါ့။

ကဲ … ဒါေတြကေတာ့ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ သရဲကားေတြအေၾကာင္းပါပဲ။ ေယာင္းတို႔ သြားၾကည့္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား?

Stella (For Her Myanmar)

<<< Unicode >>>

အမလေး … ကြောက်ရဦးမယ် လန့်ရဦးမယ်

ဒီနှစ်ကတော့ သရဲကားနှစ်လို့တောင် ပြောရမလားမသိဘူး။ ရာဇဝင်မှာ ကြောက်စရာအကောင်းဆုံးဆိုတဲ့ သရဲကားတွေချည်းပဲ ဆက်တိုက်ထွက်လာတော့မယ်ဆိုပဲ။ ဘာကားတွေလဲဆိုတော့ …

(၁) Annabelle Comes Home

Annabelle ကိုတော့ ယောင်းတို့တော်တော်များများသိကြမယ်ထင်တယ်။ The Conjuring ဇာတ်ကားတည်းက စလာလိုက်တဲ့ Annabelle အရှုပ်တော်ပုံက အခုထိမပြီးသေးပါဘူး။ ပရလောကဖြစ်စဉ် စုံစမ်းထောက်လှမ်းသူလင်မယားနှစ်ယောက်ဖြစ်တဲ့ Ed နဲ့ Lorraine တို့နှစ်ယောက်က Annabelle နောက်ထပ်လူတွေကို ဒုက္ခမပေးနိုင်အောင် သူတို့အိမ်က သိုလှောင်ခန်းထဲမှာ သော့ခတ်ပြီး ပိတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ အမွှေစိန် Annabelle က အခန်းထဲမှာရှိတဲ့ မိစ္ဆာတွေကို နှိုးထအောင်လုပ်ပြီး လင်မယားနှစ်ယောက်ရဲ့ (၁၀) နှစ်အရွယ်သမီးလေးနဲ့ ကလေးထိန်းကို ခြောက်လှန့်ပါတော့တယ်။ Conjuring Universe ရဲ့ထုံးစံအတိုင်း ဒီတစ်ခေါက်မှာကော Annabelle တစ်ယောက် ဘယ်လိုတွေလိပ်ပြာလွင့်အောင် ခြောက်ပြဦးမလဲဆိုတာကိုတော့ ဇွန်လ (၂၇) ရက်နေ့မှာ ကြည့်ရှုနိုင်မှာပါ ယောင်းတို့ရေ …

(၂) It : Chapter Two

၂၀၁၇ ကထွက်ရှိခဲ့တဲ့ IT ရုပ်ရှင်ဇာတ်ကားက ကလေးတစ်သိုက်ဟာ အခုချိန်မှာတော့ အရွယ်ရောက်နေတဲ့လူကြီးတွေဖြစ်ကုန်ကြပါပြီ။ Pennywise ကတော့ ထုံးစံအတိုင်းပဲ (၂၇) နှစ်ကြာတော့ ပြန်ရောက်လာတာပေါ့။ ဒီတစ်ခါရော ရဲဘော်ရဲဘက် (၇) ယောက်က Pennywise ကို ဘယ်လို တိုက်ထုတ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရဦးမှာပါ။ နာမည်ကျော် ထိတ်လန့်သည်းဖို စာရေးဆရာ Stephan King ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ It : Chapter Two က စက်တင်ဘာ (၅) ရက်နေ့မှာ ထွက်ရှိမယ်လို့ သတင်းရထားပြီး အောက်မှာ အမြည်းလေးကြည့်လို့ရပါတယ်။

(၃) Brahms : The Boy 2

The Boy ရဲ့ ပထမကားကတော့ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး ပရိသတ်တွေ တော်တော်အားပေးတာကို ခံခဲ့ရပါတယ်။ အခုကတော့ Brahms : The Boy 2 ပါတဲ့။ ဇာတ်လမ်းအသေးစိတ်ကိုတော့ မသိရသေးပေမဲ့ မိသားစုသုံးယောက်က ပထမကားဇာတ်အိမ်တည်တဲ့ အိမ်ကြီးကို ပြောင်းရွေ့လာတဲ့အခါ အရင်ဇာတ်ကားမှာပါတဲ့ အရုပ်နဲ့ သားလေးက ဆော့ကစားမိတာကနေစတယ်လို့တော့ ပြောပြထားပါတယ်။ ဘယ်လိုချောက်ချားစရာတွေ ဖြစ်လာဦးမလဲဆိုတာကတော့ ဇူလိုင် (၂၅) ရက်နေ့မှ ကြည့်ကြတာပေါ့။

ကဲ … ဒါတွေကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် သရဲကားတွေအကြောင်းပါပဲ။ ယောင်းတို့ သွားကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီလား?

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *