မိခင္ေတြရဲ႕ ဆံုးမသြန္သင္မႈကို ျမင္သာေစတဲ့ ရုပ္ရွင္ကား (၂) ကား

မိခင္တစ္ေယာက္ရဲ႕ ေမတၱာတရားနဲ႔ ဆံုးမမႈေတြဟာ ကေလးတစ္ေယာက္အေပၚ ဘယ္ေလာက္သက္ေရာက္မႈရွိေနလဲဆိုေတာ့…

ဒီတစ္ေခါက္ ႐ုပ္႐ွင္အညႊန္းမွာ မိခင္ေတြရဲ႕ ဆံုးမသြန္သင္မႈက သားသမီးေတြအတြက္ဘယ္ေလာက္ေတာင္ အေရးပါတယ္ဆိုတာ ျမင္သာေစတဲ့ ႐ုပ္႐ွင္ႏွစ္ကားကို ညႊန္းေပးမယ္ေနာ္။ မိခင္ဆိုတာက သားသမီးေတြရဲ႕ ဘဝကို ထိန္းေက်ာင္းပဲ့ကိုင္ေပးႏုိင္သူေတြမို႔ သူတို႔ကသာ ေကာင္းမြန္တဲ့ ပဲ့ကိုင္မႈေတြေပးႏုိင္မယ္ဆုိရင္ သားသမီးေတြေဘးမွာ သူတို႔ မ႐ွိေတာ့သည့္တိုင္ေအာင္ သူတို႔ရဲ႕ ဆံုးမပဲ့ျပင္ေပးမႈေတြက သားသမီးေတြရဲ႕ ရင္ထဲမွာစြဲၿမဲက်န္ရစ္ေနတယ္ဆုိတာ ျမင္သာေစတဲ့ ႐ုပ္႐ွင္ကားေတြေပါ့။

ပထမ႐ုပ္႐ွင္က Forrest Gump ဆိုတဲ့ ႐ုပ္႐ွင္ပါ။ ဒီ႐ုပ္႐ွင္က ၾကည့္ဖူးသူတိုင္း ဘယ္ေတာ့မွ ေမ့မရတဲ့ ႐ုပ္႐ွင္ေကာင္းတစ္ကားျဖစ္ၿပီး အဲဒီ႐ုပ္႐ွင္ကေပးတဲ့ သင္ခန္းစာေတြက ယေန႔ထက္တုိင္ လူေတြၾကားေျပာေနဆဲ ႐ုပ္႐ွင္တစ္ကားပါ။ ၁၉၉၄ ခုႏွစ္မွာ ႐ံုတင္ျပသခဲ့တဲ့ ဒီ႐ုပ္႐ွင္ကားဟာ ေအာ္စကာဆုေပါင္းမ်ားစြာသိမ္းပိုက္ႏိုင္ခဲ့တဲ့ ႐ုပ္႐ွင္တကားျဖစ္ပါတယ္။

ဒီ႐ုပ္႐ွင္ဇာတ္လမ္းဟာ Forrest Gump ဆိုတဲ့ ထူးျခားတဲ့နာမည္နဲ႔ ထူးျခားတဲ့လူတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာျဖစ္ပါတယ္။ ကေလးဘဝက Forrest Gump ဟာ ဉာဏ္ရည္မမီတဲ့ အျပင္ ေျခတစ္ဖက္ပါမသန္တဲ့ ေက်ာင္းသားေလးပါ။ ေက်ာင္းမွာဆုိလည္း ေက်ာင္းသားေတြကအႏိုင္က်င့္ၾကသလို ဉာဏ္ရည္နိမ့္လုိ႔ ေက်ာင္းမွာ လက္မခံႏိုင္ဘူးလုိ႔ အေျပာခံရတဲ့ ေကာင္ေလးေပါ့။

ဒီလုိ အေျခအေနမ်ိဳးေတြ ႀကံဳရတာေတာင္ ဘယ္ေတာ့မွ စိတ္ဓာတ္မက်ဖို႔ ေဘးမွာအၿမဲေဖးမတတ္သူက Forrest ရဲ႕ ေမေမ ပါ။ မင္းက သာမန္လူေတြနဲ႔ မတူဘူးလို႔ တျခားသူေတြ ခြဲျခားတာကို လက္မခံဖုိ႔ အၿမဲဆံုးမပါတယ္။

လူေတြကForrest ကို ငတံုးေကာင္လို႔ ႏွိမ္ၾကတဲ့အခါ Forrest ေလး စိတ္မေကာင္းျဖစ္ၿပီး ကၽြန္ေတာ္ တကယ္ပဲ ငတံုးေကာင္လားလို႔ သူ႔ေမေမကို ေမးေတာ့ သူ႔ေမေမက ဒီလုိေျပာပါတယ္ “stupid is as stupid does” ( မိုက္မဲတဲ့လုပ္ရပ္ေတြကိုလုပ္သူေတြမွ ငတုံး) တဲ့။ Forrest ရဲ႕ ဘဝတစ္ေလွ်ာက္လံုး သူ႔ကို ငတံုးလုိ႔ေခၚခံရတုိင္း ” မိုက္မဲတဲ့လုပ္ရပ္ေတြကို လုပ္သူေတြမွ ငတံုးလို႔ တံု႔ျပန္ေတာ့တာပါပဲ။

ေနာက္ထပ္ Forrest ဘယ္ေတာ့မွ မေမ့ႏုိင္တဲ့ သူ႔ေမေမရဲ႕ စကားေလးတစ္ခြန္း႐ွိပါေသးတယ္။ အဲဒါက “ဘဝဆိုတာ ရသာစံု ေခ်ာကလက္ဘူးတစ္ဘူးပဲ။ မင္းအတြက္ဘာရမယ္ဆုိတာမသိႏိုင္ဘူး” တဲ့…

ဒီဇာတ္လမ္းကေတာ့ ဇာတ္လမ္းအက်ဥ္းဆုိတာကို ေျပာျပဖို႔ခက္ပါတယ္။ ဇာတ္လမ္းတစ္ခုလံုးက Forrest ရဲ႕ တစ္ဘဝလံုးမွာ ႀကံဳရတဲ့ အခက္အခဲ အက်ပ္အတည္းေတြကို သူမ်ားနဲ႔မတူတဲ့အေတြးအျမင္ေတြနဲ႔ပဲ ေျဖ႐ွင္းခဲ့ပံုေတြကို ႐ိုက္ျပထားတာျဖစ္ပါတယ္။ Forrest ရဲ႕ ႀကိဳးစားမႈေတြ၊ အေတြးအျမင္ေတြက ထူးျခားတာေၾကာင့္ ေယာင္းတုိ႔ ဘဝအခက္အခဲေတြနဲ႔ ႀကံဳေတြ႕ရတုိင္း ခြန္အားေတြရေနေစဖို႔ Forrest Gump ႐ုပ္႐ွင္ကို ၾကည့္ဖုိ႔ အႀကံေပးခ်င္ပါတယ္ေနာ္။

Related Article >>> ခ်စ္ျခင္းေမတၱာနဲ႔ လူသားခ်င္းစာနာမႈအတြက္ဆို ဒီရုပ္ရွင္(၂)ကားကို ၾကည့္ၾကည့္ပါ။

ေနာက္ထပ္ ႐ုပ္႐ွင္တစ္ကားကေတာ့ The Blind Side ဆိုတဲ့ ႐ုပ္႐ွင္ပါ။ ဒီ႐ုပ္႐ွင္ဟာ ၂၀၀၉ ခုႏွစ္မွာ ထြက္႐ွိခဲ့တဲ့ ႐ုပ္႐ွင္ျဖစ္ၿပီး ေအာ္စကာဆုေတြ သိမ္းပိုက္ႏိုင္ခဲ့တဲ့ ႐ုပ္႐ွင္ျဖစ္ပါတယ္။
ဒီဇာတ္လမ္းက Big Mike ဆိုတဲ့ အင္မတန္ထြားက်ိဳင္းတဲ့ လူမည္းေကာင္ေလးတစ္ေယာက္နဲ႔ သူ႔ရဲ႕ေမြးစားမိခင္လူျဖဴအမ်ိဳးသမီးတို႔ၾကားထဲကေမတၱာကို ႐ုိက္ျပထားတာပါ။

Big Mike ဟာ ထြားက်ိဳင္းတဲ့ခႏၶာကိုယ္နဲ႔ မလုိက္ေအာင္ ေၾကာက္တတ္ၿပီး စိတ္အားငယ္တတ္သူတစ္ဦးပါ။ ဒီလုိျဖစ္ရတာကလည္း သူဟာ ငယ္စဥ္ကတည္းက မိဘေမတၱာကို မရ႐ွိခဲ့လုိ႔ပါ။
သူ႔ရဲ႕ မိခင္ျဖစ္သူဟာ ေဆးစြဲေနသူျဖစ္ၿပီး ဖခင္ကလည္းေသဆံုးသြားပါၿပီ။ သူဟာ ငယ္စဥ္ကတည္းက ေမြးစားမိဘေတြအိမ္မွ ာက်င္လည္ခဲ့ရသလုိ ဘယ္မွာမွလည္ းတာ႐ွည္မေနဘဲ ထြက္ေျပးေလ့႐ွိပါတယ္။

တစ္ရက္ေတာ့ သူဟာ ေက်ာင္းေနဖက္သူငယ္ခ်င္းလူျဖဴေကာင္မေလး ကိုလင္ နဲ႔ ရင္းႏွီးခြင့္ရခဲ့သလုိ သူ႔မိဘေတြနဲ႔လည္းေတြ႕ဆံုခဲ့ပါတယ္။ ကိုလင္ရဲ႕ မိခင္ Leigh Anne က မိဘမဲ့ Big Mike ရဲ႕ ဘဝကိုစာနာတာေၾကာင့္ သူတုိ႔အိမ္မွာလာေရာက္ေနထိုင္ေစပါတယ္။ Leigh Anne တို႔ မိသားစုနဲ႔ Big Mike တုိ႔ တျဖည္းျဖည္း သံေယာဇဥ္ျဖစ္လာၾကၿပီးေနာက္ Leigh Anne က Big Mike ကိုတရားဝင္ေမြးစားၿပီး ေအာင္ျမင္တဲ့ကစားသမားတစ္ဦးျဖစ္လာဖုိ႔ ျပဳစုပ်ိဳးေထာင္ေပးမယ္လုိ႔ ဆံုးျဖတ္လုိက္တဲ့အခါ….

မတူညီတဲ့လူမ်ိဳးေတြျဖစ္ေပမဲ့ တစ္ဦးကိုတစ္ဦး ေမတၱာထားၾကပံုေတြ၊ မိခင္တစ္ဦးရဲ႕ ေမတၱာနဲ႔ ေကာင္းမြန္တဲ့ ျပဳစုေစာင့္ေ႐ွာက္မႈက လူသားတစ္ေယာက္ကို ေျပာင္းလဲေပးႏုိင္ပံုေတြကို The Blind Side ႐ုပ္႐ွင္ထဲမွာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ႏုိင္ပါတယ္ ေယာင္းတုိ႔ေရ..

ကဲ ေယာင္းတုိ႔ အားလပ္ခ်ိန္မွာ ေဖ်ာ္ေျဖမႈတင္သာမက၊ စိတ္ခြန္အားေတြရႏိုင္မယ့္ ဒီ႐ုပ္႐ွင္ကားေတြကိုၾကည့္ၿပီး အက်ိဳး႐ွိ႐ွိျဖတ္သန္းႏိုင္ၾကပါေစေနာ္ …

Sugar Cane (For Her Myanmar)

<<< Unicode >>>

မိခင်တစ်ယောက်ရဲ့ မေတ္တာတရားနဲ့ ဆုံးမမှုတွေဟာ ကလေးတစ်ယောက်အပေါ် ဘယ်လောက်သက်ရောက်မှုရှိနေလဲဆိုတော့…

ဒီတစ်ခေါက် ရုပ်ရှင်အညွှန်းမှာ မိခင်တွေရဲ့ ဆုံးမသွန်သင်မှုက သားသမီးတွေအတွက်ဘယ်လောက်တောင် အရေးပါတယ်ဆိုတာ မြင်သာစေတဲ့ ရုပ်ရှင်နှစ်ကားကို ညွှန်းပေးမယ်နော်။ မိခင်ဆိုတာက သားသမီးတွေရဲ့ ဘဝကို ထိန်းကျောင်းပဲ့ကိုင်ပေးနိုင်သူတွေမို့ သူတို့ကသာ ကောင်းမွန်တဲ့ ပဲ့ကိုင်မှုတွေပေးနိုင်မယ်ဆိုရင် သားသမီးတွေဘေးမှာ သူတို့ မရှိတော့သည့်တိုင်အောင် သူတို့ရဲ့ ဆုံးမပဲ့ပြင်ပေးမှုတွေက သားသမီးတွေရဲ့ ရင်ထဲမှာစွဲမြဲကျန်ရစ်နေတယ်ဆိုတာ မြင်သာစေတဲ့ ရုပ်ရှင်ကားတွေပေါ့။

ပထမရုပ်ရှင်က Forrest Gump ဆိုတဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ကြည့်ဖူးသူတိုင်း ဘယ်တော့မှ မေ့မရတဲ့ ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပြီး အဲဒီရုပ်ရှင်ကပေးတဲ့ သင်ခန်းစာတွေက ယနေ့ထက်တိုင် လူတွေကြားပြောနေဆဲ ရုပ်ရှင်တစ်ကားပါ။ ၁၉၉၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ အော်စကာဆုပေါင်းများစွာသိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းဟာ Forrest Gump ဆိုတဲ့ ထူးခြားတဲ့နာမည်နဲ့ ထူးခြားတဲ့လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကလေးဘဝက Forrest Gump ဟာ ဉာဏ်ရည်မမီတဲ့ အပြင် ခြေတစ်ဖက်ပါမသန်တဲ့ ကျောင်းသားလေးပါ။ ကျောင်းမှာဆိုလည်း ကျောင်းသားတွေကအနိုင်ကျင့်ကြသလို ဉာဏ်ရည်နိမ့်လို့ ကျောင်းမှာ လက်မခံနိုင်ဘူးလို့ အပြောခံရတဲ့ ကောင်လေးပေါ့။

ဒီလို အခြေအနေမျိုးတွေ ကြုံရတာတောင် ဘယ်တော့မှ စိတ်ဓာတ်မကျဖို့ ဘေးမှာအမြဲဖေးမတတ်သူက Forrest ရဲ့ မေမေ ပါ။ မင်းက သာမန်လူတွေနဲ့ မတူဘူးလို့ တခြားသူတွေ ခွဲခြားတာကို လက်မခံဖို့ အမြဲဆုံးမပါတယ်။

လူတွေကForrest ကို ငတုံးကောင်လို့ နှိမ်ကြတဲ့အခါ Forrest လေး စိတ်မကောင်းဖြစ်ပြီး ကျွန်တော် တကယ်ပဲ ငတုံးကောင်လားလို့ သူ့မေမေကို မေးတော့ သူ့မေမေက ဒီလိုပြောပါတယ် “stupid is as stupid does” ( မိုက်မဲတဲ့လုပ်ရပ်တွေကိုလုပ်သူတွေမှ ငတုံး) တဲ့။ Forrest ရဲ့ ဘဝတစ်လျှောက်လုံး သူ့ကို ငတုံးလို့ခေါ်ခံရတိုင်း ” မိုက်မဲတဲ့လုပ်ရပ်တွေကို လုပ်သူတွေမှ ငတုံးလို့ တုံ့ပြန်တော့တာပါပဲ။

နောက်ထပ် Forrest ဘယ်တော့မှ မမေ့နိုင်တဲ့ သူ့မေမေရဲ့ စကားလေးတစ်ခွန်းရှိပါသေးတယ်။ အဲဒါက “ဘဝဆိုတာ ရသာစုံ ချောကလက်ဘူးတစ်ဘူးပဲ။ မင်းအတွက်ဘာရမယ်ဆိုတာမသိနိုင်ဘူး” တဲ့…

ဒီဇာတ်လမ်းကတော့ ဇာတ်လမ်းအကျဉ်းဆိုတာကို ပြောပြဖို့ခက်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက Forrest ရဲ့ တစ်ဘဝလုံးမှာ ကြုံရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို သူများနဲ့မတူတဲ့အတွေးအမြင်တွေနဲ့ပဲ ဖြေရှင်းခဲ့ပုံတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ Forrest ရဲ့ ကြိုးစားမှုတွေ၊ အတွေးအမြင်တွေက ထူးခြားတာကြောင့် ယောင်းတို့ ဘဝအခက်အခဲတွေနဲ့ ကြုံတွေ့ရတိုင်း ခွန်အားတွေရနေစေဖို့ Forrest Gump ရုပ်ရှင်ကို ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။

Related Article >>> ချစ်ခြင်းမေတ္တာနဲ့ လူသားချင်းစာနာမှုအတွက်ဆို ဒီရုပ်ရှင်(၂)ကားကို ကြည့်ကြည့်ပါ။

နောက်ထပ် ရုပ်ရှင်တစ်ကားကတော့ The Blind Side ဆိုတဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အော်စကာဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဒီဇာတ်လမ်းက Big Mike ဆိုတဲ့ အင်မတန်ထွားကျိုင်းတဲ့ လူမည်းကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့မွေးစားမိခင်လူဖြူအမျိုးသမီးတို့ကြားထဲကမေတ္တာကို ရိုက်ပြထားတာပါ။

Big Mike ဟာ ထွားကျိုင်းတဲ့ခန္ဓာကိုယ်နဲ့ မလိုက်အောင် ကြောက်တတ်ပြီး စိတ်အားငယ်တတ်သူတစ်ဦးပါ။ ဒီလိုဖြစ်ရတာကလည်း သူဟာ ငယ်စဉ်ကတည်းက မိဘမေတ္တာကို မရရှိခဲ့လို့ပါ။
သူ့ရဲ့ မိခင်ဖြစ်သူဟာ ဆေးစွဲနေသူဖြစ်ပြီး ဖခင်ကလည်းသေဆုံးသွားပါပြီ။ သူဟာ ငယ်စဉ်ကတည်းက မွေးစားမိဘတွေအိမ်မှ ာကျင်လည်ခဲ့ရသလို ဘယ်မှာမှလည် းတာရှည်မနေဘဲ ထွက်ပြေးလေ့ရှိပါတယ်။

တစ်ရက်တော့ သူဟာ ကျောင်းနေဖက်သူငယ်ချင်းလူဖြူကောင်မလေး ကိုလင် နဲ့ ရင်းနှီးခွင့်ရခဲ့သလို သူ့မိဘတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ကိုလင်ရဲ့ မိခင် Leigh Anne က မိဘမဲ့ Big Mike ရဲ့ ဘဝကိုစာနာတာကြောင့် သူတို့အိမ်မှာလာရောက်နေထိုင်စေပါတယ်။ Leigh Anne တို့ မိသားစုနဲ့ Big Mike တို့ တဖြည်းဖြည်း သံယောဇဉ်ဖြစ်လာကြပြီးနောက် Leigh Anne က Big Mike ကိုတရားဝင်မွေးစားပြီး အောင်မြင်တဲ့ကစားသမားတစ်ဦးဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ….

မတူညီတဲ့လူမျိုးတွေဖြစ်ပေမဲ့ တစ်ဦးကိုတစ်ဦး မေတ္တာထားကြပုံတွေ၊ မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုက လူသားတစ်ယောက်ကို ပြောင်းလဲပေးနိုင်ပုံတွေကို The Blind Side ရုပ်ရှင်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ် ယောင်းတို့ရေ..

ကဲ ယောင်းတို့ အားလပ်ချိန်မှာ ဖျော်ဖြေမှုတင်သာမက၊ စိတ်ခွန်အားတွေရနိုင်မယ့် ဒီရုပ်ရှင်ကားတွေကိုကြည့်ပြီး အကျိုးရှိရှိဖြတ်သန်းနိုင်ကြပါစေနော် …

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed