Movie Reviews

အလွစစ္ဆိုတာကို ေပၚလြင္ေစတဲ့ ရုပ္ရွင္ကား (၂)ကား

ဒီဇာတ္ကားေတြၾကည့္ၿပီးရင္ ဝိတ္ခ်ဖို႔ ေတြးမိေတာ့မွာ မဟုတ္ဘူးေနာ္ 😎😎

ဒီတစ္ေခါက္႐ုပ္႐ွင္အညႊန္းက႑မွာ အက္ဒ္မင္က ေပါ့ေပါ့ပါးပါးဟာသ ဒရာမာဇာတ္ကားေလးႏွစ္ကားကို ညႊန္းေပးမယ္ေနာ္။ ေပါ့ေပါ့ပါးပါး ဟာသကားဆုိေပမဲ့ ၾကည့္႐ႈသူေတြ ဘဝအေမာေျပေစ႐ံုတင္မကဘဲ ေလးနက္တဲ့ အသိတရားေလးေတြကိုပါ ေပးႏိုင္တာမို႔ ညႊန္းေပးခ်င္တာပါေနာ္…

ပထမကားကေတာ့ Hair Spray လို႔ အမည္ရတဲ့ ရုပ္႐ွင္ျဖစ္ပါတယ္။ ဒီဇာတ္ကားက ထြက္ခဲ့တာေတာ့ ၾကာပါၿပီ။ ၂၀၀၇ ခုႏွစ္ကတည္းကဆိုေတာ့ ဆယ္ႏွစ္ေက်ာ္ၾကာၿပီေပါ့ေနာ္။ ဒါေပမဲ့ အခုထိေတာင္ မ႐ိုးႏိုင္ေသးတဲ့ ကားေကာင္းတစ္ကား ျဖစ္ေနဆဲပါ။ သူက အဆိုအကေတြပါတဲ့ Musical ကားျဖစ္ၿပီး ဇာတ္ကားတင္မက သူ႔ထဲကသီခ်င္းေတြေတာင္ ေအာင္ျမင္ခဲ့တာပါ။ အဲဒီထဲက သီခ်င္းတစ္ပုဒ္ကေတာ့ ေယာင္းတို႔လည္း ၾကားဖူးမွာပါ။ သီခ်င္းနာမည္က I can hear the bell တဲ့… မူရင္းသီခ်င္းကို မသိဘူးဆိုရင္ေတာင္ ဝိုင္းစုခိုင္သိန္းရဲ႕ “ဆည္းလည္းသံေလးမ်ားလို” ဆိုတဲ့ သီခ်င္းကိုေတာ့ သိေနၾကမွာပဲေလ.. ဒီသီခ်င္းနဲ႔ ဆည္းလည္းသံေလးမ်ားလို သီခ်င္းက သံစဥ္တူတူပဲျဖစ္ၿပီး စာသားကလည္း ၈၀%ေလာက္ တူေနတာကိုး 😀 ေၾသာ္ ေနာက္တစ္ခုက ပ်ိဳေမေတြ အသည္းစြဲမင္းသားေလး Zac Efron (Highschool Musical မင္းသား) လည္း ပါဝင္တာမို႔ ငယ္ဘဝ အလြမ္းေျပေပါ့ ေယာင္းတို႔ရယ္…

ဇာတ္လမ္းအက်ဥ္းကေတာ့ ထေရစီဆိုတဲ့ ေကာင္မေလးက ျပည့္ျပည့္ေဖာင္းေဖာင္းေလး တုတ္တုတ္ခိုင္ခုိင္ေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ ဆယ္ေက်ာ္သက္ေလးပါ။ ေက်ာင္းသူေလး သူ႔မွာ ေက်ာင္းစာထက္ပိုၿပီး စိတ္ဝင္စားရတဲ့ အရာႏွစ္ခု႐ွိပါတယ္။ တစ္ခုက သူတို႔ ၿမိဳ႕ရဲ႕ တီဗီအစီအစဥ္ျဖစ္တဲ့ The Corny Collins Show ဆိုတဲ့ ဆယ္ေက်ာ္သက္ေလးေတြရဲ႕ အကအစီအစဥ္ျဖစ္ပါတယ္။ ေက်ာင္းဆင္းခ်ိန္တိုင္း အဲ့ဒီအစီအစဥ္ကိုၾကည့္ၿပီး သူငယ္ခ်င္း ပန္နီနဲ႔အတူ မေမာတမ္း လိုက္ကေနတတ္သူပါ။ ေနာက္တစ္ခုက သူ႔ရဲ႕ ခရပ္ရွပ္ျဖစ္တဲ့ လင့္ခ္ ဆိုတဲ့ အတန္းထဲက လူေခ်ာေလးေပါ့။ လင့္ခ္ နဲ႔ သူ႔ခ်စ္သူ အမ္ဘာ တို႔ဟာ The Corny Collins Show ရဲ႕ အဖြဲ႔ဝင္ေတြလည္း ျဖစ္ပါတယ္။

တစ္ေန႔ေတာ့ ထေရစီအတြက္ The Corny Collins Show ထဲ ပါဝင္ႏို္င္ဖုိ႔ အခြင့္အလမ္းတစ္ခုေပၚလာပါတယ္။ အဲဒါကေတာ့ အဖြဲ႔ဝင္တစ္ဦးႏႈတ္ထြက္ေတာ့မွာမုိ႔ လူသစ္ေလွ်ာက္ထားႏုိင္မယ္လုိ႔ ေၾကညာခ်က္ထြက္လာတာပါ။ အဲဒီေနရာအတြက္ ဝင္ေရာက္ေလွ်ာက္ထားမယ္လုိ႔ဆံုးျဖတ္လိုက္တဲ့အခါ သူ႔အေမက လံုးဝကန္႔ကြက္ပါတယ္။ အေၾကာင္းအရင္းက ထေရစီရဲ႕ ခႏၶာကိုယ္ေၾကာင့္ အေရြးခ်ယ္မခံရခဲ့ရင္ ထေရစီေလး စိတ္ဆင္းရဲရမွာစိုးလို႔ပါ။ ထေရစီ့အေမကိုယ္တုိင္လည္း လက္ထပ္ၿပီးတဲ့ေနာက္ ဝ လာတာမို႔ အိမ္ထဲကေနအိမ္ျပင္မထြက္တာ ႏွစ္ေပါင္းမ်ားစြာၾကာပါၿပီ။ ဆံုးျဖတ္ခ်က္ခိုင္မာတဲ့ ထေရစီကေတာ့ သူဝါသနာပါရာကို ဘာေတြပဲအတားအဆီးေတြ႐ွိပါေစ လုပ္မယ္လို႔ ရည္ရြယ္ထားၿပီးသားပါ.. ဒီေနာက္မွာေတာ့….

ထေရစီအတြက္ သူမရဲ႕ ဝါသနာပါရာျဖစ္ခြင့္ရဖုိ႔ သူ႔ရဲ႕ ကိုယ္ခႏၶာကအတားအဆီးတကယ္ျဖစ္မွာလား ….

လူေခ်ာေလး လင့္ခ္ နဲ႔ေရာ ဘယ္လို ရင္ဆိုင္ၾကရမလဲ…

ဒါေတြကို သိခ်င္ရင္ေတာ့ ၂၀၀၇ ခုႏွစ္က ထြက္႐ွိလာတဲ့ Hair Spray ရုပ္ရွင္ကိုၾကည့္ႏိုင္ပါတယ္လို႔ ညႊန္းဆိုလုိက္ပါရေစ။

Related Article >>> ဘဝအေမာေတြ ေျပေပ်ာက္ေစမယ့္ ထိုင္းရုပ္ရွင္ကားေလး (၂)ကား

ေနာက္ထပ္တစ္ကားကေတာ့ I Feel Pretty ဆိုတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားကလည္း ဟာသ ဇာတ္ျမဴးကားဆိုေပမဲ့ အေပၚကကားနဲ႔ ကြာတာေလးက လူႀကီး႐ုပ္႐ွင္ကားမုိ႔ ေယာင္းတို႔ ၁၈ေယာက္စုၿပီးမွ ၾကည့္လို႔ရတဲ့အခန္းေတြပါပါတယ္လို႔ 😛

ကဲ ဇာတ္လမ္းစၿပီေနာ္ …

ရီေနး ဟာ နာမည္ေက်ာ္ အလွကုမၸဏီတစ္ခုရဲ႕ မထင္မရွား႐ံုးခြဲေလးမွာ အလုပ္လုပ္ေနရသူပါ။ ထြားက်ိဳင္းတုတ္ခိုင္တဲ့ သူ႔ခႏၶာကိုယ္ေၾကာင့္ ငါမလွဘူးဆိုတဲ့ အစြဲေလးနဲ႔ သိမ္ငယ္ေန႐ွာသူေလးေပါ့။ မိန္းကေလး သြယ္သြယ္လ်လ်ေလးေတြ ေတြ႔ရင္လည္း အရမ္းအားက်တတ္ပါတယ္။ တစ္ေန႔ေတာ့ သူ႔ကုမၸဏီ႐ံုးခ်ဳပ္ကို ကိစၥတစ္ခုနဲ႔သြားရင္း ႐ံုးခ်ဳပ္ရဲ႕ဧည့္ႀကိဳေကာင္တာမွာ လူေခၚဖုိ႔႐ွိေၾကာင္းသိလုိက္ရပါတယ္။ ဧည့္ႀကိဳရာထူးဆိုေပမဲ့ ကုမၸဏီႀကီးမုိ႔ တက္လမ္းအမ်ားႀကီး႐ွိတာေၾကာင့္ လုပ္ခ်င္သူေတြက အမ်ားႀကီးေပ့ါ။

ကုမၸဏီကလည္း သူ႔တုိ႔ကုမၸဏီပံုရိပ္တက္ေစတဲ့ေနရာမို႔ ေခ်ာေပ့၊ လွေပ့ဆုိတဲ့အမ်ိဳးသမီးငယ္ေလးေတြကို ခန္႔တာပါ။ ရီေနးဟာ အဲဒီရာထူးကို အသည္းအသန္ေလွ်ာက္ခ်င္သလုိ လိုအပ္တဲ့အရည္အခ်င္းကလည္း သူနဲ႔ အကုန္ကိုက္ညီေနပါတယ္။ တစ္ခ်က္ကလြဲရင္ေပါ့။ ေခ်ာေမာလွပသူျဖစ္ရမည္ ဆုိတဲ့အခ်က္ကိုေတာ့ သူနဲ႔မကိုက္ညီဘူးလုိ႔ သူ႔ဘာသာထင္ေနပါေတာ့တယ္။ အဲဒီေတာ့ ရုပ္ရွင္ကားေတြထဲကလို ေမွာ္ဆန္တဲ့ အရာတစ္ခုခုက သူမကိုယ္ခႏၶာနဲ႔ ႐ုပ္ရည္ကိုေျပာင္းလဲေပးႏိုင္ပါေစလုိ႔ ဆုေတာင္းပါေတာ့တယ္။

တကယ္ေတာ့ ေမွာ္ဆန္တဲ့အရာက ျဖစ္မလာပါဘူး… တကယ္ျဖစ္လာတာက လွခ်င္ေဇာနဲ႔ Gym ေဆာ့့ရင္း ရီေနးတစ္ေယာက္ ေခါင္းထိၿပီး သတိေမ့သြားတာပါ။ သတိျပန္ရလာေတာ့ ရီေနး ဟာ ဆိုက္ကို တစ္ခုဝင္သြားပါတယ္။ သူ႔ ခႏၶာကိုယ္ဟာ အမိုက္စားျဖစ္သြားၿပီ သူအရမ္းလွသြားၿပီဆိုၿပီး ယံုၾကည္သြားပါတယ္။ မွန္ၾကည့္တုိင္းလည္း သူ႔ကိုယ္သူ ေက်နပ္လို႔ ေနပါေတာ့တယ္။ သူထင္တာက သူေမွ်ာ္လင့္ထားတဲ့ ေမွာ္ဆန္တဲ့ အရာ တကယ္ျဖစ္လာတယ္ေပါ့။ သူ႔ခႏၶာကိုယ္ေျပာင္းလဲသြားတယ္ေပါ့။ တကယ္က ေျပာင္းလဲတာက သူ႔ အသြင္အျပင္အေပၚ သူထားတဲ့ အျမင္ပါပဲ။

Related Article >>> ဘယ္အခ်ိန္ၾကည့္ၾကည့္ တေသာေသာရယ္ေနေစရမယ့္ ဟာသရုပ္ရွင္ (၃) ကား

သူ႔အလွသူ ယံုၾကည္မႈ႐ွိသြားတဲ့ ရီေနး အဲဒီကစၿပီး ဘာမဆို ယံုၾကည္ခ်က္အျပည့္နဲ႔ လုပ္သလို လုပ္တုိင္းလည္း ျဖစ္ေတာ့တာပါပဲ။

သူလုပ္သမွ်ျဖစ္ေနတာ သူထင္ေနသလို လွပတဲ့ သူ႔ပံုစံေၾကာင့္လား?

ဒါမွမဟုတ္ ဘာအေၾကာင္းေၾကာင့္မ်ားလဲ?

ကဲ ေယာင္းတို႔လည္း ဒီရုပ္ရွင္ကားေလးေတြကိုၾကည့္ၿပီး တကယ့္ အလွစစ္ဆိုတာ ဘာလဲ သိႏိုင္ၾကပါေစကြယ္…

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဒီဇာတ်ကားတွေကြည့်ပြီးရင် ဝိတ်ချဖို့ တွေးမိတော့မှာ မဟုတ်ဘူးနော် 😎😎

ဒီတစ်ခေါက်ရုပ်ရှင်အညွှန်းကဏ္ဍမှာ အက်ဒ်မင်က ပေါ့ပေါ့ပါးပါးဟာသ ဒရာမာဇာတ်ကားလေးနှစ်ကားကို ညွှန်းပေးမယ်နော်။ ပေါ့ပေါ့ပါးပါး ဟာသကားဆိုပေမဲ့ ကြည့်ရှုသူတွေ ဘဝအမောပြေစေရုံတင်မကဘဲ လေးနက်တဲ့ အသိတရားလေးတွေကိုပါ ပေးနိုင်တာမို့ ညွှန်းပေးချင်တာပါနော်…

ပထမကားကတော့ Hair Spray လို့ အမည်ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားက ထွက်ခဲ့တာတော့ ကြာပါပြီ။ ၂၀၀၇ ခုနှစ်ကတည်းကဆိုတော့ ဆယ်နှစ်ကျော်ကြာပြီပေါ့နော်။ ဒါပေမဲ့ အခုထိတောင် မရိုးနိုင်သေးတဲ့ ကားကောင်းတစ်ကား ဖြစ်နေဆဲပါ။ သူက အဆိုအကတွေပါတဲ့ Musical ကားဖြစ်ပြီး ဇာတ်ကားတင်မက သူ့ထဲကသီချင်းတွေတောင် အောင်မြင်ခဲ့တာပါ။ အဲဒီထဲက သီချင်းတစ်ပုဒ်ကတော့ ယောင်းတို့လည်း ကြားဖူးမှာပါ။ သီချင်းနာမည်က I can hear the bell တဲ့… မူရင်းသီချင်းကို မသိဘူးဆိုရင်တောင် ဝိုင်းစုခိုင်သိန်းရဲ့ “ဆည်းလည်းသံလေးများလို” ဆိုတဲ့ သီချင်းကိုတော့ သိနေကြမှာပဲလေ.. ဒီသီချင်းနဲ့ ဆည်းလည်းသံလေးများလို သီချင်းက သံစဉ်တူတူပဲဖြစ်ပြီး စာသားကလည်း ၈၀%လောက် တူနေတာကိုး 😀 သြော် နောက်တစ်ခုက ပျိုမေတွေ အသည်းစွဲမင်းသားလေး Zac Efron (Highschool Musical မင်းသား) လည်း ပါဝင်တာမို့ ငယ်ဘဝ အလွမ်းပြေပေါ့ ယောင်းတို့ရယ်…

ဇာတ်လမ်းအကျဉ်းကတော့ ထရေစီဆိုတဲ့ ကောင်မလေးက ပြည့်ပြည့်ဖောင်းဖောင်းလေး တုတ်တုတ်ခိုင်ခိုင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်လေးပါ။ ကျောင်းသူလေး သူ့မှာ ကျောင်းစာထက်ပိုပြီး စိတ်ဝင်စားရတဲ့ အရာနှစ်ခုရှိပါတယ်။ တစ်ခုက သူတို့ မြို့ရဲ့ တီဗီအစီအစဉ်ဖြစ်တဲ့ The Corny Collins Show ဆိုတဲ့ ဆယ်ကျော်သက်လေးတွေရဲ့ အကအစီအစဉ်ဖြစ်ပါတယ်။ ကျောင်းဆင်းချိန်တိုင်း အဲ့ဒီအစီအစဉ်ကိုကြည့်ပြီး သူငယ်ချင်း ပန်နီနဲ့အတူ မမောတမ်း လိုက်ကနေတတ်သူပါ။ နောက်တစ်ခုက သူ့ရဲ့ ခရပ်ရှပ်ဖြစ်တဲ့ လင့်ခ် ဆိုတဲ့ အတန်းထဲက လူချောလေးပေါ့။ လင့်ခ် နဲ့ သူ့ချစ်သူ အမ်ဘာ တို့ဟာ The Corny Collins Show ရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

တစ်နေ့တော့ ထရေစီအတွက် The Corny Collins Show ထဲ ပါဝင်နိုင်ဖို့ အခွင့်အလမ်းတစ်ခုပေါ်လာပါတယ်။ အဲဒါကတော့ အဖွဲ့ဝင်တစ်ဦးနှုတ်ထွက်တော့မှာမို့ လူသစ်လျှောက်ထားနိုင်မယ်လို့ ကြေညာချက်ထွက်လာတာပါ။ အဲဒီနေရာအတွက် ဝင်ရောက်လျှောက်ထားမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါ သူ့အမေက လုံးဝကန့်ကွက်ပါတယ်။ အကြောင်းအရင်းက ထရေစီရဲ့ ခန္ဓာကိုယ်ကြောင့် အရွေးချယ်မခံရခဲ့ရင် ထရေစီလေး စိတ်ဆင်းရဲရမှာစိုးလို့ပါ။ ထရေစီ့အမေကိုယ်တိုင်လည်း လက်ထပ်ပြီးတဲ့နောက် ဝ လာတာမို့ အိမ်ထဲကနေအိမ်ပြင်မထွက်တာ နှစ်ပေါင်းများစွာကြာပါပြီ။ ဆုံးဖြတ်ချက်ခိုင်မာတဲ့ ထရေစီကတော့ သူဝါသနာပါရာကို ဘာတွေပဲအတားအဆီးတွေရှိပါစေ လုပ်မယ်လို့ ရည်ရွယ်ထားပြီးသားပါ.. ဒီနောက်မှာတော့….

ထရေစီအတွက် သူမရဲ့ ဝါသနာပါရာဖြစ်ခွင့်ရဖို့ သူ့ရဲ့ ကိုယ်ခန္ဓာကအတားအဆီးတကယ်ဖြစ်မှာလား ….

လူချောလေး လင့်ခ် နဲ့ရော ဘယ်လို ရင်ဆိုင်ကြရမလဲ…

ဒါတွေကို သိချင်ရင်တော့ ၂၀၀၇ ခုနှစ်က ထွက်ရှိလာတဲ့ Hair Spray ရုပ်ရှင်ကိုကြည့်နိုင်ပါတယ်လို့ ညွှန်းဆိုလိုက်ပါရစေ။

Related Article >>> ဘဝအမောတွေ ပြေပျောက်စေမယ့် ထိုင်းရုပ်ရှင်ကားလေး (၂)ကား

နောက်ထပ်တစ်ကားကတော့ I Feel Pretty ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ဟာသ ဇာတ်မြူးကားဆိုပေမဲ့ အပေါ်ကကားနဲ့ ကွာတာလေးက လူကြီးရုပ်ရှင်ကားမို့ ယောင်းတို့ ၁၈ယောက်စုပြီးမှ ကြည့်လို့ရတဲ့အခန်းတွေပါပါတယ်လို့ 😛

ကဲ ဇာတ်လမ်းစပြီနော် …

ရီနေး ဟာ နာမည်ကျော် အလှကုမ္ပဏီတစ်ခုရဲ့ မထင်မရှားရုံးခွဲလေးမှာ အလုပ်လုပ်နေရသူပါ။ ထွားကျိုင်းတုတ်ခိုင်တဲ့ သူ့ခန္ဓာကိုယ်ကြောင့် ငါမလှဘူးဆိုတဲ့ အစွဲလေးနဲ့ သိမ်ငယ်နေရှာသူလေးပေါ့။ မိန်းကလေး သွယ်သွယ်လျလျလေးတွေ တွေ့ရင်လည်း အရမ်းအားကျတတ်ပါတယ်။ တစ်နေ့တော့ သူ့ကုမ္ပဏီရုံးချုပ်ကို ကိစ္စတစ်ခုနဲ့သွားရင်း ရုံးချုပ်ရဲ့ဧည့်ကြိုကောင်တာမှာ လူခေါ်ဖို့ရှိကြောင်းသိလိုက်ရပါတယ်။ ဧည့်ကြိုရာထူးဆိုပေမဲ့ ကုမ္ပဏီကြီးမို့ တက်လမ်းအများကြီးရှိတာကြောင့် လုပ်ချင်သူတွေက အများကြီးပေ့ါ။

ကုမ္ပဏီကလည်း သူ့တို့ကုမ္ပဏီပုံရိပ်တက်စေတဲ့နေရာမို့ ချောပေ့၊ လှပေ့ဆိုတဲ့အမျိုးသမီးငယ်လေးတွေကို ခန့်တာပါ။ ရီနေးဟာ အဲဒီရာထူးကို အသည်းအသန်လျှောက်ချင်သလို လိုအပ်တဲ့အရည်အချင်းကလည်း သူနဲ့ အကုန်ကိုက်ညီနေပါတယ်။ တစ်ချက်ကလွဲရင်ပေါ့။ ချောမောလှပသူဖြစ်ရမည် ဆိုတဲ့အချက်ကိုတော့ သူနဲ့မကိုက်ညီဘူးလို့ သူ့ဘာသာထင်နေပါတော့တယ်။ အဲဒီတော့ ရုပ်ရှင်ကားတွေထဲကလို မှော်ဆန်တဲ့ အရာတစ်ခုခုက သူမကိုယ်ခန္ဓာနဲ့ ရုပ်ရည်ကိုပြောင်းလဲပေးနိုင်ပါစေလို့ ဆုတောင်းပါတော့တယ်။

တကယ်တော့ မှော်ဆန်တဲ့အရာက ဖြစ်မလာပါဘူး… တကယ်ဖြစ်လာတာက လှချင်ဇောနဲ့ Gym ဆော့ရင်း ရီနေးတစ်ယောက် ခေါင်းထိပြီး သတိမေ့သွားတာပါ။ သတိပြန်ရလာတော့ ရီနေး ဟာ ဆိုက်ကို တစ်ခုဝင်သွားပါတယ်။ သူ့ ခန္ဓာကိုယ်ဟာ အမိုက်စားဖြစ်သွားပြီ သူအရမ်းလှသွားပြီဆိုပြီး ယုံကြည်သွားပါတယ်။ မှန်ကြည့်တိုင်းလည်း သူ့ကိုယ်သူ ကျေနပ်လို့ နေပါတော့တယ်။ သူထင်တာက သူမျှော်လင့်ထားတဲ့ မှော်ဆန်တဲ့ အရာ တကယ်ဖြစ်လာတယ်ပေါ့။ သူ့ခန္ဓာကိုယ်ပြောင်းလဲသွားတယ်ပေါ့။ တကယ်က ပြောင်းလဲတာက သူ့ အသွင်အပြင်အပေါ် သူထားတဲ့ အမြင်ပါပဲ။

Related Article >>> ဘယ်အချိန်ကြည့်ကြည့် တသောသောရယ်နေစေရမယ့် ဟာသရုပ်ရှင် (၃) ကား

သူ့အလှသူ ယုံကြည်မှုရှိသွားတဲ့ ရီနေး အဲဒီကစပြီး ဘာမဆို ယုံကြည်ချက်အပြည့်နဲ့ လုပ်သလို လုပ်တိုင်းလည်း ဖြစ်တော့တာပါပဲ။

သူလုပ်သမျှဖြစ်နေတာ သူထင်နေသလို လှပတဲ့ သူ့ပုံစံကြောင့်လား?

ဒါမှမဟုတ် ဘာအကြောင်းကြောင့်များလဲ?

ကဲ ယောင်းတို့လည်း ဒီရုပ်ရှင်ကားလေးတွေကိုကြည့်ပြီး တကယ့် အလှစစ်ဆိုတာ ဘာလဲ သိနိုင်ကြပါစေကွယ်…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *