Horror Movie Reviews

“မဟူရာရုပ္ရွင္ရုံ” ဇာတ္ကားက သြားၾကည့္ဖို႔ ထိုက္တန္တဲ့ ရုပ္ရွင္တစ္ကားလား ?

သတိ … ေၾကာက္တတ္သူမ်ား မၾကည့္ရ

ေယာင္းတို႔ေရ … ဒီတစ္ပတ္ထဲမွာ Avengers : End Game နဲ႔အတူ လူအမ်ား စိတ္ဝင္စားတာ ခံေနရတဲ့ ျမန္မာရုပ္ရွင္ကားတစ္ကားရွိပါတယ္။ အဲဒါကေတာ့ “မဟူရာရုပ္ရွင္ရုံ” ပါ။ အမွန္တိုင္းေျပာရရင္ Stella က သရဲအင္မတန္မွေၾကာက္သူပါ။ ဒါေပမဲ့ မည္သို႔မည္ပံုံျဖစ္သြားသည္မသိ … ရုပ္ရွင္ရုံထဲမွာ သရဲေျခာက္တဲ့အျဖစ္အပ်က္ကို ရုပ္ရွင္ရုံထဲမွာ ၾကည့္ရေတာ့မယ္လို႔ ေဖ့ဘုတ္ေပၚမွာ ေတြ႔လိုက္တည္းက Stella ကို ဒီရုပ္ရွင္က ဆြဲေဆာင္ႏိုင္သြားတာပဲ။ ဒီေတာ့့ ရုံတင္တဲ့ေန႔မွာပဲ ႀကိဳတင္လက္မွတ္ဝယ္ၿပီး အရဲစြန္႔သြားၾကည့္ျဖစ္ခဲ့သည္ေပါ့။

ဒါရိုက္တာ ျပည့္ေဇာ္ၿဖိဳးက ရိုက္ကူးထားၿပီး သရုပ္ေဆာင္ေတြအေနနဲ႔ အကယ္ဒမီ ေနတိုး၊ မင္းေသြး ေက်ာ္ေက်ာ္ဗိုလ္Riya Ray နဲ႔ နန္းဆုဦးတို႔က ပါဝင္ထားပါတယ္။

Related Article >>> သဘာဝတရားကို ဆန္႔က်င္ေနတဲ့ ျဖစ္စဥ္နဲ႔ လူေတြအေၾကာင္း စိတ္ဝင္စားစရာ ရိုက္ကူးထားတဲ့ ရုပ္ရွင္ (၂)ကား

ဇာတ္လမ္းအက်ဥ္းကေတာ့ ဉာဏ္လင္းေအာင္၊ ရဲသီဟ၊ ေက်ာ္စြာ နဲ႔ ရတီတို႔ သူငယ္ခ်င္းေလးေယာက္က သူတို႔စီစဥ္ထားတဲ့ ရုပ္ရွင္ပြဲေတာ္က်င္းပဖို႔အတြက္ ၿမိဳ႕ငယ္ေလးတစ္ခုရဲ႕အစြန္အဖ်ားက ရုပ္ရွင္ရုံအေဟာင္းႀကီးကို ငွားလိုက္မိတာကေန ဇာတ္လမ္းစပါတယ္။ ဒီရုံအေဟာင္းႀကီးမွာ ဘယ္လိုသမိုင္းေၾကာင္းေတြ ရွိခဲ့လဲဆိုတာေတာ့ ေလးေယာက္လံုး သတိမျပဳမိခဲ့ၾကပါဘူး။

ရုပ္ရွင္ပြဲေတာ္အတြက္ ရန္ပံုေငြေထာက္ပံ့ေပးမယ့္ NGO အဖြဲ႔အစည္းက ႏိုင္ငံျခားသူ Riya ကလည္း အကူအညီေပးဖို႔ဆိုၿပီး ေရာက္လာၿပီးတဲ့ေနာက္… မၾကာပါဘူး … ထူးဆန္းတဲ့အျဖစ္အပ်က္ေတြ ဆက္တိုက္ဆိုသလို ျဖစ္လာၿပီး ရုံထဲမွာရွိေနတဲ့ ပရေလာကသားေတြ ေျခာက္လွန္႔တာကို ခံရေတာ့တာပဲ။

ဒါဆို ရုပ္ရွင္ရုံေဟာင္းႀကီးမွာ ဘယ္လိုသမိုင္းေၾကာင္းေတြရွိခဲ့တာလဲ ?

ဒီငါးေယာက္ကေကာ ေသြးပ်က္ေအာင္ ေျခာက္လွန္႔ေနတာေတြဆီက လြတ္ေျမာက္ႏိုင္မွာလား ?

ပရေလာကသားေတြကို ရုံေဟာင္းႀကီးကေန ထြက္မသြားေအာင္ ခ်ဳပ္ေႏွာင္ထားတဲ့အရာေတြက ဘာေတြလဲ ?

ဒီေမးခြန္းေတြရဲ႕ အေျဖေတြကို သိခ်င္တယ္ဆိုရင္တာ့ “မဟူရာရုပ္ရွင္ရုံ” ဇာတ္ကားႀကီးကို အျမန္ဆံုးသြားၾကည့္လိုက္ပါလို႔..

Related Article >>> သမီးရည္းစား၊ လင္မယားၾကားက ခ်စ္ျခင္းေမတၱာကို အျပည့္အဝ ေဖာ္က်ဴးျပထားတဲ့ ရုပ္ရွင္ကားေကာင္း (၃) ကား

Stella ရဲ႕ အေတြ႔အႀကံဳကို ေျပာရမယ္ဆိုရင္ေတာ့ျဖင့္ အရင္ဆံုးသတိထားမိတာက ရုံထဲမွာ ေနရာလပ္မက်န္ေအာင္ လူအျပည့္ျဖစ္ေနျခင္းပါပဲ။

ရုပ္ရွင္ၾကည့္ေတာ့လည္း ရုပ္ရွင္ရဲ႕ကြာလတီ၊ အသံစနစ္ေတြက ေက်နပ္စရာပါ။

သရုပ္ေဆာင္ေတြအေနနဲ႔လည္း ဟာကြက္မရွိသရုပ္ေဆာင္ထားႏိုင္တယ္လို႔ ျမင္ပါတယ္။ မင္းေသြးရဲ႕ သရုပ္ေဆာင္ခ်က္ေလးေတြ ေတြ႔ေတာ့လည္း ႏွေျမာတသျဖစ္ရေသးတယ္ :'(

သရဲေျခာက္တဲ့အခန္းေတာ့ Stella က တစိမ္စိမ့္ေျခာက္မယ္ထင္ခဲ့ေပမဲ့ မထင္မွတ္တဲ့့ေနရာေတြကေန ျဗဴးကနဲၿဗဲခနဲေပၚလာၿပီး ခပ္ၾကမ္းၾကမ္းေျခာက္တာေတြေၾကာင့္ လက္ထဲကမုန္႔ထုတ္လြတ္က်တဲ့အထိ လန္႔ခဲ့ရတာမို႔ မေပ်ာ္ပါဘူးေနာ္ :’)

“မဟူရာရုပ္ရွင္ရုံ” ဇာတ္ကားက ႏိုင္ငံတကာရုပ္ရွင္ပြဲေတာ္ႏွစ္ခုမွာ သြားေရာက္ျပသဖို႔ ေရြးခ်ယ္ျခင္းခံထားရတယ္လို႔ သိရပါတယ္။ ဒါရိုက္တာေရာ၊ သရုပ္ေဆာင္ေတြေရာ၊ ရုပ္ရွင္အဖြဲ႔သားေတြပါ ေတာ္ေတာ္ေလးႀကိဳးစားထားမွန္း သိသာတဲ့ ရုပ္ရွင္ကားတစ္ကားမို႔ Stella ကေတာ့ သြားၾကည့္သင့္တယ္လို႔ တိုက္တြန္းခ်င္ပါတယ္ ေယာင္းတို႔ေရ…

Stella (For Her Myanmar)

<<< Unicode >>>

သတိ … ကြောက်တတ်သူများ မကြည့်ရ

ယောင်းတို့ရေ … ဒီတစ်ပတ်ထဲမှာ Avengers : End Game နဲ့အတူ လူအများ စိတ်ဝင်စားတာ ခံနေရတဲ့ မြန်မာရုပ်ရှင်ကားတစ်ကားရှိပါတယ်။ အဲဒါကတော့ “မဟူရာရုပ်ရှင်ရုံ” ပါ။ အမှန်တိုင်းပြောရရင် Stella က သရဲအင်မတန်မှကြောက်သူပါ။ ဒါပေမဲ့ မည်သို့မည်ပုံံဖြစ်သွားသည်မသိ … ရုပ်ရှင်ရုံထဲမှာ သရဲခြောက်တဲ့အဖြစ်အပျက်ကို ရုပ်ရှင်ရုံထဲမှာ ကြည့်ရတော့မယ်လို့ ဖေ့ဘုတ်ပေါ်မှာ တွေ့လိုက်တည်းက Stella ကို ဒီရုပ်ရှင်က ဆွဲဆောင်နိုင်သွားတာပဲ။ ဒီတော့ ရုံတင်တဲ့နေ့မှာပဲ ကြိုတင်လက်မှတ်ဝယ်ပြီး အရဲစွန့်သွားကြည့်ဖြစ်ခဲ့သည်ပေါ့။

ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ မင်းသွေး ကျော်ကျော်ဗိုလ်Riya Ray နဲ့ နန်းဆုဦးတို့က ပါဝင်ထားပါတယ်။

Related Article >>> သဘာဝတရားကို ဆန့်ကျင်နေတဲ့ ဖြစ်စဉ်နဲ့ လူတွေအကြောင်း စိတ်ဝင်စားစရာ ရိုက်ကူးထားတဲ့ ရုပ်ရှင် (၂)ကား

ဇာတ်လမ်းအကျဉ်းကတော့ ဉာဏ်လင်းအောင်၊ ရဲသီဟ၊ ကျော်စွာ နဲ့ ရတီတို့ သူငယ်ချင်းလေးယောက်က သူတို့စီစဉ်ထားတဲ့ ရုပ်ရှင်ပွဲတော်ကျင်းပဖို့အတွက် မြို့ငယ်လေးတစ်ခုရဲ့အစွန်အဖျားက ရုပ်ရှင်ရုံအဟောင်းကြီးကို ငှားလိုက်မိတာကနေ ဇာတ်လမ်းစပါတယ်။ ဒီရုံအဟောင်းကြီးမှာ ဘယ်လိုသမိုင်းကြောင်းတွေ ရှိခဲ့လဲဆိုတာတော့ လေးယောက်လုံး သတိမပြုမိခဲ့ကြပါဘူး။

ရုပ်ရှင်ပွဲတော်အတွက် ရန်ပုံငွေထောက်ပံ့ပေးမယ့် NGO အဖွဲ့အစည်းက နိုင်ငံခြားသူ Riya ကလည်း အကူအညီပေးဖို့ဆိုပြီး ရောက်လာပြီးတဲ့နောက်… မကြာပါဘူး … ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး ရုံထဲမှာရှိနေတဲ့ ပရလောကသားတွေ ခြောက်လှန့်တာကို ခံရတော့တာပဲ။

ဒါဆို ရုပ်ရှင်ရုံဟောင်းကြီးမှာ ဘယ်လိုသမိုင်းကြောင်းတွေရှိခဲ့တာလဲ ?

ဒီငါးယောက်ကကော သွေးပျက်အောင် ခြောက်လှန့်နေတာတွေဆီက လွတ်မြောက်နိုင်မှာလား ?

ပရလောကသားတွေကို ရုံဟောင်းကြီးကနေ ထွက်မသွားအောင် ချုပ်နှောင်ထားတဲ့အရာတွေက ဘာတွေလဲ ?

ဒီမေးခွန်းတွေရဲ့ အဖြေတွေကို သိချင်တယ်ဆိုရင်တာ့ “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကားကြီးကို အမြန်ဆုံးသွားကြည့်လိုက်ပါလို့..

Related Article >>> သမီးရည်းစား၊ လင်မယားကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝ ဖော်ကျူးပြထားတဲ့ ရုပ်ရှင်ကားကောင်း (၃) ကား

Stella ရဲ့ အတွေ့အကြုံကို ပြောရမယ်ဆိုရင်တော့ဖြင့် အရင်ဆုံးသတိထားမိတာက ရုံထဲမှာ နေရာလပ်မကျန်အောင် လူအပြည့်ဖြစ်နေခြင်းပါပဲ။

ရုပ်ရှင်ကြည့်တော့လည်း ရုပ်ရှင်ရဲ့ကွာလတီ၊ အသံစနစ်တွေက ကျေနပ်စရာပါ။

သရုပ်ဆောင်တွေအနေနဲ့လည်း ဟာကွက်မရှိသရုပ်ဆောင်ထားနိုင်တယ်လို့ မြင်ပါတယ်။ မင်းသွေးရဲ့ သရုပ်ဆောင်ချက်လေးတွေ တွေ့တော့လည်း နှမြောတသဖြစ်ရသေးတယ် :'(

သရဲခြောက်တဲ့အခန်းတော့ Stella က တစိမ်စိမ့်ခြောက်မယ်ထင်ခဲ့ပေမဲ့ မထင်မှတ်တဲ့နေရာတွေကနေ ဗြူးကနဲဗြဲခနဲပေါ်လာပြီး ခပ်ကြမ်းကြမ်းခြောက်တာတွေကြောင့် လက်ထဲကမုန့်ထုတ်လွတ်ကျတဲ့အထိ လန့်ခဲ့ရတာမို့ မပျော်ပါဘူးနော် :’)

“မဟူရာရုပ်ရှင်ရုံ” ဇာတ်ကားက နိုင်ငံတကာရုပ်ရှင်ပွဲတော်နှစ်ခုမှာ သွားရောက်ပြသဖို့ ရွေးချယ်ခြင်းခံထားရတယ်လို့ သိရပါတယ်။ ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော၊ ရုပ်ရှင်အဖွဲ့သားတွေပါ တော်တော်လေးကြိုးစားထားမှန်း သိသာတဲ့ ရုပ်ရှင်ကားတစ်ကားမို့ Stella ကတော့ သွားကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ် ယောင်းတို့ရေ…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *