Movie Review Movie Reviews

လက္ေတြ႕ဆန္လြန္းတဲ့ ရိုမန္႔စ္ ရုပ္ရွင္ကား (၃)ကား

အမွန္ေတာ႔ ရုပ္ရွင္(၃)ကားလို႔သာ ဆိုတယ္၊ တကယ္က တစ္ကားတည္းရယ္… ရႈပ္သြားၿပီလားဟင္ 😛 😛 

ဒီတစ္ခါေတာ႔ ေယာင္းတို႔ကို ဝင္ဒီက တကယ္ကို ၾကည့္လို႔တန္တဲ႔ ရုပ္ရွင္ ၃ကား နဲ႔ မိတ္ဆက္ေပးမယ္။ (အမွန္ေတာ႔ ရုပ္ရွင္သံုးကားလို႔သာ ဆိုတယ္၊ တကယ္က တစ္ကားတည္း၊ တစ္ကားတည္းကိုမွ အဆက္နဲ႔ဆိုေတာ႔ ၃ကားျဖစ္သြားတာ။ Trilogy ေပါ့။ အင္း… ဒီသံုးကားတြဲရဲ႕ နာမည္က Before Trilogy တဲ႔။ ) ဇာတ္ကားေတြကေတာ့.. Before SunriseBefore Sunset နဲ႔ Before Midnight

အဲ့ကားရဲ႕ ထူးျခားခ်က္ကေလ Before Sunrise ၿပီးေတာ႔ Before Sunset ကို ဆယ္ႏွစ္နီးပါးၾကာမွ ရုံတင္တာ။ Before Sunset ၿပီးေတာ႔လည္း ဆယ္ႏွစ္နီးနီးပါး ၾကာၿပီးမွ Before Midnight ကို ရုံတင္တာ။ ဒါ့အျပင္ ဇာတ္ေကာင္ေတြကလည္း မေျပာင္းသြားဘူး။ ဒါကလည္း ဒီဇာတ္လမ္းကို ပိုၿပီး reality ဆန္ေစတယ္လို႔ ျမင္တာေပါ့ေနာ္။

သံုးကားလံုးအေၾကာင္းကို ေျပာမွာဆိုေတာ႔ Spoiler ေပါ့ေနာ္။ ဒါေပမဲ႔ Before trilogy ဟာ ဘယ္ေလာက္ပဲ Spoil လုပ္လုပ္၊ သူ႔ရဲ႕အႏွစ္သာရကို ပ်က္သြားေစမွာ မဟုတ္ပါဘူး။ ဒါက သူ႔ရဲ႕ ထူးျခားခ်က္ပါပဲ။ ဘာလို႔ဆို ဒီကားရဲ႕ တကယ္႔ အႏွစ္က ဇာတ္ကြက္ေတြမွာ ရွိတာမဟုတ္ဘူး၊ ဇာတ္ေကာင္ ၂ေယာက္ေျပာတဲ႔ စကားတစ္လံုးစီ၊ သူတို႔၂ေယာက္ရဲ႕ အၾကည့္၊ အမူအရာေတြမွာ ရွိတာကိုး…

Before Sunrise

၁၉၅၅ ခုႏွစ္က ဒီဇာတ္လမ္းေလးကို ဂ်ာမနီႏိုင္ငံ၊ ဗီယင္နာၿမိဳ႕ကို သြားတဲ႔ ရထားေပၚမွာ စထားပါတယ္။ အဲ႔ရထားေပၚမွာပဲ ဂ်ာမန္လင္မယားႏွစ္ေယာက္က ေအာ္ႀကီးဟစ္က်ယ္နဲ႔ ရန္ျဖစ္ေနၾကတယ္။ ဒါက  ျပင္သစ္မေလး Celine နဲ႔ အေမရိကန္ေကာင္ေလး Jesse ကို ဆံုေတြ႔ေစတဲ႔ အေၾကာင္းရင္းပဲ။

ရန္ျဖစ္သံေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္သြားတဲ႔ Celine က Jesse ရဲ႕မ်က္ေစာင္းထိုး ခံုမွာ သြားထုိင္ရာကေန ၂ေယာက္က မ်က္မွန္းတန္းမိသြားၿပီး စကားစျမည္ေျပာျဖစ္ခဲ႔တယ္။ ရထားေပၚမွာ စကားေဖာင္ဖြဲ႔ရင္းကေန ရထားက Jesse ဆင္းရမယ္႔ ဗီယင္နာဘူတာကို ဆိုက္လာပါေတာ့တယ္။ Celine ကေတာ့ အဲ႔ရထားနဲ႔ပဲ ဆက္သြားရမွာေပါ့ေလ။ အဲဒါကို Jesse က သူနဲ႔အတူ ဗီယင္နာမွာ တစ္ညတာကို ကုန္ဆံုးဖို႔ Celine ကို ဖိတ္ေခၚခဲ႔တယ္။

သူစိမ္းတစ္ေယာက္ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံဖို႔အတြက္က Celine အတြက္ challenge (စိန္ေခၚမႈ) တစ္ခုပါပဲ။ ဒါေပမဲ႔ သူ လက္ခံခဲ႔တယ္ေပါ့ေနာ္။ ဒီလိုနဲ႔ Celine နဲ႔ Jesse ၂ေယာက္ဟာ တစ္ညလံုးကို ဗီယင္နာရဲ႕ လမ္းေတြေပၚမွာ ျဖတ္သန္းခဲ႔တယ္။ စကားေတြေျပာတယ္၊ ေျခဦးတည့္ရာ ေလွ်ာက္သြားတယ္။ တစ္ေယာက္ကို တစ္ေယာက္ သိစျပဳလာတဲ႔ အခ်ိန္မွာေတာ႔ မနက္မိုးလင္းသြားၿပီး Celine ဟာ သူ႔အိမ္ျပန္ဖို႔ ရထားျပန္စီးရေတာ႔မယ္၊ Jesse ဟာလည္း သူ႔ႏိုင္ငံျပန္ဖို႔ ေလဆိပ္အမီ သြားရေတာ႔မယ္။ မခဲြခ်င္တဲ႔ ၂ေယာက္ဟာ ေနာက္ ၆လၾကာတဲ႔အခါ ဒီေနရာ ဒီအခ်ိန္မွာပဲ ျပန္ဆံုဖို႔ ခ်ိန္းခဲ႔ပါတယ္…

ဒီဇာတ္ကားရဲ႕ အဆံုးသတ္ကေတာ့ ဒီထိပါပဲ….Celine နဲ႔ Jesse တို႔ဟာ သူတို႔ ကတိေတြအတိုင္း  ျပန္ေတြ႔ခဲ႔လား၊ မေတြ႔ခဲ႔ဘူးဆိုတာကို သိရဖို႔ Before ပရိသတ္ေတြဟာ ၁၀ႏွစ္နီးပါးေလာက္ ေစာင့္ၿပီး Before Sunset မွာမွ အေျဖကို ရွာခဲ့ၾကရပါတယ္။ 

Related Article >>> စကားလက္ဂ်ိဳဟန္ဆန္ တစ္ေခတ္ျဖစ္ေစခဲ့တဲ့ ေခတ္လြန္ သိပၸံ စိတ္ကူးယဥ္ ဇာတ္ကား (၂)ကား

Before Sunset

 

Before Sunset ရဲ႕ ဇာတ္လမ္းအစကေတာ႔ ျပင္သစ္က စာအုပ္ဆိုင္ေလးတစ္ဆိုင္ရဲ႕ စာအုပ္မိတ္ဆက္ပဲြေလးမွာ။ စာအုပ္ဆိုင္ေလးက ေသးေသးေလး။ စာေရးဆရာက Jesse ။ ဟုတ္တယ္… Jesse က လြန္ခဲ႔တဲ႔ ၁၀ ႏွစ္နီးပါးေလာက္က သူ႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို စာအုပ္ျပန္ေရးထားတာ။ သူနဲ႔ Celine တို႔ရဲ႕ဇာတ္လမ္းေလး။

Celine က အဲဒီ စာအုပ္ဆိုင္ကို လာခဲ႔တယ္။ ထံုးစံအတိုင္းပဲ သူတို႔ဟာ ပဲရစ္ရဲ႕ လမ္းေတြေပၚမွာ လမ္းေလွ်ာက္ရင္း စကားေတြနဲ႔၊ အရမ္းကို အဓိပၺာယ္ျပည့္ဝလွတဲ႔ စကားေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္ နားလည္ဖို႔ ႀကိဳးစားခဲ႔တယ္။ ဘာလို႔ဆိုု သူတို႔ မေတြ႔ရတာဟာ ဆယ္ႏွစ္နီးပါးေတာင္ ၾကာသြားခဲ႔ၿပီကိုး…

Related Article >>> သင္ခန္းစာေတြအမ်ားႀကီး ယူလို႔ရႏိုင္မယ့္ ေဘာလိဝုဒ္ဇာတ္ကား ၂ကား

Before Midnight

Before Midnight မွာေတာ႔ အသက္ႀကီးႀကီးစံုတဲြတစ္တဲြဟာ ကေတာက္ကဆျဖစ္ေနၾကတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ေပးဖို႔ ႀကိဳးစားရင္း သူတို႔ႏွစ္ေယာက္ရဲ႕ ႏွလံုးသားေတြဟာ အလွမ္းေဝးေနၾကတယ္။ ဟုတ္တယ္… သူတို႔ဟာ လြန္ခဲ႔တဲ႔ အႏွစ္ ႏွစ္ဆယ္ေလာက္က ရထားေပၚမွာ ဆံုခဲ႔ၿပီး စကားေတြထဲမွာ ႏွလံုးသားခ်င္း နီးစပ္ခဲ႔သူ ၂ေယာက္။ အဲဒီတုန္းက ရန္ျဖစ္ေနတဲ႔ ဂ်ာမန္လင္မယား၂ေယာက္ေၾကာင့္ သူတို႔ ဆံုေတြ႔ခဲ႔ၾကရတယ္ဆိုတာလည္း မသိေတာ႔ဘူး။ ေသးငယ္တဲ႔ ကိစၥေလးအေပၚမွာ တျဖည္းျဖည္းနဲ႔ ေဝးကြာခဲ႔တဲ႔ ႏွလံုးသားေတြဟာ…..

ကဲ… ဝင္ဒီ အတတ္ႏိုင္ဆံုးေတာ႔ Spoil အနည္းဆံုးျဖစ္ေအာင္ ေရးထားပါတယ္ေနာ္။ ၾကည့္ဖူးတဲ႔ ေယာင္းေတြ ရွိေပမဲ႔ မၾကည္႔ဖူးတဲ႔ေယာင္းတို႔လည္း ၾကည့္ျဖစ္ေအာင္ တိုက္တြန္းခ်င္ပါတယ္။ အထူးသျဖင့္ အထဲက ဇာတ္ေကာင္ႏွစ္ေယာက္ ေျပာသြားတဲ႔ စကားေတြဟာ အရမ္းလွတယ္။ ရိုးမန္႔စ္… လက္ေတြ႕ဘဝနဲ႔ အလွမ္းကြာေနတာမ်ဳိးမဟုတ္ဘဲ အရမ္းကို လက္ေတြ႔က်လြန္းလွတဲ႔ ဇာတ္လမ္းနဲ႔ ဇာတ္ညႊန္းေၾကာင့္ ဘဝမွာ ၾကည့္ကို ၾကည့္ရမယ့္ ဇာတ္လမ္းစာရင္းထဲ ထည့္သင့္တဲ့ကားေတြပါလို႔ ညႊန္းေပးလိုက္ပါတယ္ ေယာင္းတို႔ေရ.. 

Windy (For Her Myanmar)

<<< Unicode >>>

အမှန်တော့ ရုပ်ရှင်(၃)ကားလို့သာ ဆိုတယ်၊ တကယ်က တစ်ကားတည်းရယ်… ရှုပ်သွားပြီလားဟင် 😛 😛

ဒီတစ်ခါတော့ ယောင်းတို့ကို ဝင်ဒီက တကယ်ကို ကြည့်လို့တန်တဲ့ ရုပ်ရှင် ၃ကား နဲ့ မိတ်ဆက်ပေးမယ်။ (အမှန်တော့ ရုပ်ရှင်သုံးကားလို့သာ ဆိုတယ်၊ တကယ်က တစ်ကားတည်း၊ တစ်ကားတည်းကိုမှ အဆက်နဲ့ဆိုတော့ ၃ကားဖြစ်သွားတာ။ Trilogy ပေါ့။ အင်း… ဒီသုံးကားတွဲရဲ့ နာမည်က Before Trilogy တဲ့။ ) ဇာတ်ကားတွေကတော့.. Before SunriseBefore Sunset နဲ့ Before Midnight

အဲ့ကားရဲ့ ထူးခြားချက်ကလေ Before Sunrise ပြီးတော့ Before Sunset ကို ဆယ်နှစ်နီးပါးကြာမှ ရုံတင်တာ။ Before Sunset ပြီးတော့လည်း ဆယ်နှစ်နီးနီးပါး ကြာပြီးမှ Before Midnight ကို ရုံတင်တာ။ ဒါ့အပြင် ဇာတ်ကောင်တွေကလည်း မပြောင်းသွားဘူး။ ဒါကလည်း ဒီဇာတ်လမ်းကို ပိုပြီး reality ဆန်စေတယ်လို့ မြင်တာပေါ့နော်။

သုံးကားလုံးအကြောင်းကို ပြောမှာဆိုတော့ Spoiler ပေါ့နော်။ ဒါပေမဲ့ Before trilogy ဟာ ဘယ်လောက်ပဲ Spoil လုပ်လုပ်၊ သူ့ရဲ့အနှစ်သာရကို ပျက်သွားစေမှာ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ ထူးခြားချက်ပါပဲ။ ဘာလို့ဆို ဒီကားရဲ့ တကယ့် အနှစ်က ဇာတ်ကွက်တွေမှာ ရှိတာမဟုတ်ဘူး၊ ဇာတ်ကောင် ၂ယောက်ပြောတဲ့ စကားတစ်လုံးစီ၊ သူတို့၂ယောက်ရဲ့ အကြည့်၊ အမူအရာတွေမှာ ရှိတာကိုး…

Before Sunrise

၁၉၅၅ ခုနှစ်က ဒီဇာတ်လမ်းလေးကို ဂျာမနီနိုင်ငံ၊ ဗီယင်နာမြို့ကို သွားတဲ့ ရထားပေါ်မှာ စထားပါတယ်။ အဲ့ရထားပေါ်မှာပဲ ဂျာမန်လင်မယားနှစ်ယောက်က အော်ကြီးဟစ်ကျယ်နဲ့ ရန်ဖြစ်နေကြတယ်။ ဒါက  ပြင်သစ်မလေး Celine နဲ့ အမေရိကန်ကောင်လေး Jesse ကို ဆုံတွေ့စေတဲ့ အကြောင်းရင်းပဲ။

ရန်ဖြစ်သံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ Celine က Jesse ရဲ့မျက်စောင်းထိုး ခုံမှာ သွားထိုင်ရာကနေ ၂ယောက်က မျက်မှန်းတန်းမိသွားပြီး စကားစမြည်ပြောဖြစ်ခဲ့တယ်။ ရထားပေါ်မှာ စကားဖောင်ဖွဲ့ရင်းကနေ ရထားက Jesse ဆင်းရမယ့် ဗီယင်နာဘူတာကို ဆိုက်လာပါတော့တယ်။ Celine ကတော့ အဲ့ရထားနဲ့ပဲ ဆက်သွားရမှာပေါ့လေ။ အဲဒါကို Jesse က သူနဲ့အတူ ဗီယင်နာမှာ တစ်ညတာကို ကုန်ဆုံးဖို့ Celine ကို ဖိတ်ခေါ်ခဲ့တယ်။

သူစိမ်းတစ်ယောက်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့အတွက်က Celine အတွက် challenge (စိန်ခေါ်မှု) တစ်ခုပါပဲ။ ဒါပေမဲ့ သူ လက်ခံခဲ့တယ်ပေါ့နော်။ ဒီလိုနဲ့ Celine နဲ့ Jesse ၂ယောက်ဟာ တစ်ညလုံးကို ဗီယင်နာရဲ့ လမ်းတွေပေါ်မှာ ဖြတ်သန်းခဲ့တယ်။ စကားတွေပြောတယ်၊ ခြေဦးတည့်ရာ လျှောက်သွားတယ်။ တစ်ယောက်ကို တစ်ယောက် သိစပြုလာတဲ့ အချိန်မှာတော့ မနက်မိုးလင်းသွားပြီး Celine ဟာ သူ့အိမ်ပြန်ဖို့ ရထားပြန်စီးရတော့မယ်၊ Jesse ဟာလည်း သူ့နိုင်ငံပြန်ဖို့ လေဆိပ်အမီ သွားရတော့မယ်။ မခွဲချင်တဲ့ ၂ယောက်ဟာ နောက် ၆လကြာတဲ့အခါ ဒီနေရာ ဒီအချိန်မှာပဲ ပြန်ဆုံဖို့ ချိန်းခဲ့ပါတယ်…

ဒီဇာတ်ကားရဲ့ အဆုံးသတ်ကတော့ ဒီထိပါပဲ….Celine နဲ့ Jesse တို့ဟာ သူတို့ ကတိတွေအတိုင်း  ပြန်တွေ့ခဲ့လား၊ မတွေ့ခဲ့ဘူးဆိုတာကို သိရဖို့ Before ပရိသတ်တွေဟာ ၁၀နှစ်နီးပါးလောက် စောင့်ပြီး Before Sunset မှာမှ အဖြေကို ရှာခဲ့ကြရပါတယ်။

Related Article >>> စကားလက်ဂျိုဟန်ဆန် တစ်ခေတ်ဖြစ်စေခဲ့တဲ့ ခေတ်လွန် သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကား (၂)ကား

Before Sunset

Before Sunset ရဲ့ ဇာတ်လမ်းအစကတော့ ပြင်သစ်က စာအုပ်ဆိုင်လေးတစ်ဆိုင်ရဲ့ စာအုပ်မိတ်ဆက်ပွဲလေးမှာ။ စာအုပ်ဆိုင်လေးက သေးသေးလေး။ စာရေးဆရာက Jesse ။ ဟုတ်တယ်… Jesse က လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို စာအုပ်ပြန်ရေးထားတာ။ သူနဲ့ Celine တို့ရဲ့ဇာတ်လမ်းလေး။

Celine က အဲဒီ စာအုပ်ဆိုင်ကို လာခဲ့တယ်။ ထုံးစံအတိုင်းပဲ သူတို့ဟာ ပဲရစ်ရဲ့ လမ်းတွေပေါ်မှာ လမ်းလျှောက်ရင်း စကားတွေနဲ့၊ အရမ်းကို အဓိပ္ဗာယ်ပြည့်ဝလှတဲ့ စကားတွေနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ ကြိုးစားခဲ့တယ်။ ဘာလို့ဆို သူတို့ မတွေ့ရတာဟာ ဆယ်နှစ်နီးပါးတောင် ကြာသွားခဲ့ပြီကိုး…

Related Article >>> သင်ခန်းစာတွေအများကြီး ယူလို့ရနိုင်မယ့် ဘောလိဝုဒ်ဇာတ်ကား ၂ကား

Before Midnight

Before Midnight မှာတော့ အသက်ကြီးကြီးစုံတွဲတစ်တွဲဟာ ကတောက်ကဆဖြစ်နေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးဖို့ ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေဟာ အလှမ်းဝေးနေကြတယ်။ ဟုတ်တယ်… သူတို့ဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ရထားပေါ်မှာ ဆုံခဲ့ပြီး စကားတွေထဲမှာ နှလုံးသားချင်း နီးစပ်ခဲ့သူ ၂ယောက်။ အဲဒီတုန်းက ရန်ဖြစ်နေတဲ့ ဂျာမန်လင်မယား၂ယောက်ကြောင့် သူတို့ ဆုံတွေ့ခဲ့ကြရတယ်ဆိုတာလည်း မသိတော့ဘူး။ သေးငယ်တဲ့ ကိစ္စလေးအပေါ်မှာ တဖြည်းဖြည်းနဲ့ ဝေးကွာခဲ့တဲ့ နှလုံးသားတွေဟာ…..

ကဲ… ဝင်ဒီ အတတ်နိုင်ဆုံးတော့ Spoil အနည်းဆုံးဖြစ်အောင် ရေးထားပါတယ်နော်။ ကြည့်ဖူးတဲ့ ယောင်းတွေ ရှိပေမဲ့ မကြည့်ဖူးတဲ့ယောင်းတို့လည်း ကြည့်ဖြစ်အောင် တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် အထဲက ဇာတ်ကောင်နှစ်ယောက် ပြောသွားတဲ့ စကားတွေဟာ အရမ်းလှတယ်။ ရိုးမန့်စ်… လက်တွေ့ဘဝနဲ့ အလှမ်းကွာနေတာမျိုးမဟုတ်ဘဲ အရမ်းကို လက်တွေ့ကျလွန်းလှတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကြောင့် ဘဝမှာ ကြည့်ကို ကြည့်ရမယ့် ဇာတ်လမ်းစာရင်းထဲ ထည့်သင့်တဲ့ကားတွေပါလို့ ညွှန်းပေးလိုက်ပါတယ် ယောင်းတို့ရေ..

Windy (For Her Myanmar)

Windy
Windy လို႔ ေခၚလို႔ရပါတယ္။ အသက္က ၂၂။For Her Myanmar မွာ အသစ္ဝင္လာတဲ႔ စာေရးသူပါ။ေပ႔ခ်္မွာ ရသစာေလးေတြ ေရးၿပီးတင္ေပးေနပါတယ္။ဝါသနာက စာဖတ္တာ။ စာဆိုရင္ ရသစာေတြအဖတ္မ်ားတယ္။ စာအုပ္နဲ႔ပတ္သတ္ရင္ ဒိုင္ခံေဆြးေႏြးေပးပါေသးတယ္

Leave a Reply

Your email address will not be published. Required fields are marked *