Movie Reviews

အသစ္အသစ္ေတြကို ခံစားၾကည့္ရႈခ်င္တဲ့ ေယာင္းတုိ႔အတြက္ Viu မွာ အသစ္ထပ္တင္ထားတဲ့ ျမန္မာရုပ္ရွင္ကားမ်ား

ျမန္မာကားကိုမွ ႀကိဳက္တာဆိုတဲ့ ေယာင္းေယာင္းေတြအတြက္ 😎

မိုးေအးေအးေလးနဲ႔ အိမ္မွာရွယ္ႏွပ္ရင္း ဇာတ္ကားေကာင္းေကာင္းေလးေတြ ၾကည့္မယ္ဆိုတဲ့ ေယာင္းတို႔အတြက္ Viu ဆိုတဲ့ App ေလး ရွိတာ သိၿပီးၿပီလား?

Viu app ကို ေယာင္းတို႔ သံုးေနက် ဘယ္လို မိုဘိုင္းလ္ပစၥည္းကေနမဆို အသံုးျပဳလို႔ ရတဲ့အျပင္ လတိုင္းလည္း ဇာတ္ကားအသစ္အသစ္ေတြကို တင္ဆက္ေပးေနတာမို႔ ဇာတ္ကားေတြ ၾကည့္စရာမရွိေတာ့မွာကို စိုးရိမ္စရာ မရွိေတာ့ဘူးေလ… Viu ရဲ႕ မူပိုင္ရုပ္ရွင္ဇာတ္ကား ဇာတ္လမ္းတြဲေတြ အပါအဝင္ ဟာသဇာတ္ျမဴးဇာတ္ကားေတြကိုပါ ၾကည့္ရႈႏိုင္မွာျဖစ္တဲ့အတြက္ ရသေပါင္းစုံကုိ တစ္ေနရာတည္းမွာ ခံစားႏိုင္မွာပါ… ဒီေတာ့ ေယာင္းတို႔အသစ္သစ္ေတြ ထပ္မံခံစားႏိုင္ဖို႔ Viu မွာ အသစ္ထပ္တင္လိုက္တဲ့ အခ်စ္ ၊ ဟာသ ျမန္မာရုပ္ရွင္ကားေကာင္းေလးေတြကို မိတ္ဆက္ေပးလိုက္ပါတယ္…

Women of Tomorrow II – http://bit.ly/2WK7oFQ

ရင္ခြင္ရွင္းတမ္း ( ရုပ္ရွင္ဇာတ္လမ္းတြဲအသစ္ )

ေယာင္းတို႔ေရ.. အခုလကစၿပီး ရင္ခြင္ရွင္းတမ္းဆိုတဲ့ ဇာတ္လမ္းတြဲအသစ္ကို Viu ကေန ၾကည့္ရႈခံစားႏိုင္ေတာ့မွာပါ.. ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ဟိန္းေဝယံနဲ႔ မေအးေသာင္း (ေအးဝတ္ရည္ေသာင္း) တို႔က အဓိကသရုပ္ေဆာင္ေတြအေနနဲ႔ ပါဝင္ထားပါတယ္။

ဒီဇာတ္လမ္းတြဲမွာေတာ့ အဆင့္အတန္းမတူညီၾကသူေတြၾကားထဲက အခ်စ္ဇာတ္လမ္းတစ္ပုဒ္နဲ႔ ကံၾကမၼာ အလွည့္အေျပာင္းေတြကို ေတြ႕ျမင္ရမွာပါ။

မေအးေသာင္းနဲ႔ ဟိန္းေဝယံအျပင္ လူငယ္ေတြ အႀကိဳက္ေတြ႕ၾကတဲ့ ၿငိမ္းေသာ္ ၊ သြန္းဆက္နဲ႔ တျခားမ်က္ႏွာသစ္ သရုပ္ေဆာင္ေတြပါ ပါဝင္အားျဖည့္ၿပီး အခ်စ္ဇာတ္ရႈပ္ကို ရွင္းၾကမွာဆိုေတာ့ ေယာင္းတို႔စိတ္ဝင္စားၾကမွာ ေသခ်ာပါတယ္ေနာ္…

Related Article >>> ဘယ္ေတာ့ ၾကည့္ၾကည့္မရိုးတဲ့ ကိုရီးယားရုပ္ရွင္ဇာတ္လမ္းတြဲ(၃)ခု

ဇာတ္လမ္းတြဲမဟုတ္ဘူး.. ရုပ္ရွင္ကားပဲ စိတ္ဝင္စားတာဆိုတဲ့ ေယာင္းတို႔အတြက္ Viu က ထပ္ျဖည့္ထားတဲ့ ရုပ္ရွင္ကားေလးေတြကေတာ့…

၁။ တာေတႀကီး

ေယာင္းတို႔ေရ.. စိတ္ခံစားမႈရသမ်ိဳးစုံကို ရုပ္ရွင္တစ္ကားထဲကေန ရရွိခ်င္ရင္ေတာ့ တာေတႀကီးရုပ္ရွင္ကို ၾကည့္ပါလို႔ ညႊန္းခ်င္ပါတယ္.. ဒီဇာတ္ကားထဲမွာ ေနတိုးက သရဲဝင္ပူးခံရတဲ့ လူငယ္တစ္ေယာက္အေနနဲ႕ေရာ သရဲမအေနနဲ႕ပါ ကာရုိက္တာႏွစ္ခုကို အံ့ၾသစရာေကာင္းေလာက္ေအာင္ ပီပီျပင္ျပင္သရုပ္ေဆာင္ထားတာမို႔  ဟာသရသနဲ႔ ကရုဏာရသႏွစ္ရပ္လုံးက္ို ခံစားရရွိႏိုင္မွာပါ… ဒီရုပ္ရွင္ကားကေတာ့ ၂၀၁၇ ခုႏွစ္ကထြက္ရွိခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္ၿပီး ဝင္ေငြအမ်ားဆုံးရရွိခဲ့တဲ့ ရုံတင္ဇာတ္ကားလည္းျဖစ္ပါတယ္…

၂။ လေရာင္ျဖာတဲ့ အင္းေလးမွာ

ဒီဇာတ္ကားေလးကေတာ့ ျမင္ေတြ႔ဖူးေနက် တျခားဇာတ္ကားေတြနဲ႔ မတူဘဲ အခ်စ္နဲ႔သည္းထိတ္ရင္ဖို ရသေတြကို ေရာေႏွာတင္ဆက္ထားတာျဖစ္ပါတယ္.. လျပည့္ညေရာက္တိုင္း မေကာင္းဆိုးဝါးတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားတတ္တဲ့ လူတစ္ေယာက္က သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားရုန္းကန္ေနရတဲ့ ဇာတ္ရုပ္ကို စိတ္လႈပ္ရွားဖြယ္ ပုံေဖာ္ရိုက္ကူးထားတာပါ.. ေနတိုးနဲ႔ ဝတ္မႈန္ေရႊရည္တို႔က အဓိကပါဝင္သရုပ္ေဆာင္ထားၿပီး ရင္နင့္ဖြယ္ရာ ၊ လြမ္းေမာဖြယ္ရာ ရသေတြအျပင္ အင္းေလးေဒသရဲ႕ သဘာဝအလွတရားေတြကိုပါ ပီပီျပင္ျပင္ ရိုက္ကူးတင္ဆက္ထားတာကို ျမင္ေတြ႕ခံစားရမွာျဖစ္ပါတယ္…

Related Article >>> မ်က္ရည္မခိုင္သူေတြ လုံးဝမၾကည့္သင့္တဲ့ More Than Blue ဇာတ္ကား

၃။ ကၽြန္မက ႏွင္းဆီပါေမာင္

ခ်မ္းသာၿပီးေမာက္မာတဲ့ ထားသခင္(ေဖြးေဖြး)နဲ႔ ထားသခင္ရဲ႕ အႏိုင္က်င့္ႏွိပ္စက္တာကုိ အၿမဲခံေနရတဲ့ ခြန္းသ(ေနတိုး)တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးအေၾကာင္းကို ရိုက္ကူးပုံေဖာ္ထားပါ…

ဒီဇာတ္ကားကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး ဇာတ္ကားနာမည္ ကၽြန္မကႏွင္းဆီပါေမာင္ ဆိုတဲ့စကားကလည္း လူငယ္ေတြၾကားမွာ ေရပန္းစားခဲ့ပါေသးတယ္.. ပရိသတ္ေတြ အရမ္းႀကိဳက္ၿပီးအားေပးခဲ့ၾကတဲ့ ဇာတ္ကားေကာင္းေလးမို႔ ေယာင္းတို႔အႀကိဳက္ေတြ႕မွာပါ…

၄။ ေစတန္ရဲ႕ ကေခ်သည္

ေယာင္းတို႔ေရ.. ဒီဇာတ္ကားေလးကေတာ့ ေအာင္ျမင္ခဲ့တဲ့ ဆုရဇာတ္ကားတစ္ကားျဖစ္ၿပီး စိတ္မေက်ခ်မ္းမႈေတြ ၊ ဝမ္းနည္းေၾကကြဲမႈေတြ ၊ ခြင့္လႊတ္သည္းခံမႈေတြၾကားက ေမြးဖြားလာတဲ့ ခ်စ္ျခင္းေမတၱာအေၾကာင္း ဇာတ္အိမ္တည္ထားတဲ့ ခပ္ၾကမ္းၾကမ္းအခ်စ္ဇာတ္ကားျဖစ္ပါတယ္..

ဒီဇာတ္ကားထဲမွာ ေယာမင္း(ေနတိုး)က ခ်မ္းသာၿပီးဆိုးသြမ္းတဲ့ သူတစ္ေယာက္ ၊ ေႂကြရုပ္(သက္မြန္ျမင့္) ကို သူ႔အနားေခၚထားၿပီး သူ႔ေဝယ်ာဝစၥေတြခိုင္းလို႔ အမ်ိဳးမ်ိဳး စိတ္ဒုကၡေပးတတ္တဲ့ သူပါ။ သူတို႔ၾကားက ပဋိပကၡေတြ၊ သံေယာဇဥ္နဲ႔ အမုန္းတရားေတြကိုေတာ့ ဒီဇာတ္ကားေလးမွာ ဆက္လက္ၾကည့္ရႈလို႔ရပါတယ္…

Related Article >>> ဘယ္အခ်ိန္ၾကည့္ၾကည့္ တေသာေသာရယ္ေနေစရမယ့္ ဟာသရုပ္ရွင္ (၃) ကား

၅။ ဂယ္ဘဲသရဲႏွင့္ သူငယ္ရြာ

ဒီဇာတ္ကားေလးထဲမွာေတာ့ ထြန္းထြန္း ၊ ရဲေလး ၊ ေရႊသမီး ၊ ခင္လႈိင္နဲ႔ ဟာသသရုပ္ေဆာင္ေတြ အမ်ားႀကီးပါဝင္အားျဖည့္ထားၿပီး မိန္းမလ်ာသရဲတစ္ေယာက္က မိန္းကေလးကိုယ္ထဲဝင္ပူးၿပီး ရြာထဲကေကာင္ေလးေတြကို အတင္းဝင္ေရာတဲ့ပုံစံမ်ိဳးကို ဟာသအေနနဲ႔ ရိုက္ကူးထားတာျဖစ္ပါတယ္.. ပါဝင္တဲ့ ဇာတ္လမ္းဇာတ္ကြက္တစ္ခုစီတိုင္းက ေယာင္းတုိ႔ကို ရယ္ေမာေစႏိုင္မွာပါ.. ဒါ့အျပင္ မိန္းမလ်ာေတြကုိ မႏွိမ့္ခ်ဖို႔နဲ႔ LGBT ေတြကို ခြဲျခားမဆက္ဆံၾကဖို႔ အသိပညာေပးထားတဲ့ ဇာတ္လမ္းေကာင္းေလးလည္း ျဖစ္ေနပါေသးသတဲ့ ေယာင္းတို႔ေရ…

ကဲ… ဒီေလာက္ဆိုရင္ေတာ့ Viu က ဇာတ္ကားသစ္ေတြအေၾကာင္း သိေလာက္ပါၿပီေနာ္… Viu ကုိ App Store နဲ႔ Google Play Store တို႔မွာ အခမဲ့ေဒါင္းလုတ္ ရယူႏိုင္ၿပီး ဖုန္းေတြ၊ တက္ဘလက္ေတြကေန ၾကည့္ရႈႏိုင္သလို www.viu.com မွာလည္း တိုက္ရိုက္ဝင္ေရာက္ၾကည့္ရႈလို႔ရပါတယ္…

Rewritten by

DiDi (For Her Myanmar)

<<< Unicode >>>

မြန်မာကားကိုမှ ကြိုက်တာဆိုတဲ့ ယောင်းယောင်းတွေအတွက် 😎

မိုးအေးအေးလေးနဲ့ အိမ်မှာရှယ်နှပ်ရင်း ဇာတ်ကားကောင်းကောင်းလေးတွေ ကြည့်မယ်ဆိုတဲ့ ယောင်းတို့အတွက် Viu ဆိုတဲ့ App လေး ရှိတာ သိပြီးပြီလား?

Viu app ကို ယောင်းတို့ သုံးနေကျ ဘယ်လို မိုဘိုင်းလ်ပစ္စည်းကနေမဆို အသုံးပြုလို့ ရတဲ့အပြင် လတိုင်းလည်း ဇာတ်ကားအသစ်အသစ်တွေကို တင်ဆက်ပေးနေတာမို့ ဇာတ်ကားတွေ ကြည့်စရာမရှိတော့မှာကို စိုးရိမ်စရာ မရှိတော့ဘူးလေ… Viu ရဲ့ မူပိုင်ရုပ်ရှင်ဇာတ်ကား ဇာတ်လမ်းတွဲတွေ အပါအဝင် ဟာသဇာတ်မြူးဇာတ်ကားတွေကိုပါ ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက် ရသပေါင်းစုံကို တစ်နေရာတည်းမှာ ခံစားနိုင်မှာပါ… ဒီတော့ ယောင်းတို့အသစ်သစ်တွေ ထပ်မံခံစားနိုင်ဖို့ Viu မှာ အသစ်ထပ်တင်လိုက်တဲ့ အချစ် ၊ ဟာသ မြန်မာရုပ်ရှင်ကားကောင်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်…

Women of Tomorrow II – http://bit.ly/2WK7oFQ

ရင်ခွင်ရှင်းတမ်း ( ရုပ်ရှင်ဇာတ်လမ်းတွဲအသစ် )

ယောင်းတို့ရေ.. အခုလကစပြီး ရင်ခွင်ရှင်းတမ်းဆိုတဲ့ ဇာတ်လမ်းတွဲအသစ်ကို Viu ကနေ ကြည့်ရှုခံစားနိုင်တော့မှာပါ.. ဒီဇာတ်လမ်းတွဲထဲမှာတော့ ဟိန်းဝေယံနဲ့ မအေးသောင်း (အေးဝတ်ရည်သောင်း) တို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ အဆင့်အတန်းမတူညီကြသူတွေကြားထဲက အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေကို တွေ့မြင်ရမှာပါ။

မအေးသောင်းနဲ့ ဟိန်းဝေယံအပြင် လူငယ်တွေ အကြိုက်တွေ့ကြတဲ့ ငြိမ်းသော် ၊ သွန်းဆက်နဲ့ တခြားမျက်နှာသစ် သရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ပြီး အချစ်ဇာတ်ရှုပ်ကို ရှင်းကြမှာဆိုတော့ ယောင်းတို့စိတ်ဝင်စားကြမှာ သေချာပါတယ်နော်…

Related Article >>> ဘယ်တော့ ကြည့်ကြည့်မရိုးတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲ(၃)ခု

ဇာတ်လမ်းတွဲမဟုတ်ဘူး.. ရုပ်ရှင်ကားပဲ စိတ်ဝင်စားတာဆိုတဲ့ ယောင်းတို့အတွက် Viu က ထပ်ဖြည့်ထားတဲ့ ရုပ်ရှင်ကားလေးတွေကတော့…

၁။ တာတေကြီး

ယောင်းတို့ရေ.. စိတ်ခံစားမှုရသမျိုးစုံကို ရုပ်ရှင်တစ်ကားထဲကနေ ရရှိချင်ရင်တော့ တာတေကြီးရုပ်ရှင်ကို ကြည့်ပါလို့ ညွှန်းချင်ပါတယ်.. ဒီဇာတ်ကားထဲမှာ နေတိုးက သရဲဝင်ပူးခံရတဲ့ လူငယ်တစ်ယောက်အနေနဲ့ရော သရဲမအနေနဲ့ပါ ကာရိုက်တာနှစ်ခုကို အံ့သြစရာကောင်းလောက်အောင် ပီပီပြင်ပြင်သရုပ်ဆောင်ထားတာမို့  ဟာသရသနဲ့ ကရုဏာရသနှစ်ရပ်လုံးကို ခံစားရရှိနိုင်မှာပါ… ဒီရုပ်ရှင်ကားကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ရုံတင်ဇာတ်ကားလည်းဖြစ်ပါတယ်…

၂။ လရောင်ဖြာတဲ့ အင်းလေးမှာ

ယောင်းတို့ရေ.. ဒီဇာတ်ကားလေးကတော့ မြင်တွေ့ဖူးနေကျ တခြားဇာတ်ကားတွေနဲ့ မတူဘဲ အချစ်နဲ့သည်းထိတ်ရင်ဖို ရသတွေကို ရောနှောတင်ဆက်ထားတာဖြစ်ပါတယ်.. လပြည့်ညရောက်တိုင်း မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတတ်တဲ့ လူတစ်ယောက်က သူ့ကိုယ်သူထိန်းချုပ်နိုင်အောင် ကြိုးစားရုန်းကန်နေရတဲ့ ဇာတ်ရုပ်ကို စိတ်လှုပ်ရှားဖွယ် ပုံဖော်ရိုက်ကူးထားတာပါ.. နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ရင်နင့်ဖွယ်ရာ ၊ လွမ်းမောဖွယ်ရာ ရသတွေအပြင် အင်းလေးဒေသရဲ့ သဘာဝအလှတရားတွေကိုပါ ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်ထားတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်…

Related Article >>> မျက်ရည်မခိုင်သူတွေ လုံးဝမကြည့်သင့်တဲ့ More Than Blue ဇာတ်ကား

၃။ ကျွန်မက နှင်းဆီပါမောင်

ချမ်းသာပြီးမောက်မာတဲ့ ထားသခင်(ဖွေးဖွေး)နဲ့ ထားသခင်ရဲ့ အနိုင်ကျင့်နှိပ်စက်တာကို အမြဲခံနေရတဲ့ ခွန်းသ(နေတိုး)တို့ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ကူးပုံဖော်ထားပါ…

ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည် ကျွန်မကနှင်းဆီပါမောင် ဆိုတဲ့စကားကလည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်.. ပရိသတ်တွေ အရမ်းကြိုက်ပြီးအားပေးခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးမို့ ယောင်းတို့အကြိုက်တွေ့မှာပါ…

၄။ စေတန်ရဲ့ ကချေသည်

ယောင်းတို့ရေ.. ဒီဇာတ်ကားလေးကတော့ အောင်မြင်ခဲ့တဲ့ ဆုရဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်မကျေချမ်းမှုတွေ ၊ ဝမ်းနည်းကြေကွဲမှုတွေ ၊ ခွင့်လွှတ်သည်းခံမှုတွေကြားက မွေးဖွားလာတဲ့ ချစ်ခြင်းမေတ္တာအကြောင်း ဇာတ်အိမ်တည်ထားတဲ့ ခပ်ကြမ်းကြမ်းအချစ်ဇာတ်ကားဖြစ်ပါတယ်..

ဒီဇာတ်ကားထဲမှာ ယောမင်း(နေတိုး)က ချမ်းသာပြီးဆိုးသွမ်းတဲ့ သူတစ်ယောက် ၊ ကြွေရုပ်(သက်မွန်မြင့်) ကို သူ့အနားခေါ်ထားပြီး သူ့ဝေယျာဝစ္စတွေခိုင်းလို့ အမျိုးမျိုး စိတ်ဒုက္ခပေးတတ်တဲ့ သူပါ။ သူတို့ကြားက ပဋိပက္ခတွေ၊ သံယောဇဉ်နဲ့ အမုန်းတရားတွေကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်…

Related Article >>> ဘယ်အချိန်ကြည့်ကြည့် တသောသောရယ်နေစေရမယ့် ဟာသရုပ်ရှင် (၃) ကား

၅။ ဂယ်ဘဲသရဲနှင့် သူငယ်ရွာ

ဒီဇာတ်ကားလေးထဲမှာတော့ ထွန်းထွန်း ၊ ရဲလေး ၊ ရွှေသမီး ၊ ခင်လှိုင်နဲ့ ဟာသသရုပ်ဆောင်တွေ အများကြီးပါဝင်အားဖြည့်ထားပြီး မိန်းမလျာသရဲတစ်ယောက်က မိန်းကလေးကိုယ်ထဲဝင်ပူးပြီး ရွာထဲကကောင်လေးတွေကို အတင်းဝင်ရောတဲ့ပုံစံမျိုးကို ဟာသအနေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်.. ပါဝင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တစ်ခုစီတိုင်းက ယောင်းတို့ကို ရယ်မောစေနိုင်မှာပါ.. ဒါ့အပြင် မိန်းမလျာတွေကို မနှိမ့်ချဖို့နဲ့ LGBT တွေကို ခွဲခြားမဆက်ဆံကြဖို့ အသိပညာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးလည်း ဖြစ်နေပါသေးသတဲ့ ယောင်းတို့ရေ…

ကဲ… ဒီလောက်ဆိုရင်တော့ Viu က ဇာတ်ကားသစ်တွေအကြောင်း သိလောက်ပါပြီနော်… Viu ကို App Store နဲ့ Google Play Store တို့မှာ အခမဲ့ဒေါင်းလုတ် ရယူနိုင်ပြီး ဖုန်းတွေ၊ တက်ဘလက်တွေကနေ ကြည့်ရှုနိုင်သလို www.viu.com မှာလည်း တိုက်ရိုက်ဝင်ရောက်ကြည့်ရှုလို့ရပါတယ်…

Rewritten by

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *